မနေ့ညက…

Tun Tun NaingSeptember 17, 20121min1185

Tomorrow night…

လူတွေ ရှင်းပြီး စရိုက်ကျ တဲ့ နေရာပေမဲ့..
ငါ တို့ တွေ စရိုက်မကျပါဘူး….ချစ်သူ…
ရထားလမ်းဘေးဆိုပေမဲ့..
ငါတို့ စိတ်ထင်တိုင်း မသောင်းကျန်းခဲ့ပါဘူးလေ….

ဂစ်တာတီးတဲ့လူငယ်တစ်စုကိုကျောပေးပြီး
ငါတို့ သန့်ရှင်းတဲ့ အနမ်းတစ်ခုကို
ထုဆစ်ခဲ့ပြီးသားပါချစ်သူ..

စနစ်တကျ ချိန်းတွေ့ ခဲ့သူတွေပီပီ
ကိုးနာရီ ကို နောက်ဆုံးထား..
အိမ်ပြန်ရမယ်တဲ့လေ….
ဒီနေ့တော့ဒီမျှပေါ့ချစ်သူ…

မိဘတွေအလိုလိုက်..လိမ္မာရဦးမယ်လေ…
နာရီကိုကြည့် ..တို့တွေရဲ့နှုတ်ဆက်ချိန်အရောက်..
ယဉ်ကျေးစွာနဲ့ တို့တွေလမ်းခွဲခဲ့
မင်းနဖူးကို နူးညံ့စွာအနမ်းတစ်ပွင့်ပေးရင်း…
နောက်နေ့ တွေ မှာ…
ပြန်ဆုံစို့ချစ်သူ………။   ။

 

မနေ့ညက ကျွန်တော်တို့ သူငယ်ချင်းတွေ  ဂီတာတီးရင်း
တွေ့ခဲ့တဲ့ အတွဲ တစ်တွဲ အကြောင်းကို  ပြန်ရေးကြည့်မိတာလေးကို
တင်ကြည့်လိုက်တာပါ…
ဖတ်ကြည့်လိုက်ပါ…
ဝေဖန်ကြည့်လိုက်ပါ..
ပြီးရင်……တော်ဘီ..

5 comments

  • မဟာရာဇာ အံစာတုံး

    September 17, 2012 at 8:44 pm

    ယဉ်ကျေးစွာနဲ့ တို့တွေ လမ်းခွဲခဲ့ ..
    ဆိုတော့ ..
    မယဉ်ကျေးစွာနဲ့ လမ်းခွဲတာက ဘီလိုမျိုးဒုန်းဟင်င်င် .. 🙄 😀

  • ကိုခင်ခ

    September 18, 2012 at 9:57 am

    ( တို့တွေရဲ့နှုတ်ဆက်ချိန်အရောက်..
    ယဉ်ကျေးစွာနဲ့ တို့တွေလမ်းခွဲခဲ့
    မင်းနဖူးကို နူးညံ့စွာအနမ်းတစ်ပွင့်ပေးရင်း…
    နောက်နေ့ တွေ မှာ…
    ပြန်ဆုံစို့ချစ်သူ………။ ။)

    အနားမှာလည်း ဂီတာတီးနေကြသကိုး။

  • Mon Kit

    September 18, 2012 at 10:04 am

    ယခု ခေတ်ကာလ အနေနဲ့ မြင်ကြည့်ရင် ယဉ်ကျေးကြပါတယ်တော့..
    နော်…….. 😀

  • မောင်ပေ

    September 18, 2012 at 8:16 pm

    tomorrow night ဆိုတော့ မနက်ဖြန်ည ပေါ့
    ကဗျာခေါင်းစဉ်မှာကြ “““ မနေ ့ညက ””” ဆိုတော့
    နဲနဲလွဲနေသလိုပဲဗျာ

    • ရွာစားကျော်

      September 18, 2012 at 9:50 pm

      မနေ့ညက ဂစ်တာတီးနေတဲ့ကောင်တွေ အနားမှာရှိလို့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ခဲ့ရတာ
      ဒီနေ့ ပြန်တွေးပြီး ကြိတ်မနိုင်ခဲမရ ဖြစ်
      Tomorrow night ကျရင်တော့ ဟင်း ဟင်း တွေ့မယ် ဆိုတဲ့ သဘောလားမသိ ခွိ

Leave a Reply