လေပွေ…. (၃)

တိမ္မည္းSeptember 17, 20121min711

လေဆိုတာ နွေးတယ်လို ့ပြောတဲ့သူရှိသလို အေးတယ်လို ့လည်းပြောတဲ့သူရှိပါတယ်…..

ကြည်နူးမှူနဲ ့အတူ ခံစားရသလို လွမ်းဆွက်မှူနဲ ့အတူ ခံစားရတာလည်း လေပါပဲ…..

အခု တော့ လေးအေးလေးတွေ တိုက်နေပါတယ်………

 

လေနဲ ့အတူ ပါလာတက်တဲ့အရာတခုကတော့ မျှော်လင့်ချက်ပါ………………..

တချို ့က လေပြေနဲ ့အတူ ပါလာတက်သလို ့ တချို ့ လေပြေနဲ ့အတူ လွင့်မျောသွားတက်ကြပါတယ်…….

မည်သို ့ပင်ဆိုစေ မျှော်လင့်ချက်ဆိုတဲ့ အရာလေးကို စိတ်ဝင်စားမိတာ အမှန်ပါ………….

 

ပန်ဒိုရာ သေတ္တာဆိုတာ တချို ့လည်း ကြားဖူးမှာပါ…… သူနဲ ့ပတ်သက်လို ့အတိတ်အကြောင်းတွေက မျိုးစုံပါပဲ……..

လူသားတွေရဲ့ စိတ်ခံစားချက်ကို တည်မြဲစေဖို ့ ပန်ဒိုရာထဲမှာ ခံစားချက်တွေ ထည့်ထားတယ်လို ့ တချို ့ကပြောသလို ………..

တချို ့က လူသားတွေ ကို ခံစားချက်မရှိပဲ ဆုတောင်းဖို ့သက်သက်သာ ဖန်တီးချင်လို ့ ခံစားချက်ကို သိမ်းထားခဲ့တယ်လို ့ပြောပါတယ်………….

ဆိုရိုးစကားတွေ ငြင်းချက်တွေ သမိုင်းတွေ ပုံပြင်လာတွေကတော့ ဒုနဲ ့ဒေးပါ………..

ကျွန်တော်ဆိုလိုချင်ရာကို အခုလိုဆွဲပြောမိပါတယ်…….

ဇာတ်လမ်းလေးကတော့ ဒီလိုပါ………

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ပန်ဒိုရာဆိုတာ ခံစားချက်တွေ အားလုံးကို စီမံသောအရာပါ…………..

တချို ့ အရာကို မသိစေချင်လို ့သိမ်းထားတာရှိသလို တချို ့အရာကို မလွန်ကဲအောင် ထိန်းထားသလို ရှိပါတယ်……..

တနည်းအားဖြင့် ထိုခေတ်က ဖန်ဆင်းရှင်တို ့ရဲ့ လူသားတွေကို ထိန်းချုပ်ဖို ့ရာ ပစ္စည်းတမျိုးပါ……

လူသားတွေကို မသိစေချင်သောအရာ တခုပဲရှိပါတယ် အဲ့ဒါကတော့ ” မျှော်လင့်ချက် ” ပါ……

အဲ့ဒါကို လူသားတွေ မသိအောင် ဖွက်ထားခဲ့ပါတယ်…………..

 

လူသားတွေမှာ မျှော်လင့်ချက် မရှိပါဖူး……… သွားတယ်… လာတယ်….. စားတယ်… အိပ်တယ်…. ပျော်တယ်…..  ဝမ်းနည်းတယ်…..

ဖန်ဆင်းရှင်ရဲ့အကူအညီနဲ ့ လူသားတွေဟာ မျှော်လင့်ချက် ဆိုတာကိုလည်း သိဖို ့မကြိုးစားခဲ့ပါဖူး……………..

သူတို ့ရဲ့ အထက်မှာ ဖန်ဆင်းရှင်ရှိတယ် ဖန်ဆင်းရှင် အလိုသာ လိုက်နာရမယ့်လို ့ လူသားတွေဟာ တထစ်ချ မှတ်ယူခဲ့မိပါတယ်…………

ဒါကြောင့် အရာအားလုံးဟာ ဖန်ဆင်းရှင် သဘောကျပေါ့………………

 

တနေ. ………………………………………………..

ပန်ဒိုရာသေတ္တာတွေဟာ သူ ့အလိုလိုပွင့်သွားခဲ့ပါတယ်………………

အဲ့ဒီအထဲက မျှော်လင့်ချက်ဟာ လွတ်မြောက်သွားခဲ့ပါတယ်………….

 

မျှော်လင့်ချက်ရဲ့ လွတ်မြောက်မှူကို ဖန်ဆင်းရှင်တို ့ သတိမထားမိခဲ့ပါဖူး…

လူသားတွေရဲ့ တွေးခေါ်နုနယ်မှူကြောင့် မျှော်လင့်ချက်ဟာ ထင်သလောက် အစွမ်းမပြခဲ့တာကြောင့်လည်းပါပါတယ်…..

ဒီလိုနဲ ့ပဲ မျှော်လင့်ချက်နဲ ့အတူ လူသားတွေ စတွေ ့ခဲ့တာကတော့ စူးစမ်းလိုမှူပါ……..

စူးစမ်းလိုမှူနဲ ့မျှော်လင့်ချက်ဟာ အရာအားလုံးကို ကြိုးကြိုးစားစား ပြုလုပ်ပေမယ့်လည်း ထင်သလောက်ခရီးမပေါက်ခဲ့ပြန်ပါဖူး………..

အချိန်ကြာလာတာနှင့်အမျှ မျှော်လင့်ချက်ဟာ တဖြည်းဖြည်း ရင့်ကျက်မှူကို တွေ ့ရှိလာပါတယ်…

ရင့်ကျက်မှူ ရဲ့ သွန်သင်ဆုံးမ မှူကိုခံယူရင်း ယုံကြည်ချက် ညဏ်ပညာဆိုတဲ့ အရာတွေနဲ ့ဆက်နွယ်မိတော့ မျှော်လင့်ချက်ရဲ့ အစွမ်းဟာ အတိုင်းအဆမရှိတက်လာပါတယ်……………

 

လူသားတွေဟာ မျှော်လင့်ချက် နှင့်အတူ ယုံကြည်ချက်ရှိရှိ ညဏ်ပညာရှိရှိနဲ ့ အချိန်ကို အသုံးချဖို ့ တွေးတောမိတဲ့အခါ ဖန်တီးမှူဆိုတဲ့ ရလဒ်ထွက်လာခဲ့ပါတယ်…

မီးကိုဖန်တီးတက်လာတယ်… လက်နက်တွေ သွန်းလုပ်တက်လာတယ်… စာတွေစီတက်လာတယ်… လယ်ယာလုပ်တက်လာတယ်… ယဉ်ကျေးမှူဆိုတာရှိလာတယ်….

နက်နဲလွန်းသွားတဲ့အတွေးတွေနှင့်အတူ လူသားတွေဟာ ဖန်ဆင်းရှင်ဆိုတာလည်း ကိုယ့်ကို အပြန်အလှန် မှီခိုနေပါလားဆိုတဲ့ အသိဝင်လာပါတယ်…

တနည်းအားဖြင့် ဖန်ဆင်းရှင်ကို အံ့တုလို ့ရတယ်ဆိုတဲ့ အတွေးက လူသားတွေအပေါ် ဝင်ရောက်လာပါတယ်…………………..

 

ဒီလိုနဲ ့……………………………………………………………

လူသားတွေရဲ့ ခြိမ်းခြောက်မှူကို ဖန်ဆင်းရှင်တွေ သည်းမခံနိုင်တော့ပါဖူး…..

အဲ့ဒါကြောင့် လူသားတွေရဲ့ ရပ်တည်မှူကို ဖန်ဆင်းရှင်တွေ ရုပ်သိမ်းခဲ့ပေမဲ့လည်း……..

ထင်မထားတဲ့ကိစ္စတခုကို မျှော်လင့်ချက်က ဖန်တီးခဲ့ပါတယ်….

 

ရှင်သန်ရပ်တည်ဖို ့ မျှော်လင့်ချက်ပြင်းပြလွန်းတဲ့ လူတချို ့ဟာ ရှင်သန်ကျန်ရစ်နေပါတယ်………

မျှော်လင့်ချက်နဲ ့ဆက်လက်ရှင်သန်နေတဲ့ လူသားတွေဟာ ဖန်ဆင်းရှင်က မွေးဖွားလာသလို သက်တမ်းရှည်ကြာစွာ မနေနိုင်ကြပါဖူး…….

မျှော်လင့်ချက် ပြင်းပြသလောက်သာ အသက်ရှင်ခဲ့ကြပါတယ်……

နောက်ဆုံးမှာ လူသားနဲ ့ ဖန်ဆင်းရှင်တို့ရဲ့ ပတ်သက်မှူဟာ တခါတလေ ရှိပေမယ့်လည်း သူတို ့ရဲ့ ရပ်တည် ရှင်သန်မှူဟာတော့ လုံးဝခြားနားသွားခဲ့ပါတယ်…………….

ဒါနဲ ့ပဲ လူသားတွေဟာ မျှော်လင့်ချက်နှင့်အတူ ယနေ ့တိုင် အခြေချ နေထိုင်ခဲ့ပါကြောင်း…………….

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဆိုလိုချင်တာက မျှော်လင့်ချက်ဆိုတဲ့ ဇာတ်လမ်းလေးပါ………………

လူတွေဟာ မျှော်လင့်ချက်နဲ ့ အသက်ရှင်ကြသလို မျှော်လင့်ချက်နဲ ့ ကြိုးစားကြပါတယ်………….

မျှော်လင့်ချက်မရှိတော့တာဟာ သေဆုံးသွားနိုင်ပါတယ်…….

ပြင်းပြသော မျှော်လင့်ချက်ဟာ ဖန်ဆင်းရှင်ရဲ့အစွမ်းကိုတောင် အံတုနိုင်ခဲ့ရင်…………

ဘာမဖြစ်နိုင်စရာကျန်ပါသေးလဲဗျာ……………….

 

မျှော်လင့်လိုက်ပါ……………….

လမ်းတွေ ကောင်းလာမယ့်လို ့မျှော်လင့်လိုက်ပါ…………

မီးတွေမှန်လာမယ်လို ့ မျှော်လင့်လိုက်ပါ…………

ဖုန်းတွေ ဈေးပေါလာမယ်လို ့ မျှော်လင့်လိုက်ပါ……..

 

မျှော်လင့်တာနဲ ့ရမလား…. မရပါဖူး…..

မျှော်လင့်မှူနဲ့အတူ စူးစမ်းမှူ လေ့လာမှူ အချိန် ရင့်ကျက်မှူ ယုံကြည်ချက် ညဏ်ပညာ စသဖြင့် အပေါင်းအပါတွေ လိုပါသေးတယ်……

ဒါပေမယ့် ဒါတွေ အားလုံးဟာ မျှော်လင့်ချက် မရှိရင် ဖြစ်မလာပါဖူး………

 

မျှော်လင့်လိုက်ပါ………………

နိုင်ငံတော်ကြီးတိုးတက်လာမယ်လို ့……

 

မျှော်လင့်လိုက်ပါ…………………

ပိုကောင်းတဲ့ မနက်ဖြန် တည်ဆောက်နိုင်မယ်လို ့………….

 

လေးစားလျက်

တိမ်မည်း

 

 

စာကြွင်း ။    ။

အထက်ပါ စာနဲ ့ပါသော အချို ့အရာတွေသည် အချို ့ဘာသာရေးကို ထိခိုက်စော်ကားရန် တမင်ရည်ရွယ်ကာ ရေးသားထားခြင်း မဟုတ်ပါကြောင်း….

ဇာတ်လမ်းသဘောနဲ ့ စာပေရသ အရသာ ရေးသား ထားပါကြောင်း…..

မည်သည့်ရှူထောင့်ကမဆို ထိခိုက် စော်ကားသည်ဟု ထင်မှတ်မိပါက အနူးအညွက်တောင်းပန်ကြောင်း….

စာရေးသူက ကြိုတင် လေးစားစွာ ပန်ကြားအပ်ပါသည်…..

 

One comment

  • pooch

    September 18, 2012 at 12:12 pm

    ကိုတိမ်မည်းရေ မျှော်လင့်ရုံနဲ့တော့ ရမယ်မထင်ဘူး။ ကိုယ်တိုင်ပါဝင်ပတ်သတ်ပြီး အုတ်တချက်သဲတပွင့် ပဲ ဖြစ်ဖြစ် ကျရာနေရာက ပါဝင်ကြိုးစားနေမှ ရှေ့ဆက်လို့ရမှာပါ။

    ကျောင်းဆရာ စာကောင်းကောင်းသင်နေတာ၊ ကျောင်းသားတွေ စာသင်ခန်းထဲ ရှိနေမှ၊ ဆရာဝန်တွေ တာဝန်ယူမှုအပြည့်နဲ့ ဆေးကုနေမှ တရားသူကြီးတွေ မျှမျှတတ တရားစီရင်နေမှ ဝန်ထမ်းတွေ တာဝန်ကျေနေမှ ကုန်သည်တွေ ကောင်းရောင်းကောင်းဝယ်လုပ်နေမှ ပါ။

    ပန်ဒိုရာသေတ္တာကို အကြောင်းအတော်လေး တွေးခဲ့ဖူးတယ်။

    စကားစပ်လို့ ပြောရရင် Kara အဖွဲ့ရဲ့ ပန်ဒိုရာ သီချင်းက M-countdown မှာ ဒီတပတ် hit ဖြစ်နေကြောင်းပါ 😀

Leave a Reply