ရွာရိုးလျှောက်မိတဲ့နေ့

NovySeptember 14, 20121min20726

မနေ့က တစ်နေ့လုံး ရွာထဲကကိုယ့်အိမ်ကို ကိုယ်ပိုင်သော့နဲ့ ဖွင့်တာကို

ဖွင့်လို့မရ အိမ်ထဲလည်းဝင်လို့ မရ ဒါနဲ့ ရွာရိုးလျှောက်တော့

အောင်မယ် ကိုဆာမိတို့များ ခေတ်ပျက်စီးပွားရေ တယ်မြင်သကို

သူ့တဲရှေ့မှာ စလောင်ဖုံးဆိုင်းဘုတ်ကြီးကို ဟီးနေတာပဲ

ရေးထားတာလည်း ကြည့်အုံးလေ

“ဂဇာတ်မန်ဘာဟောင်းဈေးကောင်းပေးဝယ်သည်”  တဲ့

သူ့တဲရှေ့မှာလည်း ရောင်းဖို့ ဝယ်ဖို့ စီလိုက်တဲ့လူ

မိပေါက်ဖေါ်တို့ကလည်း ဘီအီးနဲ့လဲမယ် တကဲကဲပေါ့

အပြီးမရောင်းချင်ဘူး ခဏငှားမဲ့သူတွေကလည်းဈေးမေးကြနဲ့

စည်းကားလိုက်တာ မနိုကျုတော့ ဘယ်သူမှ မမြင်ကျဘူး

ဒါနဲ့ ရွာရိုးဆက်လျှောက်တော့ ဟင်းနံ့လေးမွှေးနေတယ် ကြည့်လိုက်တော့

မဝေအိမ်မှာ ရခိုင်မျှစ်စပ်ဟင်း ချက်နေတာကို ဝင်စားမယ်ကြံတော့ ကိုယ်မှာ ဝင်စားခွင့်မရှိ

သော့လေးကိုင်းပြီ ဆက်လျှောက် မယ်ပု အိမ်ဘက်တောင်ရောက်လာပြီ

မယ်ပု Allergy ဖြစ်နေလို့ လူနာသတင်းမေးတွေတောင်ရောက်နေတယ်

ကိုယ်မှာတော့ အိမ်ပေါက်ကနေ ချောင်းကြည့်ပြီ အသာလေးပြန်ထွက်ပေါ့

မိဂီ/မိဖါး /ဒသဖွတ်ကျား ကတော့  အိုဘယ့် ..အရှေ့ကျွှန်းဆိုပြီးဗဟုသုတတွေဝေငှနေလေရဲ့

လေးပေါက်အိမ်ကတော့ တက်သိမ်းအင်း ..မိုးနေ့လည်ခင်းကတိမ်အဆင် ဆိုပြီး ဓါတ်ပုံတွေခင်ကျင်းလို့ပေါ့

ကြောင်ဝတုတ်ရဲ့ နံပါတ်မှာငါး

ကိုသာရဲ့ ရိုဟင်ဂျာလို့ မသုံးပါနဲ့.တဲ့

မနောဖြူလေးရဲ့ လေပြင်းတစ်ချက်အဝှေ့မှာ

ရွှေအိမ်စည်ရဲ့ စာအုပ်စင်-၁ကို ဝင်ဖွ

ရွာရိုးလျှောက်ရတာ နဲနဲမောလာပြီ

ကိုယ့်အိမ်ထဲ့ကိုယ်ဝင်ဖို့ကလဲ ကြိုးစားရအုံးမယ်

ဒါနဲ့ ဗလမောင် မိတိုက်ကို သတိယပြီး သော့ပြင်ဖို့ အကူအညီတောင်း

တံခါးကမပွင့်သေးဘူး

မနောလေးနဲ့ ထက်တွေ့ သူလဲဘာကူညီရမလဲပေါ့

သူကြီးကို သွားအကြောင်ကြားဖို့ လိပ်စာလေးတောင်

သူကြီးကိုတွေတော့ ကူပါကယ်ပါအုံးပေါ့

သူကြီးသနားအောင် မျက်ရည်တွေပါတွေကျပြ

သူကြီးကသနားသွားတော့ သူ့ရဲ့ မာစတာကီးကြီးကို ထုတ်ပြီးအကူအညီပေးရှာပါတယ်

ဒီနေ့ မနက်တော့ အိမ်တံခါးပွင်သွားပြီမို့ ပျော်ရွှင်စွာနဲ့ပဲ

ကိုယ့်အိမ်လေးကို ကြည့် မနေ့က ရွာရိုးလျှောက်မိတဲ့နေ့လေးကို သတိယနေရင်း

26 comments

  • ကိုခင်ခ

    September 14, 2012 at 12:08 pm

    မနိုဗွီရေ မိုးတွင်းမိုးရေကြောင့် တစ်ခါတလေ သော့တွေက ဖွင့်ခက်နေတာလားမသိဘူး၊ ကျွန်တော်မှာလည်း အဲလိုဖြစ်တတ်လို့ပြောတာပါ။ ဒါပေမယ့် ရွာထဲသို့လည်ကြည့်ဖြစ်သွားတာပေါ့နော်။

    • Novy

      September 14, 2012 at 4:13 pm

      ကိုခင်ခရေ..
      သော့ပျက်မှပဲ ရွာထဲက အိမ်ပေါက်စေ့ ရောက်တော့တယ်
      ရွာလည်တယ်ဆိုတာဒါမျိုးပေါ့ 🙂

  • လုံမလေး မွန်မွန်

    September 14, 2012 at 12:32 pm

    မွန်မွန်လည်း သော့ဖွင့်လို့မရလို့ ရွာလည်နေတုန်း မနိုလည်း ဖွင့်လို့မရဘူးဆိုတဲ့သတင်းကို ဇရပ်ကနေ ကြားခဲ့ပါတယ်။
    အဲ..ဘဝတူရှိတယ်ဆိုပြီး နည်းနည်းတော့ စိတ်သက်သာသွားတာပေါ့နော်… :mrgreen:

    အဲမှာ လေးခင်ခ ကလည်း သေသေချာချာကူညီပေးပါတယ်…ဒါပေသိ.. ဘယ်လိုမှကြိုးစားလို့မရတဲ့သကာလ…ခြောက်မျက်နှာက သဂျီးအိမ်လိပ်စာကို ပြောပြပါတယ်။ ဒီမနက်တော့ သဂျီးအိမ်ကို စာပစ်မယ်အလုပ်မှာ သော့ကဖွင့်လို့ရသွားပါတယ်ချင့်…

    • Novy

      September 14, 2012 at 4:15 pm

      မွန်မွန်ရေ.. တို့အိမ်သော့ပျက်တဲ့ အကြောင်း
      ဇရပ်မှာ သတင်းဖြစ်နေတယ်ပေါ့လေ

  • ကြောင်ဝတုတ်

    September 14, 2012 at 12:44 pm

    အစ်မနိုဗီလုပ်မှပဲ… သူကြီးလဲ သော့ပြင်ဆရာဖြစ်တော့တယ်…
    အခုတလောရွာထဲမှာ သော့ကော်ပီပွားတဲ့လူတွေရှိနေလို့ သူကြီးလဲ စီးပွားလေးမပျက်အောင် သော့အသစ်လေးတွေလဲထားထင်ပါ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Novy

      September 14, 2012 at 4:18 pm

      ကြောင်ဝတုတ်ရယ်
      မနိုက သူကြီးကို သော့ပြင်ဆရာလို့ မပြောရဲပါဘူး
      မာစတာကီးကြီးကိုင်ထားတဲ့သူဆိုတော့
      ကြောက်ရတယ်အေ့

  • Mon Kit

    September 14, 2012 at 1:11 pm

    ဟိ… မွန်ကစ် သော့လဲ သံချေးတက်နေလို့ ဖွင့်မရတဲ့အဆုံး ရွာထဲကို ရှော့ပင်တိုလေးဝတ်ပီး ကျော်ခွ ဝင်ခဲ့တယ်……… 😀

  • linnlinnn

    September 14, 2012 at 1:20 pm

    ကျမလည်း ဒီမနက်သော့က ခဏခဏပိတ်မိနေလို့ ပြန်,ပြန်ဖွင့်နေရတာအကြိမ်ကြိမ်ပါပဲ.. ဘယ်လိုဖြစ်တယ်မသိ ခါတိုင်းတော့ မနက်ကတည်းက ဖွင့်ထားရင် ထပ်ဖွင့်စရာမလိုတော့ဘူးရယ်…

    • Novy

      September 14, 2012 at 4:21 pm

      Mon Kit@
      နောက်တစ်ခါဖြစ်ရင် ကျော်နည်းခွနည်း မေးမယ်နော်

      လင်းလင်း
      မိုးတွင်းမှာ သော့ထဲရေဝင်တာနေမှာနော်

  • mayjuly

    September 14, 2012 at 1:58 pm

    me too……

    စိတ်ပုတ်မ မိတိုက်..နာ့ကိုကျ သော့ပြင်ပေးဘူးတဲ့….
    တူတူပါပဲ မနို်ရေ ..မနေ့က login ဝင်တာ ရဘူးလေ..
    login လေးက ရမ်းရမ်းပြတယ်… 😀
    ကိုယ်ကလဲ ပြန်ရမ်းမလို့ပါပဲ … ရုံးမှာ တဌေးက ရှိနေလေတော့ ..ဟိဟိ

    • Novy

      September 14, 2012 at 4:26 pm

      mayjuly@
      ဟုတ်ပါ့ ညီမရေ
      မနေ့ကလဲ login လေးက မနိုကို
      မတူမတန်သလိုလိုနဲ့
      ခေါင်းတခါခါ လည်တခါခါနဲ့

    • Shwe Tike Soe

      September 14, 2012 at 4:41 pm

      ပြောပါဒယ်အေ သူလှုပ်ပြရင် ပြန်လှုပ်ပြလိုက် ဆိုတာကို ညည်းဟာညည်း မလှုပ်ရဲတာတော့ သများနဲ. မဆိုင်ဘူးတော်ရေ.

      • Novy

        September 14, 2012 at 4:50 pm

        အေးပါ မိတိုက်ရယ် ညည်းကို လှန်မကြည့်ရဲပါဘူးအေ ( မျက်လုံး)
        ညည်းမလဲ အရပ်အားကိုနဲ့ စွာလိုက်တာ

        • Shwe Tike Soe

          September 14, 2012 at 5:01 pm

          မမနိုကိုကျောဒါ ဟုတ်ဘူး ဟို မေဂျော်ဒကူးမ ကို ကျောဒါ နော်နော်

  • pooch

    September 14, 2012 at 2:01 pm

    တော်သေးတာပေါ့ မနိုရယ် သော့က ပြန်ရသွားလို့။ မဟုတ် မိုးရာသီထဲ လျှောက်သွားနေရလို့ အအေးမိနေအုန်းမယ် 😀

    • Novy

      September 14, 2012 at 4:23 pm

      သော့မြန်မြန်ကောင်းသွားပေလို့ပဲ
      အခုတောင် လည်ပင်းနာချင်နေပြီ

  • surmi

    September 14, 2012 at 2:34 pm

    သိဘူးလေဗျာ အသံလေးဘာလေးပေးလိုက်မှပေါ ့
    ဒီက ဆိုင်းဘုတ်ရေးခအကြွေးလာတောင်းတဲ ့ မနောဖြူမှတ်လို ့ရှောင်နေတာ
    ဆောတီး ဆောတီး

    • Novy

      September 14, 2012 at 4:28 pm

      တော်ပါပြီ ကိုဆာမိ ဆီကနေ ဂျလေပီကြော် ဝယ်မစားတော့ဘူး
      စိတ်ကောက်သွားပြီ

  • အရီးခင်လတ်

    September 14, 2012 at 4:14 pm

    မနို ရေ တော်ပေသေး တယ်။
    တံခါးကျိုး မသွားပေလို့။
    ပြန်ဝင်လို့ ရကြတာ ကို ဘဲ ဝမ်းသာလှပြီ။
    အစားကောင်း လေးတွေ ထပ်ချက်ပါဦး။ 🙂

    • Novy

      September 14, 2012 at 4:30 pm

      ဒီတခါတော့ မဝေနောက်က လိုက်ပြီ
      အော်ကေ့ကြည်ကို ရွှေဖယုံသီးနဲ့
      လုပ်ထားတယ် နောက်နေ့တင်မယ် အရီးရေ..

  • etone

    September 14, 2012 at 4:37 pm

    မနေ့က သူများတွေကိုတောင် ပတ်နောက်နေသေးတယ် …
    အိမ်က ထွက်လာကတည်းက ဘုရား မရှိခိုးလာလို့ ဖြစ်ရမယ် … ဘုရားရှိခိုးပြီး .. ပြန်လော့အင်လုပ်ကြည့်ဆိုပြီးတော့ မခံချိမခံသာဖြစ်အောင် လိုက်စဖြစ်ခဲ့သေးတယ် … အဟီး … ။ :mrgreen:

    ဒီနေ့လည်း …. တစ်ယောက်ဝင်မရဘူးဆိုလို ့…… ဘုရားရှိခိုးလာခဲ့လားမေးတော့..အင်တာနက်မသုံးခင်ကတည်းက ဘုရား ကြိုရှိခိုးထားပါသတဲ့လေ … အဟီး … ။ 😛 😛

    ဒါဆိုမနေ့က မနိုတစ်ယောက် escape from daily life လုပ်ပြီး .. ဒေးရတန်းထရစ်ထ်ထွက်ခဲ့တယ်ပေါ့ .. ဟိဟိ 😎

  • Novy

    September 14, 2012 at 4:54 pm

    ဒေးရတန်းထရစ်ထ် ထွက်တော့
    ရွာလည်လိုက်ရတာပေါ့ အိတုံရယ်
    Password တွေအကြိမ်ကြိမ်ချိန်းရင်း

  • မောင်ပေ

    September 14, 2012 at 9:00 pm

    လမ်းလျှောက်လို ့မောရင်း အူးကြောင် က ကားလေးနဲ ့ခရီးဆက်ပို ့ပေးဦးမှာ ဆိုလားပဲ
    ဟီဟိ

  • Novy

    September 15, 2012 at 9:32 am

    ဘာ!!! အူးကြောင်ကား
    ဟုတ်လာ??
    တော် တန် တိပ်
    ဒီလူကြီး ဂီယာ အထိုးကြမ်းတယ် မစီးဘူးးးးးးးးးးးးးးးး

    • ကြောင်ကြီး

      September 15, 2012 at 10:16 am

      မပူနဲ့…ဂီယာထိုး ကြမ်းတော့ဝူး.. ကားအသေးလေး ပြောင်းစီးနေတယ်။ ဘယ်လောက် သေးသလဲဆို ထိုင်ခုံတခုပဲဆံ့တယ် သို့ပေမဲ့ နှစ်ယောက်တော့ စီးလို့ဖြစ်ပါတယ်…။ :mrgreen: ကပေ နင့်ကိုခေါ်တာ ဟုတ်ဖူးနော်၊ တိတ်တိတ်နေ၊ နင့်ဝိတ်ကြီးနဲ့ဆို ကားကျိုးကြလိမ့်မယ်….။ :grind:

  • MaMa

    September 15, 2012 at 10:08 am

    မနိုရေ-
    သူတကာတွေ သော့ပျက်တာရော
    စီးပွားရေးကောင်းနေတာတွေရော
    နောက်ကျမှ သိလိုက်ရတယ်။
    တစ်ခေတ်နောက်ကျသွားတယ်လို့ ထင်မိပေမယ့်
    ခေတ်ဆိုးကြီးတစ်ခုကို အိပ်ပျော်ပြီး ကျော်သွားရလို့ ကံကောင်းလေစွလို့တောင် ထင်မိသေး။ 😀

Leave a Reply