တစ်စုံတစ်ရာရဲ့ နားကြည်းသံ

အောင် မိုးသူSeptember 14, 20121min1032

မျှော်လင့်ချက်မျက်ဝန်းတစ်စုံ
စည်းစိမ်ရင်ဘတ်တစ်စုံပေါ်မှာဝေ့ဝဲနေတယ်။
အပြင်ကိုလှမ်းမကြည့်နဲ့
မိုးချုပ်တာလူသိသွားမယ်…။

ဘယ်မှာလဲဒိုးပြားတွေ
အသွေးအသားနဲ့လဲဖို့ကအဆင်သင့်။
နောက်ကွယ်မှာ
မွတ်သိတ်တ်နေတဲ့သူတွေအများကြီး။
ဒီအချိန်မှာမေ့သွားအောင်
အရည်တစ်ခုထဲကိုစီးမျောပစ်လိုက်
ဆာလောင်တဲ့ဝမ်းအစုံစုံအတွက်
ဒိုးပြားတွေရှာရဦးမယ်။

ဒီလိုနိမ့်ကျတဲ့ဘဝမှာ
မြင့်မြတ်တဲ့မျှော်လင့်ချက်တွေရှိတာ
ဘယ်သူသိမလဲ။
အိန္ဒြေတွေ သိက္ခာတွေ…
အိမ်မှာသိမ်းထားခဲ့..
အထက်မှာဘာမှမရှိပေမယ့်…
အောက်ကိုငုံ့ကြည့်ရင်
ဖြူစင်မှုတွေအများကြီး။

အဖြူရောင်တွေကိုအိတ်နဲ့ထုတ်
အနက်ရောင်ကိုပုဝါခြုံ
အနီရောင်ရမက်တွေကို
ရွှေအိုရောင်ဒိုးပြားတွေနဲ့လဲလှယ်ဖို့
အမှောင်ထုထဲ တိုးဝင်လျှောက်ခဲ့တယ်။

လွယ်တယ်လို့ထင်ရင်
ကိုယ်တိုင်ဝင်ကြည့်လိုက်…
နောက်ကဘဝတွေလှဖို့အတွက်
ဘဝတစ်ခုကို အရင်းပြု
မျက်ရည်စက်တွေကို ဥပက္ခောပြု
မယဉ်ကျေးတဲ့ နာမည်ပျက်တစ်လုံးနဲ့
အသိအမှတ်ပြုတယ်……။

**********************

အောင်မိုးသူ
သောကြာနေ့
ဖေဖော်ဝါရီ ၁ဝရက် ၂၀၁၂ခုနှစ်။
ညနေ ဝ၄းဝဝနာရီ

2 comments

  • နေဝန်းနီ

    September 15, 2012 at 1:28 pm

    တစ်စံတစ်ရာ ဟာ ကြယ်တွေကြွေအောင်ပြုလုပ်ပေးနေတယ်….။
    တန်ခိုးရှိတဲ့ တစ်စုံတစ်ရာအလယ်မှာ တို့နှစ်ယောက် …………….. ဟာ မဟုတ်ပါဘူး….။ မှားလို့ အဲဒိသီချင်းဆက်ဆိုလိုက်ရင် ခင်ဗျားကဗျာ ပျက်သွားလိမ့်မယ် SORRY!

  • kotun winlatt

    September 15, 2012 at 3:35 pm

    လာရောက်ခံစားဖတ်ရှု့သွားပါတယ်….
    နားကြည်းမှုတွေကို လွမ်းစရာတွေနဲ့ ဖြေသိမ့်နိုင်ပါစေဂျောင်းးးးးးး

Leave a Reply