ခေါင်းစဉ် မတပ်ပါနဲ ့…

တိမ္မည္းSeptember 18, 20121min18812

ပျော့ညံ့ခြင်းကို

သဘောကောင်းခြင်းလို ့

ခေါင်းစဉ် မတပ်ပါနှင့်.။

မလွန်ဆန်ရဲခြင်းကို

သည်းခံ ခွင့်လွတ်ခြင်းလို ့

ခေါင်းစဉ် မတပ်ပါနှင့်။

ပျင်းရိအချိန်ဆွဲခြင်းကို

မအားလပ်ခြင်းလို ့

ခေါင်းစဉ် မတပ်ပါနှင်.။

တွေဝေခြင်းကို

ချင့်ချိန်ခြင်းလို

ခေါင်းစဉ် မတပ်ပါနှင့်။

12 comments

  • kyeemite

    September 17, 2012 at 11:44 am

    ညာဘက်မှာ- မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ ..ဆိုတဲ့စည်းကမ်းလေးရှိကြောင်းပါ
    ခုတော့ပိုနေသလားလို့….

  • kai

    September 17, 2012 at 1:48 pm

    ဒီပိုစ့်ကို မနက်ဖြန်ရွှေ့လိုက်ပါမယ်..။
    ဆိုတော့.. နောက်ရက်မှာ.. တင်မယ်ဆိုရင်လည်း ၁ပုဒ်ပဲ တင်ပါ..။
    နောင်သတိထားပေးပါနော.. 🙂

    • Black Cloud

      September 17, 2012 at 2:37 pm

      ဆော့ရီးပါ
      သိတယ်မဟုတ်လား
      သားတို ့က ဘယ်တော့မှ rule and regulation ဆို agree ဆိုပီး ပီးသွားတာ
      ဖတ်မိတာမဟုတ်ဖူး
      တင်ကောင်းကောင်းနဲ ့တင်လိုက်တာ
      နောက်မှ တက်မလာပါဖူးလိုကြည့်နေမှ လစ်မစ်ကိုသွားဖတ်မိတာ….
      ဆောဒီး သဂျီး

  • etone

    September 18, 2012 at 9:16 am

    ခင်မင်တတ်တာကို
    အညှာလွယ်တယ်လို့
    ခေါင်းစဉ် မတပ်ပါနဲ့ 😎

    ဖော်ရွေ ပျူငှာတာကို
    အပေးကမ်း ရက်ရောတယ်လို့
    ခေါင်းစဉ်မတပ်ပါနဲ့ 😉

    မသိသလို နေပေးတာကို
    တုံးအ သိမ်ဖျင်းတယ်လို့
    ခေါင်းစဉ်မတပ်ပါနဲ့ 🙄

    ဟန်ဆောင်နေပေးတာကို
    ညံ့လွန်းတယ်လို့ …
    ခေါင်းစဉ် မတပ်ပါနဲ့ ……. ခွိခွိ ။ :mrgreen:

    မနေ့ကတည်းက ရေးပြီး submit လည်းလုပ်ရော …. ပို့စ်က ပျောက်သွားရော .. ဒါနဲ့ comment ထဲ အပြေးသွားကြည့်မှ သဂျိုင်ခီး … မျက်လှည့်ပြပြီး နောက်ရက်ရွေ့ထားမှန်း သိတော့တယ် …. ။ ဟီး …. 😛

  • pooch

    September 18, 2012 at 11:15 am

    တုန်တုန်ရေ ကြိုက်လွန်းလို့ ကော်ပီမန့်တယ်။ 😀

    ခင်မင်တတ်တာကို
    အညှာလွယ်တယ်လို့
    ခေါင်းစဉ် မတပ်ပါနဲ့ 😎

    ဖော်ရွေ ပျူငှာတာကို
    အပေးကမ်း ရက်ရောတယ်လို့
    ခေါင်းစဉ်မတပ်ပါနဲ့ 😉

    မသိသလို နေပေးတာကို
    တုံးအ သိမ်ဖျင်းတယ်လို့
    ခေါင်းစဉ်မတပ်ပါနဲ့ 🙄

    ဟန်ဆောင်နေပေးတာကို
    ညံ့လွန်းတယ်လို့ …
    ခေါင်းစဉ် မတပ်ပါနဲ့ ……. ခွိခွိ ။ :mrgreen:

  • Black Cloud

    September 18, 2012 at 12:11 pm

    postထဲကပါတဲ့ဟာတွေထက်တောင် ကော်မန် ့တွေက ပို လန်းနေပါရောလားကွယ်….. 🙁

    • မဟာရာဇာ အံစာတုံး

      September 18, 2012 at 8:53 pm

      ကျုပ်တို့ ရွာမှာက
      ဂလိုဘဲဗျ ..
      ပို့စ်ရော၊ ကွန်မန့်ရော တန်ဖိုးရှိတယ် …

      သို့ပေမယ့် ..
      ကွန်မန့်ဆိုတာ ပို့စ်ကို မှီပြီး ဖြစ်တာ မဟုတ်လားဗျာ ..
      မျက်နှာဂျီး မဲ့မနေပါနဲ့ … 😀
      ကွန်မန့် ကောင်းလား၊ ကောင်းရင် best comment ရွေးလိုက်ပေါ့ဗျာ ..

  • ကိုခင်ခ

    September 18, 2012 at 12:13 pm

    မအိတုံ နဲ့ မပု တို့မန့်တာကိုတွေ့လို့ ရေးချင်စိတ်ပေါက်သွားတယ်။
    ရွာထဲ ခေါင်းစဉ် ဆင်ဆာအဖွဲ့များ ဖွဲ့နေအုံးမလားလို့။

    • etone

      September 19, 2012 at 2:32 pm

      အဟီး … အန်ကယ် ..
      ဒီပို့စ်ခေါင်းစဉ် .. အန်ကယ့်ပို့စ်ခေါင်းစဉ်နဲ့ ဆက်စပ်သလိုပဲ .. အဟိ .. 😉
      ပထမနေ့ သူတင်ကတည်းက .. အန်ကယ်ပို့စ်ရဲ့နောက်မှာ သူ့ပို့စ်ကပ်ပါလာတာမြင်ရတယ် … သမီး ခေါင်းစဉ်နှစ်ကို ဖတ်ကြည့်ပြီး တခွီးခွီးရယ်ရင်း ကော့မန့်ပေးနေတုန်း .. ဒီပို့စ်ကို တရက်တည်း သုံးပုဒ်မို့ဆိုပြီး …. သဂျီးက .. နောက်ရက်ရွှေ့ပလိုက်တယ်လေ …. ခွိခွိ :harr:
      ပို့လည်း အရွေ့ခံရတော့ ကော့မန့်လည်း ပေးမရတာနဲ့ .. ကူးထားပြီးနောက်ရက်မှ ပြန်ရှာတင်တာ .. ဟီး :mrgreen:

  • MaMa

    September 18, 2012 at 1:40 pm

    မနိုင်လို့ သည်းခံရခြင်းကိုလည်း သဘောကောင်းခြင်းလို့ မသတ်မှတ်ပါနဲ့ 🙁

  • အရီးခင်လတ်

    September 19, 2012 at 2:28 pm

    ဒီရွာက လှပချက် တစ်ခု က
    သူများ Post တွေ ကို မတူသော အမြင် နဲ့ reverse ရှူဒေါင့်မျိုး က ပြောလေ့ လဲ ရှိတာ။
    ဥပမာ-

    သဘောကောင်းခြင်းကို ပျော့ညံ့ခြင်း လို ့ ခေါင်းစဉ် မတပ်ပါနှင့်.။
    သည်းခံ ခွင့်လွတ်ခြင်း ကို မလွန်ဆန်ရဲခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင့်။
    မအားလပ်ခြင်းကို ပျင်းရိအချိန်ဆွဲခြင်း လို ့ ခေါင်းစဉ် မတပ်ပါနှင်.။ 😉 (အမြဲသုံးနေကျစကား 😀 )
    ချင့်ချိန်ခြင်း ကို တွေဝေခြင်း လို့ ခေါင်းစဉ် မတပ်ပါနှင့်။

    ဒီလိုမျိုးပေါ့။ 😆

  • mayjuly

    September 19, 2012 at 3:40 pm

    အားနာလို့ လိုက်လျောတာ.. အ တယ်မထင်နဲ့ ..

    ဥပတိရုပ်ကြောင့် မပြောတာ … ယုံမယ်မထင်နဲ့ …

    ရှက်တတ်လို့ ငြိမ်နေတာ … အခွင့်ကောင်းမယူချင်နဲ့ ..

    မပြောချင်လို့ကြည့်နေတာ .. ကြာပြီ သိရဲ့လားးးးးး (အဲ ဘယ်ရောက်သွားလဲမသိ) :harr:

Leave a Reply