လေပွေ…. (၂)

တိမ္မည္းSeptember 14, 20121min913

ဒီနေ ့တော့ နေလေးသာနေလေရဲ့….. မိုးမိသွားတဲ့ဒဏ်ကြောင့် နေမကောင်းဖြစ်ချင်နေပေမယ့်… ညက Decolgen နှစ်လုံး ဆင့်သောက်လိုက်လို ့ မနက်မိုးလင်း လန်းလန်းဆန်းဆန်းထလာမိပါတယ်….
စစ်တွေဘက်မှာ လူနှစ်ယောက်သေပီး လက်ကမ်းစာစောင်တွေ ဖြန်ကြဲသွားတယ်လို ့ ကောလဟာလ ကြားမိရချိန်မှာ ငြိမ်သက်နေတဲ့ ရခိုင်အခြေအနေတွေ ပြန်ဖြစ်လာမလားလို ့ စိုးရိမ်မိတယ်…..
နေမင်းက ပွင့်လာတာ ရာသီဥတုသာဖို ့လား မုန်တိုင်းဖြစ်ဖို ့ ရေမှုန်တွေ ထပ်စုနေတာလားဆိုတာ ဘယ်သူပြောနိုင်မလဲဗျာ…………….

မနေ ့က ဇာတ်ကားလေး တကား ကြည့်မိပါတယ်…. အချစ်ကားလေးပါ…. ကောင်မလေးက ကောင်လေးရဲ့ အချစ်ကို မရခဲ့ပေမယ့် သူရဲ့ စီမံမှူတွေကြောင့် ကောင်လေးဟာ အခုဘဝတင်မကဖူး နောက်ဘဝအထိပါ အသက်အန္တာရယ် ကင်းခဲ့ပါတယ်….
ပြောချင်တာက အချစ်ဆိုတာ ဘာလဲ…. ရယူလိုမှူလား… ပေးဆပ်မှူလား… တိတ်တခိုးလား…. အုံပုန်းလား… လိင်ဆက်ဆံမှူလား… ယုယမှူလား…. အားကိုးချင်တာလား….
ခေတ်အဆက်ဆက် စာရေးစရာ အမျိုးမျိုးက ရသအမျိုး ရှူထောင့်အမျိုးမျိုး စရိုက်အထွေထွေနဲ ့ အချစ်ဆိုတာကြီးကို ရုပ်လုံးဖော်ခဲ့ပါတယ်…..
ကိုဒီမိုတို ့ကော အချစ်ကို ဘယ်လိုမြင်ကြပါလဲ…..
ကျွန်တော်လား ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အချစ်နဲ ့ပတ်သတ်လာရင် ရှေးရိုးစွဲတယောက်လို ့ သုံးသပ်မိပါတယ်….
ဒါကြောင့် အချစ်နဲ ့ပတ်သက်လာရင် ကိုဒီမိုတို ့ တနည်းအားဖြင့် လစ်ဘရယ် သမားတွေနဲ ့ဆွေးနွေးတိုင်း အကြီးအကျယ် ငြင်းရပါတယ်….
သူတို ့က အချစ်ဆိုတာ လွတ်လပ်မှူတဲ့…………….
ချစ်ခြင်သလောက်ချစ်တယ် တုန်နေအောင်ချစ်တယ် အချစ်တွေ လျော့သွားရင် လွင့်ပစ်လိုက်တယ် နောက်တယောက်ရှာတယ်….. စိတ်ညစ်မခံဖူး… အချိန်ကုန်မခံဖူးပေါ့ဗျာ….
တနည်းအားဖြင့် ကိုယ့်ရဲ့ အတ္တကို ရှေ ့တန်းတင်သူများလို ့ ဆိုချင်ပါတယ်……
ဒါဖြင့် ချစ်အတ္တက မှားပါသလား……..
မမှားပါဖူး… မှန်သင့်သလောက်မှန်ပါတယ်… အခုခေတ်က အတ္တခေတ်ပါ… အတ္တခေတ်မှာ အတ္တမဆန်ရင် ခံစားသွားရမှာပေါ့လို ့ ပြောဖူးတာတွေကြားမိပါတယ်……
ကျွန်တော် သူငယ်ချင်းတယောက်ရဲ့ လက်သုံးစကား တခုဆို ” ဘဲကြီး ခင်ဗျားက အတ္တပဲ ” ဆိုတာ အခုထိ နားထဲက မထွက်သေးပါဖူး……..
သူဆို ကျွန်တော့်ရှေ ့မှာတင် ရီစားနှစ်ယောက်လောက်ဖြတ်ခဲ့ပါတယ်… သူလည်း အတ္တသမားပါ…..
အတ္တဆန်တော့ ဘာဖြစ်လဲ………
စာရေးဆရာကြီး ရွေဥဒေါင်းရေးတဲ့ မောင်စံရှားဝတ္တုမှာ ခုလို ရေးသားထားတာကို အမှတ်ရမိပါတယ်……
သူကတော့ အမှူတခုကို အကြောင်းပြုလို ့ရေးသားခဲ့တာပါ….. စာသား ထပ်တူ မမှတ်မိပေမယ့် လိုရင်းကို အနီးစပ်ဆုံး ရေးသားလိုက်ပါတယ်….
”         အခုခေတ်လူငယ်တွေဟာ စိတ်ရဲ့စေရာကို အင်မတန်မှ လိုက်ကြပါတယ်…. ငယ်ငယ်ရွယ်ရွယ်နဲ ့ ချစ်ကြပီး ငယ်ငယ်ရွယ်ရွယ်နဲ ့ ကွဲကြပါတယ်….
ယောကျာင်္းလေးတယောာက်က ရီးစားနဲ ့ကွဲသွားလို ့ နစ်နာမှူရှိပေမယ့် မိန်းကလေးထက်စာရင် အသာကြီးနဲပါတယ်…. လွန်လွန်ကျူးကျူးဖြစ်ခဲ့တဲ့ မိန်းကလေးတွေဟာ တိုင်းတပါးသားတွေရဲ့ စွက်ချူမှူကို လွယ်လွယ်ကူကူနဲ ့ ကျဆင်းခဲ့ပါတယ်…. ”
မိန်းကလေးတွေဟာ နူးညံ့ပါတယ်…. ဆိုးတက်ပါတယ်… ဒါကို နားလည်ပေးပါ… ထိန်းသိမ်းပေးပါ… စောင့်ရှောက်ပေးပါ…. တိုင်းတပါးသို ့ သွယ်ဝှက်သောနည်းနဲ ့ဖြစ်စေ တိုက်ရိုက်ဖြစ်စေ… ပြည်တွင်းမှာပဲဖြစ်စေ အမျိုးမျိုး ဘေးကျရောက်နေတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ သတင်းကို ဖတ်ရတိုင်း ဝမ်းနည်းမိတာ အမှန်ပါ……………….

ကိုဒီမိုတို ့ရယ် အချစ်ဆိုတာ မျက်လှည့်ဆန်ပါတယ်…. တခါတလေ ကိုယ်တကယ်ချစ်တာ ကို နောက်ကျမှသိတာ… ကိုယ်သဘောကျတာကို သတိထားမိတာ….. ရှိတက်ပါတယ်……
သစ်သားဆိုတာလည်း သံချောင်းရိုက်ပီးရင် အရင်အတိုင်းမဖြစ်ပါဖူး……….. (တခြားနေရာတော့ သုံးလို ့ရတာပေါ့နော် တချို ့ဆိုပြောသေး သစ်ကို ခြေပီး ပြန်လုံးရင် အကောင်းတောင်ဖြစ်သေးတဲ့…. )
ငှက်မွေးဆိုတာလည်း လေထဲလွင့်လိုက်ရင် အလွယ်တကူ ပြန်ကောက်လို ့မရပါဖူး…. (ကြံကြံဖန်ဖန် အိမ်ခန်းထဲ ကြဲရင်ရပါတယ် သဘာဝ ကိုညှိယူလို ့ရပါတယ်ဆိုတာမျိုးနဲ ့ အငြင်းခံရတာလည်း ကြုံဖူးပါတယ်…)
မည်သို ့ပင်ဖြစ်စေ တလင်တမယား တရီးစားတအိမ်ထောင် စနစ်ကို ကျင့်သုံးစေချင်ကြောင်း တိုက်တွန်းလျက်………

လေးစားလျက်

တိမ်မည်း

3 comments

  • အရီးခင်လတ်

    September 14, 2012 at 4:07 pm

    အတွေးကောင်း၊ စာရေးကောင်းသူ တစ်ယောက် တိုးလာပြီဟေ့။
    ရေးသာရေးပါ။
    မှတ်ချက် ရတာ မရတာထက် ကိုယ်ပြောချင်တာ ကို ပြောသာပြောပါ။
    အရီးတို့ အားလုံး ဖတ်နေ ကြပါတယ်။ 😉

    • Black Cloud

      September 14, 2012 at 4:28 pm

      ဟုတ်ကဲ့…………
      အခုလို အားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်… အရီး
      ကြိုးစားနေမှာပါ……..
      🙂

  • ကြောင်ကြီး

    September 18, 2012 at 8:59 am

    တိမ်မဲ
    လိမ်ဆဲ
    အိမ်ထဲ
    လိမ်ဖဲ
    ပိန်မဲ
    ဒိန်ခဲ
    ဇိမ်ကဲ
    ငြိမ်နွှဲ…

Leave a Reply