မနေ့က တစ်နေ့လုံး ရွာထဲကကိုယ့်အိမ်ကို ကိုယ်ပိုင်သော့နဲ့ ဖွင့်တာကို

ဖွင့်လို့မရ အိမ်ထဲလည်းဝင်လို့ မရ ဒါနဲ့ ရွာရိုးလျှောက်တော့

အောင်မယ် ကိုဆာမိတို့များ ခေတ်ပျက်စီးပွားရေ တယ်မြင်သကို

သူ့တဲရှေ့မှာ စလောင်ဖုံးဆိုင်းဘုတ်ကြီးကို ဟီးနေတာပဲ

ရေးထားတာလည်း ကြည့်အုံးလေ

“ဂဇာတ်မန်ဘာဟောင်းဈေးကောင်းပေးဝယ်သည်”  တဲ့

သူ့တဲရှေ့မှာလည်း ရောင်းဖို့ ၀ယ်ဖို့ စီလိုက်တဲ့လူ

မိပေါက်ဖေါ်တို့ကလည်း ဘီအီးနဲ့လဲမယ် တကဲကဲပေါ့

အပြီးမရောင်းချင်ဘူး ခဏငှားမဲ့သူတွေကလည်းဈေးမေးကြနဲ့

စည်းကားလိုက်တာ မနိုကျုတော့ ဘယ်သူမှ မမြင်ကျဘူး

ဒါနဲ့ ရွာရိုးဆက်လျှောက်တော့ ဟင်းနံ့လေးမွှေးနေတယ် ကြည့်လိုက်တော့

မဝေအိမ်မှာ ရခိုင်မျှစ်စပ်ဟင်း ချက်နေတာကို ၀င်စားမယ်ကြံတော့ ကိုယ်မှာ ၀င်စားခွင့်မရှိ

သော့လေးကိုင်းပြီ ဆက်လျှောက် မယ်ပု အိမ်ဘက်တောင်ရောက်လာပြီ

မယ်ပု Allergy ဖြစ်နေလို့ လူနာသတင်းမေးတွေတောင်ရောက်နေတယ်

ကိုယ်မှာတော့ အိမ်ပေါက်ကနေ ချောင်းကြည့်ပြီ အသာလေးပြန်ထွက်ပေါ့

မိဂီ/မိဖါး /ဒသဖွတ်ကျား ကတော့  အိုဘယ့် ..အရှေ့ကျွှန်းဆိုပြီးဗဟုသုတတွေဝေငှနေလေရဲ့

လေးပေါက်အိမ်ကတော့ တက်သိမ်းအင်း ..မိုးနေ့လည်ခင်းကတိမ်အဆင် ဆိုပြီး ဓါတ်ပုံတွေခင်ကျင်းလို့ပေါ့

ကြောင်ဝတုတ်ရဲ့ နံပါတ်မှာငါး

ကိုသာရဲ့ ရိုဟင်ဂျာလို့ မသုံးပါနဲ့.တဲ့

မနောဖြူလေးရဲ့ လေပြင်းတစ်ချက်အဝှေ့မှာ

ရွှေအိမ်စည်ရဲ့ စာအုပ်စင်-၁ကို ၀င်ဖွ

ရွာရိုးလျှောက်ရတာ နဲနဲမောလာပြီ

ကိုယ့်အိမ်ထဲ့ကိုယ်ဝင်ဖို့ကလဲ ကြိုးစားရအုံးမယ်

ဒါနဲ့ ဗလမောင် မိတိုက်ကို သတိယပြီး သော့ပြင်ဖို့ အကူအညီတောင်း

တံခါးကမပွင့်သေးဘူး

မနောလေးနဲ့ ထက်တွေ့ သူလဲဘာကူညီရမလဲပေါ့

သူကြီးကို သွားအကြောင်ကြားဖို့ လိပ်စာလေးတောင်

သူကြီးကိုတွေတော့ ကူပါကယ်ပါအုံးပေါ့

သူကြီးသနားအောင် မျက်ရည်တွေပါတွေကျပြ

သူကြီးကသနားသွားတော့ သူ့ရဲ့ မာစတာကီးကြီးကို ထုတ်ပြီးအကူအညီပေးရှာပါတယ်

ဒီနေ့ မနက်တော့ အိမ်တံခါးပွင်သွားပြီမို့ ပျော်ရွှင်စွာနဲ့ပဲ

ကိုယ့်အိမ်လေးကို ကြည့် မနေ့က ရွာရိုးလျှောက်မိတဲ့နေ့လေးကို သတိယနေရင်း

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011