မိန်းမ နဲ့ အမေ

ဦးသုSeptember 14, 20121min26824

တွေးရင်တွေးရင်း ရေးဖြစ်သည်

မိန်းမ နဲ့ အမေ ဘာကွာလဲ?
မူးပြီးအိမ်ပြန်လာရင်မိန်းမက ငြူစူဆောင့်အောင့် စိတ်ကောက်နေချိန် မှာ ဘုရားရှိခိုးနေရာကထပြီးသားထမင်းစားမလားဆိုပြီး ဟင်းနွေးပြီးထမင်းပွဲပြင်ပေးတာအမေ……….
အဆင်မပြေမှုတွေက အပေါင်းအသင်းတွေပါခေါ်ပြီးရောက်တာတဲ့ အချိန်မှာ
ဘာဆက်လုပ်ရမလဲ ဆိုတာမိန်းမက ခေါင်းပူအောင်စဉ်းစားခိုင်းနေချိန် မနက်အိပ်ရာကနိုးတာနဲ့
မနက်စာ ကြိုက်တတ်တာလေးတွေ အစောကြီးထပြီး ပြင်ဆင်ပေးတာ အမေ………

ထမင်းနင်လို့ မိန်းမက ရေထခပ်ပေးဖို့တောင်မေ့နေချိန်မှာ
ရေနွေးကြမ်းတစ်ခွက် ရေအေးတစ်ခွက် ကြိုက်တာသောက်နိုင်အောင်ပြင်ပေးတာ အမေ…
မိန်းမ ချက်တဲ့ဟင်း ငန်လိုက်တာလို့ ပြောလိုက်ချိန်မှာ
ဆရာဝင်မလုပ်ပဲ ကြိုတ်မှိတ်ပြီးစားနေတာ အမေ…….
မိန်းမလက်ထဲ ရသမျှပိုက်ဆံတွေပေးနေတဲ့သားဆီက
တစ်ထောင်လောက် တောင်းဖို့အမြဲတမ်းတွန့်ဆုတ်နေတတ်တာအမေ……
အသက်တွေကြီးလာတာနဲ့အမျှ မိသားစု စားသောက်ပွဲတွေ အပန်းဖြေခရီးတွေ နဲ့ဝေးဝေးသွားပြီး
စကားဝိုင်းတွေထဲမှာဝင်ပါခွင့်မရတော့တာအမေ.။။။။။။။။။။

24 comments

  • Mon Kit

    September 14, 2012 at 1:29 pm

    မိန်းမ နဲ့ အမေ ဘာကွာလဲ ဆိုတော့ မိန်းမက အစားထိုးလို့ရဒယ်….
    အမေဆိုတဲ့ မိခင်က ဘာနဲ့မှ အစားထိုး လို့မရပါဘူးကွယ်…
    သေမှ နောင်တ မရမိပါစေနဲ့လို့…

    • Mon Kit

      September 14, 2012 at 1:31 pm

      စောတီး… နှောင်း မှ နောင်တ မရမိပါစေနဲ့လို့ နော်…..

  • may flowers

    September 14, 2012 at 2:00 pm

    Thu Wai ရေ အားပေးသွားပါတယ်…ဒီပိုစ့်လေးကိုဖတ်ပြီး အင်းးးးးးးးးးး(ဘယ်လိုပြောရမလဲ

    ဘယ်လိုပြောရမလဲဆိုတော့..)

  • mayjuly

    September 14, 2012 at 2:15 pm

    ဝမ်းနဲ့လွယ်မွေးထားရတဲ့မိခင်လောက် ဘယ်သူများကောင်းနိုင်မှာလဲ …

    နှှိုင်းရက်ပါပေ့ဗျာ …

    အမေဟာ အမေပါ …

    မိန်းမဆိုတာ ဇနီးမယားပါ .. မနှိုင်းကောင်းပါဘူး …

    အများကြီးအများကြီး ကွာခြားပါတယ်ဗျာ …

  • ကိုခင်ခ

    September 14, 2012 at 2:18 pm

    အမေ နဲ့ မိန်းမ ဘာကွာလဲဆို ကျွန်တော်တစ်ခုတော့ပြောလို့ရတယ် အသက်အရွယ်ကွာပါတယ်။
    ကျန်တာတွေလည်း အမြင်မျိုးမျိုး အယူအဆ အမျိုးမျိုးရှိမှာပေါ့ အငြင်းပွားမယ့်အချက်တွေဆို ခင်ခတို့က အခုတလော ဝါတွင်းလက်ရှောင်လို့ လစ်ပြီဗျို့။

  • Thu Wai

    September 14, 2012 at 2:24 pm

    အုတ်နဲ့လုပ်တာချင်းတူတူ စေတီ နဲ့ အိမ်သာကွာသလိုပေါ့ဗျာ မိန်းမကအ်ိမ်သာလိုပါပဲ မရှိရင်လဲမဖြစ်ဘူး
    အဲ အမေ ကျတော့ စေတီဘုရားလိုပေါ့ သတိတော့ရတယ် ဦးခိုက်တယ် မသွားဖြစ်ဘူး

  • kai

    September 14, 2012 at 2:26 pm

    မိန်းမတိုင်းဟာ.. မိခင်တွေပါ…
    အနည်းဆုံးတော့.. မိခင်စိတ်ရှိသူတွေပါ…

    အဲ..
    အခုကိုရင်ပြောနေတဲ့.. မိန်းမကလည်း.. တချိန်ကျ.. ယောက်ျားကသာစွမ်းရင်.. မိခင်ဖြစ်မှာပါပဲ..
    အမေဖြစ်မှာပေါ့..

    အဲလိုနဲ့.. လူ့သမိုင်း..ယဉ်ကျေးမှုတွေ.. မြစ်တစင်းလို စီးဆင်းနေတာဖြစ်ပါကြောင်း.. … :mrgreen:
    ( မိန်းမ.. မိန်းမ နဲ့..ရှုပ်နေတာပဲ.. အို..အသင်မိန်းမ.. )

  • Thu Wai

    September 14, 2012 at 2:31 pm

    facebook status မှာ အရင် ရိုက်ပြီးမှ ကူးတင်လိုက်လို့ စာတွေထပ်သွားတာ ဆောရီးပါဗျာ
    စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတာကျေးဇူးတင်ပါတယ်

  • Khaing Khaing

    September 14, 2012 at 3:24 pm

    မိန်းမနဲ့အမေ ကွာခြားတယ်ဆိုတာကို လက်ခံပါတယ် … ဒါပေမယ့် အမေလိုယောက်ျားကိုချစ်တတ်တဲ့ မိန်းမ မျိုးတွေရှိပါတယ် …. သားသမီးအဆင်မပြေချိန်မှာပစ်ထားပြီး အဆင်ပြေချိန်မှ သားသားလို့ ခေါ်နေတဲ့မိဘ မျိုးရှိတာတွေလည်း လက်တွေ့ပါ …. ယောက်ျားအဆင်မပြေချိန်မှာ မငြိုငြင်ပဲ လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးနိုင်တဲ့ မိန်းမမျိုးတွေရှိနေပါတယ် …. တစ်ခုတော့ မိန်းမတစ်ယောက် အနေနဲ့ ခံစားချက်ကို ပြောပြရရင် အမေဆိုတာ သားသမီးအပေါ်ပေးဆပ်ခြင်း သက်သက်နဲ့လူဖြစ်လာတာပါ … မိန်းမဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်တာ အားကိုးချင်လို့ ဆိုတဲ့စိတ်ထားရှိတဲ့လူသားဖြစ်တော့ ဆက်ဆံပုံချင်းကွာခြားတာလေးရှိနေမှာပါ …. မွေးမိခင်ကတော့ နောက်ပိုင်းဘယ်လိုပဲမကောင်းမကောင်း မွေးခဲ့တဲ့ကျေးဇူးဆိုတာနဲ့တင် ကျေးဇူးအတော်ကို ကြီးမားနေပါတယ် … ကျွန်မ လက်မခံနိုင်တဲ့ စကားတစ်ခွန်းရှိတယ် … အမေဆိုတာ အစားထိုးလို့ မရဘူး မိန်းမဆိုတာ အစားထိုးလို့ရတယ်ဆိုတာ ဟုတ်ပါတယ် … အမေဆိုတာ ကိုယ့်ကိုရင်နဲ့လွယ်မွေးခဲ့လို့ အမေဆိုနဲ့နံမည်ဂုဏ်ပုဒ်ရရှိခဲ့တာပါ …. မိန်းမဆိုတာ ယောက်ျားတစ်ယောက် ကလက်ထပ်ယူလို့ ဇနီးမယားလို့သတ်မှတ်ခံလိုက်ရသူပါ အဲဒီယောက်ျားက ဇနီးနောက်တစ်ယောက် ထပ်ယူရင် မိန်းမနောက်တစ်ယောက်ထပ်ရမှာတော့ သေချာပါတယ် … မိန်းမချင်းတူပေမယ့် လူချင်းတော့ တူမှာမဟုတ်တန်လောက်ပါဘူး …..

  • KoNyeinChan

    September 14, 2012 at 4:34 pm

    နောက်ဆုံးစာနှစ်ပိုဒ်ကို ပိုကြိုက်တယ်ဗျာ.. အမေဟာ အစားထိုးမရနိုင်တဲ့ တုနှိုင်းမဲ့ မေတ္တာရှင်တစ်ဦးပါ

  • မဟာရာဇာ အံစာတုံး

    September 14, 2012 at 4:51 pm

    ဘုရားဟောတဲ့ ထဲမှာတော့
    မိခင်နဲ့တူတဲ့ မယားဆိုပြီး ဖတ်ဖူးတာပဲ ..
    နောက်ထပ် .. ကျွန်နဲ့ တူတဲ့၊ သခင်နဲ့ တူတဲ့ မယားတွေလည်း ရှိသေးတာပေါ့နော် ..

    မိန်းမနဲ့ အမေ ဘာကွာသလဲ ဆိုတဲ့ နေရာမှာ
    မိခင်နဲ့တူတဲ့ မယားအတွက် ဆိုရင်တော့ဖြင့်
    တူတူပါပဲလို့ ဖြေရမှာပဲ ….

    • kai

      September 14, 2012 at 11:39 pm

      http://myanmargazette.net/77690/arts-humanities/history-museums
      အကောင်းဆုံးမယားများ
      ထို ( ရ ) မျိုးသော မယားတို့တွင် နောက်ဆုံး (၄) မျိုးဖြစ်သော
      အမေနှင်တူသူ၊ မိတ်ဆွေနှင့်တူသူ၊ နှမနှင့်တူသူနှင့် ကျွန်နှင့်တူသူတို့သည်
      ပေါင်းသင်းထိုက်သူများဖြစ်သည်၊ သီလ၌ကြာမြင့်စွာ ဆောက်တည်သောကြောင့် ထို
      အမျိုးသမီးတို့သည် ဘဝဆက်တိုင်း ကောင်းသောဘဝ မြင့်မြတ်သော ဘဝကို
      ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရှေ့ (၄) ခုသော
      မယားတို့သည် သီလမရှိ ကြမ်းထမ်းသော သဘောရှိ၊ ရိုသေ လေးစားသော သဘောမရှိရကား
      နောက်ဘဝ မကောင်းသော ဂတိ (သို့မဟုတ်) ငရဲအထိ ရောက်ရ၏။

      • Hnin Hnin

        September 15, 2012 at 1:28 am

        အပြန်အလှန်အားဖြင့် ယောကျာ်းများရော အဖနှင့်တူသူ၊မိတ်ဆွေနှင့်တူသူ၊အစ်ကိုနှင့်တူသူ၊
        (ကျွန်နဲ့တော့မတူချင်ကြဘူးထင်တယ်)တို့ရော မရှိကြဘူးလား။ မယားတွေ အကြောင်းအတိုင်း သူတို့ရော အကျိုးမခံစားရတော့ဘူးလားရှင့်။မယားအကြောင်းက ဖတ်ရတာ ရိုးနေပေမယ့်
        ယောကျာ်းအကြောင်းတော့ မတွေ့သေးလို့ပါ။ မယားထဲကမှ မိခင်နဲ့တူတဲ့မယားကို
        အကြိုက်ဆုံးမို့ ကိုမဟာကို +ပေးခဲ့ပါတယ်။

  • ကိုခင်ခ

    September 14, 2012 at 7:26 pm

    မခိုင်အရေးလေးရှိလို့ ပြန်လာတာ၊ အမေဟာ အစားထိုးမရဘူး မိန်းမဟာအစားထိုးလို့ ရတယ်ဆိုပေမယ့် ငယ်လင်ငယ်မယားစိတ်ဓာတ်ကတော့ အစားထိုးမရပါဘူးဗျာ၊ အိမ်ထောင်သာယာမှုရှိတဲ့ မိသားစုတိုင်းဤအဆိုကိုထောက်ခံမယ်လို့ယူဆပါတယ်၊
    မခိုင်ကွန်မန့်လေးကိုတော့ ခင်ခကတော့ ထောက်ခံသပ။

    • candle .

      September 18, 2012 at 9:23 pm

      ကိုခင်ခ အဆိုကို 110 % ထောက်ခံပါတယ်..

  • မောင်ပေ

    September 14, 2012 at 8:34 pm

    အဖေ နဲ ့လင်ယောက်ျား အကြောင်းလဲ ဆက်ရေးပေးပါဦးဗျို ့

  • Hnin Hnin

    September 14, 2012 at 9:01 pm

    အမေနဲ့မိန်းမ ကွာခြားသွားတာက အတူနေရတဲ့ကာလကြောင့်လို့လည်း ထင်ပါတယ်။
    အမေနဲ့နေတာ ကြာတဲ့သူကျတော့ အမေကောင်းတယ်။ မိန်းမနဲ့ပိုနေတာ ကြာတဲ့သူကျ
    တော့ မိန်းမကောင်းတယ်။ များသောအားဖြင့်တော့ မိန်းမကကောင်းတယ်ဆိုတဲ့သူတွေများ
    မယ် ထင်ပါတယ်။ မိန်းမနဲ့ဆိုးတူကောင်းဖက်၊အတူနေရတဲ့သက်တမ်းက ပိုများသလားလို့
    ပါ.. း)..အမေကျတော့ သားကမိန်းမရသွားရင် ဆိုင်သူပဲဖြစ်သွားပြီး မပိုင်တော့ဘူးလေ။
    ဦးစားပေးက အရာရာသူ့အတွက် နောက်ကောက်ကျဖို့ ရာနှုန်းများသွားပြီလေ။
    ……ဒါပေမယ့် ကြားနေရတာတစ်ခုကျတော့ တစ်မျိုး။
    မင်္ဂလာဆောင်တဲ့နေ့အထိ ၄ဝတန်းလူပျိုကြီးကို အမေက လူရှေ့ဖက်နမ်းနေတုန်း၊
    အိမ်ထောင်ကျတဲ့အထိ ချွေးမက တစ်ယောက်ထဲကိုယ့်ဘာကိုယ်ချက်စားရ၊သားကို
    သူပဲချက်ကျွေး၊သားအဝတ်သူပဲလျှော်၊သားကိစ္စတွေ သူပဲလုပ်၊ပြီးတော့ သားက
    ကလေးသာ ရသွားတယ်၊မိန်းမ,မရခင်ကအတိုင်း သားကိုသဲသဲလှုပ် ချစ်တုန်း၊ဂရုစိုက်
    တုန်းပဲ။ ရတဲ့လခကိုလည်း လူပျိုတုန်းကအတိုင်း အမေကိုပဲပုံအပ်။ မိန်းမက လက်ဝေခံ။
    မြင်မိတာက အဲလိုယောကျာ်းမျိုးကျတော့ အမေနဲ့အတူနေချိန်ကြာသွားတော့ မိန်းမထက်
    အမေက ပိုကောင်း၊သာလွန်တယ်လို့ပဲ ဖြေမလားဘဲ။

  • မိုချို

    September 16, 2012 at 9:23 am

    ခိုင်ခိုင်ပေးတဲ့ ကွန့် မန့် ကို သဘော တူ လို့ သက်သက် မရေးတော့ ပဲ သူ့ ထဲမှာပဲ စိမ်း ပေး ခဲ့ တယ်။

  • ထွန်း ပြောင်

    September 16, 2012 at 9:35 am

    အင်းးးးးးးးးးးးးးးးးးးးးးးးး
    ကိုထွန်းရင်(ဟင်္သာတာ)ကြီးသာ သိရင် တစ်ပုဒ်လောက်တော့ ဟဲနေမှာသေချာတယ်ဗျို့..

  • garuda

    September 16, 2012 at 11:54 am

    အမျိုးသမီးများရဲ့ မိခင်နဲ့မိန်းမ အပေါ် သူတို့ရဲ့ အမြင်လေးတွေဖတ်ရတာစိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ အမျိုးသမီးများ ပါဝင်ဆွေးနွေး..ပေးကြပါအုံးလို့…လေးစားစွာ..တောင်းဆိုပါတယ်ခင်ဗျား။
    polygamy…နဲ့ပတ်သက်လို့ တစ်နေ့နေ့ တစ်ယောက်ယောက်က တင်လာနိုင်ရင်လည်း ကောင်းမှာပါပဲ။
    ဒါဆိုရင်တော့…ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းမယ့်.. မြန်မာအမျိုးသမီးများရဲ့ အမြင်နဲ့ ခံစားမှုလေးများ…ကို ယောက်ျားသားများ သိရှိ နားလည်လာမယ်ထင်ပါတယ်….။ ကျေးဇူးပါ။

  • candle .

    September 18, 2012 at 2:32 pm

    candle ဖီလင်လေးပြောပါရစေ..
    သူ ့အတွက်သေပေးဖို ့ဆိုရင် မသေချာပေမဲ့
    သူ ့ရင်သွေးဖြစ်တဲ့ candle ရဲ ့ သားနှစ်ယောက်
    အတွက်သေပေးပါဆိုရင် အချိန်မရွှေး သေပေးနိုင်တယ်လေ..
    သူ ့ရဲ ့ အမေလဲ candle လိုဘဲနေမှာဘဲလို ့
    အမြဲတမ်းတွေးမိပါတယ်….

  • lazy boy

    September 18, 2012 at 4:56 pm

    မိန်းကလေးတိုင်း အမေဖြစ်နိုှင်ပါတယ်…
    အမေတိုင်း လည်းမိခင်ကောင်းတွေပါ…
    မိခင်တိုင်း မိခင်ကောင်းဖြစ်စေချင်ပါတယ်….

  • Kyaw Myo Thet

    September 18, 2012 at 10:35 pm

    မယားအတွက်စိန်နာကပ် အမေအတွက်ပဲကြီးလှော်
    ကျနော်သိတဲ့ ဟင်္သာတထွန်းရင်သီချင်း ကလေးပါ။

    • candle .

      September 19, 2012 at 8:18 am

      ဘာဘဲ ဖြစ်ဖြစ် အမေကတော့
      ကျေနပ်နေ..ကြည်နူးနေတာပါဘဲ..သားရယ်..

Leave a Reply