ဘီယာသောက်ပါ

the bestSeptember 15, 20121min26826

၁။ ဦးနှောက်သွေးလည်ပတ် ရပ်ဆိုင်းခြင်း ဖြစ်မှု့ နည်းပါးစေခြင်း။

အကယ်၍ အရက်သေစာကို သင့်တင့်စွာ သောက်သုံးပါက

ဦးနှောက်သွေးလည်ပတ် ရပ်ဆိုင်းခြင်း ဖြစ် မှု ရောဂါ ဖြစ်ပွားရန်

အလွန်ပင်နည်းပါးကြောင်း တွေ့ရှိရပါသည်။

နယူးအင်္ဂလန် ဆေးဂျာနယ်မှ ဖေါ်ပြချက်အရ သင့်တင် မျှတစွာ သောက်သုံးသူများသည်

ရောဂါဖြစ်ပွားမှုနှုန်း ပျမ်းမျှ ၂ဝ ရာခိုင်နှုန်း မျှ လျော့နည်း ကြောင်း တွေ့ရှိ ရပါသည်။

၂။ အရိုးကို ခိုင်မာစေခြင်း။

ဘီယာ ခွက်ကြီး တခွက်တွင် နေ့စဉ် သင်လိုအပ်သော

kvartsi နှင့် boori သတ္ထုဓါတ် ၂ဝ ရာခိုင်နှုန်း ပါဝင်ပါသည်။

ထို သတ္ထု ဓါတ်များသည် အရိုးတည်ဆောက်ခြင်းနှင့် အရိုးကြွတ်ဆပ်ခြင်း ဖြစ်ခြင်းကို

ကာကွယ်ပေးသဖြင့် မဖြစ်မနေ လိုအပ် ပါသည်။

ထို့အပြင် ဘီယာ မဂ္ဂနီစီယမ်သည် သွားများကို ခိုင်ခန့်စေပါသည်။

၃။ မှတ်ဉာဏ်ကောင်းလာစေခြင်း။

ဆွီဒင်နိုင်ငံမှ စမ်းသပ်စစ်ဆေးချက်မှ တွေ့ရှိသည်မှာ ဘီယာသောက်သုံးသောကြောင့်

ဦးနှောက်အာရုံကြောများ လန်းဆန်း ရှင်သန်လာပါသည်။

ထိုအခါ သင်ကြားရေးနှင့် မှတ်ညဏ်များ ပိုမိုကောင်းမွန်လာသည့် အကျိုးကို ခံစား ရပါသည်။

ဟော်လန်မှ လေ့လာစစ်ဆေးချက်များအရ ဘီယာကို သင့်တင့် မျှတစွာသောက်သုံးပါက

အသိဉာဏ် ပညာနှင့် ခံစားမှုကို ပျက်စီးသည့် အကြောင်းရင်းများကို ကာကွယ်ပေးပါသည်။

မှတ်သားရန်မှာ အကယ်၍ မိမိ သောက်သုံးသင့်သည်ထက် ပိုမို ၍ သုံးစွဲပါက

မည်သူ့ကိုမဆို ဘီယာမှ နောက် တနေ့ မိုးလင်းပါက

အသိညဏ်နှင့် ခံစားမှုကို ကာကွယ်ပေးမည် မဟုတ်ပေ။

၄။ ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်စေခြင်း။

နေ့စဉ် ဘီယာသောက်သုံးသူများသည် တခါတရံ အလွန်အကျွံ အရက်သောက်သူများ ထက်

နှာစေးချောင်းဆိုး ဖြစ်မှု ၃ ဆ ခန့် လျှော့နည်းစေပါသည်။

ဘီယာတွင် ကိုယ်ခံစွမ်းအားအား မြှင့်တင်ပေးသည့် ဆယ်လယ်နီယမ်ဒြပ်စင် ပါဝင်ပါသည်။

၅။ လွယ်ကူစွာပင် ပိန်စေပါသည်။

စပိန်နိုင်ငံမှ လေ့လာတွေ့ရှိချက်များအရ ဤကဲ့သို့ အဖြေရရှိပါသည်။

နေ့စဉ် ဘီယာ ခွက်ကြီး သောက်၍ မြေထဲ ပင်လယ် ဒေသ တွင် နေထိုင်သည့် သူများ

စားသောက်သည့်အတိုင်း နေထိုင်စားသောက်ပါက မိမိကိုယ်ခန္ဓာ အရှိအတိုင်းကို

ထိန်းသိမ်းထားရုံမက ပေါ့ပါးသွက်လက်၍ ကိုယ်ရည်စစ်ခြင်းကိုပင် ဖြစ်ပေါ်စေပါသည်။

By: Donald Liu

http://blog.irrawaddy.org/2012/09/blog-post_2968.html

26 comments

  • သစ် တည်

    September 15, 2012 at 10:03 pm

    လေးလေးစားစား နဲ့နေ့စဉ်သောက်သုံးမည်ဖြစ်ပါကြောင်း…..
    နားကန်းတစ်လုံးမျှနားမလည်သော
    lady ကို ယ္ခုပို့စ်အား နားရွက်ဆွဲ၍
    ဖတ်ခိုင်းလိုက်ပါမည်….

  • Kyaw Myo Thet

    September 15, 2012 at 11:20 pm

    စအကတော့ဆေးဖြစ်ဝါးဖြစ်ဆိုပြီး မသောက်တက်ဘဲ စမ်းသောက်ကြည့်တာ
    အခုတော့သောက်လေ သောက်လေငတ်မပြေဆိုပြီးစွဲးနေလို့
    ဘီယာမစွဲအောင် ဆေးဖြစ်ဝါးဖြစ်သောက်တဲ့နည်းလေးဘာလေး ရှိရင်ဖော်ပြပေးပါဦး။
    ပြီးတော့ ဘီယာဗူးနဲ့ဆိုရင် တစ်ရက်ကိုဘယ်နှဗူးလောက်သောက် ရင်ဆေးဖက်ဝင်တယ်ဆိုတာလေးရော
    ဘယ်နှဗူးလောက်သောက်ရင်ဘေးဖြစ်တယ်ဆိုတာလေးရော

  • မောင်ပေ

    September 16, 2012 at 1:41 am

    တန်ဆေး လွန်ဘေး
    ဆိုသလိုသာ
    မှတ်ကြပါ
    အများသူငါ

  • kai

    September 16, 2012 at 3:37 am

    ထောက်ခံကြောင်းပါ..
    ဒီလောကကြီးမှာ.. ထိုက်သင့်တဲ့အရွယ်မှာ.. ထိုက်သင့်တဲ့လူ့ဘဝအရသာ.. ခံစားမှုတွေအပြည့်ခံစားကြစေချင်မိတယ်..
    အချိန်မနှောင်းစေပါနဲ့..

    ဆိုတော့…
    ငယ်တုံးရွယ်တုန်း.. လုပ်စရာလုပ်ကြ..သောက်စရာသောက်ကြစေချင်.. :mrgreen:

  • ကထူးဆန်း

    September 16, 2012 at 7:09 am

    နိပ်ဟ ။။ဒီစာတန်းပြပြီး ပါမစ်ယူဦးမှ ။။

  • Crystalline

    September 16, 2012 at 10:01 am

    နေအရမ်းပူတဲ့အချိန် ခရီးသွားတဲ့အခါတွေမှာ ဘီယာအေးအေးလေးသောက်လိုက်ရရင် တကယ့်ကို ရေငတ် အမောပြေတယ် စတယ်လာမာရစ်ကိုအကြိုက်ဆုံးပဲ. 😛

  • စိန်ဗိုက်ဗိုက်

    September 16, 2012 at 10:06 am

    မသောက်တတ်ခင်က ဒီလောက် ဉာဏ်မကောင်းခဲ့ပါဘူးလို ့
    ခုမှပဲ သံသယတွေ ရှင်းသွားတော့တယ်..အူးသဘတ်စ် ရေ

    🙂

  • kotun winlatt

    September 16, 2012 at 11:22 am

    ဟာ…..မိုက်သဗျ..နိပ်သဗျ….
    လိုက်နာသင့် လိုက်နာအပ်..လိုက်နာဖို့ ကောင်းလေစွတကားးးး
    တဂျီးရေ..ဘီယာဖိုးလေး မစပါ…
    တဂျီးးရေ.. ဘီယာဖိုးလေး မစပါ…

  • the best

    September 16, 2012 at 12:50 pm

    ရွာသားတွေ မှတ်ဉာဏ်ကောင်း၊ကိုယ်ခံစွမ်းအား ပိုကောင်းလာပြီး
    စာကောင်းတွေများများရေးလာတော့မယ်။
    ရွာထဲမှာ ဘီယာဆိုင်ဖွင့်ဖို ့စီစဉ်လိုက်မယ်။

  • Fall Guy

    September 16, 2012 at 4:49 pm

    မီးလောင်ရာဓာတ်ဆီလောင်းသလိုပဲ။ ပျော်ပျော်ကြီး သောက်ရပ။

  • cobra

    September 16, 2012 at 5:42 pm

    စောစောကသိရင်သိပ်ကောင်းမှာပဲ ပရင့်ထုန်ပြီးအိမ်မှာကားမယ်။
    ကျေးဇူးတင်ပါတယ်..။

  • cobra

    September 16, 2012 at 5:48 pm

    ပရင့် ထုတ်ပြီးအိမ်မှာကပ်ထားမယ်ပြောတာ မှားသွားတယ်။

  • Thu Wai

    September 16, 2012 at 6:32 pm

    ပိုစ့် — ဘီယာသောက်ပါ
    မန့်–သောက်ပါတယ် 😀

  • Thu Wai

    September 16, 2012 at 6:50 pm

    မန်းဂေဇက်ထဲက သောက်တတ်သူတွေအပြင် မှာဆုံကြရင်ကောင်းမယ်

  • etone

    September 16, 2012 at 8:30 pm

    ဒီပို့စ်လေး အလွတ်ကျက်ထားမှပဲ ….good …. good … very good …. 😛

  • မဟာရာဇာ အံစာတုံး

    September 16, 2012 at 8:38 pm

    ကျုပ်အနေနဲ့ ဘီယာ မသောက်တတ်ပေမယ့်
    သောက်တတ်တဲ့ ကျုပ်သယ်ရင်းတွေကိုတော့
    ဒါလေးတွေ ပြောပြလိုက်ပါမယ် …

  • ထိပ်တင် တုတ်ကြီး

    September 16, 2012 at 11:35 pm

    ကောင်းလေစွ–ကောင်းလေစွ။ ကျုပ်ကတော. နန်းမူနန်းသွေး အပြည်.ရှိတဲ. ရွှေကျုံးတော် နဲ. ရွှေနန်းမြို.ရိုး ရဲ. အလှကို ထိုင်ကြည်.ရင်း သောက်လို. ရတဲ. ကျုံးဘေးက ဘီယာဆိုင်မှာပဲ နေ.စဉ်တဝ သောက်တော်မူမယ်ဗျား—

  • ကိုခင်ခ

    September 17, 2012 at 6:37 am

    ဘီယာသောက်ရမယ်ဟုတ်လား၊ တစ်ယောက်ထဲတော့ မသောက်ဘူးဗျ။
    အတူသောက်ရမယ့် သူငယ်ချင်းဖော်မရှိရင် မဒမ်ခနဲ့နှစ်ယောက် သွားသောက်တာဘဲ။

  • Black Cloud

    September 17, 2012 at 10:51 am

    တခုသော နိုင်ငံတကာ လူမှူအဖွဲ ့အစည်း တခုဆို ရေရှားပါးမှူအရပ်မှာ အလုပ်လုပ်တော့….
    ငှာနချုပ်က သူတို ့ဝန်ထမ်းတွေကို ရေသာ ထောက်ပံ့ ပေးရမယ့်အစား….
    ဘီယာနဲ ့ တွဲဖက်ပီး ဘီယာ ကိုသာ အများစု အနေဖြင့် ပိုမို ထောက်ပံ့ ပါတယ်…..
    ဘာဖြစ်လို ့လဲဆိုတော့ ဘီယာက ပိုပီး အကျိုးဖြစ်ထွန်းတဲ့အပြင်….
    ကုန်ကျစရိတ်လည်း သက်သာလို ့ဆိုပဲ…….

  • Shwe Tike Soe

    September 17, 2012 at 11:30 am

    ကျွန်တော်ကတော့ သောက်ချင်လို.တော့ မဟုတ်ဘူး ကို Best ကြီးပြောလို. အောင့်အီးသောက်ရတော့မှပေါ့ ဟင်းးးးးးးးးးးးးးးးးးးးးးး အဟီးးးးးးးးးးးး 😀

  • kai

    September 17, 2012 at 2:40 pm

    ဆိုတော့…
    ကျုပ်ကမြှောက်ပေးတယ်ဖြစ်ဦးမယ်..
    သောက်စရာရှိတာသောက်ပါ..
    ဒါပေမဲ့.. ဘီယာကလည်း မူးယစ်စေပြီး..သတိလက်လွတ်ဖြစ်စေတတ်တဲ့..အရာတခုပါပဲ..
    အထဲမှာ.. အယ်လ်ကိုဟော..ရာခိုင်နှုန်းတခု.. ပါပါတယ်..
    အရက်ပေါ့…

    အရက်ကိုသောက်ရင်.. ကိုယ်တိုင်သတိလက်လွတ်.. မူးယစ်ဘေးဖြစ်စေတဲ့အထိ..မသောက်ဖို့ပါ..
    ဆေးဖြစ်.. မိတ်ဖြစ်.. အရသာရှိရှိ.. ခံစားကြစေလိုကြောင်း…
    ရပ်သင့်တဲ့အချိန်ရယ်လို့..သတ်မှတ်ထား..
    ရပ်သင့်ချိန်..ရပ်ရမယ်..ရပ်နိုင်မှ.. သောက်သင့်ကြောင်း… :mrgreen:

  • myanmarcitizen

    September 17, 2012 at 4:38 pm

    ဟုတ်ပါ့ ဟုတ်ပါ့ ကျမ်းမာရေးကောင်းဖို့အတွက် … အော် ကျမ်းမာရေးကောင်းဖို့အတွက် … မနေ့ကလဲ တစ်လုံးသောက်တယ်။ ဒီနေ့တော့ နှစ်လုံးလောက် ဝင်ဝယ်သွားအုန်းမှပဲ။ ဒါမျိုးက ရက်ခြားပြီးသောက်လို့ မကောင်းလောက်ဘူးထင်တယ်

  • R Ga

    September 17, 2012 at 4:40 pm

    ဝေးးးးးးးးးး အကြိုက်ဆုံးဘဲ….။ အိမ်က မိန်းမကို ပေးဖတ်ရမယ်။ ဘာလဲ ဘီယာကို အရက်နဲက တမ်းထဲထားပြီး..။ အရက်သမားလို့ပြောပြောနေတာမခံချင်လွန်းလို့…။

    ကျေးဇူးဘဲ..ဟိဟိ…ပြောရမယ်ဆိုရင် ဒီကနေ့အပျော်ဆုံးဘဲ…။ ဟိဟိ..။ သောက်ရချည်သေးရဲ့ မောင်အာဂရယ်…။ ဟိဟိ..။

  • the best

    September 17, 2012 at 10:31 pm

    ဘီယာ ဝိုင်းထဲမှာ အားလုံးစုံစုံညီညီ တွေ ့ရတာ
    အရမ်းဝမ်းသာတယ်ဗျာ။

    CHEER!
    ကမ်းပေး ! (တရုတ်လို)

Leave a Reply