ပျောက်ကွယ်နေသော ကြက် ဥအတု ရန်ကုန်တွင် တစ်စခန်းထပြန်
ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည်ယခုနှစ်တွင် ဈေးကွက်အတွင်းသို့
တစ်ကျော့ပြန်ဝင်ရောက်လာပြီဖြစ်ကြောင်း ကိုယ်တွေ့ကြုံသူများ က ပြောသည်။
ကြက်ဥအစစ်နှင့်ယှဉ်လျှင် ကြက်ဥအရောင်ဖျော့ကာ အရွယ်အစားလည်း ပိုကြီးကြောင်း၊
အလေးချိန်မှာ လည်း သာမန်ကြက်ဥထက် အနည်းငယ်ပေါ့နေပြီး
လှုပ်ကြည့်သည့်အခါ အရည်သံများကြားနေရ ကြောင်း၊
ကြက်ဥကိုဖောက်လိုက်သည့် အခါတွင်လည်း အနှစ်ကများပြီး
အကာနည်းကာ ညှီစို့စို့အနံ့ အသက်များ ထွက်ပေါ်နေတတ် ကြောင်း
ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်အရ သိရသည်။
”ကြက်ဥက ပုံမှန်ထက် နည်းနည်းကြီးတဲ့အပြင် အခုကြက်ဥဈေးတွေတက်ပြီး
တစ်လုံးကို ၁၄ဝ လောက် ဖြစ်နေတဲ့အချိန်မှာ တစ်လုံး ၁ဝဝ နဲ့ရတယ်ဆိုတော့တန်တယ်ဆိုပြီး
၁၅ လုံးတောင် ဝယ်လိုက်တာ။ အ ဆောင်ရောက်တော့သူငယ်ချင်းတွေနဲ့စားဖို့အတွက်
ပြုတ်မလို့လုပ်တဲ့အချိန်မှာမှ ကြက်ဥက ပေါ့နေတာ ကို သတိထားမိတာ။
ခလောက်ကြည့်တော့လည်း ရေသံလိုကြားရတယ်။
ဒါနဲ့မသင်္ကာလို့ တစ်လုံးခွဲကြည့် လိုက်တော့ ကြက်ဥက အနှစ်နဲ့အကာနဲ့တွဲမနေဘူး။
အထဲမှာ အဝါရောင်အနှစ်တွေ ချည်းပဲ။ အကာ အကြည်လေးတွေ မပါဘူး။
ပျက်တဲ့ကြက်ဥတွေလည်း ဒီလိုဖြစ်တတ်တယ်ဆိုပြီး ၈ လုံးလောက် ပြုတ် လိုက်တာ
၁ဝမိနစ်လောက် ကြာတဲ့အခါ ညှီစို့စို့အနံ့ထွက်လာလို့ အိုးကိုဖွင့်ကြည့်လိုက်တော့
ကြက်ဥတွေအကုန်လုံးကွဲနေပြီး အကုန်လုံး ဖြူဖြူအနှစ်တွေဖြစ်သွားတယ်။
နောက်အလုံးတွေ အကုန်လုံး အဲဒီလိုတွေချည်းပဲ။ ပုပ်စော်နံတာလည်း မဟုတ်ဘူး။
ညှီစော်နံတာ စူးစူးဝါးဝါးကိုနံတာ”ဟု လှည်းတန်းဈေးမှ ကြက်ဥအတုများ ဝယ်ယူ မိခဲ့သူတစ်ဦးက ပြောသည်။
ဈေးထဲတွင် ကြက်ဥအတုများ ပေါ်နေသည်ဟု သတင်းစကားများ ပေါ်ထွက်နေသော်လည်း
မိမိအနေဖြင့် မယုံကြည်ခဲ့ကြောင်း၊ အဆိုပါ ကြက်ဥအတုများကို ရောင်း သည့် ဈေးသည်သည်
ကြက်ဥကိုဝယ်ယူသည့်အခါ ခလောက်ကြည့်ပြီး ဝယ်ယူသည်ကို ခွင့်မပြုကြောင်း၊
နောက်တစ်နေ့ ဈေးသွားသည့်အခါတွင်လည်း ကြက်ဥအတု သည်ကို လှည်းတန်းဈေး၏
အခြားတစ်နေရာတွင် ထပ်မံ တွေ့ရှိရကြောင်း ၄င်းက ထပ်လောင်း ပြောသည်။
”ကျွန်တော်ကြုံရတုန်းက ကြက်ဥကိုခွဲလိုက်တော့ အနှစ်က အများကြီး
အကာကနည်းနည်း လေးပဲပါတယ်။
ဒါ ထူးခြားတယ်ဆိုပြီး နောက်တစ်လုံးခွဲကြည့် တော့လည်း အဲဒီအတိုင်းပဲ။
အဲဒီကြက်ဥက အလုံးပိုကြီးတယ်။ အရောင်က နည်းနည်းဖျော့တယ်။
ကျန်းမာရေး ရှုထောင့်ကနေ ဘေးထွက်ဆိုးကျိုး ရှိလား၊ မရှိလားတော့ ကျွန်တော် မသိဘူး။
ကျွန်တော်သိရသလောက်တော့ အဲဒီကြက်ဥတွေ က တရုတ်ဘက်ကလာတာ။
ဒီ ကြက်ဥကို အကင်ဆိုင်တွေ အများဆုံးသုံးကြတယ်။ ကြက်ဥပေါင်း အတွက် အသုံးများတယ်။
ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ ဒါမျိုးတွေကို ဈေး ကွက်မှာ မရောင်းသင့်ဘူး။
တချို့ ကြက်ဥရောင်းနေတဲ့သူတွေ ကိုယ်တိုင် အတုလား၊ အစစ်လားမသိ ကြဘူး။
ဖောက်သည်ပို့တဲ့သူတွေက အများနဲ့ရောပြီးပို့ကြတာဆိုတော့ အလွယ်တကူ မသိနိုင်ဘူးပေါ့”ဟု
မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
၎င်းကပင် ဆက်လက်၍ ”တရုတ်နယ်စပ်မှာ အလုပ်သွားလုပ်နေတဲ့
ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောတာကတော့ ဓာတုဗေဒနည်းနဲ့
စီမံထားတဲ့ ဆေးတစ်မျိုး နဲ့ ကြက်ကိုကျွေးတာတဲ့။
အဲဒီကြက်တွေကို ကြက်ခြံတွေမှာသီးသန့်မွေးထားတာ။
ကြက်တွေကို အဲဒီအစာကျွေးပြီး ၁ဝ ရက်လောက်အတွင်းမှာ ဥ,ဥနိုင်တယ်။
ဥ,ဥတဲ့အခါ မှာလည်း ကြက်မတစ်ကောင်ကို ဥ အလုံး ၂ဝလောက်အထိ ဥနိုင် တယ်”ဟု ပြောသည်။
kokomyanmarpyithar September 11, 2012
ဟိုးတလောကခေတ်စားသေးတယ် တရုတ်ကအင်ထုလိုက်တဲ့ကြက်ဥ အတုဆိုပြီး
အခုဒီမှာပါရောက်နေပါရောလား ။ ကျွန်မအကိုသတင်းလိုက်တုန်းက အတုနဲ့အစစ်ခွဲနည်းတွေဖတ်ဖြစ်သေးပေမယ့်အခုခေါင်းထဲ မရှိတော့ဘူး အခွံချောနေတာပဲ မှတ်မိတယ်။ ဒါနဲ့ သာမန်ကြက်ဥရက်ကြာလျှင် အဆံချောင်တတ်ပြီးအကာနဲ့ အနှစ်ရောတတ်ကာ အညှီနံ့ထွက်တတ်ပါတယ်။ အတုရဲ့မျက်နှာပြင်က လက်သည်းနဲ့ကုတ်လျှင် ဖယောင်းလိတ်လေးတွေကွာလာတယ်ဆိုလားပဲ
Was this answer helpful?
LikeDislikeCP ကနေဘဲ ၀ယ်စားရတော့မယ်ထင်ပ။
Was this answer helpful?
LikeDislikeမနေ့ ကပဲ နွားနို့  ဆူဆူထဲ ကြက်ဥ ခေါက်ထည့်လိုက်တာ ချွဲပစ်ပစ်ဖြစ်နေလို့ သွန်လိုက်ရတယ်။
ဒီနေ့ kokomyanmarpyithar ဆိုက်ထဲမှာ တွေ့ လိုက်လို့  အသစ်မှတ်ပြီးတင်လိုက်တာ။
ဘာပဲဖြစ်ဖြစ် သတိတော့ထား ဝယ်ကြစေချင်တယ်။
စတိုးဆိုင်က ကော်ကြည်ဗူး နဲ့ ရောင်းတာ ဝယ်လာမိတာ။
အခုထိ ကြက်ဥအတုတွေ ရောရောင်းတာ ရှိနေသေးတယ်လို့ ထင်တာပဲ။
Was this answer helpful?
LikeDislikeအဓိက တော့ နယ်စပ် ဂိတ်လို့ဆိုကြပါစို့
ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဗမာ ဗုဒ္ဓဘာသာဝင် ပိုင် ဥစားကြက်ခြံကို အမြဲအားပေးပါ
၁၀၀မှာ ၈၅သည် မဟုတ်တာ မလုပ်သလို
ဗမာ့စီးပွား တိုးတက်ရေးအတွက် ငွေ၁၀ မှသည် ၁၀၀အထိ ပိုတာကို လက်ခံအားပေးပါ ။ မှတ်ချက် တစ်ရက် ၂၅၀၀ လောက်သာရသောသူများကို မဆိုလိုပါ
Was this answer helpful?
LikeDislikeအဓိက တော့ နယ်စပ် ဂိတ်လို့ဆိုကြပါစို့
ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဗမာ ဗုဒ္ဓဘာသာဝင် ပိုင် ဥစားကြက်ခြံကို အမြဲအားပေးပါ
၁၀၀မှာ ၈၅သည် မဟုတ်တာ မလုပ်သလို
ဗမာ့စီးပွား တိုးတက်ရေးအတွက် ငွေ၁၀ မှသည် ၁၀၀အထိ ပိုတာကို လက်ခံအားပေးပါ ။ မှတ်ချက် တစ်ရက် ၂၅၀၀ လောက်သာရသောသူများကို မဆိုလိုပါ
..(..မရ ..နိုင်ဘူး..ငါ့အကို…မရနှိုင်ဘူုး (မဟုတ်ပါဘူး)..မရဘူးလို့တပ်အပ်ပြောနှိုင်ပါတယ်….ဘာလို့လဲဆိုတော့..ငါ့အကို့အသက်..ကျနော့်အသက်…မမှီခင်ကတည်းက..မြန်မာလူမျိုးတွေရဲ့……စိတ်ဓါတ်ကို……..မွန်ပြည်နယ်..ကော့နှပ်ကျေးရွာလေးမှာ…ရှင်သန်ကြီးပြင်းခဲ့တဲ့…..မွန်လူမျိုး..ဦးနာအောက်…သဘောင်္..သင်ခန်းစာမှာ…ဖော်ပြခဲ့တယ်လေဗျာ……ဟိုး..ရှေးရှေး…တုန်းက….(ဝမ့်ဆာ့ပွန်းအတိုင်းမ်)….ငါ့အကိုအဖေ.တစ်ယောက်လုပ်စာ….တစ်မိ့သားစု့လုံးထိုင်စားလို့ရတယ်လေ…အဲ့ဒီခေတ်ရဲ့.ဟိုအရင်ခေတ်ကဆို…ငါ့အကိုရဲ့အဖိုး…ဘာမှ့မလုပ်တာတောင်…ငါ့အကိုရဲ့….အဖေအပါအဝင်…ဦးဦးဒေါ်ဒေါ်..ကြီးတော်..ဘကြီးဘထွေး..ဒွေးလေး…စသည်တို့…ထိုင်စား..နှိုင်တဲ့ခေတ်မှာတောင်….ထမင်းတနပ်သာ….သာတဲ့..သင်္ဘောကို…ပြောင်းစီး…တတ်တဲ့…ကျနော်တို့…မြန်မာလူမျိုး..အကြောင်း..ခု့ခေတ်လို……အမြီးကျက်.အမြီးစား…ခေါင်းကျက်ခေါင်းစား…ခေတ်ကြီးမှာ…..သံပရာပင်လေးတွေပဲ….ရှင်သန်အောင်….လုပ်ပါဗျာ..
Was this answer helpful?
LikeDislikeကြက်ဖင်က ထွက်လာတဲ့ ဥ ကို ကြက်ဥ အတုလို့တော့ ပြောလို့ မရဘူးထင်ပါတယ် ။
အနှစ်နဲ့ အကာ တွဲမနေတာက မလတ် တော့လို့ ထင်ပါသည် ။ တစ်ခါ တစ်ရံဖြစ်တတ် ပါသည် ။
Was this answer helpful?
LikeDislikeအတု့..ရှိ့နေပါတယ်….ကထူးဆန်း….အတု့ဆိုပေ့မယ့် ကြက်ဖင်ကတော့..ထွက်တာ အမှန်ပါပဲ….ဒါပေ့မယ့်..ကြက်ကို.ကက်မီကယ်..နည်းနဲ့.အမြန်.ဥစေတာပါ….တနည်းအားဖြင့်…ဓာတု့ဆေးရည်ကို….လူစီကို..တိုက်ရိုက်..ကျွေးရင်…ဘယ်သူ့မှ့ မစားဘူးလေဗျာ…..အဲ့ဒါကြောင့်..ကြက်ခန္တာကိုယ်ကို….အသုံးချ..ပြီး…ဥအဖြစ်…ပုံပြောင်း ထွက်ပေါ်လာတဲ့….ကက်မီကယ်..ကြက်ဥပေါ့ဗျာ..မအီတုန်ပြောသလို..ကြက်ဥကို လက်သည်းခွံ့နဲ့ခြစ်လို့..ဖယောင်းမထွက်ပါဘူး…ဖယောင်းနဲ့ ကြက်ဥအတု့လုပ်ဖို့…ကြက်ဥ..၁..လုံးစာကုန်ကျမယ့်ဖယောင်းက…အဲ့ဒီကြက်ဥအတု့ထက် ဈေးကြီးနေတယ်…..အရင်က..စီပီ..ကြက်ဥတွေဆိုတာ..လည်း.ကက်မီကယ်ကြက်ဥပါပဲ…ရက်ကြာမှ့..ဥ..တာနဲ့…ခု့ရက်မြန်မြန်..ဥ..စေတာပဲကွာတာပါ…ခု့ကြက်ဥ…အတု့လို့ပြောတဲ့..ြ့ကက်ဥကို…ဥ..ပြီးတဲ့ကြက်မတွေဟာ….၂ ကြိမ်ပဲ..အသုံးချလို့ရပါတယ်..ဘယ်တရုတ်ပြည်..ဘယ်နှိုင်ငံကမှ့….ဝင်လာတာ..မဟုတ်ပါဘူး………..ဒါဖြင့်ဘယ်ကလဲ..မေးရင်………..သတိ့……………ယုန်ကလေး….နာစီး….နေပါသည်…(ကြက်ကိုကျွေးတဲ့..ဆေးကတော့….တရုတ်ပြည်က..ဝင်ပါတယ်)
Was this answer helpful?
LikeDislikeအပြင်ဈေးကွက်မှာ ဝယ်တာထက် နာမည်ကြီး Shopping Mall,Mark,တွေမှာ သွားဝယ်တာပါ။
သပ်သပ်ယပ်ယပ် လှလှပပ တံဆိပ်ရောင်စုံနဲ့  စွဲမက်စရာကောင်းအောင် ထုတ်ပိုးထားပါတယ်။
စားရတဲ့ အ၇သာကတော့ အရင်ကနဲ့ လုံးဝမတူတာတော့ သေချာပါတယ်။
အနှစ်တွေဆို နွားနို့ ထဲမှာ တစ်ခါတစ်လေ အမျှင်ချောင်းတွေဖြစ်နေတယ်။
တစ်ခါတစ်လေ အနှစ်အလုံးလိုက်က စားလိုက်ရင် ဝါးလိုက်ရင် ရော်ဘာ ဝါးရသလိုပဲ။
အဲဒါ ကိုယ်တွေ့ ပါ။ ဘာ အန္တရယ်ရှိသလဲတော့မသိဘူး။
စံမမီတဲ့ကုန်ပစ္စည်း၊ဆေးဝါး၊ စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီးပြောရရင်
အခုဆိုရင် သတင်းစာထဲမှာ စားသုံးရန်မသင့်လို့  ကြေငြာတာတွေ့ တွေ့ နေတယ်။
သက်ဆိုင်ရာတွေက ဘယ်လိုအရေးယူဆောင်ရွက်တယ်ဆိုတာ လုံးဝ လုံးဝ လုံးဝ မရှိဘူး။
အပေးအယူတစ်ခုခုတော့ရှိနေတာကြောင့်ဖြစ်နိုင်တယ်လို့  သံသယဖြစ်မိတယ်။
ခိုးကူးခွေကိစ္စလိုပေါ့။ ခိုးကူးလို့ မရအောင်လုပ်တဲ့ ပညာရှင်တောင်ခေါ်သတိပေးခံရတယ်။
စားသုံးသူကာကွယ်ရေးအသင်းလည်း သူခိုးတွေနဲ့  အပေါင်းအပါတွေကိုခေါ်ပြီး
ပုလိပ်လုပ်ခိုင်းနေရင် အောင်မြင်မှာမဟုတ်ဘူး။
ပြစ်ဒဏ်ပေးရင် ထိထိရောက်ရောက် နောင်လုံးဝမလုပ်ရဲအောင်
တစ်ဆင့်ချင်းမြှင့်ပြီး နောက်ဆုံး နလံမထူနိုင်အောင် လုပ်နိုင်မှ အောင်မြင်မယ်။
ရောင်းတဲ့ဆိုင်တွေပါ အသိပေး၊ပညာပေးရမယ်။
အဆင့်ဆင့် ပညာပေးတာတောင် ဆက်ရောင်းနေရင် အပြစ်ကြီးကြီးပေးသင့်တယ်။
“ဒဏ်ငွေ လောက်နဲ့ ဆိုရင် ၁၀နှစ်စာ ကြိုတင် ဒဏ်ငွေတောင် ဆောင်ပေးလိုက်ပါ့မယ်။”
Was this answer helpful?
LikeDislikeကိုတရုတ်တို့များအတုလုပ်တဲ့နေရာမှာတော့တကယ့်ကို
ဆရာတင်လောက်တယ်။
ကြက်ဥအတုလုပ်ပြီးရင် ဘာဥတွေများအတုလုပ်ဦးမလဲ
မသိဘူး။
Was this answer helpful?
LikeDislikeဥ အကြီး အလုံးနှစ်ဆယ်လောက်ဖင်ကွဲအောင်ဥရတဲ့ ကြက်မကိုပဲသနားတယ်
Was this answer helpful?
LikeDislikeလူတန်းစားမရွေး စားသုံးကြတဲ့ အဓိက စားစရာ ဖြစ်နေလေတော့
ဒုက္ခရောက်ကြပြီပေါ့ …
ကြက်ဥ ဝယ်ရမှာတောင် လန့်စရာ ….။
Was this answer helpful?
LikeDislikeအဓိက ကတော့ ဒီလိုပစ္စည်းတွေ ၀င်တဲ့လမ်းကြောင်း(တယုတ်နဲ့ထိစပ်နေတဲ့နယ်စပ်ဂိတ်)
တွေကို သေချာကြပ်မတ်စစ်ဆေးဖို့လိုနေပြီ…..တကယ်သာထိထိရောက်ရောက်လုပ်စမ်းပါ
ဘယ်သူလုပ်ရဲအုံးမလဲ …
မူဆယ်ဂိတ်ကနေ တစ်နေ့တစ်နေ့ဝင်လာတဲ့ ကုန်တွေကနည်းတာမှမဟုတ်တာ တရားဝင်တာတွေရော
မ၀င်တာတွေရော စုံနေတာပဲ……………
တစ်နေ့ကို ဆိုင်ကယ်စီးရေ ပျှမ်းမျှ 200 လောက်ရှိမယ်ထင်တယ် … ကျယ်ဂေါင်က Kanbo showroom ဆို မနက်ဆိုင်ကယ်တွေအပြည့် ညနေဆိုကုန်ဘီ…………
ဒီတရားမ၀င်လမ်းကြောင်းတွေကို သိနေရက်နဲ့ ဘာလို့အရေးမယူကြတာလဲ ??????????????????
Was this answer helpful?
LikeDislikeQs: How many eggs are consumed each day in the US?
Answer:
US egg consumption is 256 per capita per year. With a population of 310 million people…that is 79,360,000,000 per year or 217,424,000 per day.
Read more: http://wiki.answers.com/Q/How_many_eggs_are_consumed_each_day_in_the_US#ixzz26fahFqoQ
Was this answer helpful?
LikeDislike