ဝန်ချ အသိပေး နှုတ်ဆက် သဝဏ်လွှာ

ထွန်း ပြောင်September 15, 20121min28923

စာရှုသူ မိတ်ဆွေ လူကြီးမင်းအပေါင်းတို့ခင်ဗျား

ကျွန်ုပ်ထွန်းပြောင်သည် များမကြာမီကာလတွင် အွန်လိုင်း(အင်တာနက်)လောကမှ နှုတ်ထွက်အနားယူတော့မည်ဖြစ်ကြောင်း ဦးစွာပထမ အသိပေးအပ်ပါသည်ခင်ဗျား………………..

အချို့သောစာရှုသူများက ..ထွန်းပြောင်အနားယူတာ ငါတို့နဲ့ဘာဆိုင်လို့လဲ ဟု… တွေးကောင်းတွေးပါလိမ့်မည်…. မှန်ပါသည်. သို့သော် ကျွန်ုပ်ထွန်းပြောင်အနေဖြင့် မနှုတ်ထွင်ခင် အသေချာ အဖန်ဖန်အထပ်ထပ် စဉ်းစားကြည့်ရာ

ဦးကျွန်ုပ်၏အလွန်တရာသေးငယ်လှသော ဦးနှောက်အတွင်းသို့ အကြောင်းအရာများစွာပေါ်လာသဖြင့် ………ရေးသားလိုက်ရပါသည်။

ပထဦးစွာ ကျွန်ုပ်အနေဖြင့် အင်တာနက်အသုံးပြုစဉ်ကာလအတွင်း ကံသုံးပါးတို့ဖြင့် ကျူးလွန်ပြစ်မှားမိခဲ့သည်များကို ခွင့်လွတ်ပေးကြပါရန် ဒီနေရာကနေ အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည်ခင်ဗျား………..

ကံသုံးပါးဟု ဆိုရာဝယ်…မနောကံဖြင့်  အကြိမ်ကြိမ်အခါခါ ကျူးလွန်မိခြင်း ၊ ရံဖန်ရံခါ အသံထွက်ပြီးဆဲဆိုဖြင်း ပြစ်မှားခြင်း၊ အများဆုံး ကျူးလွန်သည်မိသည်မှာ ကျွန်ုပ်၏လက်အစုံဖြင့် ထွေရာလေးပါး ပေါက်တက်ကရ ၊ ညစ်တီးညစ်ညမ်း ရေးသားပြောဆိုခြင်းဟု ယူဆမိပါသည်။

မြတ်ဗုဒ္ဓ၏အဆုံးများတွင်  ပြစ်မှားကျူးလွန်မိသည်များကို ဝန်ချတောင်းပန်ပြီး ခွင့်လွတ်ပေးမှသာလျှင် မဂ်တား ဖိုလ်တားမဖြစ်စေနိုင်ဟု လေ့လာမှတ်သားကြားနာဖူးပါသည်။

သို့ပါသောကြာင့် အရွယ်သုံးပါးသော လူကြီးမင်းများ၏ ခွင့်လွတ်နားလည်မှုကို  ကျွန်ုပ်(ထွန်းပြောင်)မှ မျှော်လင့်စောင့်စားနေမိပါကြောင်း………………………။      ။

 

ဆက်ပါအုံးမည်……………….

ကျွန်ုပ်ထွန်းပြောင်သည်  အင်တာနက်အသုံးပြုခြင်းမှ အနားယူပြီးနောက်တွင် မွေးရပ်ဇာတိမြေသို့ အခြေချနေထိုင် သွားတော့မည်ဖြစ်ပါသည်……………..ကျွန်ုပ်၏ဖခင်မှာ လယ်သမားတစ်ဦး ဖြစ်သည်နှင့်အညီ ဖခင်၏လယ်ယာလုပ်ငန်း၌ ဦးစီးလုပ်ကိုင်နိုင်ရန်အတွက်

အွန်လိုင်းမိတ်ဆွေ များအားဝမ်းနည်းစွာဖြင့် ဒီနေရာကပင် နှုတ်ဆက်ခဲ့ပါသည်။

အချုပ်ဆိုရသော် ဆရာဇော်ဂျီ၏ ကဗျာလေးအတိုင်း………..သင်သသွေားသော် သင်ဖွားသောမြေ …..သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏  ..ဆိုသကဲ့သို့        ကျွန်ုပ်တက်မြောက်လေ့လာသိရှိခဲ့သော အသိပညာ အတက်ပညာများဖြင့်(မန်း-ဂေဇက်မှလဲအမြောက်အများ လေ့လာ) ကျွန်ုပ်၏ ဇာတိမွေးမြေကို အကျိုးပြုနိုင်ရန်အတွက်     …………………….

ကျွန်ုပ်တို့၏ပြည်သူ့လွှတ်တော်မှ ပြဌာန်းပြီးဖြစ်သော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေတိုင်း ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ပါသည်။

အကယ်တန္တု ကျွန်ုပ်သာ ကျေးရွာအုပ်ချုပ်ရေးမှူး(ယခင်အခေါ်-ရွာလူကြီး) ရွေးချယ်ခံရပါမူ မန်းဂေဇက်မှ ရွာသူရွာသားအပေါင်းတို့၏ အကြောင်းများကို ကျွန်ုပ်ထွန်းပြောင်၏ ရွာသူ/သားများကိုလည်း  ပြန်လည်ဖောက်သည်ချ မျှဝေခွင့်ပြုပါရန်လည်း ခွင့်ပြုချက်တစ်ပါတည်းပေးလိုက်စေချင်ပါသည်။

 

လေးစားစွာဖြင့်  ထွန်းပြောင်

 

23 comments

  • ထွန်း ပြောင်

    September 15, 2012 at 8:24 am

    စာဖတ်သူလူကြီးမင်းအပေါင်းခင်ဗျား
    ခေါင်းစဉ်ကို နောက်ဆုံးမှပေးရန် စဉ်းစားမိသောကြောင့်မပေးလိုက်ရဘဲ ကျန်ခဲ့ခြင်းဖြစ်ပါသည်။
    အနူးညွတ်တောင်းပန်အပ်ပါသည်။

    ” ဝန်ချ အသိပေး နှုတ်ဆက် သဝဏ်လွှာ ” ဟု မှတ်သားပေးပါရန်

  • YE YINT HLAING

    September 15, 2012 at 9:06 am

    သွားတော့မလားဗျို့ ! နှုတ်ဆက်တယ် ! ဂွတ်ဘိုင် —-

  • ချာလီဂဇက်ဒလဝမ်

    September 15, 2012 at 9:44 am

    ဂဇက် မန်ဘာ ဘယ်တုန်းကဖြစ်
    ဘယ်ပို့စ်မှာ ဝင်ရောက်မန့်
    ပို့စ် ဘယ်နှစ်ခုရေး
    အစရှိသည်တို့ အား အသိပေးသင့်၏
    ကျုပ်တို့မလဲ ခု မှ သိ ၊ ခု နှုတ်ဆက်ခွဲခွါ ဆိုတော့ . . ဆိုတော့ကာ

    • ထွန်း ပြောင်

      September 16, 2012 at 3:40 am

      ချာလီရေ အရင်က ပို့စ် ၂ခုတင်ဖူးပါတယ်ဗျာ…………
      အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ရေးတဲ့ ပို့စ်ရယ်
      user account ရယ် လုံးဝပျောက်သွားပါတယ်ခင်ဗျာ…
      ..ကွန်မန့် ကတော့သိပ်ရေးလေ့မရှိပါဘူး ..မန်းဂေဇက် ဖတ်ဖြစ်တာတော့ကြာပါပြီဗျာ……..
      ကွန်မန့်မရေးဘူးဆိုတာကလဲ …သူများရေးထားတဲ့စာကို ဖတ်တဲ့အဆင့်လောက်ပဲရှိတာဖြစ်လိမ့်မယ်လို့
      မှတ်ယူစေချင်ပါတယ်ဗျာ…(ညဏ်မမီဘူးပေါ့ဗျာ….ဟီးဟီး)

  • မဟာရာဇာ အံစာတုံး

    September 15, 2012 at 9:59 am

    ပထမဆုံး ပို့စ် …
    ပထမဆုံး ကွန်မန့် …
    နဲ့ နှုတ်ဆက်တယ်ဆိုတော့ ..
    ဦးပြောင်ရဲ့ အဖြစ်က စဉ်းစားစရာ … 🙄

    သို့သစေ ..
    ကိစ္စမရှိပါဘူး ..
    ငါ ကိုယ်တော် ဘုရင်မင်းမြတ် ယူ့ကို
    ခွေးလွှတ်တော်မူဒယ်လို့ မှတ်စေသဒီး … 😀

  • မောင်ပေ

    September 15, 2012 at 10:01 am

    တာ့တာ ဘိုင့်ဘိုင် ချဲရီးယို ဆီးယူ သေးယူ အီးယူ

  • ကြောင်ကြီး

    September 15, 2012 at 10:12 am

    ငါ့ထက်ပေါဒဲ့သူ ရှိသေးသကိုး… ကောင်းလေစွ ကောင်းလေစွ…

    • ထွန်း ပြောင်

      September 16, 2012 at 3:58 am

      ဟီး ဟီး ကိုကြောင်ကြီးရေ…….
      ပေါမပေါတော့ မသိဘူး ….ခုတော့ ဖွတ်တွင်းနားမှာအဖီဆွဲနေပြီး …..ဖွတ်(ကြံ့ဖွတ်)ဆီက ငွေကိုအတိုးနဲ့ချေးစားနေရတာလေ………

  • kyeemite

    September 15, 2012 at 11:08 am

    ဂဇက်မှာသဂျီး ရှိပီးသားမို့
    ကိုယ့်ရပ်ရွာပြန်သဂျီးလုပ်မယ်ပေါ့…
    ကောင်းပါလေ့ဗျာ… 😀

  • kai

    September 15, 2012 at 11:40 am

    ကော်မန့်တွေလိုက်ဖတ်မှ..စာက.. တော်တော်ပြောင်တယ်ဆိုတာ ထွန်းထွန်းပေါက်ပေါက်သတိထားမိတယ်..
    နောက် ကွန်မန့် လေး..ငါး..ဆယ်ခုနဲ့.. ထပ်ပြီး.. အမောင်ထွန်းပြောင်… ပြောင်ထွန်းနိုင်စေသတည်း..။ :mrgreen:

  • တညင်သား

    September 15, 2012 at 12:05 pm

    ဒါက ရင်တွင်းစကား ဖြစ်မယ်လို့ထင်မိတယ် သူကသဘောပေါက်အောင် မရေးလို့ပါ ဟုတ်လား ဦးထွန်းပြောင်…:(

    ဘာလို့လဲဆိုရင်… ဟိုတနေ့ကမှ ရွာသားတစ်ဦးနဲ့ စကားပြောဖြစ်တယ် သူလဲ ရွာပြန်ရင် သင့်တင့်လျှောက်ပတ် တဲ့အတွေးအခေါ် ရှိနိင်ရန် သူ့ရွာသားတွေကို စာပေလေ့လာဖို့ ဦးဆောင် စည်းရုံးမယ်လို့ ဆိုပါတယ် ဒါ့အပြင် သူ့စိတ်ကူးထဲမှာ စာပေဟောပြောပွဲတွေလဲ သူ့ရွာမှာ ကျင်းပချင်ပါတယ်တဲ့ အဲဒီစိတ်ကူးထဲမှာလဲ ဒီရွာထဲက ဆရာ/ဆရာမ တွေကို အကူအညီတောင်းပြီး ဟောပြောပွဲ လုပ်ဖို့တောင် အစီစဉ် ရှိပါတယ်တဲ့ …. စိတ်ကူးကောင်းလေး ………

    • ထွန်း ပြောင်

      September 16, 2012 at 3:45 am

      ဟုတ်ပါတယ် ကိုတညင်(ကြက်ဖ)ရေ…
      ကျွန်ုပ်ထွန်းပြောင်လည်း မြို့မှာသင်ယူပြီးခဲ့ရတဲ့ မတောက်တခေါက်ဘွဲ့လေးရယ်..
      ဘာမဟုတ်တဲ့ အတွေ့ကြုံလေးတွေကို အခြေခံပြီး ကိုယ့်ရပ် ကိုယ့်ရွာ ဖွံ့ဖြိုးတိုးတက်အောင်
      လုပ်မယ် လုပ်သင့်တယ် ဆိုတဲ့အတွေးလေးရမိလို့ပါ……….ဗျာ…..

  • ပိုင်လေး

    September 15, 2012 at 12:19 pm

    ငါ ကိုယ်တော်မြတ် ခွေးလွှတ်တော်မူဒယ် 😀
    တာ့တာ ဘိုင့်ဘိုင် ဘိုင့်ဘိုင် တာ့တာ ယူဆီး ယူဆီး

  • mayjuly

    September 15, 2012 at 1:10 pm

    အယ် ဂယ်လား ရွာမှာ တဂျီး ပြန်လုပ်မှာက …

    တဂျီးဖစ်ရင် ဘာလုပ်လို့ရလဲဗျ … (လုပ်ချင်တာလုပ်လို့ရောရလားဂျ) .. 😀

    • ထွန်း ပြောင်

      September 16, 2012 at 3:55 am

      mayjuly ရေ
      ကျေးရွာတွေမှာ ရွာလူကြီး(သဂျီး) လုပ်တယ်ဆိုတာ ဘာမှ ခံစားခွင့်မရှိပါဘူးဗျာ…
      တကယ့်ကို volunteer စစ်ပါ….
      ရှေးရိုးစွဲ ရွာလူကြီးတွေနေရာမှာ ခေတ်ပညာတက်လူငယ်တွေနဲ့ အစားထိုးနိုင်ရင်
      အသိပညာ အတက်ပညာတွေပိုမြင့်လာမယ် …အဲလိုလည်းယူဆမိပါတယ်…
      ယခု ကျေးရွာတော်တော်များများမှာ ရွာလူကြီးတော်တော်များများက ကိုယ့်လက်မှတ်ကိုတောင်ကောင်းကောင်း မထိုးတက် ၊ထောက်ခံစာရေးတဲ့နေရာမှာပိုဆိုးဗျာ(ဒီအကြောင်းတွေပြောရတာ စော်ကားလိုတဲ့စိတ်နဲ့ပြောနေတာမဟုတ်ပါဘူး)…..အဲတာတွေကို သွေးသစ်လောင်းလိုက်ရင်မကောင်းဘူးလားဗျာ..
      ကျွန်ုပ် ထွန်းပြောင်လုပ်မှ ပြီးမယ့်အလုပ်တွေမဟုတ်ပေမယ့် ကိုယ်တက်နိုင်သလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက်လိုက်ရင်မကောင်းဘူးလားဗျာ…..

  • တာတီး

    September 15, 2012 at 7:58 pm

    ဒဂျီးဖစ်ရင် တားတား လုပ်ချင်တာ အတုန်လုပ်လို့ရပီ
    နှာအကျေးတော့ဘူး ၊
    ချောင်းအချိုးတော့ဘူး ေိေိ

  • etone

    September 15, 2012 at 8:27 pm

    နှုတ်မဆက်နဲ့ ငါ့ကိုနင်လေ
    ပစ်သွားရက်ပါလျှင်
    လွမ်းလည်း မလွမ်းချင်ဘူး ….

    အော … အော် .. အော … ဒွတ်ခ …
    ယောင်ပြီး သီချင်းညည်းမိပြီ …. ။ 😉

    နှုတ်မဆက်နဲ့ ငိုချင်တယ် … ဒါဗြဲ … ခွိခွိ 😆

  • pooch

    September 15, 2012 at 8:46 pm

    အောင်မြင်ပါစေ ကိုထွန်းပြောင် 😀

  • nature

    September 16, 2012 at 8:56 am

    စိုင်ထီးဆိုင်သီချင်းထဲကလိုမစပဲနဲ့ဆုံးတဲ့ဇာတ်လမ်းလေးကို အခုမှပဲ သဘောပေါက်တော့တယ်။ 🙂 လူဆိုတာကတော့ကိုယ့်ဘဝအတွေ့အကြုံပေါ်မူတည်ပြီး ရင်တွင်းဖြစ်လေးတွေကတော့ရှိတတ်ပါတယ်။

  • surmi

    September 16, 2012 at 9:03 am

    ဒီလိုအတွေးအခေါ်ရှိပြီး စာရေးကောင်းတဲ ့သူက ဘာလို ့
    စောစောမရေးတာလဲဗျ။ နာလိုက်တာ ။

  • Thu Wai

    September 16, 2012 at 6:56 pm

    နှစ်လုံးထဲပြောလို်က်ပါရစေ တာ့တာ

  • Kyaw Myo Thet

    September 16, 2012 at 10:07 pm

    အေးချမ်းသာယာတဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
    ဘဝအတွက် ကြိုးစာပါလို့ လမ်းမှားကိုမလိုက်မိစေပါနဲ့လို့ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်နဲ့
    ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက်အကျိုးပြုနိုင်တဲ့ လူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
    တစ်နေ့နေ့မှာတော့ကွာ ပြန်ဆုံမှာပေါ့ချစ်တဲ့သူငယ်ချင်းများ

Leave a Reply