နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်တွင်ရပ်နေသော(အပိုင်း11)

ဂီတလောက ကိုဝင်လာကြတယ်ဆိုရင် ကိုယ်သုံးမယ့်နာမယ်ကို လှအောင်ဆန်းအောင် ခေါ်ကောင်းအောင် ပေးလေ့ရှိကြပါတယ်။
လူစိတ်ဝင်စားအောင်ဖြစ်စေ ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ဆရာတော်ပေးတဲ့နာမယ်ဒါမှမဟုတ်ရင်လဲ နာမယ်ကြီးဗေဒင်ဆရာပေးတဲ့နာမယ်
တွေကိုသုံးတတ်ကြပါတယ်။
ဒီအထဲကနေ ရိုးရိုးလေး နဲ့ဖောက်ထွက်လာတဲ့သူကတော့ (ဖိုးချို)ပါ။
ပိုင်စိုးမူ့ဧကရီတမ်းချင်း ဆိုတဲ့သီချင်းခွေလေးထဲက
(ဆူးများတဲ့ပန်း။အဆောင်သူရဲ။အလွမ်းညဟေမာန်။ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ။)စတာတွေနဲ့လူငယ်တွေကြား၊
အထူးသဖြင့်တက္ကသိုလ်ကျောင်းသားတွေကြားမှာ အရမ်းကိုခေတ်စားလို့သွားပါတယ်။
နောက်သူပြန်လည်ဖော်ထုတ်သီဆိုလိုက်တဲ့အတွက် ဆလိုင်းသွှအောင်တို့ ဂျွန်သင်ဇမ်းတို့ရဲ့
(မြိုင်နန်းစံပန်းတစ်ပွင့် (အရင်က ဂျေမောင်မောင်ဆိုဘူးတယ် လူသိပ်မသိခင်ကပေါ့)၊
ဝေးလွင့်ခြင်းနောက်ဆုံးခြေရာ)တွေက ပိုအောင်မြင်သွားပါတယ်။
သူကလဲသူ့ထွက်တဲ့ဆီးရီးစ်တိုင်းမှာ သူတို့သီချင်းတွေပါအောင်ထည့်ဆိုတတ်ပါတယ်။
(ညိုှ့မျက်ဝန်း။ပြန်လည်တမ်းတခြင်း၊ကဗျာမျက်နှာ။ပြန်မြင်စေချင်တယ်။ချစ်သူကို။ချစ်သူ့ရင်ခွင်)တွေကတော့
ပြောစရာမလိုအောင်ကောင်းတဲ့သီချင်း။
သူ့ထဲမှာ ထူးခြားတဲ့သီချင်းကတော့ (တပင်ထဲရင်ထဲကနွယ်)ပါ။
လူမောင်(ဆေး-1)ရေးတဲ့သီချင်းပါ။
ဖိုးချိုကတော့ငယ်ငယ်ရွယ်ရွယ်နဲ့သူချစ်သော သူ့ကိုချစ်ကြသောဂီတလောက ကိုစွန့်ခွာသွားပါပြီ။
သူမသေခင်မှာ သူ့သီချင်းတွေကို ပြန်လည်ဆန်းသစ်ရာမှာ အသံလေးမမှီတမှီနဲ့ကြိုးစားဆိုသွားတာကို
နားထောင်ရတဲ့ ဖိုးချိုပရိတ်သတ်တိုင်းလွမ်းကျန်ရင်အောင်ချန်ထားခဲ့သလိုပါဘဲနော်။
မြန်မာ့ဂီတလောက အကြောင်းပြောမယ်ဆိုရင် ချန်ထားလို့မရနို်င်သူတစ်ယောက်ကလဲ
ဖိုးချိုလို လောကကိုစွန့်ခွာသွားခဲ့ပါပြီ သူကတော့ နာမယ်အဆန်းဆုံး
ငှက်လို့ချစ်စနိုးခေါ်ကြတဲ့ (ထူးအိမ်သင်)ပါ။
သူ့ဘဝမှာ အကောင်းဆုံးလို့ဆိုရတဲ့ သီချင်းနှစ်ပုဒ်ကတော့
(မဟာဝီရ အိုဗုဒ္ဓ နဲ့ ရာဇဝင်များရဲ့သတို့သမီးပါ)။
(လရောင်ထဲကိုလမ်းလျှောက်ချင်တယ် ဘယ်ကိုရောက်နေလဲမစဉ်းစားဘူးကွယ်) ဆိုတဲ့ (ဆွေးတယ်)
(သူငယ်ချင်းလေး ချစ်တယ် ဘယ်လိုပြောရမလဲ ကိုယ်ဒီလိုစိုးထိတ်မိပါတယ်)ဆိုတဲ့ သီချင်း။
(ဝေးသွားတဲ့အခါ၊ရင်ခုန်ရင်အချစ်။ကာရံမညီသော)စတဲ့စုံတွဲသီချင်းတွေ။
(နာရီသံတွေဆူညံလို့သွားပြီ…………………………..ဆိုတဲ့ နာရီပေါ်ကမျက်ရည်စက်များ)
(ဂျဒ်ဆင်ထိပ်ကလရိပ်လိပ်ပြာရယ်………………..သူဘယ်ရောက်နေ…………ဆိုတဲ့သီချင်း)
(ခေါင်းလောင်းကလေးတွေမြည်နေပြီ ငှက်ကလေးတွေလဲတေးဆိုပြီ နာရီစင်က သုံးချက်တီးသံမြည်ဆိုတဲ့သီချင်း……..
နဲ့အလိုက်ကလေး ခပ်ဆင် တနေ့နေ့တော့ချစ်လာလိမ့်မည်……….ဆိုတဲ့သီချင်းတွေ)
(အိမြ်ပန်ချင်တယ်ဟူး…………………..ဆိုတဲ့အမေ့အိမ်နောက် အမေ့ကျနော်ကိုစိတ်မပျက်ဘူးလာ ကျနော်ဟာကမ္ဘာမြေကြီးရဲ့လို့ဆိုပြီး ချွဲလိုက်တဲ့
အမေ့ရဲ့ဒုက္ခအိုးလေး)ကတော့အမေချစ်တဲ့သားရဲ့တမ်းချင်းတွေအပြင် အမေသီချင်းတွေတစ်ခွေစာတောင်ဆိုလိုက်ပါသေးတယ်။
(ချစ်တိုင်းလဲမညား။နှလုံးသားရဲ့ကျမ်းစာ။။ညပုံပြင်။သက်ငြိမ်။ကလေးရေ။မျှော်လင့်ချက်သာမထားခဲ့ရင်)
တွေကတော့ကိုယ်ပိုင်သီချင်းတွေဖြစ်တဲ့အပြင်
ကော်ပီတေး ဝင်းမင်းထွေးရေးတာပေါ့ သူဆိုထားတဲ့အထဲက(ရွှေ။ဗင့်ဆင့်ဗင်ဂိုးတမ်းချင်း၊ထာဝစဉ်။)ကတော့လူကြိုက်များသောအကောင်းစားသီချင်းတွေပါ။
အလွမ်းရဲ့မီးလျှံများကလဲ မေ့မရနိုင်တဲ့သီချင်းတွေပါ။
ထူးအိမ်သင်ဟာ အရေးပိုင်သလို တူရိယာပစ္စည်းများကိုလဲ ကျွမ်းကျင် အဆိုကလဲအတော်လေးကိုရှာမှရှားလို့ဆိုရအောင်ပိုင်နိုင်ပါတယ်။
ဒါပေမဲ့သူ့သီချင်းတွေရဲ့အဆုံးသတ်မှာ ခပ်တုန်တုန် ခပ်ဝဲဝဲလေး လုပ်ဆိုတာကိုတော့ နိုင်ငံခြား တီးဝို်င်း တစ်ခုဖြစ်တဲ့(ဘီးဂျီးစ်)တွေရဲ့
အငွေ့အသက်မကင်းဘူးလို့ဆိုနိုင်ပါတယ်။
သူကလဲ ရှောင်လေဝေးဝေးကို မကင်းနိုင်လို့ လူ့လောကထဲက အချိန်မတိုင်ခင်စွန့်ခွာသွားရသူ
လွမ်းလောက်စရာလူတစ်ယောက်ပါဘဲ။
ကိုယ်ပိုင်သံစဉ်လိုင်းများထဲမှာသူတို့လိုအငြိမ်သီချင်းတွေ အေးအေးလေးတွေ စာသားလှလှလေးတွေနဲ့တေးဖွဲ့တတ်သူတွေကတော့တစ်လိုင်းသီးသန့်ပေါ့။
ဒီလိုသီချင်းအေးအေးလေးတွေနဲ့အောင်မြင်ခဲ့တဲ့သီချင်းလေးတွေကတော့
(စံလင်း………….ကဗျာမပီစာမပီ)
(စိုးစိုး……………..မင်းညဖြစ်ပါစေ)
(အောင်နိုင်……….. ပန်းခရမ်းပြာ အဆောင်သူအလွမ်းပြေ)
(သျိုင်းအောင်……….ဘဝလမ်းအစခရီး)
(စီယံ………..စီးနဲ့ဝါး)
(ရာပြည့်………..သတိမမူ ဂူမမြင်)
စတဲ့သူတွေကတော့ ကိုယ်ပို်င်သံစဉ်နှစ်သက်သူတွေကြားမှာ ရေးပန်းစားခဲ့ပါတယ်။
နောက်တယောက်ကတော့ ထူးအိမ်သင်လို ဖိုးချိုလို လောကကိုစွန့်ခွာသွားပြီဖြစ်တဲ့ (စိုးလွင်လွင်)ပါ။
လူငယ်ထုကြားမှာ ဝုန်းကနဲခေတ်စားလာတဲ့ (ချစ်လူမိုက်။ခေါင်းငုံချစ်နေမယ်။လာမယ်ဆိုကြိုနေမှာလား)
(ရွှေအိ်မ်စည်၊အနံကြီးကွင်းကျယ်။မောင့်မျက်ရည်ဝိုင်း၊)တွေကတော့မေ့မရနိုင်တဲ့သီချင်းတွေပါ။
ဂန္ထဝင်ဆည်းဆာဆိုတဲ့ ဆံနွယ်လေးတွေနဲ့လေပြေကိုဖွဲ့ဆိုတဲ့သီချင်းကတော့ နောက်ဆိုသူ R ဇာနည်ကိုပါ ဂုဏ်တင့်စေတဲ့သီချင်းပေါ့။
ထူးခြားတယ်ဆိုရမှာက မြန်မာသံစဉ်အေးအေးလေးနဲ့ဆင်တူတဲ့ (ချစ်ပြုံးစီချယ်)ပါ။
ပိုထူးခြားတာကတော့ သင်္ကြန်သီချင်းခွေကို ပေါက်ထွက်သွားအောင်ဆိုထားခဲ့သလို
((ရှာပုံတော်မင်းသားကြီး)ဆိုတဲ့ အဲဒီဆီးရီးခေါင်းစဉ်သီချင်းကတော့ သင်္ကြန်သီချင်းတွေထဲမှာ
သင်္ကြန်မိုးလို တင်ကျန်ရစ်တဲ့သီချင်းဆိုရင်လဲ မမှားပါဘူးနော်။
ဆက်ပြောရမယ်ဆိုရင် သူတို့လိုကိုယ်ပိုင်သံစဉ်သမားလောကကိုစွန့်ခွားသွားသူတစ်ယောက်ကတော့
(ချောစုခင်ရဲ့ခင်ပွန်းဟောင်း) (ဒိုးလုံး)ပါ။
ဘုုန်းကြီးပါစေ အသက်ရှည်စေလို့ ဆုတောင်းပေးမယ့်ကိုယ်တောင်းတဲ့ဆုမပြည့်ခဲ့သူလို့ဘဲပြောရမယ်ထင်ပါတယ်။
သူကတော့ ဒီဘက်ခေတ် 2000ခုနှစ်မှာပေါ်လာသူပါ။
(ချစ်ဦးမေ၊ အရိုးထိအောင်ရူး။ အကြင်နာနည်းလွန်းသူ၊မလုပ်နဲ့။)စတဲ့သီချင်းအပါအဝင်
တစ်ခွေလုံးကောင်းပါတယ်လို့ပြောရလောက်အောင် ဆိုထားခဲ့သူပါ။
သူ့ဆိုပုံ ဆိုပေါက် အသံအဆွဲအငှင်က ဘယ်သူနဲ့မှမတူအောင်ကောင်းသော အသံအနေအထားကိုပိုင်ဆိုင်သူဆိုရင်မလွန်ပါဘူး။
နောက်တစ်ယောက်ကလဲ မြန်မာတစ်ပြည်လုံးကို တစ်ခွေထဲနဲ့ လွှမ်းပြီးလွမ်းအောင်လုပ်ထားခဲ့တဲ့ (ဗဒင်)ပါ။
သူ့သီချင်းတင်မကဘဲ သူဝတ်တဲ့ အကျီအကွက်လက်တို အဆင်လေးကိုတောင် (ဗဒင်ကွက်)ဆိုပြီးရောင်းမလောက်အောင် အောင်မြင်ဘူးသူပါ။
(ဘုရားကျောင်းလဲ မင်းက မတက်တာအတော်ကြာပြီ……………………………)
(လိုက်လို့မရှာလဲ တွေ့တွေ့နေတယ်………………….ပျိုပျိုမေရေ)
(ပြက္ခဒိန်စာရွက်များ တရွက်စီလှန်ပေမဲ့ မင်းအတွက် တစ်နေရာ ရင်မှာလေ ကိုသိမ်းထားတယ်…………………………)
(ဒီအတိုင်းဘဲ ဆင်းလာခဲ့………………………………………)
ဆိုတဲ့သီချင်းအပါအဝင် တစ်ခွေလုံးကောင်းတဲ့ အနှစ်တွေကို ချန်ထားခဲ့သူပါ။
အသံအရမ်းမကောင်းပေမဲ့ သီချင်းကောင်းတွေကြောင့်လွမ်းနေရသေးသူပါ။
အစကတော့ သူတို့အောင်မြင်ခဲ့တဲ့နှစ်အလိုက် သူတို့အကြောင်းရေးမယ်လို့စဉ်းစားထားပေမဲ့ ရေးနေရင်းက
တော်လဲတော် အောင်လဲအောင်မြင်ပေမဲ့ ဘုန်းကြီးလို့သက်မရှည်သော လူငယ်ဘဝနဲ့တွင် ကုန်ဆုံးခဲ့ရတဲ့
ကံတရားခြင်း အတော်လေးလဲ တူတယ်ဆိုနို်င်တဲ့ (ဖိုးချို။ ထူးအိမ်သင်။ စိုးလွင်လွင်။ဗဒင်။ဒိုးလုံး)တို့
အကြောင်းကို နှမျောတသစွာ ယူကြုံးမရစွာ သတိရလွမ်းဆွတ်စွာနဲ့ ရေးလိုက်ရပါတယ်။
တကယ်လို့များသူတို့သာ ရှိနေသေးရင် သိပ်ကောင်းတဲ့ သီချင်းတွေကို နားဆင်နေရအုံးမှာလို့လဲ တွေးမိပါတယ်။
သူတို့အခုလိုဘာကြောင့်စောစီးစွာ အချိန်မတိုင်ခင် လူ့လောက ကထွက်ခွါရတယ်ဆိုတာကို
အမှန်အတိုင်းပကတိအတိုင်း လေ့လာလို့ နောင်လာမယ့်မျိုးဆက်သစ်များ က ရှောင်နိုင်ကြမယ်ဆိုရင်………………………………………

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
..

2 comments

  • ghost

    July 9, 2010 at 6:09 pm

    ကိုပေါက် မန္တလေး ဆိုတာ ဂီတာသင်တန်းပေးတဲ ကိုပေါက်လား?

  • kopauk mandalay

    July 10, 2010 at 2:02 am

    မဟုတ်ရပါဘူးဗျာ။
    လို့ရဲလေးစတိုင်နဲ့ဖြေလိုက်ပါမယ်။
    2009 နိုင်ဝင်ဘာလကစလို့ မြန်မာသူငယ်ချင်းများတို့။ထာဝရသူငယ်ချင်းများတို့မှစလို့
    ဆောင်းပါလေးတွေ ကဗျာလေးတွေရေးခဲ့ပါတယ်။
    ကိုပေါက် မန်းတလေး (သို့မဟုတ်)kopauk mandalay
    နာမယ်နဲ့ပါ။
    အခု လှပတဲ့ရူ့ ခင်းဓါတ်ပုံလေးတွေကိုလည်းတင်ပါတယ်။
    ဝါသနာပါတာရယ် သီချင်းနဲ့ပါတ်သက်တဲ့လုပ်ငန်းမှာ 11နှစ်တိတိ ဝန်ထမ်းအဖြစ်လုပ်ဘူးလို့
    မိတ်ဆွေတို့ ဒီလောက်ပြန်ပြောပြနိုင်တာပါ။
    ကိုယ်ပိုင်ဒိုမိန်းလေးကတော့
    http://kopaukmdy.myanmarsarpay.info/
    ဖြစ်ပါတယ်။
    ကျွန်တော်ရေးသမျှကိုအကုန်ဖတ်ချင်တယ်ဆိုရင်
    http://www.poemscorner.com မှာဝင်ဖတ်လို့ရပါတယ်။
    ကျနော်က အနုပညာလောကသားမဟုတ်ပါဘူး။
    မန်းလေးမှာနေပြီး အရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေပါတယ်။
    ပုဂ္ဂလိက ဝန်ထမ်းတစ်ယောက်ပါခင်ဗျာ။
    သည်နာမယ်ကတော့ကျနော်ငယ်နာမယ်ကို အမြတ်တနို်းသုံးထားတာပါ။
    ခင်သော ကိုပေါက် မန်းတလေး

Leave a Reply