ရွာ လုံခြုံရေးအတွက် security ပိုင်းဆိုင်ရာ

Alpha VanishingSeptember 14, 20126min20520

ရွာ လုံခြုံရေးအတွက် security ပိုင်းဆိုင်ရာ

 

၁) Backup လုပ်ရန်
– ဘာပဲလုပ်လုပ် မဖြစ်မနေ စတင်ဆောင်ရွက်ရမည့် ကိစ္စကတော့ backup ဆိုတာ ဆိုက်ဒ်ထောင်တဲ့လူအများစုသိကြပါတယ်…..

၂) Update WordPress Version
– version မြင့်ပေးဖို ့ပါပဲ .. အသစ်ထွက်တဲ့ version တိုင်းဟာ အားနည်းချက်တွေ bugs တွေကို အတတ်နိုင်ဆုံးပြင်ဆင်ပြီး blogger တွေ စိုးရိမ်နေရတဲ့ ဟက်ခံရခြင်းမှ အတတ်နိုင်ဆုံးကာကွယ်ဖို့လည်း သူလည်း တစ်ချက်အပါအဝင်ပါပဲ

၃) Change your Login/Password
– မိမိဘလော့ရဲ ့ အက်မင် လော့ဂျင် နာမည်နဲ့ pass ကို အတတ်နိုင်ဆုံး ခက်အောင်ထားထားပါ… ဥပမာ .. words+upper/lower keys+symbols+numbers ( ဥပမာဗျာ – biGb0ss!# ) .
– အက်မင် login ကိုလည်း ပြင်ဖို ့အရေးကြီးပါတယ်.. default အနေနဲ ့သတ်မှတ်ထားတဲ့ admin ဆိုတာကို လုံးဝကို ပြင်သင့်ပါတယ်… ဘာလို ့လဲဆိုတော့ ခုနောက်ပိုင်းမှာ wp brute attack ကို wordlist နဲ ့လုပ်လာကြတာတွေ တွေ ့လာရပါတယ်.. admin default သာဖြစ်နေမယ်ဆို admin လို ့ခန် ့မှန်းပီး wordlist နဲ ့ brute တိုက်ချသွားလို ့ကတော့ ကိုယ့် blog security ကောင်းလှပါချည်ရဲ့ ဆိုတာတောင် ဘာ bugs မှမရှိပဲ ဟက်ခံရနိုင်ပါတယ်…

၄) WordPress Keys in wp-config.php
– ဒီ keys တွေကတော့ data encrypt လုပ်တဲ့နေရာမှာ salt အနေဲ ့ပါဝင်တဲ့ အတွက် ဒါလည်း security measures တစ်ခုအနေနဲ ့ ထည့်ပီးပြင်ဆင်သင့်ပါတယ်.. ( ဒီ key တွေပြင်ချင်တယ်ဆိုရင်တော့ ဘယ်လိုပြင်ရတယ်ဆိုတာ နားလည်အောင်အရင်ကြည့်သင့်ပါတယ်.. config ဖိုင်နေရာမှာ ယူထားတယ်ဆိုကတည်းက သူ ့ဟာ အရေးကြီးတယ်ဆိုတာ သိသာပါတယ်..)
ဥပမာ.

define(‘AUTH_KEY’, ‘put your unique phrase here’);
define(‘SECURE_AUTH_KEY’, ‘put your unique phrase here’);
define(‘LOGGED_IN_KEY’, ‘put your unique phrase here’);
define(‘NONCE_KEY’, ‘put your unique phrase here’);
https://api.wordpress.org/secret-key/1.1/

၅ ) Install WP Security Scan

ဒီ plugin လေးလည်း သွင်းထားဖို ့ပါပါတယ်.. သူက မိမိ blog ရဲ ့ vulnerabilities တွေ malicious codes တွေကို automated stuff အနေဲ ့ scan မှာပါ.. အပေါ်ဆုံမှာပြတဲ့အတိုင်း အစိမ်းရောင်လေးတွေပဲဆို အိုကေပါတယ်…

၆) Change Table Prefix

ဒီ table prefix ကိုလည်းပြင်သင့်ပါတယ်.. default က wp- ပါ … SQL ပေါက်တယ်ဆိုတာတောင်မှ wp table prefix လေးပြင်ထားရင် ဖောက်တဲ့သူကို အခက်တွေ ့စေမှာဖြစ်ပါတယ်. အပေါ်မှာ ပြထားတဲ့ wp security scan plugin လေးနဲ ့ အလွယ်တကူပြောင်းနိုင်ပါတယ်..

၇) Prevent WordPress Hack by Blocking Search Engine Spiders from Indexing the Admin Section
ဒါလေးကတော့ search engine တွေရဲ ့ bot တွေက နေ့စဉ်နဲ ့အမျှ crawl လုပ်နေမှာပါ … ကိုယ်က permission မပိတ်မှရမှာ.. နို ့မို ့ဆို admin section ပါ crawl လုပ်နေလိမ့်မယ်.. ဒါလေးကို ကာကွယ်ဖို ့ disable indexing from crawler လုပ်ဖို ့ မိမိ panel ရဲ ့ (cpanel ကိုဆိုလိုတာပါ.. admin section မဟုတ်ပါ) ရဲ ့ root directory မှာ robot.txt ဖိုင်လေးဆောက်ပီးကာကွယ်ရပါမယ်.. အောက်မှာ..

#
User-agent: *
Disallow: /cgi-bin
Disallow: /wp-admin
Disallow: /wp-includes
Disallow: /wp-content/plugins/
Disallow: /wp-content/cache/
Disallow: /wp-content/themes/
Disallow: */trackback/
Disallow: */feed/
Disallow: /*/feed/rss/$
Disallow: /category/*

၈) htaccess Hacks
ဒီ hypertext access ကလည်း directroy level file တွေကို ထိန်းချုပ်တဲ့ အရေးကြီးတဲ့ ဖိုင်တစ်မျိုးပါ .. ဒါလေးကိုများသောအားဇြင့်တော့ web root folder မှာထားကြပါတယ်.. /home/user/public_html အောက်မှာထားကြပါတယ် များသောအားဖြင့် .. ကျနော်တို ့ symlink လုပ်တဲ့အခါ .. .htaccess ဖိုင်ကလည်း indexing လုပ်ဖို ့ တအပ်တအားပါတယ်ဆိုတာ .. hacker တွေသိကြတယ်မလား … Posted Image
ဒီဖိုင်လေး အလုပ်လုပ်ပုံကိုသေချာသိမှာ ပြင်ဆင်ကြပါ.. မဟုတ်ရင် ဆိုက်ဒ်ပါကျသွားနိုင်ပါတယ်.. panel ထဲကဝင်ပြင်နေရမယ်.. panel မရှိရင်တော့ သေပီဆရာပဲ Posted Image ( shell လေးမသိမသာခိုးတင်ထားပေါ့ ဟိ . ဟိ … panel မရှိရင် ) အယ်… security ကနေ သူခိုးဘက် ရောက်ကုန်ပီ Posted Image Posted Image
http://mmdongoth.net…ccess/index.php

၉) Protect your htaccess
htaccess ကိုလည်း ကာကွယ်ထားဖို ့အောက်ကကုဒ်လေးတွေ ထည့်ထးားသင့်ပါတယ်.. ( warning : htaccess ဖိုင်ကို မသေချာပဲ မသုံးကြပါနဲ ့.. ဆိုက်ဒ်အတက်အကျက သူ ့ပေါ်မှာလဲ မူတည်နေတယ် .. သုံးတာမှားရင်ဆိုက်ဒ် ဒေါင်းသွားနိုင်ပါတယ် )

# STRONG HTACCESS PROTECTION</code>
<Files ~ “^.*\.([Hh][Tt][Aa])”>
order allow,deny
deny from all
satisfy all
</Files>

၁ဝ ) No Directory Browsing
– အကောင်းဆုံးကတော့ ဘယ် directory မှာ browsing မပေးထားတာအကောင်းဆုံးပဲ .. ဒါလေးနှစ်ကြောင်းလောက် .htaccess ထဲထည့်ထားပေါ့

# disable directory browsing
Options All -Indexes

၁၁) Secure wp-config.php
– ဆိုက်ဒ်ကို online တင်ပေးတာ wp-config.php ဖိုင်ပါ. hacker တွေက ဒီဖိုင်ကနေ code တွေရယူပီး ဆိုက်ဒ်ကို ထိုးဖောက်ဝင်ရောက်ကြပါတယ်.. ဒါကြောင့် အဲ့ဖိုင်ကို ကာကွယ်ဖို ့လဲ .htacess ထဲမှာ ဒီ code ကိုထည့်ထားသင့်ပါတယ်

# protect wp-config.php
<files wp-config.php>
Order deny,allow
Deny from all
</files>
The code denies access to the wp-config.php file to everyone!

၁၂) Limit Access to the Wp-Content Directory
– wp-content dir ကိုလည်းကာကွယ်ဖို ့ .htaccess ထဲမှာ

Order deny,allow
Deny from all
<Files ~ “.(xml|css|jpe?g|png|gif|js)$”>
Allow from all
</Files>

ဖြည့်ပါ.

၁၃) Protect WordPress Admin Files
– wp-admin ဖိုင်ကို တခြားလူ access မရအောင် ဒီကုဒ်နဲ ့ကာထားပါ .. .htaccess ထဲမှာ

# deny access to wp admin
order deny,allow
allow from xx.xx.xx.xx # This is your static IP
deny from all

ကြည့်လိုက်ရင်သိသာပါတယ်.. xx.xx.xx.xx IP မဟုတ်ရင် browsing လုပ်ခွင့်မရပါဖူး ..

၁၄) Prevent script injection

ဒါလေးကို ပြည့်စုံအောင် http://www.wprecipes…access]ဒီမှာဖတ် လည်းရပါတယ်
Simple copy and paste the code below to your htaccess in the root
# protect from sql injection
Options +FollowSymLinks
RewriteEngine On
RewriteCond %{QUERY_STRING} (\<|%3C).*script.*(\>|%3E) [NC,OR]
RewriteCond %{QUERY_STRING} GLOBALS(=|\[|\%[0-9A-Z]{0,2}) [OR]
RewriteCond %{QUERY_STRING} _REQUEST(=|\[|\%[0-9A-Z]{0,2})
RewriteRule ^(.*)$ index.php [F,L]

BONUS အနေနဲ ့ http://wordpress.org/extend/plugins/wordpress-firewall-2/ wp firewall plugins လည်းရှိပါတယ်.. ဒါပေမယ့် ဒါကလည်း တခါတလေ ကိုယ့် acttion ကိုတောင် block တတ်ပါသတဲ့ ဒါကြောင့် စူူပါ ဟက်ကာတွေ စူပါ bot တွေလာနိုင်မယ်ဆိုမှ သုံးကြပါ .. Posted Image

အပြည့်အစုံတော့ မဟုတ်ပေမယ့် ဒီလောက်နဲ ့ဆိုလည်း security ကောင်းနိုင်မယ်ထင်ပါတယ်.. But there’s no 100% security လို ့တော့ ကျနော်ကတော့ ခံယူထားပါတယ် Posted Image
နောက်ထပ်ကောင်းမယ်ထင်တာရှိရင် ထပ်ဖြည့်ပေးကြပေါ့…

20 comments

  • Sayar Gyi Jit

    September 14, 2012 at 8:57 am

    သူကြီးကိုယ်စား ရွာသားတဦးမှ ကျေးဇူးတင်ကြောင်း သတင်းဦးလေး ပို့ထားပါရစေ ။
    ခြံစည်းရိုးကို လုံခြုံအောင် ကာနိုင်ပါမှ ဒို့ ရွာလေး သာယာစိုပြေမှာ မိုု့ ။

  • leo3 user

    September 14, 2012 at 9:23 am

    @Alpha ရေ… ဒီလို အကျိုးရှိတဲ့ ပို့မျိုးလေးတွေရေးပေးတဲ့ အတွက်. ရွာသားသစ် တစ်ဦးအနေနဲ့ရော… IT သမားတစ်ဦးအနေနဲ့ ရော… သဂျီးကိုယ်စား. ကြိုဆိုမှုပြုပါရစေ… မြန်မာလူမျိုး အချင်းချင်း တိုက်ခိုက်မှု မရှိပဲ အခုလို ရိုင်းပင်းကူညီမှုနဲ့ အခုလိုပညာတိုးပွားစေမဲ့ ပို့စ် လေးတွေဖြန်းဖြူးပေးရင် ဒီဂေဇက်ရွာလေး တည်တံ့အောင် ကြိုးစားကြပါဆို လို့ ဆန္ဒပြုရင်း ကျွန်တော့်ရဲ့ ပထမဆုံး ကွန်းမန့်ကို ရေးပါရစေ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 14, 2012 at 9:46 am

    နည်းပညာတွေတော့ သိဘူးဗျာ
    လက်ရှိအခြေနေမှာတော့ အပိုင်းခွဲရမယ်ထင်တယ်ဗျ
    တိုက်ခိုက်တဲ့ လူတွေကလည်း ဘာ့ကြောင့်တိုက်သလဲဆိုတဲ့နေရာမှာ
    ဘာသာရေးတို့ဘာတို့ကြောင့်ဆိုရင် စိတ်ပျက်စရာဘဲ ဘယ်သူဘဲဖြစ်ဖြစ် ဒါဟာ အစွန်းရောက်မှု့လို့
    ပြောရမှာဘဲ ဘယ်ဘာသာဘဲဖြစ်ဖြစ် တစ်ဖက်သားကို တိုက်ခိုက်ရမယ်လို့ အဆုံးမတွေပါနေရင်
    သုံးသပ်ဘို့လိုမလားဘဲ
    လက်ရှိလဲအော်နေကြတာဘဲ အော်နေကြပေါ့
    ပညာစမ်းခြင်ရင်တော့ စမ်းတဲ့သူအခြင်းခြင်းချကြပေါ့
    ဥပမာ
    ဂေဇက်သဂျီးကိုယ်တိုင်က ငါ့ကိုလာဘန်းကြကွာ လို့ပြောရင်တော့ တစ်မျိုးပေါ့
    ဆိုခြင်တာက ဂေဇက်ဆိုတာက ဘယ်သူ့ကိုမှအဆီးအတားမရှိလွပ်လပ်ခွင့်ပေးပြီးရေးပြောခွင့်ပေး
    ထားတဲ့အတွက် ပိုစ့်တစ်ခုခြင်း အကြောင်းအရာတစ်ခုခြင်းဟာ ဆိုဒ်နဲ့မဆိုင်ဘူးလို့ပြောနိုင်တယ်
    ဥပမာ
    သတ္တိရှိလို့ လက်ဝှေ့စင်ပေါ်တက်ထိုးပြီး ကိုယ်နံရိုးကျိုးမှ ရုံကိုမီးရှို့နေသလိုဖြစ်နေတယ်ဆိုတာလေး
    ဖြစ်မနေဘူးလားကွယ်
    ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ထင်နေတာတော့ ရုတ္တိရှိပါတယ် ကိုယ့်ခေါင်းမှာပတ်ထားတာ
    ထမီဖြစ်နေတယ်ဆိုတာလေး သိအောင်တွေးဂျအုန်း 👿
    ကျုပ်သဘောအရကတော့ ငြင်းကြခုန်ကြ ဆဲကြဆိုကြ :mrgreen:
    မကြေနပ်တဲ့ကောင်တွေ အပြင်မှာချကြ သတ်ကြ 😀
    သတ္တိရှိရင် စိန်ခေါ်ပြီး ကိုယ့်ဟာနဲ့ကိုယ် ဘန်းကြ ဂေဇက်လွတ်လွတ်
    ကျုပ်တို့ဆိုလည်းရွာမှာ ဒီလိုဘဲ ရွာဇာတ်ပွဲထဲ ကောင်မတွေကို သူရှူငါရှူ ဝိုင်းရှူပြီး
    အကြောတင်းပြီးအစာမကြေကြရင် ပွဲပြင်ထွက်ပြီး ဖိုက်ကြတာဘဲ
    ကိုယ့်ကြောင့်ပွဲပျက်ရင် တော်တော်ရှက်ဘို့ကောင်းတယ်
    ရန်မလိုတဲ့သူကို ရန်လုပ်တာ ပိုရှက်ဘို့ကောင်းတယ်
    ဂေဇက်ကတော့ သီးသန့်လွပ်လပ်ခွင့်ရှိသင့်သလို ဂေဇက်ကို ကာကွယ်ပေးသင့်တယ်
    အထူးပြောခြင်တာက ဘာသာရေးဘဲဖြစ်ဖြစ် နည်းပညာဘဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးဘဲဖြစ်ဖြစ်
    ကိုယ့်ပြဿနာကို ကိုယ့်နည်းလမ်းနဲ့ကိုယ်ချကြပေါ့
    ကိုယ့်ဘာသာဖြစ်တဲ့ကိစ္စမှာ ဆိုဒ်ကိုတိုက်ခိုက်တာကိုတော့ မန်ဘာတစ်ယောက်အနေနှင့်
    လုံးဝ ရှုပ်ချတယ်
    ရှုပ်ချတာလဲရှုပ်ချတာပေါ့
    ဂေဇက်ကိုမဟတ်ခင် ကျုပ်ကိုတစ်ခုလောက်သင်ပေးဂျဇမ်း
    အမျိုးသမီးအိမ်သာမှာ ကင်မရာတတ်ပြီး ဘယ်လိုချောင်းရသလဲ
    michaeljonnyaungpu@hotmail.com

    • ကြောင်ဝတုတ်

      September 14, 2012 at 10:43 am

      ကဲ… ဆြာပု..
      ဂဇက်မှာ စာပေဆုအပြင် အကောင်းဆုံးကော်မန့်ဆုပါရှိသေးရင်…
      ကျွန်တော် ကိုယ့်စရိတ်နဲ့ကိုယ်စိုက်ပြီးဆုပေးလိုက်ချင်စမ်းဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • Swal Taw Ywet

        September 15, 2012 at 7:00 pm

        Bravo Ko Mickel…….Pu,
        Once more Fatty Cat,
        ကောင်းလိုက်တဲ့ မန့်ချက် နဲ့ ထောက်ခံချက်ပဲဗျို့၊
        ဆုပေးမယ်ဆို ကျနော်တို့လည်း ရှယ်မယ်ဗျာ။
        Let’s try our best for our mother land,start from our village M G.
        With respect,
        Swal Taw Ywet.

    • Shwe Ei

      September 14, 2012 at 10:53 am

      မှန်ပါတယ်။ မကျေနပ်တဲ့လူကို ဒဲ့ချသင့်ပါဒလယ်။ ဝါးလုံး-ျီးသုတ်ပီး ရွာထဲဝင်ရမ်းတဲ့ကိတ်စမျိုး ကဖုန်းကျော်တောင်မလုပ်တော့ပါဝူး။ အဘပုလိုဘဲ အနော်လဲ ရှုပ်ချပါတယ်။ 😉

    • Wow

      September 14, 2012 at 1:29 pm

      ဒါကြောင့် ပုကို ဒဂျီးက ရွေချချင်တယ်ပြောတာဖြစ်မယ်….

  • Mon Kit

    September 14, 2012 at 9:56 am

    ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး.. အခုလို အကျိုးပြု စာလေးတွေ ပို့စ်အဖြစ်တင်ပေးလာတဲ့အတွက် သူကြီးမင်းကိုယ်စား ဝမ်းသာပီတိ ဖြစ်မိပါတယ်… တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ကူညီ သမှုပြုကြတာဟာ မင်္ဂလာတရားတော်နဲ့ ညီပါတယ်ကွယ်…
    ဆက်လက်ပြီး အကျိုးပြု စာပေလေးတွေ ရေးသားပေးပါလို့…

  • ကထူးဆန်း

    September 14, 2012 at 10:39 am

    ရွာရဲ့ သဘောမှန် မြင်လာလို့ ဒီလိုစာလေးတွေရေးပေးလာတယ်လို့ထင်ပါတယ် ကိုAlpha ရေ ။
    ကျေးကျေးပါ ။ ကို Alpha မှ တစ်ဆင့် အပေါင်းအသင်းများလည်း တစ်ဖြေးဖြေး သိလာပါစေဗျာ။

  • Thu Wai

    September 14, 2012 at 11:41 am

    post ကော မိုက်ကယ်ကြီး မန့်တာကော မိုက်တယ်ဗျို့

  • ရွှေ ကြည်

    September 14, 2012 at 11:47 am

    အားလုံးပဲ အညိုးအတေးတွေမထားပဲ ငြိမ်းချမ်းစွာကွဲလွဲကြရင်းရွာကြီးမှာကျင်လည်ကြရအောင်ပါ။
    ဒိလိုနဲ့နားလည်မှုတွေရလာမှာပါ။
    ငြိမ်းချမ်းတာကောင်းပါတယ်နော် နော် လို့… 😀
    ဗဟုသုတတွေတိုးတာပေါ့နော်.. 😀

  • စိန်ဗိုက်ဗိုက်

    September 14, 2012 at 11:51 am

    ပြောသားပဲ ဂျီဂျီးကို
    စောဂဒဲက အဲသလို လုပ်ထားပါလို ့ဆို
    ဟာဘဲ..ဟာဘဲ..
    🙂

    စဂါးမစပ်
    ထုံးစံ အတိုင်း ကူးထားတယ်ဗျား..

  • P chogyi

    September 14, 2012 at 12:54 pm

    ကျွန်တော်အမြင်ကို ပြောရရင် MG ဟာ ဇာတ်ခုံတစ်ခုပါ။
    ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာကို တင်ဆက်ချင်သူတိုင်း
    တင်ပြခွင့်ပေးထားတာပါ။
    အနု၊ အကြမ်း၊ အလွမ်း၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ …
    စသည်ဖြင့်ပေါ့လေ။
    တင်ပြတဲ့အကြောင်းအရာ ပြကွက်ကိုမကြိုက်ရင် တင်ပြတဲ့သူကို ပြောဆို၊ ရှုံ့ချ၊ တိုက်ခိုက်နိုင်ပါတယ်။
    တင်ပြလို့မရအောင် ဇာတ်ခုံဖျက်ဆီးမယ်ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။
    တစ်ခြားသူတွေ အများအကျိုးရှိတာ တင်ပြလို့ ရအောင် ဇာတ်ခုံတော့မဖျက်သင့်ပါဘူး။

  • မဟာရာဇာ အံစာတုံး

    September 14, 2012 at 3:23 pm

    WordPress ပေါ်မှာ အခြေတည်ထားတဲ့ ဆိုက်တွေ
    လုံခြုံရေးအတွက် ဒီ ပလပ်အင်တွေကိုလည်း ထည့်သွင်း အသုံးပြုသင့်တယ်တဲ့ …
    ကျုပ်တို့ ရွာကြီးကလည်း WP ပေါ်မှာ တည်ထားတာဆိုတော့လေ …
    ကျုပ်ပြောတာ မဟုတ်ဘူး .. ဒီမှာ ပြောထားတာ . 😀

    http://allbloggingtips.com/2012/02/03/top-20-best-wordpress-security-plugins/

  • မောင်ပေ

    September 15, 2012 at 9:46 pm

    မန်းဂေဇက်အတွက် အကျိုးရှိစေမယ့် ပို ့စ်ကောင်းတစ်ခု လို ့ပြောခွင့်ပြုပါ
    နောင်လည်း ၊ မန်းဂေဇက်အတွက် အကျိုးပြုစေတဲ့ ၊ အကျိုးဖြစ်စေမယ့် နည်းပညာများကို ဆက်လက် ဝေမျှ ပေးစေချင်ပါတယ်လို ့

  • padonmar

    September 15, 2012 at 10:03 pm

    Alpha ရေ
    ရွာလုံခြုံရေးအတွက် အကြံကောင်းလေးတွေ ပေးတဲ့အတွက် ကျေးကျေးပါ။
    “ ကောင်းမှုမြတ်နိုး၊ကောင်းအောင်ကြိုး၍၊ကောင်းကျိုးကိုယ်၌ တည်စေမင်း”ဆိုတဲ့ ကဗျာလေးလို ဂဇက်ရွာသားပီပီ ကောင်းကြောင်းလေးတွေ ဆထက်ထမ်းပိုး လုပ်ဆောင်သွားနိုင်ပါစေ။

  • kai

    September 16, 2012 at 4:56 am

    တကယ်တော့.. အပြီးလုံခြုံတဲ့ဝက်ဘ်ဆိုက်မရှိပါဘူး..
    လုပ်လို့လည်း မရပါဘူး.. 🙂

    လြုံခုံရေး”နည်းနည်း”မြှင့်မယ်ဆိုရင်.. ရွာသူားတွေ.. “များများ”အဝင်အထွက် ခက်ကုန်တာပါ.

    ဆိုတော့..
    သုံးမယ့်ပိုက်ပိုက် .. ရွာသူားတွေ ပါတီပွဲလုပ်မှ.. လှူပလိုက်မယ် တွေးပါတယ်..
    ( ပြောသာပြောတာ.. အခုတောင် SSL 2years ဝယ်လိုက်တာ.. တော်တော်ထွက်သွားတယ်..
    ကိုရင်ဘလက်ချောက.. သူ့စာမူခမယူပဲ.. လှူတယ်ပြောပါတယ်.. အဲဒါသီးသန့်ကြေငြာပေးပါဦးမယ်..)

    အဲဒီက.. ကိုရင်အယ်လ်ဖာတို့အုပ်စုလည်း.. ဖိတ်တာပေါ့…။
    ဒီရွာထဲ.. နယ်စည်းမခြား.. အရက်သမားအုပ်စုလည်းရှိတယ်..
    သောက်နိုင်သူတွေပေါင်းသောက်ကြပေါ့.. :mrgreen:
    ကိုရင်ဘလက်ဘွိုင်းဆို.. သောက်တတ်တဲ့သဘောရှိပါတယ်..။
    ပြီးခဲ့တဲ့..တရက်က.. သူ့ကိုအမူးပြေအောင်လုပ်လို့.. ဒေါကန်နေတာဖတ်လိုက်ရတယ်..
    သူ့ကိုအမူးပြေအောင်လုပ်တဲ့.. ကိုရင်နိဂိမိကလည်း.. သူလည်းအမူးပြေသွားလို့.. ဒေါကန်တယ်တဲ့..
    အဲလိုတွေလည်း. ရှိသေး..

    အင်း..
    နောက်တော့လည်း. .ဒီလိုပဲ.. မိတ်ဆွေတိုးကုန်မှာပါ…
    မင်္ဂလာဖြစ်ပါကြောင်း..

  • ကထူးဆန်း

    September 16, 2012 at 6:58 am

    သုံးမယ့်ပိုက်ပိုက် .. ရွာသူားတွေ ပါတီပွဲလုပ်မှ.. လှူပလိုက်မယ် တွေးပါတယ်..

    ကြားကြတယ်နော် ရွာသူား တို့ရေ .. ဒီစကားလေး မပျောက်ပျက်အောင် နေ့စွဲလေးနဲ့ပါ မှတ်တမ်းတင်ထားကြပါဗျို့ … 😀

    • မဟာရာဇာ အံစာတုံး

      September 16, 2012 at 8:48 pm

      သဂျီးမှ ပြောတီ …

      နေ့စွဲ – 9-16-2012
      ကျုပ်တွေ့သည့်အချိန် ကွန်မန့် 6320 ကွန်မန့်မြောက်

      😀

  • surmi

    September 16, 2012 at 11:28 am

    ကြားဒယ် ကြယ်ဒယ်
    မှတ်ထားလိုက်ပြီ
    မရောက်လာလို ့ကတော ့ မောင် းထုပလိုက်မယ်

Leave a Reply