ခွေးသရမ်းတွေလွတ်နေပြီ

ghostJuly 9, 20101min1175

လယ်တီ ကျောင်းတိုက် ကို မီးရှို ့ရန် ကြံစည်မှုကြောင့် နိုင်ငံတဝှမ်းရှိ သံဃာတော်များမှာ၎င်း တို ့၏ ကျောင်းတိုက်များ လုံခြုံရေး အတွက် စိုးရိမ်နေကြသည်။ဓာတ်ပုံ – Time Magazine

အောင်မြင်(မုံရွာ)ဂျူလိုင် ၂ရက်နေ့ညပိုင်းတွင် မုံရွာမြို့ကျက်သရေဆောင် လယ်တီကျောင်းတိုက်နှင့်
စိတ္တသုခကျောင်းကို မိရှို့ရန်ကြံသူ (၅ )ဦးအား လယ်တီကျောင်းတိုက်မှ သံဃာတော်များမှ ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးမိစဉ်သံဃာတော်များက စစ်ဆေးမေးမြန်းရာ လူကြီးတွေရှို့ခိုင်းလို့ရှို့ရတာပါဟုပြောကြောင်းသိရသည်။
သက်ဆိုင်ရာအာဏာပိုင်တို ့က မီးရှို ့ရန်ကြံစည် သူများ ကို လာရောက်ခေါ်ဆောင်သွားပြီး မှုခင်းအရအရေးယူခြင်း
မရှိကြောင်းသိရသည်။
လယ်တီကျောင်းတိုက်သည် သံဃာထောင်ကျော် စာသင်ကြားနေသော စာသင်တိုက်ကြီးတဦးဖြစ်သည်။ လယ်တီဆရာတော်ကြီးရေးသားပြုစုတော်မူပြီး လယ်တီဒီပနီပေါင်းချုပ်ကို ပါဠိဘာသာနှင့်မြန်မာဘာသာ( ၂ )မျိုးဖြင့် ရေးထိုးထားသောလယ်တီကျောက်စာတိုက်မှာ ထင်ရှားကျော်ကြားလှသည်။
လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် တို့မီးရှို့ရန်ကြံစည်သူ ( ၅ )ဦးမှာ ဇွန်လ ( ၃ ) ရက်နေ့ကလောင်ကျွမ်းခဲ့သော မုံရွာမြို့၏ အထင်ကရချင်းတွင်းရတနာဈေးကိုမီးရှို့သူများဖြစ်ကြောင်း လယ်တီရပ်ကွက်နေ တက္ကသိုလ်ကျောင်းသားတဦးမှ Freedom News Group သို့ပြောပြသည်။လယ်တီကျောင်းတိုက် သို့ ဆက်သွယ်မေးမြန်းသော်လည်း အာဏာပိုင်တို့မှခြိမ်းခြောက်ထား
မှုတို့ကြောင့် တိုက်အုပ်ဆရာတော်မှ ဖြေဆိုရန်ငြင်းဆန်ခဲ့ကြောင်းသိရသည်။
သမိုင်းဝင် လယ်တီ ကျောင်းတိုက် ကို မီးရှို ့ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် မန္တလေးမြို ့နယ်
အတွင်း နှင့် စစ်ကိုင်းရှိ သံဃာတော်များ မငြိမ်သက် ဖြစ်နေ သည် ဟု Freedom News Group မှ စုံစမ်း
သိရှိရသည်။
လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် နှင့် အခြားကျောင်း တိုက်များ မှာ ၂၀၀ရ ခုနှစ်က
ကျော်ကြားလှသည့် ရွှေဝါရောင် သံဃာ့ တော်လှန်ရေး တွင် ပါဝင်ခဲ့သည်။
ယနေ ့မနက် ထပ်မံကြားသိရသည့် သတင်းများ အရ လယ်တီ ကျောင်းတိုက် အနီးတွင် လုံခြံရေး တပ်ဖွဲ ့
နှင့် ရဲကားများ ချထား သည် ဟု သိရသည်။

5 comments

  • ghost

    July 9, 2010 at 3:42 pm

    ်http://freedomnewsgroup.com/2010/07/08/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%81%80%E1%80%84%E1%80%B9%E1%80%9C%E1%80%9A%E1%80%B9%E1%80%90%E1%80%AE%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/ ကသတင်းပါ

  • sususan

    July 9, 2010 at 4:58 pm

    အော်..ဖြစ်ရလေ…အကြောင်းသိရတာပေါ့
    ပြီးရင်..ဘယ်သူ့လွှဲချမလဲမသိဘူးနော်…

  • etone

    July 10, 2010 at 2:19 am

    မိုက်ရိုင်းလိုက်တာကွာ အကြံကိုက ယုတ်မာတယ် နောင်ဘဝငရဲရောက်မဲ့ကောင်တွေ ။

  • chitlay

    July 10, 2010 at 2:45 am

    နောင်ဘဝမပြောနဲ့ ခုဘဝမှာတောင် သူတို့ခံရတော့မယ် ။ စောင့်ကြည့်နေ….

  • cobra

    July 10, 2010 at 10:39 am

    သူတို့လုပ်နေတာတွေကဘာတွေလည်း..။ကျွန်တော်တို့နိုင်ငံခေါင်းဆောင်ကြီးကစောက်ရူးကြီးဘဲဗျ…။လုပ်ချင်တိုင်းလုပ်နေတယ်.။ဦးနျောက်ကောရှိသေးရဲ့လားဗျာ။

Leave a Reply