Tomorrow night…

လူတွေ ရှင်းပြီး စရိုက်ကျ တဲ့ နေရာပေမဲ့..
ငါ တို့ တွေ စရိုက်မကျပါဘူး….ချစ်သူ…
ရထားလမ်းဘေးဆိုပေမဲ့..
ငါတို့ စိတ်ထင်တိုင်း မသောင်းကျန်းခဲ့ပါဘူးလေ….

ဂစ်တာတီးတဲ့လူငယ်တစ်စုကိုကျောပေးပြီး
ငါတို့ သန့်ရှင်းတဲ့ အနမ်းတစ်ခုကို
ထုဆစ်ခဲ့ပြီးသားပါချစ်သူ..

စနစ်တကျ ချိန်းတွေ့ ခဲ့သူတွေပီပီ
ကိုးနာရီ ကို နောက်ဆုံးထား..
အိမ်ပြန်ရမယ်တဲ့လေ….
ဒီနေ့တော့ဒီမျှပေါ့ချစ်သူ…

မိဘတွေအလိုလိုက်..လိမ္မာရဦးမယ်လေ…
နာရီကိုကြည့် ..တို့တွေရဲ့နှုတ်ဆက်ချိန်အရောက်..
ယဉ်ကျေးစွာနဲ့ တို့တွေလမ်းခွဲခဲ့
မင်းနဖူးကို နူးညံ့စွာအနမ်းတစ်ပွင့်ပေးရင်း…
နောက်နေ့ တွေ မှာ…
ပြန်ဆုံစို့ချစ်သူ………။   ။

 

မနေ့ညက ကျွန်တော်တို့ သူငယ်ချင်းတွေ  ဂီတာတီးရင်း
တွေ့ခဲ့တဲ့ အတွဲ တစ်တွဲ အကြောင်းကို  ပြန်ရေးကြည့်မိတာလေးကို
တင်ကြည့်လိုက်တာပါ…
ဖတ်ကြည့်လိုက်ပါ…
ဝေဖန်ကြည့်လိုက်ပါ..
ပြီးရင်……တော်ဘီ..

About Tun Tun Naing

Tun Tun Naing has written 2 post in this Website..