လက်ဆောင်

ရွှေ ကြည်September 17, 20121min35936

တိုင်းအဆမဲ့

လင်းလက်မဲ့အနာဂတ်အတွက်

ဆက်လက်အားယူရင်း

မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ

နေ့ရောညပါပင်ပန်းနေပြီလား။

မှာကြားဆုံးမထားတဲ့မိဘဆရာစကား

ပျော်ရွှင်ချိန်မှာတောင်မေ့မထားပါနဲ့။

ရွှင်တဲ့မျက်နှာသွင်ပြင်လွှာကြောင့်

ပါဝင်နေလားမသိထားတဲ့ပင်ပန်းခြင်းတွေ

စေညွန်ဝေးစေအေးမြစေ။

(18-9-2012 အမှတ်တရလက်ဆောင်)

36 comments

  • ရွှေ ကြည်

    September 17, 2012 at 6:33 pm

    အဲ သူကြီးရေ ခေါင်းစဉ်ပါမသွားလို့ပါ တောင်းပန်ပါတယ်နော် နောက်မဖြစ်စေရပါဘူး 😀
    လက်ဆောင် လို့ထည့်ပေးပါလားဟင်…။ ကျေးဇူးအကြီးကြီးတင်ပါတယ်။

  • မိုး မင်းသား

    September 17, 2012 at 7:10 pm

    ခေါင်းစဉ်မပါတော ့ရှာရတာခက်လိုက်တာ….

    အခုတော ့တွေ ့သွားြ့ပီ…..ဟိ….ဟိ

    • ရွှေ ကြည်

      September 18, 2012 at 7:13 pm

      ကိုမိုးမင်းသားရေ ဆောရီးပါဗျို့ 😀
      အလုပ်မှာ အိုတီဆင်းနေရင်းကတင်လိုက်ရတာဆိုတော့
      မြန်မြန် မြန်မြန်တင်လိုက်တာ ခေါင်းစဉ်ပါမသွားဘူးရယ်။
      ကျေးဇူးပါနော်။

  • ကိုခင်ခ

    September 17, 2012 at 7:12 pm

    ခေါင်းစဉ်မတွေ့ ဝင်ကာကြည့်တော့
    ကဗျာစာသား ကောင်းလှချည်လား။

    • ရွှေ ကြည်

      September 18, 2012 at 7:15 pm

      လေးခင်ခရေ ကျေးဇူးတွေတနင့်တပိုးတင်လိုက်မယ် လာလေရော့… 😀

  • အလင်းဆက်

    September 17, 2012 at 8:24 pm

    အိုး….

    သိပ်ကောင်းတဲ ့ကဗျာ..လက်ဆောင်…

    ကဗျာရေးဟန်…နဲ ့…စာသား စီစဉ်ပုံ….စိတ်ကုူးလေးအရမ်းကောင်းတာပဲ..မမရွှေကြည်….

    ကဗျာ ရဲ ့ စာသားတွေ..ထဲမှာ…ထိပ်ဆုံး..အစ..စာလုံးတွေ.အားလုံးကို…

    အပေါ်ကနေ..အောက်အထိ..စီ..လိုက်ရင်….

    အလင်းဆက် မွေးနေ့မှာ..ပျော်ရွှင်ပါစေ….. တဲ ့။

    ပင်ပန်းခြင်းတွေ

    စေညွန်ဝေးစေအေးမြစေ။…..ဆိုတဲ ့ စကားလေးတစ်ခွန်းက…ကျွန်တော့်ရင်ကို….
    အေးမြ လန်းဆန်းသွားစေလိုက်တာဗျာ…။

    ဒီနှစ် ( 25 နှစ်ပြည့် ) မွေးနေ ့ပွဲ ကတော့…
    တကယ့်ကို ပျော်စရာကြီးဗျ ။

    ဆရာမ ဝင့်ပြုံးမြင့်ကလည်း… လက်ဆောင်တစ်ခု…

    ကိုမိုးမင်းသား..ကလည်း..လက်ဆောင်တစ်ခု….

    ဒီ နှစ် မွေးနေ ့ကလေးဟာ….
    ကျွန်တော့်ဘဝမှာ…. လုံးဝ မေ့လို ့မရ တဲ ့…နေ ့ရက်ပါ ။

    ကျေးးးးးးးးးးးးးးးးးးဇူးးးးးးးးးးးးးးးးးးးးးးးး တင်…ပါတယ်….ဗျာ…။

    😀

  • မဟာရာဇာ အံစာတုံး

    September 17, 2012 at 8:55 pm

    လက်ဆောင် ..
    လောင်ဆက် ..
    လောင်ဆက်တော့ အလင်းဆက် အတွက် ..
    (ဘာမှလည်း ဆိုင်ဘူး ..) 😀

    ဦးလင်းဆက်ကြီး
    မမကြီး က ခင်ညားအတွက် ကဗျာလက်ဆောင်ပေးတော့
    မမကြီး အတွက်လည်း အာပျိုဂျီး ဘဝက အမြန်ကျွန်စေဂျောင်း
    ပြန်ပြီး ဆုတောင်းပေးလိုက်ဘာ … :mrgreen:

  • အလင်းဆက်

    September 17, 2012 at 9:29 pm

    မဟာရာဇာ အံစာတုံးကြီးရေ……..
    ဟုတ်ပါရဲ ့.ဗျာ.။

    အဲဒီလိုလေး..ပြန် ဆုတောင်းပေးဖို ့.မေ့သွား တယ် ။

    ကဲ….
    မမရွှေကြည်… ဒီ ဝါကျွတ်ရင်…. အပျိုကြီး ( မဟာ ရာဇာ ကြီး.ပြောသလိုဆို…အာပျိုဂျိီး. )

    ဘဝ က ကျွတ် ကျ ပါစေ ။ အဲလေ… အပျိုကြီးဘဝ ကျွတ်ပါစေ.။

    ( အဲ..မမရွှေကြည်က အပျိုကြီးဘဝလေးနဲ ့ပဲ… နေချင်တာလား.မသိ ။:D )

    • ရွှေ ကြည်

      September 18, 2012 at 7:19 pm

      အောင်မလေးတော် သိပ်ကိုအားကိုးရတဲ့မောင်အံစာပါကလား အလက်ဆင်းရော အတိုင်အဖောက်ကိုညီနေလိုက်ကြတာ ကျုပ်ကိုများ..ဟွန်း 🙁
      အပျိုကြီးတိုင်းသုံးတဲ့လက်သုံးစကားလေးပြောလိုက်မယ် အဟဲ
      အစ်မကမလိုချင်လို့ပါနော်… 😛

    • ရွှေ ကြည်

      September 18, 2012 at 7:31 pm

      လေးပေါက်ရေ တောင်းဗျို့…။
      လေးပေါက်မွေးနေ့လည်းပြောလေ လက်ဆောင်အကြီးကြီးပေးမယ် အဟိ..။
      တူမချောလေး
      ရွှေကြည်

  • အရီးခင်လတ်

    September 18, 2012 at 3:02 am

    အရီး တူမလေး ကလဲ ကဗျာစပ်တတ်တာကိုး။
    အင်မတန် ကောင်းတဲ့ ကဗျာလေး။
    အလင်းဆက် အတွက် ပျော်ရွှင်စရာ ကြည်နူးစရာ ငွေရတုမွေးနေ့လေး ဖြစ်မှာပါ။ 🙂

    • ရွှေ ကြည်

      September 18, 2012 at 7:28 pm

      အရီးရေ
      အရီးတူမကကဗျာဆရာမလေ ကျောင်းနောက်ဆုံးနှစ်ကတည်းကစုပေါင်းစာအုပ်တောင်ထုတ်သေး
      ဟိုးဟိုးကြော်အောင်မြင်တာလေ မပြောနဲ့တော့ ရင်းနှီးတဲ့သူတွေအတင်းလိုက်ရောင်းရတာ
      တချို့တဝက်ကိုလက်ဆောင်ပေးပေါ့.. 😀

      အရီးကိုချစ်တဲ့
      ရွှေကြည်

  • အလင်းဆက်

    September 18, 2012 at 9:14 am

    လေးလေးပေါက်…
    ခွဲပေးမယ်နော် ။
    ညနေ ကျရင်..ကျွန်တော် ဆင်ခြင်မိတဲ ့အတွေးလေးတွေက်ို…
    ရွာသူသားတွေအတွက်..လက်ဆောာင် ပြန်ခွဲပေးမယ် ။
    😀
    _________________
    ဟုတ်ပါ့ အရီးခင်လတ်ရယ်…

    မမရွှေကြည်ကို ကဗျာ မစပ်တတ်လောက်ဘူး ထင်ခဲ့မိတာ ။
    အရေးအသားကောင်းတာတော့ သတိထားမိပါတယ် ။
    အခု ဒီကဗျာ.လေးကိုတွေ ့တော့မှ…
    မမရွှေကြည်က ကဗျာ..ဇ.. မသေး ဘူးဆိုတာ..သိရတယ် .။ နော့်…။

    တကယ် ပါပဲဗျာ.။
    အတွေးရော…
    အရေးရော..
    တင်ပြ ပုံရော..
    စကားလုံးရွေးချယ် ပုံရော…
    အံ ့မခန်းပါပဲ..။

    မမရွှေကြည်…. ရေ.
    ကျေးဇူး 😀

  • Mon Kit

    September 18, 2012 at 9:50 am

    စိတ်ကူးကောင်းလိုက်တာ ရွှေကြည်ရယ်…
    နောက်လဲ ကဗျာတွေ ရေးနော်…
    အားပေးနေမယ်…
    မွေးနေ့ရှင် အလင်းဆက် နဲ့ ထပ်တူ ခံစားပျော်ရွှင်မိပါတယ်… 🙂

  • mayjuly

    September 18, 2012 at 11:12 am

    ဒီမှာ လဲ လက်ဆောင်တစ်ခု ပါလားး ….
    မွေးနေ့ရှင်ကြီးကို အားကျလိုက်တာ.. 😀

    ပျှော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေဗျာ …

  • ရွှေ ကြည်

    September 18, 2012 at 12:01 pm

    ဝင်ရောက်ဖတ်ရှုအားပေးသူအားလုံးကိုကျေးဇူးအကြီးကြီးတင်ပါတယ်ရှင့်။
    အလုပ်မအားလပ်ပါသဖြင့် အားလုံးကိုပေါင်းပြီးကျေးဇူးတင်လိုက်ပါတယ်။
    ပြန်လာပါဦးမည်။ 😀

  • အလင်းဆက်

    September 18, 2012 at 1:23 pm

    မမရွှေကြည်ရေ..
    မအားလပ်တဲ ့ ကြားက…
    အခုလို အမှတ်တရ… ပြုလုပ် ဖန်တီးပေးလို ့
    ကျေးဇူး..အကြီးကြီး… ထက် အကြီးကြီး.တင်ရှိပါကြောင်း…
    😀

  • နွယ်ပင်

    September 18, 2012 at 2:45 pm

    ရွှေကြည်ရေ ကဗျာစာသားလေးတွေက နူးညံ့ပြီး တကယ့်ကိုထိမိပါတယ်
    အလင်ဆက်လည်း မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော် …..

  • နွယ်ပင်

    September 18, 2012 at 2:48 pm

    ဟိဟိ အလင်းဆက်လို့ရေးတာ ကျန်ခဲ့လိုု့ပါ ပြင်ဖတ်ပေးပါနော် ….

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 2:52 pm

      ဟတ်ကဲ့ပါ အန်တီချစ်တောမောင်

      အူး ဒညင်းဝက် ကို တား ပြန်ပြောပြလိုက်ပါ့မယ်..

      :mrgreen:

  • Wow

    September 18, 2012 at 3:11 pm

    တော်ထှာ …သူများသားသမီးဒွေ..
    :redface:

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 3:14 pm

      support ဖြစ်တဲ့အထဲမှာ redface ပါလို့လား အေ…

      😈

    • ရွှေ ကြည်

      September 19, 2012 at 9:40 am

      Wowရေ တော်တယ်ပြောလို့ပျော်ထှာ တွေ့ရင်မုန့်ဝယ်ကျွေးမယ်နော်…။ ကျေးဇူးပါရှင့်..။

  • အလင်းဆက်

    September 18, 2012 at 4:43 pm

    မမနွယ်ပင်…
    ဘယ်ရိုကြီူးရဲ..ဟင်..
    အလင်ဆက်…ဒဲ ့

    အဟိ ။
    _______________

    ဒဿရေ…

    ဒညင်းဝက်… တဲ ့လား…။ အဟင့် ။ နို မိတော့မယ် ။:D
    __________________
    Wow..ရေ..
    ကျေးဇူး.။:D

  • etone

    September 18, 2012 at 4:55 pm

    အဟီး .. မရွှေကြည် ကဗျာလည်း ဖြစ်တာပဲလား ……. ။ 🙂 ရွက်ပုန်းသီးကွ …. မိုက်ဒလယ်ကွ ။

    ံHappy Birthday ပါအလင်းဆက်ရေ ။ အောင်မြင်ပျော်ရွှင်တဲ့ နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေနော် ။ 😀

  • ရွှေ ကြည်

    September 18, 2012 at 7:41 pm

    မွန်ကစ်ရေ အားပေးလို့ကျေးဇူးတင်ပါတယ်နော် မြှောက်မပေးနဲ့ဗျ မိရွှေကြည်ကမလွယ်ဘူးရယ် 😀

    မေဂျူလိုင်လေးရေ ကျေးဇူးတင်ပါတယ်ကွယ် အစ်မက ရွာသူားအားလုံးကို မွေးနေ့လက်ဆောင်ပေးချင်တာ
    မစွမ်းသာလို့ 😀

    အလင်းဆက်ရေ မွေးနေ့ရှင်ကျေနပ်ရင်ဝမ်းသာပါတယ်လို့..။

    မနွယ်ပင်ရေ ဂိုမောင်းရော အာရီးဂတ်တော့ကိုဆိုင်းမတ် ရှဲ့ရှဲ့နီ သင့်ခ်ယူ အဟဲ….။

    ကိုဖွတ်ကျား(ခ)ကိုဂီ ရေ အူးတညင်းဝက်တဲ့လား…နာမည်လေးလှတော့လှသား..။

    အုံတိလေးရေ ရွက်ပုန်းသီးမဟုတ်ရပါဘူးနော် မတောက်တခေါက်လေးပါကွယ့် 😀

    ။…အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်…။

  • မောင်ပေ

    September 18, 2012 at 8:32 pm

    လက်ဆောင်
    ကြက်တစ်ကောင်
    ချက်ပြောင်
    ခွက်ထောင်
    ဆက်ကြောင်
    ယပ်တောင်
    ပျက်ပေါင်

    • ရွှေ ကြည်

      September 19, 2012 at 9:45 am

      ကိုပေ ကဗျာမန့်အတွက်ကျေးဇူးအကြီးကြီး…. 😀

  • အလင်းဆက်

    September 18, 2012 at 8:51 pm

    အဟိ ။ အဟိ အဟိ ။

    ခိခိခိ။

    ( ပျော်နေလို ့ )
    😀
    အားလုံးကို ကျေးဇူးပါ..လို ့.။

  • မိုး မင်းသား

    September 18, 2012 at 9:03 pm

    ရွှေကြည်ရေ….

    ကိုပေါက်ကခွဲပေးပါတဲ ့……

    လေးပေါက်ရေလိုချင်တာရှိရင်…သားသားကိုပြောပါနော်…..လေးပေါက်ရဲ ့မွေးနေ ့လေး…..

    သိလို ့ရရင်သိချင်မိပါရဲ ့…..ပြောပြပါလေးပေါက်ရယ်……

    • ရွှေ ကြည်

      September 19, 2012 at 9:51 am

      ကိုမိုးမင်းသားရေ လေးပေါက်မွေးနေ့ကပြီးသွားပြီ 3-7-58 ပါလို့။

  • garuda

    September 19, 2012 at 2:45 pm

    ခေါင်းစဉ်ကို သိပ်စိတ်မဝင်စားလို့ ဝင်မကြည့်ဖြစ်တာ။ ကွန်မန့်တွေများလို့ ဝင်ကြည့်မိတော့ ကောင်းဗျာ။ ဓားသွားလိုမထက်ပဲ
    ပျားရည်လိုချိုစေတဲ့ ကလောင်စွမ်းလေးပေါ့ 🙂 ….ကျေးဇူး။

  • ရွှေ ကြည်

    September 19, 2012 at 3:50 pm

    garuda ရေ ပျားရည်လိုချိုစေတဲ့ကလောင်စွမ်းတဲ့ အဟိ ပီတိတွေတလှေကြီးနဲ့မိရွှေကြည်မိုးကိုခေါင်းနဲ့တိုက်မိပြီထင်ပါ့။
    ရွှေကြည်ကလည်း ကျေးဇူးတင်ပါကြောင်း။

Leave a Reply