ကန်စွန်းရွက်စားပါ

the bestSeptember 17, 20121min27332

ကန်စွန်းရွက် စားခြင်း အကျိုးကျေးဇူး

 

MONDAY, SEPTEMBER 17, 2012  အိမ့်သံစဉ်

 

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.….
(ကောင်းလွန်လို ့ နေတိုင်းတောင် စားသင့်ပါသည်လို ့အကြံပြုပါသည် )

သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့်

ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ

“ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ” ဆိုပြီး မညည်း တွားလိုက်ပါနဲ့။

 

ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယေ်လ်စီယမ်၊

ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့်

သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်

 

ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့ သူတွေအတွက်

အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။

ကန်စွန်းရွက်ဟာ အိပ်မော ကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။

ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ

အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ်

 

ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး

ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။

ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း

လှုပ်ရှားမှုကို ကောင်းမွန် စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ် သတ္တိကို လျော့ကျ စေတာကြောင့်

အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက်

ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

 

ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင် ရာကျွမ်းကျင် သူတွေက

ယုံကြည် ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။

ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို

ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ

အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။

(၄)သွေးဖိအားကို ထိန်းပေးပါတယ်

 

သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။

ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်

 

ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊

ဆာလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့်

သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ် ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင်

ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်

 

ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။

ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊

ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွား စေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်

 

ဆီးချိုသွေးချိုရောဂါကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ်

 

ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။

အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။

ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-

အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

ဒါတွေကြောင့် နေတိုင်းစားနေတယ်ဆိုပြီး ကျန်းမာရေးအတွက် ဂုဏ်ယူပြောကြားပေးလိုက်ပါလား ခင်ဗျာ။

by-Mg Mandalay

https://myanmargazette.net/wp-admin/post-new.php

32 comments

  • Mon Kit

    September 17, 2012 at 2:58 pm

    နဂိုကမှ ကန်စွန်းရွက် ကို ကြိုက်ပီးသား…
    ခုလို ကျမ်းမာရေးအတွက် များကြီးအထောက်အပံ့ ရဒယ်ဆိုတော့…
    စားအုံးမှာ… ကျေးဇူးပါဘဲရှင်.. ကန်စွန်းရွက်ရဲ့ အကျိုးအာနိသင်တွေ သေသေချာချာ သိခွင့်ရဒါ…

  • etone

    September 17, 2012 at 3:07 pm

    ကန်စွန်းရွက်ရဲ့ အကျိုးပြုတဲ့ ဓါတ်တွေအကြောင်း အရင်က အန်ကယ်ခင်ခလေး နည်းနည်းရေးခဲ့ဖူးတယ် ။ အခုအစ်ကို ထပ်ရေးတဲ့အတွက် ပိုပြ
    အသီးမှာ သရက် ၊ အသားမှာ ဝက် ၊ အရွက်မှာ လ္ဘက်လို့ ဆိုရိုးစကားရှိပေမယ့် ….
    ကျွန်မအတွက်တော့ ..အရွက်ထဲမှာ ကန်စွန်းရွက်ကို အကြိုက်ဆုံးပါပဲ .. ကြော်လည်းကြိုက်တယ် ၊ ချဉ်ဟင်းချက်လည်း ကြိုက်တယ် ၊ သုပ်စားလည်းကြိုက်တယ် … အိမ်ကတောင် ကန်စွန်းရွက်ကြိုက်တဲ့ ကျွန်မကို ရေမြင်းသေလို့ ဝင်စားသလားလို့ ပြောယူရတဲ့အထိပါပဲ 😳

    ဒီလရော ၊ ပြီးခဲ့တဲ့ လရော …. ညဘက်တိုင်း မရိုးနိုင်အောင် စားမိနေတာကတော့ ကန်စွန်းရွက်ကြော်ပါ ။ ဆီပါတယ်ဆိုရုံလောက်နဲ့ ကော်ရည် ၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သွန်ဖြူးဓါးပြားရိုက်၊ ငရုတ်သီးစိမ်းခြမ်းလေးတွေနဲ့ …. ကြော်ထားတဲ့ ကန်စွန်းရွက်တစ်ခွက်က ဘယ်အချိန်စားစား မရိုးသွားဘူးလေ … ။ ဓါတ်ပုံလေး ကြည့်ပြီး သွားရည်ကျသွားပြီ … ရှလွတ် … ရှလွတ် …. ဟီးးး 😉

  • etone

    September 17, 2012 at 3:08 pm

    ကန်စွန်းရွက်ရဲ့ အကျိုးပြုတဲ့ ဓါတ်တွေအကြောင်း အရင်က အန်ကယ်ခင်ခလေး နည်းနည်းရေးခဲ့ဖူးတယ် ။ အခုအစ်ကို ထပ်ရေးတဲ့အတွက် ပိုပြီးပြီးပြည့်စုံသွားပါတယ် ။
    အသီးမှာ သရက် ၊ အသားမှာ ဝက် ၊ အရွက်မှာ လ္ဘက်လို့ ဆိုရိုးစကားရှိပေမယ့် ….
    ကျွန်မအတွက်တော့ ..အရွက်ထဲမှာ ကန်စွန်းရွက်ကို အကြိုက်ဆုံးပါပဲ .. ကြော်လည်းကြိုက်တယ် ၊ ချဉ်ဟင်းချက်လည်း ကြိုက်တယ် ၊ သုပ်စားလည်းကြိုက်တယ် … အိမ်ကတောင် ကန်စွန်းရွက်ကြိုက်တဲ့ ကျွန်မကို ရေမြင်းသေလို့ ဝင်စားသလားလို့ ပြောယူရတဲ့အထိပါပဲ 😳

    ဒီလရော ၊ ပြီးခဲ့တဲ့ လရော …. ညဘက်တိုင်း မရိုးနိုင်အောင် စားမိနေတာကတော့ ကန်စွန်းရွက်ကြော်ပါ ။ ဆီပါတယ်ဆိုရုံလောက်နဲ့ ကော်ရည် ၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သွန်ဖြူးဓါးပြားရိုက်၊ ငရုတ်သီးစိမ်းခြမ်းလေးတွေနဲ့ …. ကြော်ထားတဲ့ ပူပူနွေးနွေးနဲ့ ခပ်စိမ်းစိမ်း ကန်စွန်းရွက်တစ်ခွက်က ဘယ်အချိန်စားစား မရိုးသွားဘူးလေ … ။ ဓါတ်ပုံလေး ကြည့်ပြီး သွားရည်ကျသွားပြီ … ရှလွတ် … ရှလွတ် …. ဟီးးး 😉

  • ကိုခင်ခ

    September 17, 2012 at 3:16 pm

    ကစွန်းရွက်တော့ အတော်များများ စားကြပါတယ်၊ ကျောင်းပြီးကာစ အလုပ်စလုပ်တုန်းကဆို လစာထုတ်ပြီး သူငယ်ချင်းတွေ ဘီယာဆိုင်သွားရင် ကစွန်းပလိမ်တော့မှာကြတယ်လေ၊ ငွေလည်းသက်သာ စားလို့လဲ ကောင်းသမို့ပေါ့။

  • manawphyulay

    September 17, 2012 at 3:17 pm

    ဒီကနေ့လည်း ကန်စွန်းရွက်နဲ့ ပဲပြားခရမ်းချဉ်သီးချက် စားရပါတယ်။ ကန်စွန်းရွက်ကကိုယ်အလေးချိန်ကျတယ်ဆိုပါလား… တော်ပြီ မစားတော့ဘူး။ မရှိတဲ့အလေးချိန်တွေကျသွားရင်တော့ မလွယ်ဘူးပဲ။

  • kai

    September 17, 2012 at 3:23 pm

    ဒီနေ့ပဲ..
    ယိုးဒယာ:ဆိုင်မှာ.. ကန်စွန်းရွက်တွေ.. တပေါင်.. ၂ဒေါ်လာလောက်နဲ့ရသမို့.. ၃ပေါင်လောက်ဝယ်လာတယ်.
    မန်ကျည်းသီးအနှစ်ရည် တဗူးလည်းဝယ်လာတယ်..။
    ပုဇွန်ဆိတ် ပိစိလေးတွေလည်း.. ဝယ်လာတယ်..။
    ချဉ်ရည်ဟင်းချက်စားမယ်ဖြစ်ကြောင်း…

    စကားအတင်းစပ်..
    ယူအက်စ်က.. အဖြူတွေကတော့.. ကန်စွန်းရွက်စားကြပုံမပေါ်ဘူး..
    သူတို့ဝယ်တဲ့..ဈေးှဆိုင်တွေမှာ.. ကန်စွန်းရွက်မရောင်းဘူး..။

  • ahnyartamar

    September 17, 2012 at 3:23 pm

    ဪ… ငယ်ငယ်လေးကတိုင်အခုချိန်ထိ ရင်းနှီးခဲ့ရတဲ့ ဒီကစွန်းရွက်က ဒီလောက် အသုံးဝင်၊ အကျိုးရှိမှန်းမသိခဲ့ဘူး၊ ဒါပေမယ့် ဖြစ်ချင်တဲ့ရောဂါဖြစ်ပါစေ၊ အရက်သောက်လို့ မူးနေရင်တောင် ကဇွန်းရွက်ကို မစားပါရစေနဲ့တော့……….။

  • အရီးခင်လတ်

    September 17, 2012 at 3:25 pm

    ကျွန်မလဲ ကန်စွန်းရွက် ကို အရမ်းကြိုက် လို့ တုန်တုန် ပြောသလို ရေမြင်း ဝင်စား သလားဘဲ။
    ဒါပေမဲ့ ကျွန်မ က တောမှာနေတာဖြစ်လို့ အဲဒါတွေ ဝယ်လို့ ရတဲ့ နေရာ မရှိဘူး။
    အိမ်ပြန်ရင်တော့ နေ့တိုင်း ကန်စွန်းရွက် ကြော် နဲ့ စားတာ။
    မှိုတောင် မထည့်ခိုင်း ဘဲ ဒီ အတိုင်း ကောင်းမှကောင်း။
    အခုတော့ ပုံလေးကို ကြည့်ပြီး စိတ် နဲ့ စားသွားပါတယ်။
    ကျေးဇူးပါနော်၊ 🙂

  • ကိုခင်ခ

    September 17, 2012 at 3:26 pm

    တစ်ခုသတိရလို့ ပါ တစ်ချို့က မှို နဲ့ ကစွန်းရွက် ရောကြော်ပြီးစားကြတယ်၊ အယူအဆကတော့ မှိုရဲ့ အဆိပ်အတောက်ကို ကစွန်းရွက်ကခြေဖျက်လို့တဲ့၊ အဲဒီမှာတစ်ခုသတိထားရမှာက မှိုပမာဏထက် ကစွန်းရွက်ပမာဏ မနည်းဖို့လိုပါတယ်၊ အရိုးရှင်းဆုံးပြောရရင် အဆိပ်အတောက်ဖြေမယ့် အရွက်ကနည်းနေရင် မထိရောက်နိုင်တဲ့သဘောပါ။ မှိုကစွန်းကြော် စားဖြစ်ကြသူများအတွက်ပါ။

  • ကြောင်ဝတုတ်

    September 17, 2012 at 3:41 pm

    ကျွန်တော်က ကန်စွန်းရွက်ကြိုက်တယ်… ကိုက်လန်ကြိုက်တယ်… မုန်ညှင်းရွက်အမျိုးမျိုးကြိုက်တယ်…
    ဘေဘီကွန်း (ပြောင်းဘူးသားလေး) ကြိုက်တယ်… မှိုကြိုက်တယ်… ချဉ်ပေါက်ကြော်ကြိုက်တယ်…
    ကျွန်တော်စားတဲ့အရွက်အဲဒါအကုန်ပဲ…

    သူငယ်ချင်းတစ်ယောက်ကပြောတယ်…
    ကျွန်တော်က ဘီယာဆိုင်မှာရတဲ့ အရွက်အကုန်ကြိုက်တယ်တဲ့…

    အဲလိုဖြစ်နေလားမသိပါဘူးဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • eipu

    September 17, 2012 at 3:48 pm

    ပြထားတဲ့ ပန်းကန်ကိုက သွားရည်ကျစရာပါလား………..

  • mayjuly

    September 17, 2012 at 4:24 pm

    ကန်စွန်းရွက် ကတော့ကြိုက်တယ်ဗျို့ ..
    ဒါနဲ့ မသိလို့ တရုတ်ကန်စွန်း၊ ဗမာကန်စွန်း နှစ်မျိုးမှာ ဘယ်ကန်စွန်းက ပိုအားရှိလဲဗျ ..
    တောသူဆိုတော့ ဗမာကန်စွန်းပိုကြိုက်လို့ မေးမိတာပါ … 😀

    • the best

      September 17, 2012 at 5:55 pm

      ကိုဘဲဥရေ
      http://blog.irrawaddy.org/2012/09/blog-post_9035.html
      ကနေတင်ပေးတာပါ။

      ကိုယ်က ကိုယ်ရွာက လူတွေဖတ်စေချင်လို ့ကူးတင်တယ်။
      သူလည်းသူ ့ ပရိသတ်အတွက် ကူးတင်တယ်။
      အားလုံးက အများအကျိုးရှိမဲ့စာကို အားလုံးသိအောင်မျှဝေကြတာပါပဲ။

  • the best

    September 17, 2012 at 5:40 pm

    ဒီပို ့စ်ကို အရေးတယူ ဖတ်ပြီး မန် ့ပေးကြတဲ့
    Mon Kit ၊ etone ၊ ကိုခင်ခ ၊
    kai ၊ ahnyartamar ၊ အရီးခင်လတ် ၊
    ကြောင်ဝတုတ် ၊ eipu ၊ mayjuly တို ့နဲ ့တကွ

    ဖတ်ပေးကြတဲ့ ရွာသူရွာသားတွေအားလုံးကို
    ချစ်ခင်လေးစားကျေးဇူးတင်စကား ပြောပါရစေဗျာ။

    ဈေးလည်းသက်သာ၊လူကျန်းမာစေတဲ့ ကန်စွန်းရွက်ကို
    ပိုပြီးစားလို ့ကောင်းအောင် စီမံချက်ပြုတ်တဲ့နည်းတွေရှိရင်
    မျှဝေပေးစေလိုပါတယ်။ အိမ်ရှင်မကို ချက်ကျွေးခိုင်မလို ့ပါ။
    ကျေးဇူးတင်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    September 17, 2012 at 8:42 pm

    ဘီယာသောက်ပါ …
    ပြီးတော့ .. ကန်စွန်းရွက်စားပါ … ဆိုတော့ …
    အဟမ်း .. ဟမ်း ..
    နှစ်ခုစလုံး ပြီးပြည့်စုံသွားအောင်
    ကန်စွန်းပလိန်းလေးနဲ့ ဘီယာလေးနဲ့ တွဲလိုက်ရင်ဖြင့် ..
    ရှလွတ် … :mrgreen:

  • candle .

    September 17, 2012 at 9:26 pm

    candle ကတော့ ကန်စွန်းရွက် ဆိုရင်..
    ဈေးထဲမှာရောင်းတဲ့ စိုက်ကန်စွန်းတွေထက်
    မိုးအကုန် ဆောင်းအကူး လယ်ကန်သင်းရိုးဘေးနဲ ့
    လယ်ကွက် တွေထဲမှာ ပေါက်နေတဲ့…
    အဖျားသေးသေးချွန်ချွန်..နုဖက်နေတဲ့
    လက်ကန်စွန်း လေးတွေကို ပိုကြိုက်ပါတယ်..
    ဓာတ်မြေဩဇာမပါ..သဘာဝအတိုင်း
    အရသာရှိလွန်းလို ့ပါ..

  • the best

    September 17, 2012 at 9:44 pm

    ဘဲဥ၊ လုံမလေး မွန်မွန်၊ မောင်ပေ ၊
    မဟာရာဇာ အံစာတုံး၊ candle ၊တို ့ကိုလည်း
    ကျေးဇူး အရမ်းတင်ပါတယ်။

    အခု ည ၉း၄၅ နာရီရှိနေပြီ။
    ကန်စွန်းပလိန်းလေးနဲ့ ဘီယာလေးနဲ့ ဇိမ်ခံနေကြပြီလား။

  • Kyaw Myo Thet

    September 18, 2012 at 3:47 am

    ကန်စွန်းရွက်အရသာရှိရှိ ချက်ပြုတ်စားသောက် နည်းလေးသိချင်တယ်ဆိုလို့ရေးပေးလိုက်ပါတယ်
    တကယ်တော့ကန်စွန်းရွက်ဆိုတာ ရေကန်တွေရဲ့အစွန်းမှာပေါက်လို့မို့ ကန်စွန်းရွက်လို့ခေါ်ဟန်တူပါတယ်
    ကဲကဲဒါတွေထားပါ ကန်စွန်းမှာပေါက်လို့ပဲခေါ်ခေါ် ဘယ်မှာပဲပေါက်လို့ပဲခေါ်ခေါ်
    ကန်းစွန်းရွက်ကိုအရသာရှိရှိစားလိုပါက ကန်စွန်းရွက် သက်သက်လွတ်အချိုချက်ချက်ပြုတ်စားသောက်နည်းလေးပဲဖြစ်ပါတယ်။
    ကျနော် အဖွားရဲ့ နှစ်ဝန်းကွဲ ညီမရဲ့ သူငယ်ချင်းတစ်ယောက်က သူလည်း တေားရွာလေးတစ်ရွာမှာသွားတုန်းက
    ရခဲ့တဲ့နည်းကလေးဆိုပြီးကျနော် တို့ကိုပြောပြလို့ ကျနော်တစ်ဆင့်ပြန်လည်ဖော်ပြလိုက်ရပါတယ်
    ပထမဆုံးအနေနဲ့ ကန်စွန်းရွက် ၁ဝ စည်းကိုရေဆေးပြီးတော့
    မိမိထည့်လိုသောအဆာပလာများထည့်
    မိမိကြိုတ်နှစ်သက်သလိုချက်စား ကြော်စား အရသာအလွန်ကောင်းသည်မှာ
    မိမိလက်ရာပေါ်တွင်သာမူတည်ကြောင်းဖောပြပေးလိုက်ပါတယ်ခင်ဗျား။
    မှတ်ချက်။ ။ကျေးဇူးတင်ခြင်းသည်းခံပါ။

  • ကြောင်လေး

    September 18, 2012 at 7:59 am

    သူဌေးတွေ အကုန်စားလို့
    ဆင်းရဲသားတွေ စားစရာမရှိဖြစ်ကုန်ဦးမယ်။
    ကျနော်ငယ်ငယ်က စားတော်ပဲပြုတ်ဆိုတာ ကျနော်တို့လို ဆင်းရဲသားတွေစားတာပါ။
    အခုစားတော်ပဲပြုတ်ကို ကျနော်တို့ ပေါပေါများများမစားနိုင်တော့ပါဘူး။

  • Tin Tin

    September 18, 2012 at 1:54 pm

    ကန်စွန်းရွက်စားခြင်းရဲ့ အကျိုးအာနိသင်တွေကို ပြည့်ပြည့်စုံစုံသိရလို့ ကျေးှဇူးအများကြီးတင်ပါတယ်…
    ကျမကိုယ်တိုင်ကလည်း ကန်စွန်းရွက်ကိုကြိုက်ပါတယ် ..

  • Phaung Phaung

    September 18, 2012 at 5:17 pm

    ကန်စွန်းရွက်ရဲ့အာနိသင်အကျိုးကအတော်များပါလား…. ဒါဆိုနေ့တိုင်းကွန်စွန်းရွက်ပဲစားတော့မယ်
    အကုန်အကျလည်းသက်သာ ….. ဟီး 😀
    ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်…

  • Hnin Hnin

    September 18, 2012 at 5:49 pm

    ကန်စွန်းရွက်ကို Water Spinach (or) Kangkong လို့ လူသိများပါတယ်..
    River Spinach,Chinese Spinach ကစလို့Water Morning Glory ဆိုတဲ့
    လှတပတနာမည်လေးပါမကျန် မဆုံးနိုင်တဲ့ နာမည်ခွဲတွေ ရှိပါသေးတယ်….

    ကန်စွန်းရွက်က ရေထဲမှာ၊ရေပေါပေါများများရတဲ့နေရာနား၊ ဒါမှမဟုတ် စွတ်စိုတဲ့
    မြေနေရာတွေမှာ ပေါက်လေ့ရှိတယ်…ကမ္ဘာ့အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှမှာ တွေ့ရလေ့ရှိပါတယ်..ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သဘာဝ
    ရှိပြီး ဂရုတစိုက်ပျိုးထောင်ပေးဖို့မလိုဘဲ အပင်တွေပွားလွယ်လို့ U.S. က Florida,
    Texas လိုနေရာမျိုးမှာ ကန်စွန်းရွက် ပေါက်ပွားနှုန်းမြင့်မားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်
    ကိုတောင် အနှောင့်အယှက်ဖြစ်စေပါသတဲ့…USDA က ကန်စွန်းပင်ကို အဆိပ်ရှိတဲ့ပေါင်းပင်
    လို့လည်း တရားဝင်ပညတ်ထားပါသေးတယ်..
    …..စားတဲ့အခါ တစ်ကယ်တော့အန္တရယ်မရှိပါဘူး..အဆိပ်အတောက်တောင် ပြေပါတယ်..
    သွေးအားနည်းရောဂါနဲ့ သံဓာတ်လိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်းလှ
    သလို ဝက်စာ၊ငါးစာ အဖြစ်လည်းသုံးပါတယ်..

    ….တရုတ် နဲ့ မလေး ဟင်းလျာတွေမှာတော့ ကန်းစွန်းရွက်က ‘မရှိမဖြစ်မိုး’ ပါ…

    ကန်စွန်းရွက်ကို မီးပြင်းပြင်းနဲ့ ကြာကြာကြော်၊ချက်လိုက်တဲ့အခါမှာ သူ့အရသာ
    ပျက်ယွင်းသွားသလို ကန်စွန်းရွက်ရဲ့အဟာရတန်ဖိုးတွေပါ ဆုံးရှုံးသွားပါတယ်..
    အကောင်းဆုံးနည်းကတော့ ကန်စွန်းရွက်ကို နွမ်းရုံ စိမ်းစိမ်းလေး မွှေကြော်လေး
    ကြော်စားပေးတာပါပဲ…

    မလေးရှားမှာတုန်းက စားခဲ့ရတဲ့ကန်စွန်းရွက်ကြော်ကတော့ ကြက်သွန်ဖြူများများ၊
    ငရုတ်သီးခွဲခြမ်းတွေရော၊ငရုတ်သီးအနီတောင့်ရှည်တွေပါ(red bird’s eye chilli pepper
    ငရုတ်သီးနဲ့အတော်တူတယ်…မြန်မာပြည်က မိုးမျှော်လိုမျိုး အတောင့်ကြီးကြီး၊
    ရှည်ရှည်၊ချွန်ချွန်တွေပါ) ပါးပါးလှီးထည့်ထားတဲ့အပြင် စိမ်းစားငါးပိအရသာလေးနဲ့
    နည်းနည်းစပ်တပ်တပ်နဲ့ ထမင်းမြိန်သွားလို့ အသားတွေတောင်မစားတော့ဘဲ ၂ပွဲတိတိ
    အဲဒါနဲ့ပဲ စားခဲ့တာ အမှတ်ရမိပါတယ်။ အဲဒီတုန်းကတော့ တစ်ပွဲမှ မြန်မာအခေါ် ငါးမူး
    ( one ringgit ရဲ့တစ်ဝက် 50 sen ထင်) ပဲပေးရပါတယ်။

    – ပုစွန်ငါးပိ(စိမ်းစားငါးပိ) သို့ ငံပြာရည် သို့/နဲ့ ခရုဆီ သို့ ကြက်သားမှုန့်တို့ကိုတော့
    အချိုလေးရန် သုံးပါတယ်။
    – ပဲပြား၊ဝက်သား၊အမဲသားတို့နဲ့လည်းတွဲပြီး ကြော်ချက်စားလို့ရပါတယ်(မရေးတော့ပါဘူး)
    – spice ကတော့ ခုန ရထားထွက်မဲ့ ငရုတ်သီးရယ်(မရရင် ဒီကငရုတ်)၊ဂျင်း၊ကြက်သွန်ဖြူ၊
    ကြက်သွန်နီ၊ငရုတ်ကောင်းတို့ကိုတော့ ကိုယ့်အကြိုက် လိုတာထည့်သုံးကြပါလို့။
    – ကော်မှုန့်မရှိရင်လည်း ပြောင်းဖူးမှုန့် သုံးနိုင်ပါတယ်။
    စာရေးရင်းကနေ ကိုယ့်အကြိုက်၊ ကိုယ့် own recipe ဖြစ်မယ့် stir-fried water spinach
    (ကန်စွန်းရွက်မွှေကြော်)ကို လုပ်စားဖို့ သိသလောက်ရေးပေးလိုက်ပါတယ်….

    • kai

      September 18, 2012 at 11:43 pm

      အင်္ဂလိပ်နာမယ်မသိလို့.. တွေးနေတာ.. ဒီကော်မန့်လေးကယ်လို့ပဲ..။
      .. ကျေးကျေးပါနော.. 🙂

      စကားအတင်းစပ်..
      “ရထားထွက်မဲ့ ငရုတ်သီး” ဆိုတာဘာလည်းဟင်င်င်..

      • Hnin Hnin

        September 19, 2012 at 1:10 am

        – ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ရှင့်…ကန်စွန်းရွက်ကြော်ရင် အရိုးဖြူဖြူ၊ပွပွ၊အရွက်
        ဖားဖား တရုတ်ကန်စွန်းရွက်က မမဲလွယ်ဘဲ နူးညံ့ပြီး စားရတာ အရသာရှိဆုံး၊
        အကောင်းဆုံးပါ….အရွက်(အရိုးပါ,ပါ)ကို နွမ်းရုံ စိမ်းစိမ်းလေးပြုတ်ပြီး ပဲမှုန့်၊သံပုရာ၊
        ငံပြာရည်၊ပုစွန်ခြောက်မှုန့်( သို့ ကြက်သားမှုန့်)၊ငရုတ်သီးစိမ်း၊နှမ်းထောင်းလေး
        ထပ်ပိုးလို့ ကြက်သွန်နီဆီချက်လေးနဲ့ သုပ်စားရင်လည်း လျှာပေါ်စွဲစေမယ့်
        တစ်မျိုးကောင်းတဲ့ own recipe အသုပ်လေးပါ…
        – ထိုင်ဝမ်ကန်စွန်းလည်း (အရွက်ချွန်ချွန်သွယ်သွယ်၊ အရိုးစိမ်းစိမ်းပိန်ပိန်) ကြိုက်သူ
        များအတွက်ကောင်းပါတယ်…သူ့ကိုတော့ ရေစပ်စပ်လေးနဲ့ကြော်ချက်ကို
        ပိုနှစ်သက်ပါတယ်……..
        – မြန်မာကန်စွန်းလို့လည်းပြောကြတဲ့ (တရုတ်ကန်စွန်းနဲ့အတော်ဆင်လို့မှားဝယ်
        မိတတ်)ကန်စွန်းကျတော့လည်း ကြော်ရင် မဲလွယ်ပြီး ဖန်တွတ်တွတ်နဲ့မို့ မကြိုက်ပါ..
        – ကန်စွန်းရိုးနီကတော့ အဖန်ဓာတ်ရှိလို့ တို့စရာ၊ချဉ်ဖတ်၊ချဉ်ရည်အနေနဲ့ပဲ
        ကောင်းပါတယ်လို့..သူကြီး ကျေးကျေး ထောက်ပြီး ကျန်သွားတာ ထပ်ဖြည့်
        ပေးပါရစေ.. 🙂
        ‘ရထားထွက်မဲ့ ငရုတ်သီး’ ဆိုတာ ရေးရတာ ရှည်လွန်းလို့တင်စားထားတာပါ..
        စာထဲမှာ ရှင်းရှင်းလင်းလင်းကြီးကို ပါပါတယ်ရှင့်…သိသိနဲ့ သူကြီး မသိချင်ယောင်
        ဆောင်နေပြန်ပြီနော့….

  • the best

    September 18, 2012 at 6:26 pm

    Kyaw Myo Thet ၊ကြောင်လေး ၊Tin Tin ၊Phaung Phaung ၊ နဲ ့Hnin Hnin တို ့ကို
    Hnin Hnin ပြောပြတဲ့ နည်းနဲ ့ကြော်ပြီးရင် ကျွေးဖို ့ဖိတ်လိုက်ပါ့မယ်။

  • Kyaw Myo Thet

    September 18, 2012 at 9:39 pm

    ကျွေးဖို့ဖိတ်မယ်ဆိုတာနဲ့တင် ဗိုက်ကတော်တော်ဝသွားပါပြီဗျာ။
    အဲ့ဒါကြောင့်ဒီစာကိုဖတ်ပြီးကတည်းက ဗိုက်တောင်မဆာသေးဘူး။

  • nature

    September 18, 2012 at 10:16 pm

    ကဇွန်းရွက်က တရုပ်ကဇွန်းနဲပဗမာကဇွန်း ၂မျိုးရှိတယ်ကြားဖူးတယ်။ အရိုးနီနဲ့ဗမာကဇွန်းက ပိုဆေးဘက်ဝင်တယ်လို့ကြားဖူးတယ်။

  • ဦးဦးပါလေရာ

    September 18, 2012 at 11:45 pm

    မြန်မာကန်စွန်း အရိုးနီကို ချဉ်ဖတ်တည်ပြီး ငပိနဲ့တို့စားရင် ခံတွင်းသိပ်မြိန်တာဗျ…။
    ချဉ်ရည်ချက်စားရင်ကောင်းသလို
    ကန်စွန်းရွက်နဲ့ ကင်ပွန်းချဉ်ရွက် ရောပြီး ပုဇွန်ခြောက်လို အဆာလေးနဲ့ကြော်စားရင်လဲ အရသာထူးတယ်။
    တကယ်တော့ ဒီအတိုင်းပြုတ်တို့ရင်လဲ ကောင်းတာပါပဲ။
    တရုတ်ကန်စွန်းကို ခရုဆီလေးနဲ့ ကော်ရည်ထည့်ကြော်လိုက်ရင်လဲ ရွှေဘဲက တပွဲ ၂၈၀ဝ ယူတဲ့ ကန်စွန်းပေါင်းနဲ့တထေရာထဲ အရသာထွက်တယ်။
    လွန်ခဲ့တဲ့ လေးနှစ်လောက်က အင်္ဂလန်ရောက်သူငယ်ချင်း ပြန်လာလည်တုန်းပြောသွားတာတော့ လန်ဒန်မှာ ကန်စွန်းရွက်က ကြက်သားထက် ဈေးကြီးသတဲ့…။

Leave a Reply