“အော်….ဘယ်တော့များမှရုပ်သိမ်းမှာလဲ ”
အင်း အချိန်တွေတောင်တော်တော်ကိုကြာသွားပါပြီလား
ကျွန်တော်တို့ရခိုင်ပြည်နယ်မှာပေါ့ဗျာ ……. ဆယ်တန်းအောင်စာရင်းထွက်ပြီးနောက်နှစ်ရက်ကပေါ့ဗျာ…………….
အော် ဆယ်တန်းလေးပြီးပါတယ် .. သူငယ်ချင်းတွေနဲ့ပျော်ရမလားလို့ စိတ်ကူးထားတာ သွားပါလေရောဗျာ…………
အစက စိတ်ကူးထားတာကတော့သူငယ်ချင်းတွေနဲ့ပျော်မယ်ပေါ့ စာမေးပွဲအောင်စာရင်းထွက်ရင် ….အခုတော့ပျော်မလို့လုပ်တုန်းရှိတယ် သွားပါလေရော
မာရှယ်လော နဲ့ 144 ထုတ်လိုက်တာ…
ဘယ်တတ်နိုင်မလဲလေ…..ကျွန်တော်တို့ကိုမှရွှေးပြီးကံဆိုးတာကိုး…………..
အရင်တုန်းကဆိုရင် ညဘက်ဆိုရင်စည်ကားနေတဲ့သံတွဲမြို့ကြီးလည်း အခုတော့မွဲခြောက်ခြောက်နဲ့ဗျာ……….
အော် လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေလဲ သနားပါတယ်ဗျာ
သူတို့ခမျာ တစ်နေကုန်အလုပ်လုပ်ပြီး ညဘက်တွေမှ နားကြရတာလေ
အဲလိုနားကြတဲ့အချိန်မှာလဲ တီဗွီလေးကြည့် လ္ဘက်ရည်လေးသောက်ပေါ့ဗျာ။
အခုတော့ ညဘက်တွေဆိုရင်သူတို့တွေမှာ ပျင်းစရာကောင်းနေမှာပဲဗျာ…
သူတို့တွေမှာကတီဗွီ မဝယ်နိုင်ကြဘူးလေဗျာ……..
ကိုယ်စားဖို့တောင်မှ အနိုင်နိုင်လေ ..တစ်ရက်လုံး ကို နှဖူးကချွေးခြေမ ကျအောင်လုပ်ရတယ်လေ
ဘယ်လိုလုပ်ဝယ်နိုင်မှာတုန်း
အဲလို သူတို့တွေမကြည့်ကြတဲ့အခါလဲ ဆိုင်တွေဒုက္ခရောက်ပြန်ရော
သူတို့တွေကိုမှီပြီဖွင့်ထားရတာတွေလေ…..
ဆိုင်တွေမှာလဲ အရောင်းပါးတော့ သူတို့ခမျာတွေလဲစိတ်ညစ်ကြတာပေါ့ဗျာ………
ပြီးခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလဲ ဘယ်သူ့ကိုမှအပြစ်မတင်ချင်တော့ပါဘူးဗျာ………..
အခုလဲအခြေအနေတွေကငြိမ်းချမ်းနေပါပြီ ဒါကြောင့် ဒီ144 ကြီးလဲရုပ်သိမ်းသွားရင်ကောင်းမှာပဲဗျာ…
သူမှားတွေကတော့ပြောကြတယ် သြဂုတ်လကုန်ရင်10း00 ဖြစ်တော့မယ်တဲ့
ဒါလဲတစ်မျိုးကောင်းပါတယ်လေ
ဒါပေမယ့်ဗျာ မကြာခင်တော့သီတင်းကျွတ်တော့မှာပဲ
အရင်ဆို သီတင်းကျွတ်ရင် သူငယ်ချင်းတွေနဲ့ပျော်ကြပါးကြ၊ စားကြသောက်ကြနဲ့ ပျော်စရာကြီးဗျာ…
ဒါပေမယ့်အဲဒီ လောကြီးက ခေါင်းထဲကိုဝင်လာတယ်လေ ပျော်စရာလေးတွေတောင်ပျောက်ကုန်ရောဗျာ………
အော် စာမေးပွဲမပြီးခင်ကတော့အောင်စာရင်းထွက်ပြီးရင်ပြန်လာမယ်တဲ့……….
တန်ဆောင်တိုင်အထိဒီမှာနေမယ်တဲ့ ပျော်ကြမယ်တဲ့ ဘုရားသုံးဆူကို တက်မယ်တဲ့…
အဝေးရောက်သူငယ်ချင်းတွေကပြောတယ်……ဒါပေမယ့် အခုလိုဖြစ်နေတော့လည်း သူတို့တွေဘယ်လာရဲကြမှာလဲဗျာ….
ကျွန်တော်တို့ကတော့ပြောပါတယ်
ဒီမှာအေးဆေးပဲလို့
ဒါပေမယ့်သူတို့အိမ်ကမိဘတွေကတော့ဗျာ မယုံကြဘူးပေါ့ဗျာ…အေးပေါ့လေ စိုးရိမ်ကြမှာပေါ့……
အင်း 10း00 ကိုပြောင်းသွားရင်လဲ ကောင်းမှာပဲဗျာ
ဒါပေမယ့်ရုပ်သိမ်းသွားရင်တော့အကောင်းဆုံးပဲပေါ့ဗျာ….
10း00 နာရီ ဖြစ်သွားရင်တောင်မှာ ဘုရားသုံးဆူ ကိုတက်မှာကမှီမှာမဟုတ်ဘူးလေ …
ပြီးရင် ချက်ကြပြုတ်ကြ ၊စားကြသောက်ကြနဲ့ အချိန်တွေဘယ်လိုကုန်သွားမှန်းကိုမသိလိုက်ပါဘူးဗျာ……
အင်းဒီနှစ်လဲ အဲလိုပျော်ချင်လိုက်တာ ….ဒီနှစ်ကစာမေးပွဲပြီးသွားပြီလေ
ဒါကြောင့်သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပွဲတွေ လုပ်ချင်တယ်
ကျောင်းသွားတက်တော့မယ့်သူငယ်ချင်းတွေနဲ့လေ…..
အင်းဒါကြောင့်ဒီလောကြီးကိုလဲရုပ်သိမ်းသွားစေချင်တယ်ဗျာ……
အောက်ခြေလူတန်းစားတွေ ဆိုင်သမားတွေ ကျောင်းသားတွေခမျာလဲ မလွတ်လပ်ကြပါဘူးလေ
သူတို့တွေကိုကြည့်ပြီတော့လည်း သနားပါတယ်ဗျာ………………………….
ကဲဗျာ ဒီလောကြီး အမြန်ရုပ်သိမ်းသွားပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ်ဗျာ………………..
At 11:02
ြ့ကိုဆိုပါတယ် ကိုကိုချစ်ရေ ..
စက်တင်ဘာလကုန် ကို ရည်ညွှန်းတယ် ထင်ပါတယ် ။ သြဂုတ်လကုန်လို့ ရေးထားလို့ ။
ကျွန်တော်လည်း ကြားမိပါတယ် ။ ဟိုတယ်တွေက မေတ္တာရပ်ခံလို့ ဟိုတယ်တွေ စဖွင့်တဲ့ အောက်တိုဘာကျရင် ည ၁၀ နာရီ ကနေ မနက် လေးနာရီအထိ လျော့ချပေးမယ်လို့ ပြောနေကြပါတယ် ။ အချို့သော နိုင်ငံခြားသားများကလည်း လုံးဝ ရုတ်သိမ်းတာ မဟုတ်လို့ စိတ်မချလို့ ဆိုပြီး booking တင်ထား တာတွေ ပြန် ဖျက်သွားကြကြောင်းလည်း သိရပါတယ် ။
အားလုံး ငြိမ်းချမ်းကြပါစေ လို့ ဘဲ ဆုတောင်းပါတယ် ဗျာ..
Was this answer helpful?
LikeDislikeအင်းဗျာ ဟိုတယ်တွေလဲဒီနှစ်ကတော့ဧည့်သည်တွေပါးကြမှာပဲ
အသစ်ဖွင့်တဲ့ဟိုတယ်တွေကလဲရှိသေးတယ်
ကျွန်တော်ကတော့ သြဂုတ်လို့ကြားမိတယ်ဗျ…
စကားတွေကလဲအမျိုးမျိုးပဲဗျာ
အကောင်းဆုံးကတော့ ရုပ်သိမ်းသွားတာပေါ့ဗျာ….
Was this answer helpful?
LikeDislikeဆြာ .. သြဂုတ်လ ကကျော်လို့ စက်တင်ဘာထဲရောက်နေပြီလေ..
Was this answer helpful?
LikeDislikeသိပါတယ်ဗျာ…
အားလုံးပျော်ရွှင်ရအောင်လို့နောက်လိုက်တာပါဗျာ…..
နီးလာပါပြီ…သိမ်းတော့မှာပါ
ဥက္ကဌ ကမရှိသေးလို့တဲ့ဗျ……
Was this answer helpful?
LikeDislike