ဒီနေ့ တော့ နေလေးသာနေလေရဲ့….. မိုးမိသွားတဲ့ဒဏ်ကြောင့် နေမကောင်းဖြစ်ချင်နေပေမယ့်… ညက Decolgen နှစ်လုံး ဆင့်သောက်လိုက်လို့  မနက်မိုးလင်း လန်းလန်းဆန်းဆန်းထလာမိပါတယ်….
စစ်တွေဘက်မှာ လူနှစ်ယောက်သေပီး လက်ကမ်းစာစောင်တွေ ဖြန်ကြဲသွားတယ်လို့  ကောလဟာလ ကြားမိရချိန်မှာ ငြိမ်သက်နေတဲ့ ရခိုင်အခြေအနေတွေ ပြန်ဖြစ်လာမလားလို့  စိုးရိမ်မိတယ်…..
နေမင်းက ပွင့်လာတာ ရာသီဥတုသာဖို့ လား မုန်တိုင်းဖြစ်ဖို့  ရေမှုန်တွေ ထပ်စုနေတာလားဆိုတာ ဘယ်သူပြောနိုင်မလဲဗျာ…………….

မနေ့ က ဇာတ်ကားလေး တကား ကြည့်မိပါတယ်…. အချစ်ကားလေးပါ…. ကောင်မလေးက ကောင်လေးရဲ့ အချစ်ကို မရခဲ့ပေမယ့် သူရဲ့ စီမံမှူတွေကြောင့် ကောင်လေးဟာ အခုဘ၀တင်မကဖူး နောက်ဘ၀အထိပါ အသက်အန္တာရယ် ကင်းခဲ့ပါတယ်….
ပြောချင်တာက အချစ်ဆိုတာ ဘာလဲ…. ရယူလိုမှူလား… ပေးဆပ်မှူလား… တိတ်တခိုးလား…. အုံပုန်းလား… လိင်ဆက်ဆံမှူလား… ယုယမှူလား…. အားကိုးချင်တာလား….
ခေတ်အဆက်ဆက် စာရေးစရာ အမျိုးမျိုးက ရသအမျိုး ရှူထောင့်အမျိုးမျိုး စရိုက်အထွေထွေနဲ့  အချစ်ဆိုတာကြီးကို ရုပ်လုံးဖော်ခဲ့ပါတယ်…..
ကိုဒီမိုတို့ ကော အချစ်ကို ဘယ်လိုမြင်ကြပါလဲ…..
ကျွန်တော်လား ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အချစ်နဲ့ ပတ်သတ်လာရင် ရှေးရိုးစွဲတယောက်လို့  သုံးသပ်မိပါတယ်….
ဒါကြောင့် အချစ်နဲ့ ပတ်သက်လာရင် ကိုဒီမိုတို့  တနည်းအားဖြင့် လစ်ဘရယ် သမားတွေနဲ့ ဆွေးနွေးတိုင်း အကြီးအကျယ် ငြင်းရပါတယ်….
သူတို့ က အချစ်ဆိုတာ လွတ်လပ်မှူတဲ့…………….
ချစ်ခြင်သလောက်ချစ်တယ် တုန်နေအောင်ချစ်တယ် အချစ်တွေ လျော့သွားရင် လွင့်ပစ်လိုက်တယ် နောက်တယောက်ရှာတယ်….. စိတ်ညစ်မခံဖူး… အချိန်ကုန်မခံဖူးပေါ့ဗျာ….
တနည်းအားဖြင့် ကိုယ့်ရဲ့ အတ္တကို ရှေ့ တန်းတင်သူများလို့  ဆိုချင်ပါတယ်……
ဒါဖြင့် ချစ်အတ္တက မှားပါသလား……..
မမှားပါဖူး… မှန်သင့်သလောက်မှန်ပါတယ်… အခုခေတ်က အတ္တခေတ်ပါ… အတ္တခေတ်မှာ အတ္တမဆန်ရင် ခံစားသွားရမှာပေါ့လို့  ပြောဖူးတာတွေကြားမိပါတယ်……
ကျွန်တော် သူငယ်ချင်းတယောက်ရဲ့ လက်သုံးစကား တခုဆို ” ဘဲကြီး ခင်ဗျားက အတ္တပဲ ” ဆိုတာ အခုထိ နားထဲက မထွက်သေးပါဖူး……..
သူဆို ကျွန်တော့်ရှေ့ မှာတင် ရီစားနှစ်ယောက်လောက်ဖြတ်ခဲ့ပါတယ်… သူလည်း အတ္တသမားပါ…..
အတ္တဆန်တော့ ဘာဖြစ်လဲ………
စာရေးဆရာကြီး ရွေဥဒေါင်းရေးတဲ့ မောင်စံရှားဝတ္တုမှာ ခုလို ရေးသားထားတာကို အမှတ်ရမိပါတယ်……
သူကတော့ အမှူတခုကို အကြောင်းပြုလို့ ရေးသားခဲ့တာပါ….. စာသား ထပ်တူ မမှတ်မိပေမယ့် လိုရင်းကို အနီးစပ်ဆုံး ရေးသားလိုက်ပါတယ်….
”         အခုခေတ်လူငယ်တွေဟာ စိတ်ရဲ့စေရာကို အင်မတန်မှ လိုက်ကြပါတယ်…. ငယ်ငယ်ရွယ်ရွယ်နဲ့  ချစ်ကြပီး ငယ်ငယ်ရွယ်ရွယ်နဲ့  ကွဲကြပါတယ်….
ယောကျာင်္းလေးတယောာက်က ရီးစားနဲ့ ကွဲသွားလို့  နစ်နာမှူရှိပေမယ့် မိန်းကလေးထက်စာရင် အသာကြီးနဲပါတယ်…. လွန်လွန်ကျူးကျူးဖြစ်ခဲ့တဲ့ မိန်းကလေးတွေဟာ တိုင်းတပါးသားတွေရဲ့ စွက်ချူမှူကို လွယ်လွယ်ကူကူနဲ့  ကျဆင်းခဲ့ပါတယ်…. ”
မိန်းကလေးတွေဟာ နူးညံ့ပါတယ်…. ဆိုးတက်ပါတယ်… ဒါကို နားလည်ပေးပါ… ထိန်းသိမ်းပေးပါ… စောင့်ရှောက်ပေးပါ…. တိုင်းတပါးသို့  သွယ်ဝှက်သောနည်းနဲ့ ဖြစ်စေ တိုက်ရိုက်ဖြစ်စေ… ပြည်တွင်းမှာပဲဖြစ်စေ အမျိုးမျိုး ဘေးကျရောက်နေတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ သတင်းကို ဖတ်ရတိုင်း ၀မ်းနည်းမိတာ အမှန်ပါ……………….

ကိုဒီမိုတို့ ရယ် အချစ်ဆိုတာ မျက်လှည့်ဆန်ပါတယ်…. တခါတလေ ကိုယ်တကယ်ချစ်တာ ကို နောက်ကျမှသိတာ… ကိုယ်သဘောကျတာကို သတိထားမိတာ….. ရှိတက်ပါတယ်……
သစ်သားဆိုတာလည်း သံချောင်းရိုက်ပီးရင် အရင်အတိုင်းမဖြစ်ပါဖူး……….. (တခြားနေရာတော့ သုံးလို့ ရတာပေါ့နော် တချို့ ဆိုပြောသေး သစ်ကို ခြေပီး ပြန်လုံးရင် အကောင်းတောင်ဖြစ်သေးတဲ့…. )
ငှက်မွေးဆိုတာလည်း လေထဲလွင့်လိုက်ရင် အလွယ်တကူ ပြန်ကောက်လို့ မရပါဖူး…. (ကြံကြံဖန်ဖန် အိမ်ခန်းထဲ ကြဲရင်ရပါတယ် သဘာဝ ကိုညှိယူလို့ ရပါတယ်ဆိုတာမျိုးနဲ့  အငြင်းခံရတာလည်း ကြုံဖူးပါတယ်…)
မည်သို့ ပင်ဖြစ်စေ တလင်တမယား တရီးစားတအိမ်ထောင် စနစ်ကို ကျင့်သုံးစေချင်ကြောင်း တိုက်တွန်းလျက်………

လေးစားလျက်

တိမ်မည်း

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........