ကမ်းနားလမ်းတစ်လျောက်လက်ဆော့ ခဲ့ခြင်း

1 လေထဲကိုပြေးထွက်လာတဲ့တိမ်ထု
2 တိမ်ဖြူပြာကြား နေမလား ကွဲ့
3 တစ်ကိုယ်တော်လေလွင့်ခြင်း

 

3b တိမ်မွမွလေးတွေ……………..

 

4 နားနားနေနေ အေးအေးဆေးဆေး
5 တစ်ကိုယ်တော်

 

 

2 တူစုံတွဲလို့ နှစ်ကိုယ်ယှဉ်
7 အစီအရိသွယ်တန်း။……………..
8 စားစားသွားသွား နားနားနေနေ
9 သစ်ပင်ကြားမှာပုန်းနေတဲ့လိပ်ပြာ
(ကိုပေါက်နဲ့တွေ့ရင်တော့ ဘယ်သူမှ ပုန်းလို့မရဘူးနော်……………………..)
 

10 စိတ်အပန်းဖြေ…………………….
(ဒါလေးမြင်တော့ ဂျူးရဲ့ငါးမျှားတဲ့အကြောင်းရေးထားတာကို သတိရမိ)
11 ရွေးချယ်စရာမရှိ တစ်ခုတည်းသောလမ်း
12 ကမ်းကို ရောက်ခါစ ဝါးဖောင်
 

13 မင်းရင်ခွင်ထဲ ခိုဝင်ပါရစေ………………………..
14 ထုံးစံအတိုင်း မစောင်းရရင် မနေနိုင်လို့ပါ
15 ကျနော်တင်မယ့် မော်ဒယ်အသစ်ကလေးတွေပါ
16 ဖောင်တွေဆီကိုသွားတဲ့လမ်းကလေး
16ခ အေးရိပ်
17 နေပူထဲမှာ အလုပ်တွေလုပ်နေတဲ့ကိုရင်
18 ချောကကလက်လေးတွေတန်းစီ……………………..
19 ပြုံးပြုံးလေး နေပါ ရိုက်မယ်နော်…………………………
19ခ နုတ်ဆက်ခွဲခွာ…………………………………….
20 နေပူကျဲကျဲ မှာ ဝမ်းရေးအတွက်………………………….
21 ဘာလုပ်နေသလဲ မောင်ပေမဲ……………………………….
22 အေးရာအေးကြောင် း………………………………
23 ဖောင်ပေါ်ကအိမ်…………………………….
25 စစ်ကိုင်းတောင်နဲ့ သစ်ဖောင်
“ကန်ပါတ်လမ်းကိုလက်ဆော့ခြင်း………………..”

 

 

ဟိုတစ်ရက် ညနေစောင်းမှာကန်ပါတ်လမ်းကနေ စစ်ကိုင်းဘက်ကမ်းမီးထွန်းထားတာကိုရိုက်ဘို့ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် “ငွေတစ်မတ်နဲ့ငါးကြင်းခေါင်း”ကိုင်မိသလိုပါဘဲ။

ကင်မရာပေါက်စနနဲ့ အဝေးကိုလှမ်းဆွဲလို့ ဘယ်လိုလုပ်ရမလဲနော်။

နောက်မှောင်လဲမှောင်တော့ လိုအပ်တဲ့အလင်းလဲမရနိုင်တာလဲပါသပေါ့။

အဲတာနဲ့အလုပ်ပိတ်တဲ့တစ်ရက်မှာ နေ့လယ်ခင်းဘက် ကန်ပါတ်လမ်းဘက်ထွက်ခဲ့ပါတယ်။

အနောက်ဘက်မင်းဝံတောင်ရိုးဘက်ကြည့်လိုက်တော့ လှပတဲ့တိမ်တွေကိုမြင်ရပါတယ်။

လာမိတာကံကောင်းတယ်လို့ထင်မိပါတယ်။

လမ်းတစ်နေရာအရောက်လိပ်ပြာတွေပုစဉ်းတွေပျံဝဲနေတာတွေ့လို့

လက်ဆော့ပါတယ်။

လှုပ်ယှားနေတဲ့အရိပ်တွေကို ရိုက်တာ အထာမကျတော့ နေပူထဲမှာအကြာကြီးရိုက်တာမှ

စိတ်တိုင်းကျတာ တစ်ပုံဘဲရပါတယ်။

လွတ်လပ်ကျယ်ပြန့်တဲ့ ကွင်းပြင်။

ဧရာမြစ်ရေပြင် ဖွေးဖွေး။

လှပသောတိမ်နောက်ခံနဲ့သဘာဝပန်းချီကားကို အခြေပြုပြီး

သက်မဲ့တွေကို ပုံဖော်လို့လက်ဆော့။

အဲဒီနားမှာကလေးတွေဆော့နေတာကိုတွေ့။

ငါးမျှားနေသူကိုတွေ့………………..

ဖောင်တွေဆိုက်ထားတဲ့နားမှာ အကြာကြီးရိုက်မိတော့ လူတွေက ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်။

နောက်တော့ တစ်ယောက်က လာမေးပါတယ်။

“ဘာအတွက်လဲ”

ခပ်တည်တည်မျက်နှာထားနဲ့။

အလှဓါတ်ပုံရိုက်တာလို့ပြောလိုက်မှ သူ့မှာစိတ်အေးသွားတဲ့ပုံ။

ဘာကိုကြောက်တယ်ဆိုတာတော့ကျနော်မသိ။

အဲဒီကနေဆက်သွားတဲ့အခါ ရွှေကြက်ယက်ရွာမရောက်ခင်နားက ဘုန်းကြီးကျောင်းနားမှာ

ဖောင်တွေဆိုက်ထားတာကိုတွေ့.။

ရေစပ်မှာ သစ်ပင်အကြီးကြီးတွေ့။

နေရောင်ခပေမယ့်မြင်ရတာအေးမြ။

သူ့နောက်မှာတော့ သစ်ဖောင်လေးတွေက လှပ။

 

ဒါနဲ့ဆိုင်ကယ်ကိုလမ်းပေါ်ရပ်ထားပြီးအောက်ဆင်းလို့လက်ဆော့တော့

ကလေးတွေဝိုင်းလာပါတယ်။

မိတ်ကပ်မပါ၊တန်ဘိုးကြီးတဲ့အဆင်တန်ဆာမပါ။

လိုချင်တပ်မက်သောမျက်လုံးများမပါ။

စူးစမ်းသောစိတ်သက်သက်သာရှိတဲ့ရိုးသားတဲ့ကလေးတွေမျက်နှာမြင်တော့

ကျနော်စိတ်တွေပါအေးချမ်းလာသလို။

ဓါတ်ပုံရိုက်ပေးမယ်ပြောတော့ ရှက်သလိုလို။

နောက်တော့ ပုံလေးရိုက်လိုက်သူတို့ကိုပြလိုက်တဲ့အခါ အပျော်စွန်းတဲ့မျက်နှာတွေမြင်ရ။

ကိုရင်လေးတစ်ပါးကတော့နေပူကြီးတာမှာ ကျွင်းတူးနေပါတယ်။

ဓါတ်ပုံရိုက်တဲ့အထဲမှာကိုရင်လေးတစ်ပါးလဲ ပါလာ။

အတော်လေးကြာတော့သူတို့ကိုနုတ်ဆက်လို့ထွက်ခွာ.။

အရင်ကဒီနေရာတွေက ရေစပ်စပ်ဘဲရှိပါတယ်။

မြစ်ရေတက်လာပြီးရင် ရေပြန်မကျဘဲကျန်နေခဲ့တဲ့မြစ်ကျိုးအင်းပါဘဲ။

အခုရေတက်ချိန်မှာတော့ ဒီသစ်ဖောင်တွေပေါ်မှာနေတဲ့မိသားစုတွေအများကြီးပါဘဲ။

ကန်ပါတ်လမ်း ဘူဖေးထမင်းဆိုင်နားလေးကနေ  စပြီးတွေ့ရတဲ့ဖောင်တွေက ရွှေကြက်ကျဆိပ်ကမ်းရောက်

တဲ့အထိ တသီတတန်းကြီးပါဘဲ။

ကျနော်ကလဲ လက်ဆော့လိုက်တာ တသီတတန်း၊

ဆက်သွားလိုက်တော့ နေပူကျဲကျဲမှာ ကျောက်စရစ်ခဲတွေကို သယ်ဆောင်သွားမယ့် သင်္ဘောပေါ်တင်နေတာကိုမြင်မိ။

တကယ်လို့များ လမ်းပေါ်က ကျောက်စရစ်တွေကို သင်္ဘောပေါ်ရောက်အောင် စက်ကရိယာတွေကိုဘဲအသုံးပြုလို့

တင်မယ်ဆိုရင် အခုဒီလို တောင်းလေးခေါင်းပေါ်ရွက်လို့တင်နေသူတွေဘာလုပ်စားကြမယ်ဆိုတာ တွေးမိတော့စိတ်ထဲမှာ မွန်းကျပ်။

ဆက်သွားလိုက်တော့ မှောက်ထားတဲ့လှေပေါ်မှာ ရပ်နေတဲ့ကလေးနှစ်ယောက်ကိုမြင်ရ။

နေပူကျဲနေတာတောင်သူတို့မှာ ဖိနပ်မပါ ဘာမပါ။

ဘာတွေများဒီလောက် စိတ်ဝင်စားနေလဲမသိ။

သေချာကြည့်တော့မှ လက်ထဲမှာပုံးလေးကိုင်ထားတာမြင်မိ။

သင်္ဘောပေါ်မှာကျနေတဲ့ စက်သုံးဆီတွေလိုက်ကောက်သင်းကောက်တဲ့ကလေးတွေဆိုတာ တွေးမိပါတယ်။

 

အခုညနေခင်းလေးမှာတောင် ကျနော်ရို်က်ထားတဲ့ပုံတွေကအများကြီး။

ကင်မရာ မျက်နှာပြင်မှကြည့်ရတာလှတော့လှတယ်သေးတော့အားမရ။

ကွန်ပြူတာထဲ ထည့်လိုက်ရင်ဘယ်လိုနေမလဲလို့ အတွေးများရင် ပုံတွေထပ်ရဘို့ဆက်သွား၊

နေရောင်ပျောက်သွားရင် ပုံကောင်းကောင်းမရမှာစိုးမိ။

အော်…………………….ဒါလဲ တွယ်ညိတပ်မက်ခြင်းအလိုကြီးခြင်း ပါလားလို့ တွေးမိတာ့

တစ်ယောက်ထည်းပြုံးမိပါတယ်။

 

 

 

 

 

 

ကိုပေါ်က်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့။

(14-9-2012)

 

16 comments

  • Mon Kit

    September 25, 2012 at 10:18 am

    လေးပေါက်ရေ…
    ကောင်းသောနေ့လေးဖြစ်ပါစေ…
    တူစုံနွှဲလို့ နှစ်ကိုယ်ယှဉ် နဲ့ မင်းရင်ခွင်ထဲ ခိုဝင်ပါရစေ လေးကို အရမ်းသဘောကျ နှစ်သက်မိပါတယ်…
    လေးပေါက် အမြဲ လက်ဆော့နိုင်ပါစေ……
    :harr:

  • ကြည်ဆောင်း

    September 25, 2012 at 10:26 am

    လှလိုက်တဲ့ တိမ်ပန်းချီတွေ …
    အသဲယားစရာကောင်းတဲ့ ရွေးစရာမရှိတဲ့ တခုထဲသောလမ်း …
    စိတ်အေးချမ်းစရာကောင်းတဲ့ ကလေးတွေ …
    မောပန်းပင်ပန်းရတဲ့ အသက်မွေးဝမ်းကြောင်းမှုတွေ …
    အားလုံးကိုကြည့်ရှုခံစား သွားပါတယ် လေးပေါက်ရေ …
    အထူးသဖြင့် လေးပေါက်ရိုက်တဲ့ တိမ်တွေမြင်ပြီး
    တိမ်တွေစီးပြီးခရီးသွားချင်မိပါကြောင်း ….
    :kwvi:

  • ဦး ဂျစ်

    September 25, 2012 at 10:39 am

    ရှုခင်းဓါတ်ပုံလေးတွေ မှန်မှန်လက်ဆော့ပေးနေတဲ့ ကိုပေါက်ကိုလေးစားသဗျာ…
    အားလဲကျမိပါတယ် …
    ဒါနဲ့.. စကားအတင်းစပ်…
    နံပါတ် ၁၁ ဓါတ်ပုံထဲက ဘိနပ်တရံ က ကိုပေါက်ဟာ လား……

    :bar:

  • မောင်ပေ

    September 25, 2012 at 1:10 pm

    ဒီလောက် လှပတဲ့ ဓါတ်ပုံတွေကို စေတနာအပြည့်နဲ ့၊ ကြည့်ချင်သူတွေ ကြည့်လို ့ရအောင် ပြန်ရှဲပေးတဲ့ ပို ့စ်မှာ ရှိတဲ့ အပေါ်က ကွန်မင့်၃ခု ကို ဘယ်ခွေးက တော်သလင်းစိန်လုပ်ပြီး အနီပေးသွားပါလိမ့်
    အားလုံးကို ကျုပ်ပြန်စိမ်းပေးခဲ့ပါတယ်

  • kyeemite

    September 25, 2012 at 1:26 pm

    ပုံနံပါတ် ၈ က “စားစားသွားသွား နားနားနေနေ” အစား
    “စားစားသွားသွားနွားနွားနေနေ” ဖြစ်သင့်ပါတယ်..
    နောက်တာနော..ကိုပေါက်.. :harr:

  • aye.kk

    September 25, 2012 at 1:59 pm

    လက်ရာတွေက၊တအားလှ။
    အိုဧစစ်လေးလိုဧမြမြ။

    • Hnin Hnin

      September 25, 2012 at 2:27 pm

      အန်တီကေ မတွေ့တာ အတော်ကြာပြီ..နေကောင်းရဲ့လား… း)

  • Hnin Hnin

    September 25, 2012 at 2:27 pm

    အနီပေးတတ်သူများ…လူအများစုကပါ အနီလို့ လက်ခံနိုင်လောက်တဲ့အထိဆိုရင်တော့
    နီသင့်ပေမယ့်…အကျိုးရှိတဲ့ပို့စ်မှာ အကျိုးရှိတဲ့မန့်တွေကိုပါ နီကြတာတော့ မကောင်းပါဘူး..
    ဒါ့ထက် မန့်တွေ အကုန်လုံး အလကားနေ အရမ်းကာရော လိုက်နီပစ်လိုက်တာကတော့
    အဆိုးမြင်စိတ်များသွားပါပြီ…….ပို့စ်တင်တဲ့သူကရော ဘယ်စိတ်ကောင်းနိုင်ပါ့မလဲရှင်….

    ကိုပေါက်ရဲ့ ဆန်းသစ်တဲ့အမြင်နဲ့ရိုက်ထားတဲ့ ပုံတွေက ခါတိုင်းပုံတွေနဲ့ကွဲထွက်နေလို့
    မိုက်တယ်…အဲ့ပုံလေးထဲက လှေလေးတစ်စင်းလောက်တော့ လိုချင်သား..ရေကြီးရင်
    လှော်ရအောင်လို့….း)…နွားလေးတွေက ဖြူဖွေးနေတာပဲ..မမြင်ဖူးဘူး…စမြင်မြင်ချင်း
    သမင်ဖြူလေးတွေလား၊မြင်းလား ထင်ယောင်မှား..၀ဝလေးတွေဆိုတော့လေ… :kwi: …
    နောက်မှ အလယ်က တစ်ကောင်တည်းသောခေါင်းမော့နေတဲ့အကောင်က နွားဖြစ်ပါ
    ကြောင်း သိလိုက်ရပါတယ်..တစ်ခုတည်းသောလမ်းက ငယ်တုန်းက တောတောင်ထဲ
    မှာ အဲဒီလိုကစား သစ်လုံးတံတားခြေချော်ကျရင် အောက်ကစမ်းချောင်းထဲ ရေဆင်း
    ချိုးပြီးသားဖြစ်ရော…..ဖိုးသစ်ပင်ကတော့ ကြည့်ရတာ ‘အနိစ္စ’….ကိုရင်လေးတွေ
    ဗာဒံသီးများ ထုစားဖို့ရှာနေကြသလား…ငယ်တုန်းက အုတ်နီခဲပိုင်းနဲ့ ထုစားရတာ
    အမှတ်ရသွားတယ်…ကလေးလေးတွေကလည်း ချစ်ရှာလေးတွေ….ဖောင်တွေကို
    တော့ ဘဝတွေလို့ပဲမြင်ပြီး ကွိကျက်၊ကွိကျက်ပဲ လုပ်သွားပါကြောင်း…… :ha:

  • MaMa

    September 25, 2012 at 2:28 pm

    နံပါတ်၂ ပုံလေးကို ကြိုက်တယ်။
    ကိုပေါက်လက်ဆော့တာတွေကြည့်ပြီး တိမ်ပုံတွေမြင်ရင် ရောဂါတက်လာတယ်။
    :byae:

  • etone

    September 25, 2012 at 2:49 pm

    တိမ်တွေနေတဲ့ အရပ်ဆီကို နင်နဲ့ငါ
    လေတွေတိုက်တုန်းသွားမယ်ကွာ ဖက်ထားပါ
    တုန်ရီနေတဲ့ ငါ့လက်လေး နင်ကိုင်ထားပါ

    3b ကိုကြည့်ပြီး သီချင်းဆိုချင်စိတ်ပေါက်သွားလို့ …… :harr:

  • AKKO

    September 25, 2012 at 8:17 pm

    ကိုပေါက်ရဲ့ ရိုက်ချက်တွေကတော့ အလန်းတွေချည်းပဲ။
    ဖေ့စ်ဘွခ်ပေါ်မှာလည်း တွေ့တွေ့နေရတယ် ။ မြင်ရတာ ကြည်နူးစရာကောင်းတယ် ။

  • ကိုပေါက်(မန္တလေး)

    September 25, 2012 at 10:15 pm

    မမနဲ့တုံတုံရေ
    အခုရက်က တိမ်တွေအရမ်းလှတော့ နေ့တိုင်းတိမ်တွေချည်းရိုက်တာဘဲ။
    အေကေကေအိုရေ
    ဓါတ်ပုံလှတပတလေးတွေရလိုက်ရင် အရမ်းစိတ်ကြည်နူးတယ်လေ
    ထို့ကြောင့်
    မမအေး တို့နေတဲ့အရပ်ကို လာပြီး လက်ဆော့ချင်သေးတယ်နော်
    မုိုက်မိုက်နဲ့ပေပေ ရေ တစ်ရက်လောက်ပေါင်းပြီး မိုက်လိုက်ရိုက်ခွဲလို်က်ကြရအောင်နော်

  • ကြောင်ကြီး

    September 26, 2012 at 10:06 am

    လက်ဆော့
    ကြက်ကော့
    ရပ်တော့
    ထွက်ပေါ့.။။

Leave a Reply