ဆုတောင်းပြည့် နှီးဘုရားကြီး နှင့် ကလောမြို့

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (10)…

 

ကလောမြို့ ရှိ ဆုတောင်းပြည့် နှီးဘုရားကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်က ယက်လုပ်ခဲ့သော ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။

ဥာဏ်တော် ၈ ပေ ၄ လက်မ ရှိသည့် ဘူမိဖဿ မုဒြာပုံတော်ဖြစ်ပါသည်။ဦးခေါင်းတော်ကို ရှေ့သို့အနည်းငယ်ငိုက်၍ မျက်လွှာချထားသည့် တင်ပျဉ်ခွေ  ထိုင်တော်မူ ပုံတော်ဖြစ်ပါသည်။ပထမ အင်းဝခေတ်က ရက်လုပ်ပူဇော်ခဲ့သော ဆင်းတုတော်ကြီးဖြစ်မည်ဟု သမိုင်းပညာရှင် ဒေါက်တာ ခင်မောင်ညွန့်က လေ့လာဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

နှီးဘုရားကြီးသည် ယခင်က ရွာဆိုးကုန်း ဆိုသည့်ရွာတွင်ရှိပြီး၊ ၄င်းတစ်ရွာလုံး မီးလောင်ရာတွင် ဘုရားကြီးတစ်ဆူသာ မီးကွင်းခဲ့ကြောင်း ၊ပင်မကုန်းရွာ မှရွာသူရွာသားများ လူသုံးလေးဆယ် မသော်လည်းမရွေ့ဘဲ မ၍ မရဖြစ်ခဲ့ကြပြီး၊ အဓိဠာန်ပြု ပင့်လျှောက်မှသာ လူလေး ၊ငါးယောက်ဖြင့် လွယ်လွယ် ကူကူ ပင့်ဆောင်နိုင်ခဲ့ကြောင်းသိရပါသည်။

အစ ပထမတွင် ပင်မကုန်းတောင်ခြေရှိ တန်ဆောင်းကြီးတွင် ပူဇော်ထားရှိကြောင်း၊ နှစ်ကာလကြာသော် တန်ဆောင်းကြီး ယိုယွင်း ပျက်ဆီး သွားသော်လည်း ဘုရားကြီးမှာ လုံးဝပျက်ဆီးခြင်းမရှိကြောင်း၊ ယခု သီတင်းသုံးရာ ပင်မကုန်းတောင်ပေါ်ရှိသစ်သားကျောင်းဆောင်သို့ ပင့်ဆောင် သည့်နေ့တွင် နေခြစ်ခြစ် တောက်ပူနေရာမှ မိုးကြီးသည်းထန်စွာ ရွာချခဲ့ပြီး၊ ကျောင်းပေါ်ရောက်သည်နှင့် မိုးလေငြိမ်သက်သွားသည်ကို ထူးဆန်းစွာကြုံတွေ့ ခဲ့ရကြောင်း သိရပါသည်။

နှီးဘုရားကြီး ထားရှိကိုးကွယ်ရာ သစ်သားကျောင်းဆောင်တော်ကို နှစ်ကြိမ်တိုင် ဖြိုဖျက် အသစ်တည်ဆောက်ခဲ့ကြပြီး၊ ယခု အခါတွင် ကြီးကျယ်ခမ်းနားသော ဂန္ဓကုဋီ တိုက်ကြီးဖြင့် ထားရှိပူဇော်နိုင်ပြီ ဖြစ်ပါသည်။ ဘုရားဖူးများတည်းခိုနိုင်ရန် သုံးထပ်ကျောင်းဆောင်၊ နှစ်ထပ် ကျောင်းဆောင် များလည်း  ဆောက်လုပ်ထားပြီးဖြစ်ပါသည်။ကြွရောက်လာသော ဘုရားဖူးများကို လ္ဘက် အကြော်စုံ၊ ရေနွေးကြမ်း၊ တို့ဖြင့် ဧည့်ခံ ကျွေးမွေးလျှက်ရှိပါကြောင်း နှီးဘုရားသမိုင်းမှတ်တမ်းစာအုပ်မှ ကောက်နှတ်ဖော်ပြလိုက်ပါတယ်…

1… ဆုတောင်းပြည့် နှီးဘုရားကြီး..1…

2… ဆုတောင်းပြည့် နှီးဘုရားကြီး..2…

3… ဆုတောင်းပြည့် နှီးဘုရားကြီး..3…

ကျမတို့အဖွဲ့သည်လည်း ဆရာလေးများချကျွေးသမျှလက်ဖက်၊အကြော်စုံ၊ရေနွေးကြမ်းများကို ကောင်းလိုက်တာ ကောင်းလိုက်တာ နဲ့ အတော်ပင် အားပေးခဲ့ကြပါတယ်…

နှီးဘုရားရုပ်ပွားတော်ကြီးအား ပန်းရေချမ်းသစ်သီးများ ကပ်လှူထားသည်မှာလည်း ပိုမိုကြည်ညိုဖွယ်ဖြစ်စေပါတယ်… အထူးသဖြင့် ပန်းမျိုးစုံ အများအပြား လှပစွာ ကပ်လှူပူဇော်ထားပါတယ်…အလှူငွေများထည့်ဝင်လှူဒါန်းမှုအစုစုကိုလည်း ရွာသူားများအား တန်းတူရည်မျှ ရပါစေကြောင်း ပေးဝေလိုက်ပါတယ်…

နှီးဘုရားကြီးဖူးအပြီးမှာ ကျမတို့ ကလောမြို့ Winner Hotel မှာတစ်ညတာ အနားယူကြပါတယ်……

4…ကလောမြို့မဈေးနှင့် စေတီတော်…

5… ကလောမြို့မဈေးနှင့် နောက်ခံတောင်တန်းအလှ…

6…ကလောမြို့တွင်းမှ စေတီများ …1…

7… ကလောမြို့တွင်းမှ စေတီများ …2

8…ကလောဘူတာ ရှေ့ဘက်ခြမ်း…

9… ကလောဘူတာ နောက်ဘက်ခြမ်း…

10…ထင်းရှူးပင်များနှင့်လှပသောအိမ်…

နောက်တစ်နေ့မနက်စာ စားအပြီးကလောမြို့ ကိုရောက်တယ်လျှောက်လည် ဆိုပြီး တစ်နေ့လုံး လျှောက်သွားကြ၊ဈေးဝယ်ကြ ပါတော့တယ်…

11…ကလော သုမောင်ဆိုင်မှ မြန်မာထမင်း၊ဟင်း…

နေ့လည်စာ ကိုတော့ ကလောမြို့ရဲ့ နာမည်ကြီး မြန်မာထမင်းဆိုင် သုမောင်မှာ သွားစားကြပါတယ်..အရန်ဟင်းပွဲတွေများလွန်းလို့ ဟင်းပွဲစုံတောင်မစားဖြစ်ခဲ့ပါဘူး..

တစ်လမ်းလုံးတရုတ်စာဘဲ စားခဲ့ရတော့ ခုမှမြန်မာထမင်းဟင်း ကောင်းကောင်းလေးစားရတာ အရသာရှိခဲ့ကြောင်းလဲကြော်ငြာပါရစေ..

လှပနေတဲ့ ပန်းမျိုးစုံ၊ အခိုင်လိုက် အပြွတ်လိုက် မက်မန်းသီးတွေ၊ အကြောင်းကိုတော့ ဆက်ရန်ပေါ့နော်…

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..