အရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ လူတစ်ဦးသေဆုံး

the bestSeptember 16, 20121min12812

အရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍ လူတစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ-၁၆

ကမာရွတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဟံသာရိပ်မွန်အိမ်ရာ၊ စံပယ်မာဃလမ်းရှိ

ခြောက်ထပ်တိုက်၊ ခြောက်လွှာနောက်ဖေးအရေးပေါ်လှေကား ဂဟေဆက်ပြုတ်၍

ယနေ(့စက်တင်ဘာ ၁၆ရက်)ညနေသုံးနာရီခွဲခန့်က

အသက်လေးဆယ်အရွယ်အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးခင်မောင်ညွှန့်နှင့် ရင်းနှီးသူ ကြည့်မြင်တိုင်မြို့နယ်၊

အမှတ်(၁)အထပ်သားစက်ရုံ၊ လွှသွေးစက်ပြင်ဝန်ထမ်း ဦးသန်းဝင်းသည်

နောက်ဖေးရေပိုက်အားပြုပြင်ပေးနေရာမှ အရေးပေါ်လှေကားကိုတက်နင်းမိစဉ်

လှေကားဂဟေဆက်ပြုတ်ထွက်၍ အောက်သို့ပြုတ်ကျသေဆုံးသွားကြောင်းသိရသည်။

““ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ့တယ်။ အောက်ရောက်တော့

မသေခင်စကားတစ်ခွန်းနှစ်ခွန်းပြောသွားသေးတယ်။

တခြားခြေလက်ကျိုးတာတော့မတွေ့ရဘူး။

အလောင်းကို ရန်ကုန်ဆေးရုံကြီးသယ်သွားပါပြီ””ဟု

သေဆုံးသူ ဦးသန်းဝင်းနှင့် ရင်းနှီးသော အထပ်သားစက်ရုံဝန်ထမ်းတစ်ဦးကပြောသည်။


http://www.facebook.com/7daynews/posts/416274768434163

 

12 comments

  • the best

    September 16, 2012 at 9:46 pm

    မကြာသေးခင်ကပဲ အလုံမြို ့နယ် အရေးပေါ်လှေကားကြောင့်
    အမျိုးသမီးငယ်တစ်ယောက် သေဆုံးခဲ့ပြီးပြီ။

    သက်ဆိုင်ရာက ဒီအရေးပေါ်လှေကားနဲ ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ဖို ့
    ဘာမှသတင်းမှမထုတ်ပဲ မသိသလိုနေခဲ့တယ်။ အခုထပ်ဖြစ်ပြန်ပြီ။

    ဒီအတွက်ကြောင့် မသိသလိုနေခဲ့တဲ့ သက်ဆိုင်ရာကို အပြစ်ပေးရတော့မယ်။
    ဘယ်လိုအရေးယူမလဲ ဆိုတာ အစိုးရအဖွဲ ့က အမြန်ဆုံးဆောင်ရွက်သင့်ပါပြီ။

    နောက်တစ်ယောက်ထပ်ဖြစ်လာရင်တော့ အစိုးရအဖွဲ ့ရဲ့ တာဝန်ဖြစ်သွားပြီ။

  • မှော်ဆရာ

    September 16, 2012 at 9:55 pm

    နှစ်ယောက်သေပြီဟေ့ .. ကြည့်ကျက် လုပ်ကြဦး …။
    အရေးပေါ်လှေကားဆိုပြီး အရေးပေါ်တောင် မရောက်ကြဘူး ..ရေခဲတိုက်ထဲပဲ ရောက်ရောက်သွားကြတယ် ။

  • kolumbus

    September 16, 2012 at 10:37 pm

    ကန်ထရိုက်တိုက် ခေတ်စကတည်းက ဒီအားနည်းချက်ကို မြင်မိပါတယ်၊ ဒါပေမယ့် ဘယ် မီဒီယာ၊ အဖွဲ့အစည်း ကမှ ဘာမှမလုပ်ခဲ့ကြဘူး။ အခုတော့ အသက်တွေ… လေလွင့်ရပြီ။

    ကျနော်တော့ သူတို့တွေ တိုင်းပြည်အတွက် အသက်ပေးသွားတယ်လို့ မြင်တယ်။ 🙂
    ဘာကြောင့်လဲဆိုတော့ ဒီလို လူတွေသေတော့ မှ ဒီကိစ္စကို မီဒီယာတွေမှာ ဖော်ပြ၊ မီဒီယာတွေမှာ ဖော်ပြတော့ အများအာရုံစိုက်လာ၊ အများအာရုံစိုက်တော့ အဖွဲ့အစည်းတွေက လှုံ့ဆော်၊ အဖွဲ့အစည်းတွေက လှုံ့ဆော်တော့ သက်ဆိုင်ရာက ပြုပြင်ဖို့လုပ် နဲ့ တိုင်းပြည်ကောင်းသွားနိုင်လို့ပါ။

    ဒါကြောင့် တိုင်းပြည်ကို ချစ်ရင် တောထဲတောင်ထဲ သွားစရာမလိုပါဘူး။ အခုပဲ တိုက်နောက်ဖေးထွက်ပြီး ပြနိုင်ပါပြီ။… နောက်တာနော်…

  • Mလုလင်

    September 16, 2012 at 11:15 pm

    အင်း .. နေရင်းထိုင်ရင်း .. ဒုက္ခတွေ့ ရတာပါလား။ ကျွန်တော် ကတော့ လူနေခွင့် ချပေးတဲ့ ကိစ္စ ကို သိပ် မင်္သကာ ချင်ဘူးဗျာ … လူနေ လို့ ရတယ် အန္တရာယ် တစ်စုံတရာ မရှိ ပါဘူး လို့ ဆုံးဖြတ် ပေးခဲ့တဲ့ .. အဖွဲ့ အစည်း ကို စုံစမ်း သင့်တယ် ထင်တယ်။

  • pazflor

    September 16, 2012 at 11:27 pm

    စင်ကာပူကို အမှီလိုက်မယ်ဆိုတဲ့ ဘဘကြီး
    ဘယ်မှာလည်း building code, standard, inspection????
    လူဘယ်နှစ်ယောက်သေမှ ပြင်မယ်မသိ

  • ထွန်း ပြောင်

    September 17, 2012 at 12:36 am

    ဂျပန်မှာလို ငလျင်လှုပ်လိုက်ရင်တော့ ဘုရား ဘုရား မတွေးရဲစရာပါလား……….

    အမြန်ဆုံးစုံစမ်း စစ်ဆေး အရေးယူပေးကြပါဗျာ……မှတ်လောက်သားလောက်အောင်

  • မောင်ပေ

    September 17, 2012 at 9:19 am

    ၁၉၉ဝ လောက်ကတဲက စားခဲ့ မြိုခဲ့တာ ကန်ထရိုက်ဘဝကနေ ကုမ်ပိုင်တွေတောင်ဖြစ်နေကြပေါ့

  • mayjuly

    September 17, 2012 at 1:50 pm

    ဘယ်သူ့ကြောင့်ဖြစ်ရတာ … ဘယ်သူ့မှာ တာဝန်ရှိတယ် လို့
    ပြောနေမယ့်အစား …. (ပြောနေလည်း ဖြစ်လာမှာမှမဟုတ်သေးတာ.. 😀 )
    မိမိကိုယ်တိုင် သတိရှိရှိ နဲ့ ဆင်ဆင်ခြင် ခြင် ရှောင်ရှားနိုင်ဖို့ က ပိုပြီး အရေးကြီး တယ်လို့ ထင်ပါတယ် ….

    • kai

      September 17, 2012 at 2:13 pm

      အမ်…
      အဲလိုလူတွေအုပ်ချုပ်ရရင်.. သိပ်ကောင်းမှာပဲ…
      ချမ်းသာလိုက်မယ်ဖြစ်ခြင်း.. ငွေရော..လူရော..

      အင်း..
      နှစ်၁၀၀ဝ ကျိန်စာ… 🙂

      • mayjuly

        September 17, 2012 at 2:31 pm

        မှတ်ချက် .. နိုင်ငံခြားတိုင်းပြည်များမပါ …
        မြန်မာပြည်တွင်သာ ….

        ချမ်းသာနေတာပဲ ဂျ …. အထက်လူဂျီးမင်းများတွင် ငွေရော လူရော … ပေါမှ ပေါ .. 😀

  • Shwe Ei

    September 17, 2012 at 4:18 pm

    သက်တမ်းကုန်အဆောက်အအုံအားလုံး ကြေငြာချက်ထုတ်ပြန်ပီး ဖြိုချသင့်ပါဒလယ်။ တာဝန်ရှိသူတွေက ပိုက်ဆံ / အာဏာ ရှိသူတွေကိုကြောက်နေရလို့ အလုပ်မတွင်ကျယ်တာပါ။ အူးကြောင်ပေါသလို အကုန်လုံးဖမ်းချုပ်ပလိုက်ကွာ ရှုပ်တယ်လို့ဘဲ ပေါဂျင်ပါဒယ်။ 😀

Leave a Reply