လေဆိုတာ နွေးတယ်လို့ ပြောတဲ့သူရှိသလို အေးတယ်လို့ လည်းပြောတဲ့သူရှိပါတယ်…..

ကြည်နူးမှူနဲ့ အတူ ခံစားရသလို လွမ်းဆွက်မှူနဲ့ အတူ ခံစားရတာလည်း လေပါပဲ…..

အခု တော့ လေးအေးလေးတွေ တိုက်နေပါတယ်………

 

လေနဲ့ အတူ ပါလာတက်တဲ့အရာတခုကတော့ မျှော်လင့်ချက်ပါ………………..

တချို့ က လေပြေနဲ့ အတူ ပါလာတက်သလို့  တချို့  လေပြေနဲ့ အတူ လွင့်မျောသွားတက်ကြပါတယ်…….

မည်သို့ ပင်ဆိုစေ မျှော်လင့်ချက်ဆိုတဲ့ အရာလေးကို စိတ်ဝင်စားမိတာ အမှန်ပါ………….

 

ပန်ဒိုရာ သေတ္တာဆိုတာ တချို့ လည်း ကြားဖူးမှာပါ…… သူနဲ့ ပတ်သက်လို့ အတိတ်အကြောင်းတွေက မျိုးစုံပါပဲ……..

လူသားတွေရဲ့ စိတ်ခံစားချက်ကို တည်မြဲစေဖို့  ပန်ဒိုရာထဲမှာ ခံစားချက်တွေ ထည့်ထားတယ်လို့  တချို့ ကပြောသလို ………..

တချို့ က လူသားတွေ ကို ခံစားချက်မရှိပဲ ဆုတောင်းဖို့ သက်သက်သာ ဖန်တီးချင်လို့  ခံစားချက်ကို သိမ်းထားခဲ့တယ်လို့ ပြောပါတယ်………….

ဆိုရိုးစကားတွေ ငြင်းချက်တွေ သမိုင်းတွေ ပုံပြင်လာတွေကတော့ ဒုနဲ့ ဒေးပါ………..

ကျွန်တော်ဆိုလိုချင်ရာကို အခုလိုဆွဲပြောမိပါတယ်…….

ဇာတ်လမ်းလေးကတော့ ဒီလိုပါ………

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ပန်ဒိုရာဆိုတာ ခံစားချက်တွေ အားလုံးကို စီမံသောအရာပါ…………..

တချို့  အရာကို မသိစေချင်လို့ သိမ်းထားတာရှိသလို တချို့ အရာကို မလွန်ကဲအောင် ထိန်းထားသလို ရှိပါတယ်……..

တနည်းအားဖြင့် ထိုခေတ်က ဖန်ဆင်းရှင်တို့ ရဲ့ လူသားတွေကို ထိန်းချုပ်ဖို့ ရာ ပစ္စည်းတမျိုးပါ……

လူသားတွေကို မသိစေချင်သောအရာ တခုပဲရှိပါတယ် အဲ့ဒါကတော့ ” မျှော်လင့်ချက် ” ပါ……

အဲ့ဒါကို လူသားတွေ မသိအောင် ဖွက်ထားခဲ့ပါတယ်…………..

 

လူသားတွေမှာ မျှော်လင့်ချက် မရှိပါဖူး……… သွားတယ်… လာတယ်….. စားတယ်… အိပ်တယ်…. ပျော်တယ်…..  ၀မ်းနည်းတယ်…..

ဖန်ဆင်းရှင်ရဲ့အကူအညီနဲ့  လူသားတွေဟာ မျှော်လင့်ချက် ဆိုတာကိုလည်း သိဖို့ မကြိုးစားခဲ့ပါဖူး……………..

သူတို့ ရဲ့ အထက်မှာ ဖန်ဆင်းရှင်ရှိတယ် ဖန်ဆင်းရှင် အလိုသာ လိုက်နာရမယ့်လို့  လူသားတွေဟာ တထစ်ချ မှတ်ယူခဲ့မိပါတယ်…………

ဒါကြောင့် အရာအားလုံးဟာ ဖန်ဆင်းရှင် သဘောကျပေါ့………………

 

တနေ. ………………………………………………..

ပန်ဒိုရာသေတ္တာတွေဟာ သူ့ အလိုလိုပွင့်သွားခဲ့ပါတယ်………………

အဲ့ဒီအထဲက မျှော်လင့်ချက်ဟာ လွတ်မြောက်သွားခဲ့ပါတယ်………….

 

မျှော်လင့်ချက်ရဲ့ လွတ်မြောက်မှူကို ဖန်ဆင်းရှင်တို့  သတိမထားမိခဲ့ပါဖူး…

လူသားတွေရဲ့ တွေးခေါ်နုနယ်မှူကြောင့် မျှော်လင့်ချက်ဟာ ထင်သလောက် အစွမ်းမပြခဲ့တာကြောင့်လည်းပါပါတယ်…..

ဒီလိုနဲ့ ပဲ မျှော်လင့်ချက်နဲ့ အတူ လူသားတွေ စတွေ့ ခဲ့တာကတော့ စူးစမ်းလိုမှူပါ……..

စူးစမ်းလိုမှူနဲ့ မျှော်လင့်ချက်ဟာ အရာအားလုံးကို ကြိုးကြိုးစားစား ပြုလုပ်ပေမယ့်လည်း ထင်သလောက်ခရီးမပေါက်ခဲ့ပြန်ပါဖူး………..

အချိန်ကြာလာတာနှင့်အမျှ မျှော်လင့်ချက်ဟာ တဖြည်းဖြည်း ရင့်ကျက်မှူကို တွေ့ ရှိလာပါတယ်…

ရင့်ကျက်မှူ ရဲ့ သွန်သင်ဆုံးမ မှူကိုခံယူရင်း ယုံကြည်ချက် ညဏ်ပညာဆိုတဲ့ အရာတွေနဲ့ ဆက်နွယ်မိတော့ မျှော်လင့်ချက်ရဲ့ အစွမ်းဟာ အတိုင်းအဆမရှိတက်လာပါတယ်……………

 

လူသားတွေဟာ မျှော်လင့်ချက် နှင့်အတူ ယုံကြည်ချက်ရှိရှိ ညဏ်ပညာရှိရှိနဲ့  အချိန်ကို အသုံးချဖို့  တွေးတောမိတဲ့အခါ ဖန်တီးမှူဆိုတဲ့ ရလဒ်ထွက်လာခဲ့ပါတယ်…

မီးကိုဖန်တီးတက်လာတယ်… လက်နက်တွေ သွန်းလုပ်တက်လာတယ်… စာတွေစီတက်လာတယ်… လယ်ယာလုပ်တက်လာတယ်… ယဉ်ကျေးမှူဆိုတာရှိလာတယ်….

နက်နဲလွန်းသွားတဲ့အတွေးတွေနှင့်အတူ လူသားတွေဟာ ဖန်ဆင်းရှင်ဆိုတာလည်း ကိုယ့်ကို အပြန်အလှန် မှီခိုနေပါလားဆိုတဲ့ အသိဝင်လာပါတယ်…

တနည်းအားဖြင့် ဖန်ဆင်းရှင်ကို အံ့တုလို့ ရတယ်ဆိုတဲ့ အတွေးက လူသားတွေအပေါ် ၀င်ရောက်လာပါတယ်…………………..

 

ဒီလိုနဲ့ ……………………………………………………………

လူသားတွေရဲ့ ခြိမ်းခြောက်မှူကို ဖန်ဆင်းရှင်တွေ သည်းမခံနိုင်တော့ပါဖူး…..

အဲ့ဒါကြောင့် လူသားတွေရဲ့ ရပ်တည်မှူကို ဖန်ဆင်းရှင်တွေ ရုပ်သိမ်းခဲ့ပေမဲ့လည်း……..

ထင်မထားတဲ့ကိစ္စတခုကို မျှော်လင့်ချက်က ဖန်တီးခဲ့ပါတယ်….

 

ရှင်သန်ရပ်တည်ဖို့  မျှော်လင့်ချက်ပြင်းပြလွန်းတဲ့ လူတချို့ ဟာ ရှင်သန်ကျန်ရစ်နေပါတယ်………

မျှော်လင့်ချက်နဲ့ ဆက်လက်ရှင်သန်နေတဲ့ လူသားတွေဟာ ဖန်ဆင်းရှင်က မွေးဖွားလာသလို သက်တမ်းရှည်ကြာစွာ မနေနိုင်ကြပါဖူး…….

မျှော်လင့်ချက် ပြင်းပြသလောက်သာ အသက်ရှင်ခဲ့ကြပါတယ်……

နောက်ဆုံးမှာ လူသားနဲ့  ဖန်ဆင်းရှင်တို့ရဲ့ ပတ်သက်မှူဟာ တခါတလေ ရှိပေမယ့်လည်း သူတို့ ရဲ့ ရပ်တည် ရှင်သန်မှူဟာတော့ လုံးဝခြားနားသွားခဲ့ပါတယ်…………….

ဒါနဲ့ ပဲ လူသားတွေဟာ မျှော်လင့်ချက်နှင့်အတူ ယနေ့ တိုင် အခြေချ နေထိုင်ခဲ့ပါကြောင်း…………….

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဆိုလိုချင်တာက မျှော်လင့်ချက်ဆိုတဲ့ ဇာတ်လမ်းလေးပါ………………

လူတွေဟာ မျှော်လင့်ချက်နဲ့  အသက်ရှင်ကြသလို မျှော်လင့်ချက်နဲ့  ကြိုးစားကြပါတယ်………….

မျှော်လင့်ချက်မရှိတော့တာဟာ သေဆုံးသွားနိုင်ပါတယ်…….

ပြင်းပြသော မျှော်လင့်ချက်ဟာ ဖန်ဆင်းရှင်ရဲ့အစွမ်းကိုတောင် အံတုနိုင်ခဲ့ရင်…………

ဘာမဖြစ်နိုင်စရာကျန်ပါသေးလဲဗျာ……………….

 

မျှော်လင့်လိုက်ပါ……………….

လမ်းတွေ ကောင်းလာမယ့်လို့ မျှော်လင့်လိုက်ပါ…………

မီးတွေမှန်လာမယ်လို့  မျှော်လင့်လိုက်ပါ…………

ဖုန်းတွေ ဈေးပေါလာမယ်လို့  မျှော်လင့်လိုက်ပါ……..

 

မျှော်လင့်တာနဲ့ ရမလား…. မရပါဖူး…..

မျှော်လင့်မှူနဲ့အတူ စူးစမ်းမှူ လေ့လာမှူ အချိန် ရင့်ကျက်မှူ ယုံကြည်ချက် ညဏ်ပညာ စသဖြင့် အပေါင်းအပါတွေ လိုပါသေးတယ်……

ဒါပေမယ့် ဒါတွေ အားလုံးဟာ မျှော်လင့်ချက် မရှိရင် ဖြစ်မလာပါဖူး………

 

မျှော်လင့်လိုက်ပါ………………

နိုင်ငံတော်ကြီးတိုးတက်လာမယ်လို့ ……

 

မျှော်လင့်လိုက်ပါ…………………

ပိုကောင်းတဲ့ မနက်ဖြန် တည်ဆောက်နိုင်မယ်လို့ ………….

 

လေးစားလျက်

တိမ်မည်း

 

 

စာကြွင်း ။    ။

အထက်ပါ စာနဲ့ ပါသော အချို့ အရာတွေသည် အချို့ ဘာသာရေးကို ထိခိုက်စော်ကားရန် တမင်ရည်ရွယ်ကာ ရေးသားထားခြင်း မဟုတ်ပါကြောင်း….

ဇာတ်လမ်းသဘောနဲ့  စာပေရသ အရသာ ရေးသား ထားပါကြောင်း…..

မည်သည့်ရှူထောင့်ကမဆို ထိခိုက် စော်ကားသည်ဟု ထင်မှတ်မိပါက အနူးအညွက်တောင်းပန်ကြောင်း….

စာရေးသူက ကြိုတင် လေးစားစွာ ပန်ကြားအပ်ပါသည်…..

 

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........