၁၉၆ရအောက်တိုဘာ၂၄ကမာ္ဘ.ကုလသမဂ္ဂနေ့မငြိမ်းချမ်းသောမောင်ငြိမ်းချမ်းမွေးဖွားတဲ့နေ့
ငယ်နာမည်ချစ်တီး
ငယ်ငယ်က ဝမ်းအမြဲချုပ်တတ်လို့ အမေ့ရဲ.ဒုက္ခအိုးလေးပေါ့
မိသားစုဝင်တွေ ပေးထားတဲ့ နာမည်ဆိုးတွေက အများကြီး
ဂုန်းသား၊ ဂုန်းကောင်၊ အဖေတစ်ခါတစ်ခါ စိတ်လိုလက်ရခေါ်တဲ့နာမည်က ဂျန်ဘုကောင်တဲ့
ငယ်ငယ်ကတဲက ကိုယ့်ကိုကိုယ်မှန်တယ်လို့ထင်ရင် အလျှော့မပေးတတ်တော့ ရန်များတယ်
မှတ်မှတ်ရရ မူကြိုတက်တော့ မောင့်ပရဲစန့်မှာ၊ အဲဒီခေတ်က အဖေက အကျဉ်းဦးစီးမှာ ဒုညွှန်မှူး၊ အဲဒီမှာစတာဘဲ၊
ဆရာမနာမည်တီချာကိတ်၊
အဖေကျောင်းကိုပို့ပြီး ရုံးပြန်သွားတော့၊ ကျောင်းစတက်တက်ချင်း
ကလေးသဘာဝငိုတာကို ဆရာမက ကျောင်းမှာ သန့်ရှင်းရေးလာလုပ်တဲ့ မြက်ခုတ်တဲ့ အလုပ်သမားနဲ့ခြောက်တော့ ဆရာမလက်ကို ကိုက်ဆွဲထားတာ ဘယ်သူမှဖြေလို့မရလို့ အိမ်ကိုအကြောင်းကြား၊ ဆရာမလက်မှာလဲ အကွင်းလိုက်ဒါဏ်ရာ သေရာပါရော၊
၁၉၈ဝ အိမ်ကိုအလည်လာတော့ ဆရာမလဲအိုနေပါပြီ၊
လက်ကဒါဏ်ရာလေး ပြပြီး အမှတ်တရလေးတွေပေါ့၊
ကျွန်တော့်မှတ်ဉာဏ်က အဲဒီအကြောင်းတွေ မနေ့တစ်နေ့ကအတိုင်း မှတ်မိနေတုန်း၊
ကဲမဆန်းလား၊
ဒုတိယပညာသင်ရတဲ့နေရာက အထက(၂)စမ်းချောင်း
အမတွေရှိတဲ့နေရာဆိုတော့ အဖေက အဆင်ပြေမယ်ထင်ပြီး
ပထမတန်းကို မူလတန်းကျော်ပြီးထားတာ အဲဒီခေတ်က
ရာထူးလဲရှိတော့ ဆရာတွေက ၃လ အစမ်းထားမယ် အဆင့်မမှီရင် မူကြိုပြန်တက်ရမယ်ပေါ့၊
ဒါပေမဲ့သိတယ်မဟုတ်လား
အောက်ပြန်မဆင်းရဘူးလေ ဇါတ်လိုက်ဆိုတော့
အဲဒီမှာဇါတ်လမ်းစတာဘဲ
အကို(၁)တစ်ယောက်က လမ်းမတော်မှာ လမ်းသူရဲခေါင်းဆောင်
(ယခုရဲအရာခံဗိုလ်၊ တပ်မတော်မှရဲတပ်ဖွဲ့သို့အသွင်ပြောင်း)
အမတွေက လမ်းသူရဲရဲ့ညီမတွေ၊ ကျောင်းပြေးပြီးရုပ်ရှင်ကြည့်
အမတစ်ယောက်(၃)က ရည်းစားထား၊
အဲဒီခေတ်က မှောင်ခိုဈေးရောင်းတဲ့သူ
စိန်ဂျွန်းဈေးပျံကျနေရာမှာ (ယခုသူ၏ခင်ပွန်း) (အရက်သမား)
ဒီမှာတင်ဖေါ်ကောင်ဘညွန့်ကျွန်တော်၊
အဲဒီခေတ်ကအဆင့်အတန်းခွဲတဲ့ခေတ်
အဖေကလဲ ပစ္စည်းမဲ့မာနပေါက်ကွဲ အလုပ်ကထွက်စာတင်
လစာမဲ့ဘဝနဲ့
အမ(၄)နဲ့(၅)က မော်တင်ဈေးမှာ ခြံထွက်စပါယ်ပန်းရောင်း
အမေကလဲ တောင်ငူက အုန်းသီးကို ပင်ပင်ပန်းပန်းရောင်း
သားသမီးတွေ ကျောင်းစားရိတ်ကို ခက်ခက်ခဲခဲရှာရတဲ့
အချိန်ဆိုတော့
ကျွန်တော်က တကယ့်ကို ယမ်းအပြည့်နဲ့မိုင်းဗုံး
တစ်လုံးခွဲလိုက်သလိုဖြစ်သွားတယ်
ရုပ်ရှင်နာမည် (ကျွန်းကလေးမှာနှစ်ယောက်ထဲ) မေဝင်းမောင်ရဲ့ ပထမဆုံးဇါတ်ကား
ကျွန်တော်ကျောင်းကနေ အိမ်ကို လမ်းလျှောက်ပြီးပြန်၊ (မဟာမြိုင်မှတ်တိုင် မြေနီကုန်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရန်ကုန်ထောင်ကြီးရှေ့၊ ယခုသူနာပြုတက္ကသိုလ်)
အဖေ့ကို သတင်းရောက်အောင်ပို့၊
အဲဒီမှာတင် အမတွေ(၃/၄/၅) ပလပ်စတစ်ပိုက်စုတ်အောင် အရိုက်ခံရပါလေရော၊ အကျိုးဆက်က အဖေမရှိတဲ့အချိန် နည်းမျိုးစုံ
ဂျောက်တွန်းခံရလို့ အမေ့ကြေးမီးချစ်ကြီးနဲ့ခေါက်ခံရတာခေါင်းပေါက်ရော၊
ဗိုလ်အိမ်ရှစ်လုံးတုံးက (အလုံလမ်း) ၂/၃နစ်သားလောက်က
ကြက်ခွပ်ခံရတော့ အရိုက်မခံရတာ အမ၂ အဖေ့အချစ်ဆုံး
မို့လို့ဆိုဘဲ၊ အဲဒါပေါ့ မောင်နှမတွေများတော့ တစ်ယောက်ကို တစ်ယောက် မနာလိုစိတ်နဲ့သံသယတွေပွါးနေကြတာ။
အဲဒါတွေလဲပါမှာပေါ့၊
ဒါကြောင့်ငယ်နာမည်တစ်ခုတိုးပြန်ရော
ဂြိုလ်ကောင်တဲ့။ ဆေးထိုးမှားလို ့ပိုလီယိုဆန်ဆန်ဖြစ်တော့
အဖေ့အမိန့်နဲ့ အမတွေ ကျွန်တော်နဲ့ဘော်လုံးကန် ရွှေတိဂုံဘုရား လမ်းလျှောက်
ဒုက္ခအပေးဆုံးလူသားထဲ ကျွန်တော်ပါပြန်ရော
အကို(၂)တစ်ယောက်က ဘုရားစင်မှာထားတဲ့
ငွေဒင်္ဂါးပြားတွေခိုးရောင်း စက်ဘီးငှားစီး ကျွန်တော်စိန်ဂျွန်းကျောင်းသား ၄တန်း
မကောင်းမှူဖေါ်ထုတ် ငွေဒင်္ဂါးပြားတွေလဲကုန်ရော
အဖေသိအောင်လို့
ဒါပေမဲ့သိတယ်မဟုတ်လား
အကြီးနဲ့အငယ်ဆိုတော့
ဘီးလှလှလေးတတ်တာ ခံလိုက်ရတယ်
အဖေ ဂျာမနီပညာတော်သင် ပြန်လာတော့
စက်ရုပ်၊ ဓါတ်ခဲသုံး ရှားပါးပစ္စည်း (အဲဒီခေတ်ကတန်ဘိုးအလွန်ကြီး)
တိပ်ရီကော်ဒါ (မော်တော်ကားတစ်စီးနှင့်တန်ဘိုးတူ၊ဆိုရှယ်လစ်ခေတ်)
ဖျက်ဆီးဘို့ ဝက်အူလှည့်ပေးပြီး
ဂျောက်ချခဲ့
အဖေမနဲပြန်တပ်ခဲ့ရတယ် အရိုက်ခံရတဲ့အပြင်
ထုံစံအတိုင်းပေါ့ ဖျက်လိုဖျက်စီးကောင်ဖြစ်ပြန်ရော
ဒီအထဲမှာ အိမ်ကိုအလည်လာတဲ့ ဒေါ်သိန်းတင်ဆိုတဲ့အဖွားကြီး
အမြဲအတို့အထောင်လုပ် ပြသနာရှာတော့
ကျွန်တော်က မုန်လာဥနဲ့ရောပြီး ချက်စားပလိုက်မယ်
ပြောလို့ဧည့်သည်အပါ်ဆိုးတဲ့ လူဆိုးဖြစ်ပြန်ရော
ဒါနဲ့အဲဒီအဖွားကြီးအိမ်ကိုလာတဲ့တစ်နေ့ ကျွန်တော်သူရဲချောက်လိုက်တာ အဲဒီခေတ်ကနာမည်ဆိုးနဲ့ (သူရဲချောက်သည့်အိမ်)
ကျော်ကြားနေတဲ့ကျွန်တော်တို့အိမ်ကို
အဖွားကြီး နေဝင်မိုးချုပ် လုံးဝမလာရဲတော့ပါ။နောက်ပိုင်းကျမှသိတာက ကျွန်တော့်
အဖေ သူတော်ကောင်းကြီးကြောင့် အဖွါးကြီး မယ်သီလရင် ရာသက်ပန်ဝတ်သွား ကြောင်းသိရတယ် (ဘာလုပ်လိုက်သလဲဆိုတာ အဖေ့သာမေးကြည့်လိုက်) ဒါကြောင့် လူဆိုတာ ကိုယ်ဘာလုပ်လုပ်ရာသက်ပန် နောက်ကနေ အရိပ်လိုလိုက်နေတာ ။

အမအကြီးဆုံးနဲ့အဖေက ကျွန်တော့်ကို စာဖတ်ဝါသနာပါအောင် လုပ်ခဲ့တယ်
ပထမဆုံးစဖတ်တဲ့ဝထ္ထုမောက်ဂလိ နောက် မင်းသိင်္ခရဲ့ဝထ္ထုတွေ နိုင်ငံတကာရေးရာစာစောင်တွေ အဲဒီအချိန်က၃တန်းဘဲရှိသေးတယ် စာအုပ်တွေကိုချစ်တတ်နေပြီ
အမအကြီးဆုံးက အမအလတ်ကို စပြီးနောက်ပြောင်တဲ့ မျောက်နဲ့ပါတ်သက်တဲ့ ချင်ပန်ဇီး၊ မျောက်ဝံ၊ အင်္ဂလိပ်လို မျောက်အခေါ်အဝေါ်တွေ
အင်္ဂလိပ်လိုက ၅တန်းမှစသင်ရမှာဖြစ်ပေမဲ့
အင်္ဂလိပ်စာကို စိတ်ဝင်စားနေတတ်ပြီ။
အမအကြီးဆုံးက စာကြမ်းပိုး၊ အင်္ဂလိပ်စာမေဂျာနဲ့ တက္ကသိုလ်တက်ရင်း ဂိုက်လုပ်ပြီးစာပြ၊ အဲဒီခေတ်ကစာအုပ်စာစောင် အင်မတန်ရှားပါးတဲ့ခေတ်၊ ရီးဒါးဒိုင်ဂျက်စ်၊ တိုင်း၊ နယူးစ်ဝိခ်၊ အဲဒီစာစောင်တွေကို မုန့်ဖိုးနဲ့စုဝယ်၊ အခန်းထဲမှာသော့ပိတ်ထားပေမဲ့၊
(ညီတစ်ကောင်ကအမတွေရဲ့လက်ကိုင်ဒုတ်၊နှစ်တန်းအရွယ်၊
မိန်းမရှာ ၁၉၉၈ မလေးမှပြန်လာပြီးအရက်ကိုသေအောင်သောက်၂၀၀၈ကွယ်လွန်) အခန်းထဲ ပြူတင်းပေါက်မှန်ကွဲမှဝင် ဂျက်ဖွင့်
အမ၃/၄အကို၂မော်တင်ဈေးမှာပိသာချိန်နဲ့ရောင်း၊ အမေကအဲဒီအချိန် စိတ်ညစ်နေတဲ့အချိန်
ထုံးစံအတိုင်းပေါ့ ဇါတ်လိုက် ကျွန်တော်က ဖေါ်ကောင်၊
အမအကြီးဆုံးနဲ့ မော်တင်ဈေးမှာသွားပြန်ရွေးပေမဲ့ စာစောင်တွေတော်တော်များများက အစုတ်ခံလိုက်ရပြီ၊ အရုပ်လှလှလေးတွေပါတာကိုး၊
အဲဒီမှာတင်အမအကြီးဆုံးရဲ့မျက်ရည်နဲ့အဖေ့ရဲ့(အလုပ်ကထွက်ထားရတဲ့အချိန်) ဒေါသက
အိမ်မှာငရဲပွက်သွားပေမဲ့
အဲဒီအကျိုးဆက်ကြောင့်
အဖေအလုပ်ပြန်ရလို့(ကျောက်မျက်လ/ထညွှန်မှူး) မိုးကုတ်
သွားတဲ့၆လမှာကျွန်တော်အခြေအနေ တော်တော်ယိမ်းယိုင်နေတာ အဖေခွင့်နဲ့ ရန်ကုန်ပြန်လာတော့ သဘောပေါက်သွားပြီ
အပ်နဲ့အထိုးခံရတာတွေ၊ ပါးစပ်ကိုအဝတ်နဲ့အဆို့ခံရတာတွေ၊
အခန်းထဲလှောင်ပိတ်ခံရတာတွေ
ပေါင်တွင်းကြောအလိမ်ခံရတာတွေ
ထမင်းအငတ်ထားတာတွေ
အမေ့ကိုလီဆည်ပြီးတိုင်
အများနဲ့တစ်ယောက်ဆိုတော့
ရေများရေနိုင်မီးများမီးနိုင်
ဆိုတဲ့ဆိုရိုးစကားက ဒီနေရာမှာအသုံးဝင်သားဘဲဟဲဟဲ
ကိုယ့်အကြာင်းကိုယ်ဖတ်ကြပြီး အခုမှမရှက်ကြနဲ့နော်အပျိုကြီးမမတို့
၄တန်းကျောင်းသားအရွယ် ကျွန်တော့အတွက်တော့
တကယ့်ကိုအသေးအဖွဲ စာမဖွဲ့လောက်စရာပါ။
ကျွန်တော့ရဲ့ငိုကြောရှည်မှုကလဲ
အလုပ်များတဲ့အမေ့အတွက် စိတ်မရှည်စရာဖြစ်လာရပြီကိုး၊
ဒီလိုနဲ့အဖေအပြန် မိုးကုတ်ကိုလိုက်ပြီး ကျောင်းတက်ရတယ်
၅တန်း၊ ၆တန်းနှစ်တွေမှာပေါ့
မိုးကုတ် အထက(၁) ၁၉၇၆/၇ရ အဲဒီမှာလဲ ကျွန်တော်က သူတို့အပြော ခပ်ဆိုးဆိုးကောင်၊
ဆရာမတစ်ယောက်ရဲ့တူနဲ့ ရန်ဖြစ်တာကနေ မိဘအရှိန်အဝါတွေပါလာတော့ ဆရာမက ကျွန်တော့လက်ကိုဆွဲပြီး အခန်းတွေတစ်ခန်းဝင်တစ်ခန်းထွက် ဒီကျောင်းသားနဲ့ရန်မဖြစ်ကြပါနဲ့ ဆိုပြီးလိုက်ပြတာခံရတယ်၊ အဲဒီမှာတင် ကျွန်တော် စိတ်ရောဂါစရတယ်ထင်တာဘဲ။
ငယ်ငယ်ကတဲက အလိုမကျမှူ စိတ်ကြီးတာတွေ မတရားတာတွေဖေါ်ထုတ်ပေမဲ့ အကျိုးဆက်က ကျနော်ဘဲရှုံးခဲ့ရတော့
စိတ်မိုက်စိတ်ရိုင်းတွေဝင်ခဲ့ရတယ် စိတ်ရောဂါရခဲ့ရတယ်။
အမှတ်ရစရာတစ်ခုကတော့ အဖေသွားတဲ့နေရာလိုက်သွားရင်း
ကျောက်တစ်လုံးကောက်ရဘူးတယ်
ပတ္တမြား၊ ရဲရဲနီနေတော့ အိပ်ထဲထည့်ထားတာကနေ
တန်ဘိုးကလဲမသိတဲ့အရွယ်၊
အဖေ့ကိုအပ်တော့
အဖေကနိုင်ငံတော်သမားလေ၊
မဟုတ်တာမလုပ်ဘူးဆိုတဲ့ မာနခဲ
အဲဒီကျောက်ကို နိုင်ငံတော်ကိုအပ်လိုက်တာ( )ကျောက်ဆိုပြီး အခုထိရှိသေး(စံကျောက်)
အဲဒီခေတ်ကဆုကြေးမရှိ၊ အဖေကကျွန်တော့်ကို
နိုင်ငံတော်ကပေးသလိုလိုနဲ့ ရေဒီယိုတစ်လုံးဝယ်ပေးတယ်
ဦးကျတ်နေဆိုတာ ပြောမဆုံးတော့ဘူး
(အဖေ့တပည့်ဝလူမျိုး)
သူ့ကိုသာပြခဲ့ရင် ကျွန်တော်တို့မိသားစုချမ်းသာခဲ့မှာသေချာတယ်၊
သူကအမေ့ကိုရော အဖေ့ကိုပါ သေတဲ့အထိ သစ္စာရှိချစ်တဲ့သူလေ။မိုးကုတ်မှာတော့
အိမ်ရှေ့မင်းသားလိုနေခဲ့ရတာလေ
အဖေသွားလေရာမှာ
ငယ်ဘဝက
မျက်နှာသာပေးခံခဲ့ရတယ်
ဒါပေမဲသိပ်ကြာကြာတော့မခံပါဘူး
အဖေကအိမ်မှာ အမေဝန်မပိအောင် အမ(၄)တစ်ယောက်နဲ့ ညီအလတ်ကောင်ကို ခေါ်ထားလိုက်တာကစတာဘဲ
မိုးကုတ်ကမြစ်ကြီးနားပြောင်းတော့
အထက(၁)မြစ်ကြီးနားမှာတက်ရတယ်
ကျောင်းတက်ကာစတော့
ပြဿနာနဲနဲရှိတယ်
ကချင်သူငယ်ချင်းတွေက
ကျနော့်ကိုဘီးတတ်တယ်
ဆရာမပိုချစ်အောင် ဆရာမကို နှုတ်ဆက်စကား ပြောခိုင်းတာ
မညဲလောတဲ့(ဆဲဆိုတဲ့စကား)
တစ်ခါတဲ ပါးရိုက်ခံရပြီး ရုံခန်းရောက်ပါလေရော၊
ကျောင်းအုပ်ဆရာကြီးက အဖြစ်မှန်လဲသိရော(ဆရာကြီးဦးမဲ)
ဆရာတွေခေါ်ပြီး ကချင်လိုဆဲနည်းမျိုးစုံကို ကချင်ပြည်နယ်ရောက် မိုးကုတ်သားလေး(သူတို့အခေါ်)
သင်ခန်းစာအသစ်အနေနဲ့ သင်ခဲ့ရတယ်
အဲဒီနောက်တော့ ဆရာ/ဆရာမတွေ သူငယ်ချင်းတွေအရမ်းချစ်တဲ့သူ၊
ရိုးသားတဲ့တိုင်းရင်းသားတွေကြား ကျွန်တော့်အတွက်
စိတ်အချမ်းမြေ့ဆုံး
ဘဝရဲ့အမှတ်တရလေးတွေပါ။
ကျောင်းအဝင် ကုက္ကိုပင်ကြီးအောက်က ချင်ချင်စပ်စပ် ဆန်တို့ဟူးနွေး
ကျောင်းအသွားမုန့်ဖိုးနဲ့စား ကျောင်းအပြန် ကျောင်းဘေးကပ်လျှက်က
မကေ(ယခုအဆိုတော်ကြီး၊) ခြံထဲဝင် မျောက်ရှုံးအောင်ဆော့
ညီအလတ်ကောင်က အောက်ကစောင့် ကျွန်တော်က ကျွဲဂေါပင်ပေါ်တက်ပြီး ကျွဲဂေါသီးပစ် အချညီအလတ်ကောင်ရဲ့ ခေါင်းပေါ်ပြုတ်ကျတာ တစ်ခါတည်း သတိလစ်သွားတော့ မကေရဲ့တစ်အိမ်လုံး ပြူးပြူးပြာပြာဖြစ်ကုန်ရော ဒီကောင်က နှာခေါင်းသွေးကလဲ အမြဲရှံတတ်တော့ သူတို့ပိုပြီးစိုးရိမ်စရာဖြစ်တာပေါ့ ကျောက်စိမ်းရုံးရောက်တော့ (မကေဂျာနူးတို့အိမ်နဲ့မျက်နှာခြင်းဆိုင်) ဒီကောင်သတိပြန်ရတယ် အဲဒီအချိန်အဖေကလဲ လုံးခင်းကိုရောက်နေတော့ ပြသနာသိပ်မကြီးလိုက်ဘူး ဒါပေမဲ့အဲဒီကစပြီး မျောက်နှစ်ကောင် သစ်ပင်တက်ခွင့် ပါမစ်အပိတ်ခံလိုက်ရတယ်
ဆက်သွယ်ရေးပညာကို ကျောက်မျက်ဆက်သွယ်ရေးတာဝန်ခံ
ဦးခင်မောင်ဝင်းကသင်ပေးတယ်
မြစ်ကြီးနားနဲ့လုံးခင်းဆက်သွယ်တဲ့အခါ ကျွန်တော်ကဘေးမှာ

သူငယ်ချင်းတွေထဲမှာ မိန်းကလေးနှစ်ယောက်
အေးအေးမာနဲ့ချယ်ရီ မြစ်ကြီးနားအနှံ့ဘီး၃စီးနဲ့ပေါ့။
သားအဖ၄ယောက်သား မြစ်ကြီးနားရောက်ပေမဲ့
အဖေ့အလုပ်က လုံးခင်းမြို့မှာ
အမ(၄) လွတ်လပ်ရေးရပြီလေ
သူက ကျောင်းကပွဲမှာသီချင်းဆို
အပေါင်းအသင်းတွေနဲ့တချိန်လုံးလည်
မြစ်ကြီးနားမြို့ရဲ့ အမှတ်တရနေရာတွေအားလုံးမှာ စတိုင်လုပ်ရှိုးထုတ် ဓါတ်ပုံရိုက်ကလဲ ဝါသနာပါသေး
ကျွန်တော်တို့ညီအကိုနှစ်ယောက်ကို
မုန့်ဖိုးပေးပြီး
ထမင်းတောင်မချက်တော့ဘဲ ခပ်ချိုကလိန်အောင် မြစ်ဆုံ နေရာအနှံ့ လည်ပါတ်နေတော့တာပါဘဲ အဲဒီအမ(၄)က၁ဝတန်း စပ်ကူးမတ်ကူးအရွယ်
ကျွန်တော်ကရတန်း/၈တန်း
အမက အဖေ့လက်အောက်ကဝန်ထမ်းနဲ့(မိုးကုတ်မှခေါ်ခဲ့သောဝန်ထမ်း) နီးစပ်သွား (အကြောင်းပြချက်ကကျွန်တော့်ကြောင့်၊
ကျွန်တော်ဆိုးလို့တဲ့) သူကကျွန်တော်တို့မိသားစု
လက်မခံနိုင်လောက်စရာ
ချို့ယွင်းချက်ရှိတဲ့ အင်ဂျင်နီယာတစ်ယောက်
အဲဒီတစ်ယောက်နဲ့လိုက်ပြေးဘို့ပြင်ဆင်နေတဲ့အချိန်
ကျွန်တော် ဖေါ်ကောင်လုပ်လိုက်တော့
အဖေ လုံးခင်းကနေ (ချာတာလေယာဉ်)ပေါ်က အဲဒီကောင်ကို
ဆွဲချ မြစ်ကြီးနားကို ပြန်လိုက် မန်နေဂျာဦးသောင်းတင် (ကျောက်စိမ်းရုံး) နဲ့တစ်မြို့လုံးလိုက်ရှာ
ပြန်တွေ့တော ့ကျောကွဲအောင်ရိုက်
ရန်ကုန်က အမေ့ကိုခေါ်
ဆင်ထားတဲ့ ရွှေတွေပါချွတ် ရန်ကုန်ပြန်ပို့
ဒီမှာတင် ကျွန်တော်ဟာ သူတို့အဖို့ ကမာ္ဘ့အမုန်းဆုံး လူသားစာရင်းဝင်ဖြစ်တာ မဆန်းတော့ပါဘူး။

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..