ဒီနေ့မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ်တွေနိမ့်ကျနေချိန် ဦးနှောက်ယိုဆီးမှု ပြသနာနဲ့ ပညာရည်နိမ့်ကျမှု ပြသနာတွေကို အဓိက ဆန်းစစ်လိုက်ရင် ငယ်စဉ်ကလေးဘ၀ လူနေမှု အခြေအနေ ဟာအများကြီးသက်ရောက်နေတာကိုတွေ့ရမှာပါ မိဘတွေတော်တော်များများဟာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတော့ သားသမီးတွေကိုဆုံးမချိန်နဲလာသလို ဆင်းရဲမွဲတေမှု ကြပ်တည်းမှုရဲ့ဒါဏ်ကြောင့် သားသမီးတွေကို ကောင်းမွန်တဲ့လမ်းကို ညွှန်ပြဘို့ မလွယ်တော့သလို ကလေးသူငယ်တွေအတွက် အိပ်ရာဝင်ပုံပြင် ( ၅၅၀ နိပါတ်လိုမျိုး/ ကလေးငယ်များ အတုယူစရာပုံပြင်များ) နဲ့ချော့သိပ်တဲ့ခေတ်ကုန်သွားသလို ကလေးတွေကို မကောင်းမှုတွေမလုပ်ဖို့ တားမြစ်တဲ့ ဆိုဆုံးမသံတွေလျှော့ကျလာတာနဲ့အမျှ လူ့ပါတ်ဝန်းကျင်မှာ မကြားဝန့်မနာသာရိုင်းပြမှုတွေ မမြင်ရက်စရာကလေးမှုခင်းတွေ ထိမ်းမနိုင်သိမ်းမရ ဆိုးသွမ်းမှုတွေ အုပ်စုဖွဲ့မကောင်းမှုပြုလုပ်တာတွေ ဒီနေ့တော်တော်များများတွေ့ရမှာပါ။
လေးတန်း၊ငါးတန်းအရွယ်တွေရည်းစားထားတာကို ဂုဏ်ယူစွာပြောဆိုနေတဲ့ မိဘတွေကို ကျွန်တော်အံ့အားသင့်စွာတွေ့ရသလို တစ်ချို့ကလေးတွေဟာ ကလေးနဲ့မလိုက်တဲ့ အပြုအမူ အပြောအဆိုတွေကြား အရွယ်မရောက်ခင် အိမ်ထောင်ပြုကြတာကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ မိဘတွေ တော်တော်များများကို ကျွန်တော်တွေ့ခဲ့ရတယ်။
အင်တာနက်ရယ်လို့ နေရာအနှံ့ ချက်တင်ထိုင်ခြင်းတွေဟာ လူကြီးတွေအတွက်တင်မကဘဲ နို့နံ့မစင်သေးတဲ့အရွယ်တွေက ချက်တင်ထိုင်ကြတယ်ဆိုတော့ သူတို့ဘာအတွက် ဘာကြောင့်ဆိုတာမပြောနိုင်ပေမဲ့ အန္တရာယ်ကြီးလွန်းလှပါတယ်။ အင်တာနက်ကို ပညာရေးအတွက် ဗဟုသုတအတွက်၊ နည်းပညာအတွက်တော့ ငယ်ရွယ်တဲ့အရွယ်တွေ အသုံးပြုတာရှားပါတယ၊် နည်းပညာကိုအသုံးပြုပြီး အမဲလိုက်နေတဲ့ မုဆိုးတွေရဲ့ကြားမှာ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ ပိုးကိုက်သစ်သီးလေးတွေ မဖြစ်စေဘို့ မောင်းတီးသတိပေးလိုက်ရပါတယ်။

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..