ရွှေကြက်ကျပေါ်က လက်ဆော့ထားတာလေးတွေအမှတ်နစ်

1 မြစ်ထဲက သစ်ဖောင်များ

 

2 ဧရာအလယ်က နာဝါမဟုတ်တော့ဘူး -စက်တပ်လှေဖြစ်သွားပြီ
4 ရွှေကြက်ကျ ဆိပ်ကမ်းအလှ
5 ရွှေကြက်ကျ ရေချိုးဆိပ်…………………………………………
6 ရေလည်ခေါင်သောင်မထွန်းရလေအောင်……………………………
7ယာယီခိုနား
8 ကိုယ်လို လက်ဆော့တဲ့သူတစ်ယောက်
9 အပြာရောင်ကောင်းကင်နောက်ခံနဲ့ ရွှေကြက်ကျစေတီတော်
10 မူံမှိုင်းရီပြာ တိုင်းဇေယျာ

11 အမှတ်မထင်တွေ့လိုက်ရတဲ့လေယာဉ်ပျံ
12 အဝေးမှာလှမ်းမြင်နေရတဲ့ မန်းလေးတောင်
13 ကျနော်နှစ်သက်တဲ့ပုံလေးပါ
 

14 ကျနော်ပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့ပုံကလေးပါ(မလှပေမယ့် အမှတ်တရ)
“ကြက်ညီနောင်ထဲက ရွှေကြက်ကျပေါ်က လက်ဆော့မိခြင်း နှစ်”

 

 

မင်မိုရီကဒ်လဲပြီးချိန်မှာတော့ ဘုရားရဲ့အမြင့်ဆုံးနေရာလေးကိုရောက်သွားပါတယ်။

အဝေးကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတောင်မူံပြပြ။

မော်တော်ဘုတ်ကလေးက ရေလည်မှာ။

နေရောင်တစောင်းကျနေတာလေးက လရိပ်ထုးိသလို။.

(ဒီပုံလေးမျိုး မနှစ်ဆောင်းတွင်းကရိုက်ဘူးပါတယ်)

အောက်ကိုငုံကြည့်တော့ကိုယ်လို လက်ဆော့နေသူတစ်ယောက်ကိုတွေ့ရပြန်ပါတယ်။

သူတို့ရှိတဲ့အနားကိုဖြတ်သွားတော့ အုန်းပွဲငှက်ပျောပွဲတွေ နံဘေးမှာအမျုးိသမီးသုံးယောက်။

တစ်ယောက်က ငှက်ပျောပွဲကိုချီမလို့ ပါးစပ်ကလဲတတွတ်တွတ်ရွတ်လို့ဆုတောင်း။

ကျန်တဲ့နှစ်ယောက်ကတော့ လက်အုပ်ကလေးချီလျက်။

သူတို့နားကနေဖြတ်ပြီး မြောက်ဘက်ခြမ်းကို ထွက်လာခဲ့ပါတယ်။

မြောက်ဘက်ခြမ်းအဆောင်လေးကနေ ကြည့်ရင် မန်းလေးတောင်ကို ဝိုးတဝါးမြင်ရပါတယ်။

ကျနော်အောက်ဖက်ကိုကြည့်လိုက်တော့ ရေချုးိဆိပ်ဖြစ်နေပါတယ်။

ရေချိုးဆိပ်ကို ဓါတ်ပုံရိုက်နေတုန်း တခစ်ခစ်ရီသံကြားလို့လှည့်ကြည့်လိုက်တော့ အနောက်ကခုံတန်းလျားပေါ်မှာ

အချစ်သဲနေတဲ့စုံတွဲတစ်တွဲ။

ရေလည်မှာစီတန်းနေတဲ့ သင်္ဘောတွေ လှေတွေကို ဓါတ်ပုံရိုက်။

နောက်တော့ ကိုစိန်သော့ကို ရုံးဆင်းရင်လာမလားလို့လှမ်းမေး။

တိမ်လှရင်လာမယ် လှရင်သူ့ဆီဖုန်းဆက်လို့ပြန်ဖြေ.။

ကျနော်ကလဲ 15မိနစ်လောက်စောင့်ကြည့်လိုက်မယ် နေက တိမ်ထုထဲရောက်လို့လှမယ်ဆို စောင့်မယ်ပြောပြီး။

အောက်ဖက်ကိုဆင်း နံရံကိုတွယ်ကပ်နေတဲ့ အပင်လေးက အနွယ်တက်နေတာကိုလှမ်းလက်ဆော့။

မောလာတော့ရေသောက်.။

ရေသောက်အပြီးကုန်သွားတဲ့ရေသန့်ဘူးကိုလွှင့်အပစ် လက်ထက်က ကင်မရာလဲ ရောပါသွားပြီး ဘုတ်ကနဲ့ပြုတ်ကျ။

ကင်မရာပြန်ကောက်ပြီး ဖွင့်လဲဖွင့်လိုက်ရော.

ကာလာတွေမမှန်။

ရိုက်လိုက်တော့လိုင်းစင်းတွေထ။

စိတ်တွေ လေရုံမက ဘဲ လွင့်ထွက်သွားပါတယ်။

တိ်မ်ကြည့်လိုက်တော့ မလှ။

ဒါနဲ့ကိုစိန်သော့ဆီဖုန်းဆက်လို့ပြန်လာပါတယ်။

ဘုရားအဆင်းအရောက်မှာ ရွာထဲက “ဂျလေဘီသယ်” ဆီက ဖုန်းလာပါတယ်။

ရွာသူတစ်ယောက်နဲ့အဆက်အသွယ်ရချင်လု့ိပါတဲ့.။

အဲဒါနဲ့ သူ့ကိုဖုန်းနံပါတ်ပေး.။

ကင်မရာပျက်တဲ့အကြောင်းပြောပြ နောက်ဟိုပြောဒီပြော ပြောပြီး  ပြန်လာခဲ့ပါတယ်။

စိတ်ထဲမှတော့ ကင်မရာပျက်သွားတာကို တနုံ့နုံ့။

ကန်တော်ကြီးနားအရောက်ဒီနေ့မှ သက်တန့်တစ်ဝက်ထွက်နေ။

ကင်မရာမကောင်းမှန်း သိပေမယ့် မနေနိုင်မထိုင်နိုင်ဆင်းရိုက်တော့ ကန်စပ်ထိုင်နေတဲ့အတွဲက

မော့ကြည့်။

သူတို့ကိုပြုံးပြပြီး သက်တန့်ကိုရိုက်တော့ အနီရောင်အစင်းဘဲတွေ့ရ။

ဒါနဲ့ဘဲစိတ်မကောင်းခြင်းကြီးစွာနဲ့ပြန်လာ။

ပေါ့ဆတဲ့ကိုယ့်ကို ကိုယ်ဘဲအပြစ်တင်မိပါတယ်။

သူကြီးရွတ်သလိုဘဲ ရွတ်ကြည့်မိပါတယ်။

အနိစ္စ……………..အနိစ္စ………………..မှန်ပေမယ့် ကိုယ့်မြတ်နိုးတာလေးပျက်သွားတော့

ရွတ်ရတာ တယ်အရသာမရှိလှပါဘူး။

ဘာများတတ်နိုင်အုံးမှာလဲနော်……………………

 

 

ကိုပေါက်လမ်းသလားနေသည်

(13-9-2012)

 

 

 

 

18 comments

  • မောင်ပေ

    September 23, 2012 at 10:19 am

    သဂျီးပြောတဲ့ နှစ်တစ်ထောင် ဆိုတာကော မိသွားလား ကိုပေါက်

  • Hnin Hnin

    September 23, 2012 at 12:48 pm

    အမှတ် ၁က ပုံတွေ ပိုလှတယ်…ရေချိုးဆိပ်က ကျား၊မ အရွယ်သုံးပါးမရွေး ရောချိုးနေကြတာ…
    Beach ကျနေတာပဲ…ဘုရားဖူးကားနဲ့သွားရင် ဘုန်းကြီးကျောင်း ရေချိုးကန်မှာ ဒီလိုပဲ
    ရောကောသောကောနဲ့မို့ မချိုးတတ်တော့ မနက်၄နာရီထွက်မယ်ဆို ၃နာရီလောက်ထဲက ထရေချိုး..ညဆိုလည်း လူရှင်းချိန် ၈နာရီ၊၉နာရီလောက်မှ ချိုးဖြစ်ကြတာ သွားသတိရမိတယ်…

  • ကိုရင်မောင်

    September 23, 2012 at 3:35 pm

    တချိန်ကဆို ဒီနေရာတွေမှာ ရွက်လှေကြီးတွေနဲ့
    လွမ်းမောဖွယ်ရှု့မျှော်ခင်းလေးများယှင်ကြည့်လို့ရယင်
    ကြည့်ချင်စမ်းပါဘိ…ဆရာပေါက်ရေ….
    ဓါတ်ပုံလေးတွေကြည့်ရှု့အားပေးသွားပါတယ်…..

  • aemoshu

    September 23, 2012 at 7:13 pm

    ရေချိုးဆိပ်ပုံလေးမြင်တော့ ငယ်ငယ်က မြစ်ထဲမှာ ကဲခဲ့တာလေးတွေကိုသတိရမိတယ် ….

  • Thu Wai

    September 24, 2012 at 11:27 am

    ရွှေကြက်ကျ တို့ ရွှေကျက်ယက်တို့ ဆိုတာက သိုက်ပေါတယ်ဆိုတဲ့ စေတီတွေလား

  • mayjuly

    September 24, 2012 at 12:22 pm

    လှတယ်နော်ပုံလေးတွေက ..

  • ဂန္ဓာရီ ဆြာအုပ်

    September 24, 2012 at 12:43 pm

    ကောင်းပါလေ့ကိုပေါက်ရေ.. ရေချိုး နေတာ စကီ လေးဒွေရောပါဘူးလားဗျ.. ငှီးငှီး။

  • Ma Ei

    September 24, 2012 at 2:13 pm

    ပုံ ၁၄ က ဘာလို့ လိုင်းစင်းတွေပါနေပါလိမ့်ထင်တာ..
    စာ ဖတ်တော့မှ ကင်မလာကို လွှင့်ပစ်လိုက်တာ သိတော့တယ်…
    :bar:

  • mamanoyar

    September 24, 2012 at 2:29 pm

    အရမ်းသွားချင်နေတဲ့နေရာလေးပဲ
    မရောက်ဖူးဘူး
    အခုဓါတ်ပုံလေးတွေကြည့်ရတော့ ပိုတောင်လွမ်းလာသလိုပဲ

  • ဟုတ်ပါတယ် မွန်မွန် စစ်ကိုင်းတံတားပါ။
    မြစ်နားမှာနေသူတွေကတော့ မြစ်ရေအေးအေးလေးဆင်းစိမ်လိုက်ရမှာစိတ်အဆာပြေပါတယ်.။

    မမနိုရာ မြင်ရရင်ပိုလွမ်းသွားပါမယ်လာခဲ့ပါ။

    မယ်အိရေ အဲဒီနေ့ကစိတ်တွေလေသွားတယ်။
    ဆိုင်သွားပြင်လိုက်တာ နှစ်သောင်းနဲ့ပြီးသွားတယ်။
    ဒါပေမယ့် တစ်ညဘဲအိပ်လိုက်တယ် ဓါတ်ခဲအသစ်က အလိုလိုနေရင်းဟောင်းသွားပါတယ်။

    ဘိုအုပ်ရေချိုးတာ စကီလေးတွေပါတယ် တမင်လွတ်အောင်ဆော်ခဲ့တာပါ။
    ကိုယ်ဆော်ရင်သူတို့ကပြန်ဆော်လိုက်မှာလေ။

    မေဂျုလိုင်ရေ အပြင်က ပိုလို့လှပါသဗျာ။
    ကိုသုဝေ သိုက်ပေါ မပေါတော့ မသိဘူး တက်ရတာတော့မောတယ်။

    aemoshu မြစ်ရေချိုးရတာ သိပ်အရသာရှိတယ်ဗျ ဒါပေမယ့်ရေနစ်မှာတော့ကြောက်တယ်။

    ကိုရင်မောင်ရေ ရွက်လှေကြီးနဲ့ပုံကတော့ မရနိုင်လောက်တော့ဘူး။

    မယ်နှင်းရေ ဟုတ်ပါသဗျာ တစ်က ပုံတွေက ပိုမို်က်တယ်
    မောင်ပေ ရေ……………နှစ်တစ်ထောင်ကျိန်စာ……………..
    ကျုပ်လဲမသိတော့ဘူး။

    • Hnin Hnin

      September 24, 2012 at 4:49 pm

      မယ်နှင်း ဆိုတော့ တောသူပေါ့…တောသူဆိုတာ တကယ်ကိုရိုးတယ်..ဘာဘာညာညာ
      တွေလည်း နားမလည်…ဟန်တွေ၊ပန်တွေကိုလည်း နားမလည်…အဲလေ ရောကုန်ပြီ…
      ဖတ်ပြီးကတည်းက ကိုပေါက် ကင်မရာပျက်သွားတာ အတော်နှမြောနေပုံရတယ်ဆိုပြီး
      ….ဖေဖေပေးထားတဲ့ အနားယူနေတဲ့ ဘရူးနမ်းကင်မရာလေးကိုတောင် သတိရသွား
      တယ်..ဪ..ဒီလို သူများတွေအတွက်ရိုက်ရင်း ဖြစ်သွားရတာ ငါ့ကင်မရာလေးပေး
      လိုက်ရင် အတော်အသုံးဝင်မှာဆိုပြီး လျှော့ဈေးနဲ့ ပြန်ရောင်းချင်စိတ်တောင်
      ပေါက်သွားတယ်… :mrgreen:… ဓာတ်ခဲကလည်း ဈေးကြီးသရှင်…ကုလားတန်း
      မှာ သွားဝယ်တာ ၁သောင်း၁ထောင်တောင် ပေးခဲ့ရတယ်…ကင်မရာလေးလည်း အလုပ်ကောင်းကောင်းပြန်လုပ်နိုင်ပြီး ပုံကောင်းကောင်းလေးတွေ ထပ်ထွက်ပါစေရှင့်…

      • ကိုပေါက်(မန္တလေး)

        September 24, 2012 at 11:09 pm

        တာသူဆိုတာ တကယ်ကိုရိုးတယ်..ဘာဘာညာညာ
        တွေလည်း နားမလည်…ဟန်တွေ၊ပန်တွေကိုလည်း နားမလည်…အဲလေ ရောကုန်ပြီ…

        အိပ်မက်ဆုံရာ ဇာတ်ရှိန်ဒီအထိပါလာတယ် နော်

        • Hnin Hnin

          September 25, 2012 at 12:46 am

          :mrgreen:

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 24, 2012 at 3:54 pm

    ဧရာဝတီမြစ်ထဲမှာ နံဘတ်ခြောက်က သောင်တူးတဲ့စက်တွေလို့ခေါ်သလား
    အဲ့ဒါမျိုးတွေအများကြီးရှိသင့်တယ်
    ဘယ်ဘတ်ဂျက်နဲ့ ဝယ်ပြီး ဘယ်ဘတ်ဂျက်နဲ့ လည်ပတ်မလည်းတော့ သိဘူး
    ဖြစ်သင့်တာလေးပြောကြည့်တာ
    အဆင်ပြေရင် နံဘတ်ငါးပုံမှာပါသလို ကမ်းတွေမှာ ကွန်ကရစ်လောင်းထားဒယ်ခေါ်သလား
    ဒါမျိုးလည်းဖြစ်သင့်ဘာဒယ် :mrgreen:

    • ကိုပေါက်(မန္တလေး)

      September 24, 2012 at 11:11 pm

      ဗခကဗခကခ မိုက်ကယ် ဂျှော်နီ အောင်ပု ဖြိူးရေ
      မန်းလေးလာခဲ့ပါဗျာ၊
      အဲဒီနေရာတွေလိုက်ပြမယ်
      ပြီးရင် တစ်ခါထဲဆုံးမခဲ့နော်။

  • စိန်ဗိုက်ဗိုက်

    September 24, 2012 at 4:17 pm

    အဲတာ ဘုရားစောင့်နတ်ကြီးက ကြိမ်ဆာ တိုက်လိုက်တာ
    ရေသောက်ပြီး ရေဗူးတွေကို မဆင်မခြင် လွှင့်ပစ်ရင် ခုလိုပဲ ဖြစ်တတ်တယ် 🙂
    နောက်ဒါနော..အုပေါက်..
    ကင်မရာ ပြန်ပြင်လို ့တော့ ရမှာပါဗျ

Leave a Reply