Topless Princess (သတင်း)

မြစပဲရိုးSeptember 15, 20121min22227

ဒီနေ့ သတင်း ပြောရရင် တော့ အင်္ဂလန် အနာဂါတ် မိဖုရား ( Kate Middleton) အကြောင်းပါ။

ဒီတစ်ခါလဲ မီဒီယာ များရဲ့ ထိုးနှက်ချက်ပါဘဲ။
အင်တာနက် မှာ သူမရဲ့ topless ပုံတွေ ပြန့်နေတာ။

အရင် Prince Harry ရဲ့  ပုံက ပါတီမှာ ပေါ်တင် ရိုက်ခံရလို့ ဖြစ်ခဲ့တာ။
အခုကတော့ အတော်လေး မိုက်ရိုင်းတယ် ထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပါတ် က ပြင်သစ်နိုင်ငံ မှာရှိတဲ့ သူတို့ ဦးလေးပိုင် ပရိုက်ဗိတ် အိမ်က ခြံထဲမှာ  အပေါ်ပိုင်းချွတ် နေစာလှုံ  နေတာ ကို အဝေးမှန်ပြောင်း နဲ့ ဆွဲပြီး ခိုးရိုက်ထားတာပါ။
ပါပါရာဇီ လက်ချက် နေမှာပေါ့။
အဲဒါ ကို ပြင်သစ်က Closer မဂ္ဂဇင်း ထဲမှာ ထည့်ခဲ့ပါတယ်။
အဲဒီ ပုံပါလာချိန်မှာ သူတို့ မလေးရှား မှာ ချစ်ကြည်ရေးခရီး အဖြစ်ရောက်နေချိန်ပါ။
ဒီတစ်ခါတော့ သူတို့ အဲဒီ မဂ္ဂဇင်း ကို တရားစွဲဖို့လုပ်နေပါပြီ။
ဒါကို မဂ္ဂဇင်း တာဝန်ခံက”အရင် Prince Harry ပုံထည့်တဲ့ အင်္ဂလိပ် သတင်းစာ ကိုတော့ တရားမစွဲဘဲ သူတို့ ကိုမှ တရားစွဲ တာ မတရားဘူး ပြောနေသေးရဲ့။
အတော် တရားကျဖို့ကောင်း သား။
ပြီးတော့ ပြောသေးတယ်။
အင်မတန် ချစ်ဖို့ကောင်းတဲ့ Princess  ရဲ့ ပုံတွေ ကို ကမ္ဘာကိုပြပေးတာ ဆိုဘဲ။
နောက်ပြီး အရင်က မတွေ့ဘူး တဲ့ ဒီပုံမျိုးဟာ နောင်လဲ တွေ့ဖို့ မလွယ်ဘူး တဲ့။ အပြောကောင်းသား။

Princess Diana လဲ ပြင်သစ် မှာ ပါပါရာဇီ တွေရဲ့ စနက် နဲ့ အသက်ဆုံးခဲ့ ရ တာမို့ ဒီတစ်ခါ ရာဇဝင်ကြွေးထပ်ချေ နိုင် ဖို့ ရာ

Royal  တွေဖက်က တရားနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

ဒီပုံတွေက မင်းသား William ဆီကို  အတိတ်က အမေ့ရဲ့ အဖြစ်ဆိုး အရိပ်မဲကြီး ကို ပြန်ယူလာသလိုဖြစ်မယ် လို့လဲ ဝေဖန်ကြပါတယ်။

ဒီတစ်ခါရော မီဒီယာ မှန်တာဘဲလား ??????  ဆိုတာ သိချင်ပါရဲ့။

လူအချင်းချင်း ဒုက္ခပေးခြင်း ကင်းဝေးကြပါစေ။

http://news.sky.com/story/984939/royals-sue-magazine-over-kate-topless-photos


Image From http://laist.com/2010/10/01/schwarzenegger_signs_paparazzi_bill.php

27 comments

  • Hnin Hnin

    September 15, 2012 at 5:15 am

    အင်းနော်..Royal တစ်ယောက်ကို အဲလိုအကွက်ချပြီး မလုပ်သင့်ပါဘူး။
    Kate ရဲ့ Body လေးကိုတော့ ကြိုက်တယ်…ပိန်ပေမယ့် သူ့နေရာလေးနဲ့သူပိန်တဲ့
    Barbie ရုပ်လေးမို့ပါ….

  • kai

    September 15, 2012 at 5:36 am

    http://www.hindustantimes.com/Images/Popup/2012/9/Kate_topless_big.jpg
    ပုံကြည့်ချင်သူတွေအတွက်.. အပေါ်မှာ မဂ္ဂဇင်းအဖုံးပုံနေရာပါ..။
    မင်းသားကျတော့.. မြင်ရပြီး.. မင်းသမီးကျ.. မပြရင်.. ကြည့်သူတွေအပေါ်.. မတရားရာကျမှာစိုးလို့.. :mrgreen:

    • မောင်ပေ

      September 15, 2012 at 1:24 pm

      ဟာ… အူးခိုင်
      ခင်ဗျား ဒီ့ထက်မက ကြီးပွားဦးမှာ
      ချမ်းသာဦးမှာ
      ( မှတ်ချက် … အဲဒီအခန်းဖြတ် ဇါတ်ကားထဲက လူကြီး လေသံဖြင့် ဖတ်ကြည့်ပါ )
      ဟီဟိ

    • နေဝန်းနီ

      September 15, 2012 at 2:41 pm

      ဒကြီးရေ….။ အပုံရေးဒွေက တေးတေးရေး ရယ်…။ ကျိရဒါ အားမရဘာဘူး…။ ဟိုဆိုက်ပဲတွားကြည့်ဒေါ့မယ်ဂျာ…..။

  • ကထူးဆန်း

    September 15, 2012 at 6:33 am

    ဒါမှ သမာသမတ် သူကြီး .. 😀
    အရီး .အရီး ..ဒီလို တွေ ခိုးရိုက်ထားတဲ့ မီဒီယာ တွေ ကိုရှုပ်ချရအောင် များများတင်ပေးပါ။ သေသေခြာခြာ ဆန်းစစ်နိုင်အောင် လင့်လေးနဲ့ပါနော် .. လင့်ခ် မပါရင် ကျွန်တော်က မယုံတတ်ဘူး … :mrgreen:

  • surmi

    September 15, 2012 at 8:34 am

    အရီးက ဖုံး သဂျီးကဖေါ် ဟဲဟဲ
    သဂျီးလဲ ငယ်ငယ်က အတော်လေး လက်ဆော ့မယ်ထင်တယ် မှန်းကြည် ့ရတာ

  • ကြောင်ကြီး

    September 15, 2012 at 8:40 am

    ဟုတ်ပါ့…ကျုပ်တို့သဂျီးက ဒါမျိုးကြတော့ ခြစ်ဖို့ကောင်းဗျံရော…။ အဲဒီထက်ပိုရှင်းတဲ့ ပုံလေးရှိရင် လင့်ခ်ပေးပါအုံး….။

    ဒါကတော့ တည်းဖြတ်တဲ့ အရည်းလတ်အတွက် တေးစာသားလက်ဆောင်ဗာ..။

    သဘာဝရဲ့ရင်သွေးငယ်

    လူတွေနဲ့ဝေး..ဝေး…ဝေးတဲ့နယ်မြေ
    အတူတူသွား…သွား…သွားကြမယ်လေ
    နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ
    သဘာဝရဲ့ ရင်သွေးငယ်တွေ..
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    …………………………..
    ………………………………..
    ဒီကမာ္ဘမှာ စစ်…စစ်…စစ်မဖြစ်ရာမြေ
    တနေရာရှိ…ရှိ…ရှိရမယ်လေ
    ထာဝရငြိမ်းချမ်းမှုရှာကာ ပျော်ရွှင်နေ
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ
    မနာလိုစရာလည်းပဲ မရှိတော့ပေ
    ဘယ်သူမဆိုအားလုံး တန်းတူနေ
    ညီအကိုလို အကြင်နာမှုနဲ့လေ
    လောကအသစ်တခုတည်နေ
    အရာရာလှ…လှ…လှပရာမြေ
    အရာရာသန့်…သန့်…သန့်ရှင်းရာမြေ
    ထာဝရငြိမ်းချမ်းမှုရှာကာ ပျော်ရွှင်နေ
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ
    မနာလိုစရာလည်းပဲ မရှိတော့ပေ
    ဘယ်သူမဆိုအားလုံး တန်းတူနေ
    ညီအကိုလို အကြင်နာမှုနဲ့လေ
    လောကအသစ်တခုတည်နေ…
    အရာရာလှ…လှ…လှပရာမြေ
    အရာရာသန့်…သန့်…သန့်ရှင်းရာမြေ
    ထာဝရငြိမ်းချမ်းမှုရှာကာ ပျော်ရွှင်နေ
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    သဘာဝရဲ့ ရင်သွေးငယ်တွေ…
    သဘာဝရဲ့ ရင်သွေးငယ်တွေ…

  • Shwe Tike Soe

    September 15, 2012 at 9:15 am

    အမလေး သူတို.မို. တရားဆွဲတာ သားတို.ဆီမှာဆိုရင် ကျေးဇူးတောင် တင်အုံးမယ် ဟိဟိဟိ နံမယ်ကြီးမှာမို.လေ…..
    ဟိုမင်းသမီး ဟိုဒင်းလိမ်းတုန်းကလဲ နာမည်ကြီးတာပဲ…
    ဟိုမင်းသမီး ဟိုဒင်းပြုတုန်းကလဲ နာမည်ကြီးတာပဲ… သီခံစိတ် ရှိတာပြောပါတယ်… Royal ဖြစ်ပြီး သီးခံစိတ်မရှိလိုက်တာ….. အဟိ 😀

  • မိုချို

    September 15, 2012 at 9:21 am

    သူတို့ မှာလည်း ဒုက္ခ၊ တော်ဝင် မိသားစု ဖြစ်တာနဲ့ ပဲ အများသူငါ လို လွတ်လွတ်လပ်လပ် နေလို့ မရ ပါလား။ လူစိတ်ကလည်း ဆန်းတယ်၊ မြင်ရခဲ တာ ကိုမှ ပိုစိတ်ဝင်စားကြတယ်။ မိုချို တို့ ဆီမှာ တောင် သွားလေသူ ဘဘကြီး ရဲ့ သမီး ဝတုတ်မကြီး မင်္ဂလာဆောင် တဲ့ အခွေ ထွက်လာတော့ လူတွေ အမြင်ကပ်ကပ် နဲ့ ပဲလက်ဆင့် ကမ်း ကြည့် ခဲ့ ကြ သေးတာပဲ။
    သူတို့ဆီမှာတော့ တော်ဝင် ချွေးမလေးလည်းဖြစ် ပြန်၊ ချောလည်း ချောချောလေး ဆိုတော့ ပိုပြီး စိတ်ဝင်စား ကြမှာပေါ့ ။
    အရီး လတ်ရေ သတင်းထူးလေး တွေ နောက်လဲ တင်ပါအုံးနော်။

  • kyeemite

    September 15, 2012 at 9:49 am

    ပါပါရာဇီ တွေ သောင်းကျန်းနေပြီနော်…အရီးလတ်ကလဲဂေဇက်မှာနာမည်ကြီး၊
    အင်္ဂလန်မှာလဲနေတာဆိုတော့ အသွားအလာအနေအထိုင်
    သတိထားဗျို့..တော်နေကြာ..အမေဒိကန်မှာပုံနှိပ်ထုတ်ဝေတဲ့ ဂဇက်မျက်နှာဖုံး
    မှာ အရီးပုံပါလာအုံးမယ်… အဟိ 😀 :mrgreen:

  • မောင်ပေ

    September 15, 2012 at 10:06 am

    warning !”!!!!!!”
    only လက်ခံ အီကြာကွေး
    no လက်ခံ ပေါက်ဆီ

  • ကိုခင်ခ

    September 15, 2012 at 10:15 am

    အနောက်နိုင်ငံတွေမှာ နေစာလှုံတာမဆန်းပေမယ့် မင်းသမီးဆိုတော့ ဆန်းသပေါ့။
    ပါပါရာဇီတွေကလည်း မလွယ်ဘူးနော်။

  • char too lan

    September 15, 2012 at 12:55 pm

    ဟဲဟဲ တဂျီးတို့များ တူ ့ကာလတားဒွေအတွက် အားကြီးအလိုက်သိဒယ်နော် 😀

  • pooch

    September 15, 2012 at 2:36 pm

    ပြောကို မပြောချင်တော့ဘူး အရီး 😀

    တခါက တီချယ့်ရဲ့ discussion တခုမှာ ပါပါရာဇီအကြောင်းကို တော့ပစ်ထားပြီး ဆွေးနွေးခဲ့ဖူးတယ်။
    အဲ့တုန်းကတော့ ပါပါရာဇီကို အကောင်းမြင်တဲ့သဘောမျိုး ငြင်းခဲ့ဖူးတယ်။ ရှိသင့်တယ် ဆိုတာမျိုးပေါ့။
    ခုတော့ နှစ်အနည်းငယ်ကြာလို့ အတွေးပြောင်းလာတဲ့အခါ အမြင်ပါပြောင်းလာပါတယ်။

    မလိုအပ်ပဲ အကြောင်းမဲ့ သူတပါးကို ထိခိုက်စေမယ် နစ်နာစေမယ်( သူငိုမှ သူဒုုက္ခရောက်မှ ကိုယ်ပျော်မယ် အကျိုးရှိမယ်ဆိုတာ မျိုး) ဆိုရင် မလုပ်သင့်ဘူးလို့ တွေးမိပါတယ်။

    ဒီကနေ့ရဲ့ ရှားပါးကုန် ethics ဆိုတာ ဘယ်လိုအရာမျိုးလဲ လို့ တခါတခါ တွေးမိတယ်။ 🙁

  • kotun winlatt

    September 15, 2012 at 2:50 pm

    အော်…….ဂလိုတွေလားးးးးး
    ဂလိုဆိုတော့လည်းးးးးဂလောက်တော့ဖြစ်မှာပေါ့လေ….

  • Crystalline

    September 15, 2012 at 6:52 pm

    အရီးလိုပဲ..တရားနိုင်စေချင်ပါတယ်. မတန်တဆလျှော်ကြေးတွေပေးရပါစေ

  • padonmar

    September 15, 2012 at 8:58 pm

    ၂ဖက်မျှတွေးရရင် ကျော်ကြားသူတွေဖက်ကလည်း အနေအထိုင်တော့ ဆင်ခြင်သင့်ပါတယ်။ကျော်ကြားမှုနဲ့ လွတ်လပ်မှုကို လဲရတဲ့ သဘောပါပဲ။
    အရဟံ=ဆိတ်ကွယ်ရာမှာပင် မကောင်းမှုကို မပြုမပြောမကြံ ဆိုတာလေး သတိရမိပါတယ်။
    အဲတော့ မကောင်းမှုဆိုတာ ဘာနဲ့ တိုင်းမလဲမေးရင် ကိုယ့်ကို ချစ်သူရောမုန်းသူပါရှိတဲ့ လူကြားထဲမှာ လုပ်ရဲတဲ့ အလုပ်လို့ ပြောချင်ပါတယ်။
    (ရေချိုးခန်းထဲထိ လိုက်ရိုက်ရင်တော့ လွန်ပြီပေါ့)

  • ဒဿ ဖွတ်ကျား

    September 15, 2012 at 9:16 pm

    အူးလေးဆိုသူဂျီးက ဘယ့်နှယ့်နေရာတွေ လိုးရှင်းလိမ်းပေးနေတာတုန်းကွယ်

    သတင်းကြီယလို့ကြည့်မိပါတယ်
    ဟွန့်

  • ကထူးဆန်း

    September 16, 2012 at 7:58 am

    ပါပါရာဇီကထူးဆန်းလုပ်လိုက်ဦးမယ် .. သောကြာနေ့က ကိုတေဇ အိမ်မှာ ညဘက် ပါတီပွဲ ပေးရာမှာ မိုးပျံပူဖောင်းကြောင့် မျက်နှာကြက်မီးထလောင်ပြီး လူအချို့ မီးဟပ်ခံရတယ်လို့ ယုံကြည်ရသော နေရာမှ သတင်းရရှိပါတယ် ။

    • MaMa

      September 17, 2012 at 10:16 am

      ကိုယ့်မှာတော့ စီဂျေဖြစ်အောင် ကြိုးစားနေတုန်းရှိသေးတယ်။
      ကထူးဆန်းက အဆင့်မြင့်သွားပြီ။
      ပါပါရာဇီဆိုတော့….. 😀
      မုဒိတာ ပွားလိုက်ပါမယ်လေ။ 🙂

  • ထွန်း ပြောင်

    September 16, 2012 at 9:49 am

    ဒီလောက်စွမ်းတဲ့ ပါပါရာဇီတွေကို ငှားပြီး ကျုပ်တို့နိုင်ငံက
    ဝံဂျီး ဝံကလေး အမတ်မင်းတွေ အနှိပ်ခန်းသွားတာ မိုက်ခဲနေတာတွေကို ရိုက်ခိုင်းရမယ် ဟိ ဟိ..

  • Thu Wai

    September 16, 2012 at 6:44 pm

    ပါပါရာဇီတွေဘယ်လောက်မုန်းဖို့ကောင်းလဲဆိုတာ သူကြီးပြောတဲ့နေရာကိုသွားကြည့်အုံးမှ

  • အရီးခင်လတ်

    September 16, 2012 at 11:10 pm

    ကွန်မန့်ဖြင့်အားပေးခဲ့ကြသော

    သမီးနှင်းနှင်း
    သူကြီး
    မောင်ပေ
    နေဝန်းနီ
    ကထူးဆန်း
    မောင်အံ
    ကဆာမိ
    ကကြောင်ကြီး (အရမ်းနှစ်သက်ခဲ့ဘူးတဲ့ သီချင်း ရဲ့ စာသား လေးအတွက် ကျေးဇူးကြီးပါ )
    တိုက်တိုက်
    မိုချို
    ကကြီးမိုက်
    ကိုခင်ခ
    ချာတူးလေး
    pooch
    ဆရာလေး ကိုထဝလ
    Crystalline
    အစ်မပဒုမ္မာ
    ဖွတ်ကျားကျားလေး
    ကိုထွန်းပြောင်
    Thu Wai
    တို့ နဲ့ တစ်ကွ ဝင်လာဖတ်ရှူ သူ အပေါင်း ကို ကျေးဇူးတင်ပါတယ်။

    လောလောဆယ် မှာတော့ Duke and Duchess of Cambridge (Prince William & Kate Middleton) တို့ ကတော့ သူတို့ The Royal family ရဲ့ motto “stay calm and carry on” ဆိုတဲ့ အတိုင်း ချစ်ကြည်ရေးခရီး စဉ်ကို အေးအေးဆေးဆေး ဆင်နွဲ လျှက် ရှိပါတယ် တဲ့။
    လောလောဆယ် ကောလဟာလ ကတော့ Kate မှာ ကိုယ်ဝန်တည် နေပြီ ဆိုလားဘဲ။

    တစ်ဆက်တည်း သတင်းတစ်ခု ကတော့ Prince Harry တစ်ယောက် အာဖကန်နစ်စတန် မှာ တာဝန်ထမ်းဆောင်ဖို့ ရောက်နေပါတယ်။
    သူ ရောက်ကထဲ က သူ့ကို တာကက် လုပ်ပြီး suicide mission တွေလွှတ် တိုက်နေ တာကြောင့် သူတာဝန်ကျရာ Camp Bastion မှာ အမေရိကန် စစ်သား ၂ယောက် နဲ့ အင်္ဂလိပ်စစ်သား တစ်ယောက် ကျခဲ့ပါပြီ။
    တကယ်တော့ အဲဒီမှာ suicide mission တွေ နဲ့ ထိုးနှက် နေလေ့ ရှိပေမဲ့ Prince Harry ကိုမှ ပိုပြီး ရွေး သတ် ချင်နေကြတယ် ထင်ပါရဲ့။
    တစ်ချို့ က ဝေဖန်တယ် ဒီလို နေရာကို မင်းသားငယ် ကို တာဝန်မချ သင့်ဘူးပေါ့။
    တကယ်လို့ သူ့ကို အများကို တာဝန်ချသလိုမျိုး မဟုတ်ဘဲ ခွဲပြီးချ ရင်လဲ မင်းသား မို့ လို့ ပြောခံရပေဦးမယ်။

    ဒီတော့ သူတို့ မလဲ (အစ်မပဒုမ္မာ စကားကို ယူသုံးရရင်) ဆူးကြားက ဗူး တွေ လိုပါဘဲ။
    တစ်ခါတစ်လေ တော့ လဲ သူတို့ ဘဝ ဟာ သနားဖို့ အကောင်းသားကလား။ 🙄

  • nozomi

    September 17, 2012 at 10:22 am

    နာမည်ကျော်တဲ့ သူတွေ ဆိုတော့ ပရိသတ်က တစ်ခုခုဆို စိတ်ဝင်စားကြတယ်
    သူကြီးက နောက်နှစ်မြန်မာပြည်မှာ သတင်းစာလာထုတ်မယ်တဲ့
    အဲဒီ ပထမဆုံးသတင်းစာမှာ တင် သူကြီးရဲ့ Topless ပုံနဲ့ ထုတ်လိုက်ရင်
    အားပါး ရောင်းမလောက်ဖြစ်သွားနိုင်တယ်

  • kai

    September 17, 2012 at 2:55 pm

    ပါပါရာဇီကို.. မီဒီယာသဘောသဘာဝကနေ.. ချေဖျက်ဖို့လုပ်နေကြတာပဲ..
    မအောင်မြင်ပါဘူး..
    ဆိုတော့..
    သဘာဝတရားရဲ့..အပြန်အလှန်ထိမ်းကြောင်းမှုတခုလို့ပဲ..မြင်မိပါတယ်..
    ရယူသလောက်..ပေးဆပ်ခြင်းတခုတော့ရှိရမယ်ပေါ့..

  • manawphyulay

    September 17, 2012 at 3:21 pm

    အင်း ကျော်ကြားတော့လည်း ကျော်ကြားသလောက် အတော်ကို စိတ်ညစ်ဖို့ကောင်းတယ်နော်။ ဒိုင်ယာနာတုန်းကလည်း အတော့်ကို ရှောင်လွှဲရင်းနဲ့ အဖြစ်ဆိုးကို ကြုံဆုံခဲ့ရတာ… တော်တော်တော့ မလွယ်တဲ့ မီဒီယာသမားတွေပဲ။ သူတို့လည်း သူတို့အလုပ် သူတို့လုပ်တာလို့ပဲ မြင်မိတယ်။ သူကြီးလည်း သတင်းစာထုတ်ရင် အလန်းဇယားတွေနဲ့မျက်နှာဖုံးလုပ်မှာပဲမလား နာမည်ကျော်အောင်လေ… 😛

Leave a Reply