အမေရိက(America)ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ-အမေရိကန်(Myanmar-American) တွေ့ဆုံပွဲများ ( 20th Sept – 2nd Oct)

kaiSeptember 18, 201210min97152

Invitation to the Washington D.C. Metropolitan Area Burmese Community

Daw Aung San Suu Kyi will be travelling to the United States in September, and Washington D.C. will be her first stop.  During her visit, she will be receiving the Congressional Gold Medal award on September 19th 2012, and will meet with the Burmese community from the Washington D.C. metropolitan area and neighboring states on September 20th 2012 from 8:45AM-10:45AM at the Bender Arena of the American University in Washington D.C.

Admission is FREE and registration is REQUIRED via the event registration form.  All are invited, and we invite volunteers to help and support this historic visit by Daw Suu a great success.

For additional information, please contact Dr. Ni Ni Khin at (703) 757-1990.

Event Registration – Send Email to thantt@aol.com for Late Registration

  • Intended for the Burmese-speaking audience as Daw Aung San Suu Kyi will be speaking in Burmese only during the event.
  • Seating is LIMITED.
  • Admission is FREE.
  • Registration is REQUIRED.
  • Mailing Address is REQUIRED as we need it to mail you the Admission Tickets.
  • Admission Tickets to gain entry on the day of the event.
Event Details & Rules

Date: September 20th 2012
Time: 8:45AM to 10:45AM

Bender Arena, American University
4400 Massachusetts Ave
Washington D.C. 20016
Open in Google Maps

Directions to the American University

All guests should plan to take Public Transportation (Tenleytown/AU stop on Metro’s Red Line and AU-BlueRoute shuttle to the campus).
Car Parking at the American University is EXTREMELY limited as it is a school day.
  1. American University – Maps & Directions
  2. Blue Route (Main Campus – Metro Station) Shuttle Service for commuting via WMATA Metro
  3. Other Shuttle Services
Rules
  1. All guests will be subjected to search by the security staff.  Please allow extra time to go through security.
  2. No Tickets = No Admission. Guests must present the Admission Tickets at the door. No exception.
  3. No Food allowed.
  4. No Drinks allowed.
  5. No Bags allowed (i.e., Backpacks, Hand Bags).
  6. No Professional Cameras (i.e.,  DSLR cameras, Video Cameras). Small cameras allowed.
  7. No Flyers or Signs allowed.
  8. Gifts for Daw Suu MUST be left at assigned area outside the Bender Arena (name and address MUST be labeled on the gift box).
  9. Please note there will be no place to check-in (or) store your items if they are not allowed into the arena.
  10. Must be seated by 8:45AM  (Bender Arena doors will open at 7AM for the public).

ကမာ္ဘ ့ငြိမ်းချမ်းရေးနိူဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ၏ နယူးယောက်ခရီးစဉ်

For further information, feel free to contact the following individuals:

မဝေဝေနိူင်                                         

Ma Wé Wé Naing
917-363-6882
                     

ကိုနေတင်မြင့်                             
Ko Nay Tin Myint
347-944-7341ကိုအောင်ကြီးလွင်                              
Ko Aung Gyi Lwin
646-678-2749

ဦးခိုင်အောင်ကျော်                      
U Khaing Aung Kyaw
347-329-0617

ကိုမြင့်လှိူင်                                          
Ko Myint Hlaing
917-975-2349

You can also send suggestions and questions to nycorg2012@gmail.com  

Facebook page http://www.facebook.com/pages/Daw-Aung-San-Suu-Kyi-Visit-to-NYC-2012/168130026656247

Event page is http://www.facebook.com/events/373871629346283/

Blog  http://suu-nyc.blogspot.com/



 

http://www.facebook.com/suukyi.fortwayne


ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ       တွေ့ဆုံပွဲ နေရာ နှင့် အခမ်းအနားဆိုင်ရာ အချက်အလက်အချို့ထုတ်ပြန်ခြင်း
နေ့စွဲ – ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကမာ္ဘ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် 2335 Golden Gate Avenue, San Francisco, CA 94118 ရှိ University of San Francisco – War Memorial Gym ၌ နံနက် ၉း၃ဝ နာရီမှ ၁၁းဝဝ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။

အခမ်းအနားကျင်းပရာ ခန်းမကို နံနက် ရး၃ဝ နာရီတွင် စတင်ဖွင့်လှစ်၍ ဧည့်ပရိသတ်များ ဝင်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် ခန်းမတံခါး ပိတ်မည်ဖြစ်သည်။ အခမ်းအနား တက်ရောက်လိုသူများအနေဖြင့် http://suu-sf.blogspot.com တွင် စာရင်းပေးသွင်းနိုင်ပြီး အခမ်းအနားကျင်းပမည့်နေ့မတိုင်မီ ဝင်ခွင့်လက်မှတ် (သို့မဟုတ်) ဖိတ်ကြားလွှာများ ရရှိမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းများမေးမြန်းလိုပါက မေးခွန်းများကို http://suu-sf.blogspot.com  တွင် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား ဖြည့်စွက်မေးမြန်းနိုင်ပါသည်။ လက်ဆောင်ပစ္စည်းလက်ခံခြင်း၊ ဝင်ခွင့်စိစစ်ခြင်း အစရှိသည့် အခမ်းအနားနှင့်ပတ်သက်သော အကြောင်းအရာများကို http://suu-sf.blogspot.com  ရှိ ‘မေးခွန်းနှင့် အဖြေများ’ ခေါင်းစဉ်အောက်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများအနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇ရ ၆၅၀၅) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။
သတင်းပြန်ကြားရေးအဖွဲ့
တွေ့ဆုံပွဲကျင်းပရေးကော်မတီ
ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)

 

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲ (လော့စ်အိန်ဂျလိစ်) တက်ရောက်လိုသူများ အတွက်၊ အကျဉ်းရုံး သတင်းလွှာ။

နေ့ရက်။       ။ အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂ (အင်္ဂါနေ့)
အချိန်။        ။ မွန်းလွဲ ၂:၀ဝ နာရီ မှ ၃:၃ဝ နာရီထိ
နေရာ။        ။ Los Angeles Convention Center: South Wing; Hall G
1201 South Figueroa Street, Los Angeles, CA 90015 (Phone: 213-741-1151)

ဂိတ်တံခါး ဖွင့်ချိန်။       ။ ၁၂ နာရီ
ခန်းမ တံခါး ဖွင့်ချိန်။     ။ ၁၂ နာရီ ၃ဝ မိနစ်
ခန်းမ တံခါး ပိတ်ချိန်။    ။   ၁ နာရီ ၄၅ မိနစ် (အချိန်အတိအကျ ပိတ်ပါမည်)
***အထူးမေတ္တာရပ်ခံချက်။ ။ ခန်းမအတွင်း ၁ နာရီ ၃ဝ မိနစ် နောက်အကျဆုံးထား၍ ဝင်ရောက်ကြပါရန်၊

သတိပြုရန် အချက်များ။
၁) မမေ့မလျော့ ပါရှိရမည့် အရာ။ ။လက်မှတ် နှင့် ဓါတ်ပုံပါ သက်သေခံ အထောက်အထား (Ticket and photo ID)
၂) လုံခြုံရေး တင်းကျပ်စွာ စစ်ဆေးမည်မို့ လိုအပ်သည်များသာ ကိုယ်နှင့်မကွာ ယူဆောင်ကြပါရန်။
၃) ဦးရာလူ အရင်ဝင်ခွင့် ပေးပါမည်။ မရောက်ရှိသေးသူများအတွက် ခုံနေရာ ကြိုယူထားခွင့် မရှိပါ။
(မေတ္တာရပ်ခံချက်၊    ၊ အဖွဲ့နှင့် လာသူများ၊ မိသားစုနှင့် လာသူများ လူစုံပါမှ နေရာယူပါရန်။)
၄) မြန်မာဘာသာနှင့်သာ ပြောဆိုကျင်းပမည့် ပွဲ ဖြစ်ပါသည်။
(မေတ္တာရပ်ခံချက်၊    ၊ မြန်မာစကား နားမလည်သော မိတ်ဆွေများအတွက် စကားပြန်ကို မိမိတို့ အစီအစဉ်နှင့်
ပြင်ဆင်ရန်၊ ပွဲခင်းအတွင်း နဘေးလူများ အနှောက်အယှက်မပြုပဲ ဘာသာပြန်ပေးရန်။)
၅) လုံခြုံရေး အစစ်ခံပြီးမှ အကြောင်းကြောင်းကြောင့် လုံခြုံရေး သတ်မှတ်နေရာ ပြင်ပကို ပြန်ထွက်ခဲ့သည်ရှိသော် ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံရေး စစ်ဆေးမှု ထပ်မံ ခံယူရပါမည်။
၆) ခန်းမတံခါး ကို ၁ နာရီ ၄၅ မိနစ် တွင် အတိအကျ ပိတ်ပြီး တာဝန်ကျသူများမှ အပ မည်သူမျှ၊ မည်သို့သော အကြောင်းနှင့်မှ ဝင်ခွင့် ထွက်ခွင့် မပေးတော့ပါ။ အရေးပေါ်ကိစ္စ ရှိခဲ့သော် လုံခြုံရေးကို အကြောင်းကြားပြီး ခန်းမအတွင်းမှ ထွက်ခွာခွင့် ရှိပါသည်။ ပြန်လည် ဝင်ခွင့် မပေးပါ။
(မေတ္တာရပ်ခံချက်၊    ၊ တစုံတဦး၏ အဝင် အထွက် လှုပ်ရှားမှုကြောင့် ပွဲတက်ရောက်သူ အခြားပရိသာတ်များ အနှောက်အယှက် မဖြစ်စေရန် မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။ အိမ်သာခန်းများ ခန်းမအတွင်းမှာ ရှိပါသည်။)
၇) အခမ်းအနားကျင်းပရာ ခန်းမအတွင်း သောက်ရေကြည်ဘူးမှ လွဲ၍ အစားအသောက် ယူဆောင်ခွင့် မရှိပါ။
၈) လက်နက်၊ ဓါး၊ ကပ်ကြေး၊ အန္တရာယ်ရှိသောပစ္စည်းများ နှင့် ဓါတ်ပုံ ဗွီဒီယို ရိုက်ကူးသည့် ဒေါက်တိုင်များ (Tripod) ယူဆောင်ခွင့်မပြုပါ။
၉) မူးယစ်သောက်စားထားသူများကို ခန်းမအတွင်းသို့ ဝင်ခွင့်မပြုပါ။

ပန်ကြားချက်။
က) ပွဲတက်ရောက်မည့် ဧည့်ပရိသတ်များ အတတ်နိုင်ဆုံး စောလျင်စွာ ကြွရောက်ပြီး ၁နာရီ ၃ဝ မိနစ် နောက်ဆုံးထားကာ ခန်းမအတွင်း ဝင်ရောက် နေရာယူကြပါရန်။
ခ) ကျန်းမာရေး၊ အသက်အရွယ် တို့ကြောင့် အကူလိုသူများ လုံခြုံရေးအဖွဲ့၊ ဧည့်ခံ နေရာချထားရေး အဖွဲ့ တာဝန်ခံများသို့ ကြိုတင် ဆက်သွယ်ပြီး မိမိတို့ အခက်အခဲကို အသိပေးပြင်ဆင်ညှိနှိုင်းထားပါရန်။
ဂ) ကလေးငယ်များ (အသက် ၁၂ နှစ်အောက်) ခေါ်လာခွင့် ပေးသော်လည်း အလွန်ငယ်ရွယ်သေးသော ကလေးများ ခေါ်လာခြင်းကို မိဘများ ဆင်ခြင်ပါရန်။ (ခန်းမအတွင်း အနည်းဆုံး ၂ နာရီ နေရပါမည်)
ဃ) ပွဲကျင်းပနေစဉ်အတွင်း မိမိထိုင်ခုံမှ ထွက်ခွာခြင်းကို မပြုကြပါရန်။ ဓါတ်ပုံရိုက်လိုပါက မိမိ ထိုင်ခုံမှသာ ရိုက်ကြပါရန်။
င) ပွဲခင်းအတွင်း ပွဲကိုသော်လည်းကောင်း၊ အခြား ပရိသတ်ကိုသော်လည်းကောင်း စိတ်အား၊ လူအား အနှောက်အယှက် ဖြစ်စေလျှင် ခန်းမအတွင်းမှ ထွက်ခွာရန် လုံခြုံရေးမှ တောင်းဆို ခေါ်ထုတ်မှု ပြုခွင့် ရှိပါသည်။
စ) ဝတ်စုံ သတ်မှတ်ချက် မရှိသော်လည်း သင့်တင့် လျောက်ပတ်စွာ ဝတ်စားကြပါရန် မေတ္တာရပ်ပါသည်။
ရိုးရာ တိုင်းရင်းသား၊ အမျိုးသား ဝတ်စုံများ ဝတ်ဆင်လာကြပါလျှင် ပိုမို သင့်တော်ပါမည်။

ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှု။
–    ခန်းမ တံခါး မပိတ်မီ အခြားပရိသတ်ကို အနှောက်အယှက် မပြုပဲ ရိုက်ကူးခွင့် ရှိပါသည်။
–    ၁ နာရီ ၄၅ မိနစ်၊ ခန်းမတံခါး ပိတ် အပြီးတွင် မိမိထိုင်ခုံမှ ခွာပြီး ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယို ရိုက်ခြင်းများ ခွင့်မပြုပါ။
–    အနီးပတ်ဝန်းကျင်ကို အနှောက်အယှက် မဖြစ်စေပဲ မိမိထိုင်ခုံနေရာမှ ရိုက်ယူခွင့် ရှိပါသည်။
–    စင်အနီးကပ်၍သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား တဦးချင်း အနီးကပ် ဓါတ်ပုံ ရိုက်ခြင်းများ၊ ဗီဒီယို ရိုက်ခြင်းများ၊ ခွင့်မပြုပါ။

အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ကို လက်ဆောင်ပစ္စည်းပေးလိုသူများ အခန်းတွင်း မဝင်မီ လက်ဆောင်ပစ္စည်း လက်ခံဌာနတွင်  ပေးအပ် နိုင်ပါသည်။ လုံခြုံရေးအရ လူကိုယ်တိုင် လက်ဝယ်အရောက် ပေးပိုင်ခွင့် မရှိပါ။ ပစ္စည်းကို သိသာ မြင်နိုင်အောင် ထုတ်ပိုးပြီး (လိုအပ်ပါက ဖွင့်ဖေါက် စစ်ဆေးမှု ရှိပါမည်) မိမိအမည်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်း နံပါတ်ကိုပါ ပူးတွဲပေးရပါမည်။ လက်ဆောင်ပေးသူကိုယ်တိုင် ဓါတ်ပုံပါ သက်သေခံ အထောက်အထား (Photo ID) နှင့် စစ်ဆေးပြီး လက်ခံပါမည်။

အထူးမှတ်ချက် –
–    လုံခြုံရေးတာဝန်ခံများမှအပ မည်သူမျှ စင်အနီး ကပ်ခွင့် မရှိပါ။ မည်သူကိုမျှ စင်ပေါ် တက်ခွင့် မပေးပါ။
–    ကြော်ငြာစာရွက်၊ ဆိုင်းဘုတ်၊ ဝေငှရန် စာရွက်စာတမ်းများ အခမ်းအနားသို့ ယူဆောင်ခွင့် မပြုပါ။
–    ပုဂ္ဂလိက ကြော်ငြာ စာရွက်၊ ကပ်ပြားများ ဖြန့်ဝေခွင့် မပြုပါ။
–    ပွဲနှင့် ပတ်သက်သော အမှတ်တရပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဓါတ်ပုံ ပို့စကပ်များ ရောင်းချခြင်းမရှိပါ။

ဝင်ကြေး။
ဝင်ကြေး အခမဲ့ ဖြစ်ပါသည်။ (ကုန်ကျစရိတ်အတွက် စေတနာနဲ့ ကူညီပံ့ပိုးမှုများကို နည်းများမဆို လက်ခံ ကြိုဆိုပါသည်။)

ဝင်ခွင့်လက်မှတ်။
ဝင်ခွင့်လက်မှတ်များကို မိမိတို့ဘာသာ ဝက်ဘ်ဆိုဒ်မှဖြစ်စေ၊ လက်မှတ်ထုတ်ဝေပေးရာ နေရာတွင်ဖြစ်စေ  ထုတ်ယူနိုင်ပါသည်။ လက်မှတ်ထုတ်ယူရန်အတွက် –
၁) အစိုးရ အသိအမှတ်ပြု သက်သေခံ ထောက်အထား (Photo ID or Passport) လိုအပ်ပါမည်။
၂) ပထမဦးစွာ ဝင်ခွင့်လက်မှတ်ထုတ်ဝေရေး တာဝန်ခံတဦး ထံမှ လက်မှတ်ထုတ်ယူရန် ကုဒ်နံပါတ် တောင်းရပါမည်။ ကုဒ်နံပါတ် ထုတ်ပေးရေး တာဝန်ခံ အမည်စာရင်းကို ‘လက်မှတ်ယူရန်’ စာမျက်နှာမှာ ကြည့်ရှု နိုင်ပါသည်။

အယ်လ်အေမြို့ ပွဲကျင်းပရေး ကော်မီတီမှ မေတ္တာရပ်ခံလွှာ။
ဖေါ်ပြပါ သတိပြုရန် အချက်များ၊ အထူးပန်ကြားချက်များကို လူထုခေါင်းဆောင်၏ လုံခြုံရေးအတွက် တင်းကျပ်စွာ ချမှတ်ရသည်ကို သူမအား ထောက်ခံ အားပေးနေကြသော မြန်မာပြည်ဖွားများ အထူးနားလည် လက်ခံမည် မျှော်လင့်ပါသည်။ မလိုလားအပ်သော ဖြစ်ရပ်များမှ ရှောင်ရှားနိုင်ရန်၊ ပွဲတက်ရောက်သူ အများစု အနှောက်အယှက် မဖြစ်စေရန် စေတနာနှင့် လုပ်ဆောင်ရသည် ဖြစ်ကြောင်း သိစေအပ်ပါသည်။

တိုင်းပြည်ဂုဏ်ဆောင် လူထုခေါင်းဆောင်နှင့် တွေ့ဆုံပွဲကို တင့်တယ်လျော်ညီစွာ ကျင်းပနိုင်ရန် ကုန်ကျစရိတ်များကို ဝိုင်းဝန်း ပံ့ပိုးကြသော မိတ်ဆွေများ၏ စေတနာ ထက်သန်မှုကို အထူး ကျေးဇူးတင် မှတ်တမ်းပြုပါသည်။ မိမိတို့ သဒ္ဓါသရွေ့ စေတနာအလျောက် ကူညီမှုများကို လက်ခံကြိုဆိုလျက် ရှိပါသည်။

ပွဲကျင်းပရေးကော်မီတီ တာဝန်ခံများ –
–    ကိုခင်မော် (မော်ကြီး) 714 -262-7930 mawgyi75@yahoo.com
–    ကိုကျော်ဝဏ္ဏ  626-478-7717 kyaw.wunna.1967@gmail.com

ပွဲနှင့်ပတ်သက်၍ နောက်ဆက်တွဲ ကြေညာချက်၊ အသိပေးချက်များကို အောက်ပါ ကွန်ယက်များတွင် ဖတ်ရှုလေ့လာ နိုင်ပါသည်။
–    http://www.dasskvisitla.org/
–    Daw Aung San Suu Kyi Los Angeles Trip (Face Book Page)

အခြားမြို့ ဆက်သွယ်ရေး တာဝန်ခံများ
–    Arizona : ဦးဖီးလစ်ထွန်း philip.htoon@gmail.com , ဦးအေးမြင့် ayemyintaz@gmail.com
–    Las Vegas : ဦးဝင်းသူအောင် winthuaung@hotmail.com
–    San Diego : မနီလာ nilarwaime@juno.com , မစီစီအေး thanutka88@yahoo.com
Aung San Suu Kyi Visit LA 2012 LIVE


Stream videos at Ustream

52 comments

  • kai

    September 18, 2012 at 5:59 am

    Washington D.C.
    Date: September 20th 2012 (Thu)
    Time: 8:45AM to 10:45AM
    http://assk-dc.blogspot.com
    ==
    New York City
    Date: September 22nd 2012 (Sat)
    Time: 10:30AM to 12:00PM
    http://suu-nyc.blogspot.com/
    ==
    Louisville, Kentucky
    Date: September 24th 2012 (Mon)
    Time: 9:00AM to 11:00AM
    ==
    Fort Wayne, Indiana
    Date: September 25th 2012 (Tue)
    Time: 9:00AM to 10:30AM
    http://www.facebook.com/suukyi.fortwayne
    ==
    San Francisco, CA
    Date: September 29th 2012 (Sat)
    Time: 9:30AM to 11:00AM Time: 9:15AM to 10:45AM
    http://suu-sf.blogspot.com
    ==
    Los Angeles, CA
    Date: October 2nd 2012 ( Tue)
    Time: 2:00PM to 3:30PM
    http://www.dasskvisitla.org/
    ==

  • the best

    September 18, 2012 at 6:01 am

    လုံခြုံရေးအတွက် အရမ်းတင်းကြပ်လွန်းတာ အကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ်။
    သိရင်ပြောပြပါအုံး။

    • kai

      September 18, 2012 at 6:06 am

      အစောပိုင်းကများ.. အိုဘားမားပွဲသွားတာထက်တောင် ကြပ်နေလို့.. ပြောနေကြတာ..
      အခုကတော်တော်ချောင်သွားတယ်ဆိုရမယ်… 😀

      ဆိုတော့..
      “ဂျွန်ယက်တော”လိုလူတွေကြောက်လို့နေမှာပေါ့…. 🙂

      အမှန်က.. စတိတ်ဒီပါ့မန့်က.. ဒေါ်စုလုံခြုံရေး တာဝန်ယူထားတာပါ..
      ဖယ်ဒရယ်အစိုးရဆိုတော့.. ပြဿနာဖြစ်လာရင်.. သူ့တို့ဖက်ကလွတ်အောင်.. ကန်ထားပုံရပါတယ်..။
      သူတို့ကနေ.. “စစ်ဟေ့”..” ကြပ်ဟေ့..” လုပ်ထားတာပါ..။
      အောက်ခြေလည်းရောက်ရော.. “ညစ်ဟေ့”.. “ကျစ်ဟေ့”.. ဖြစ်ကုန်သလားမသိ.. :mrgreen:

  • အိမ်လွမ်းသူ

    September 18, 2012 at 8:09 am

    ဦးခိုင်အောင်ကျော်
    U Khaing Aung Kyaw
    347-329-0617

    ဒါ တဂျီး ဖုန်းနံပတ် မသိရင် မှတ်ထားကြ။ ဟိ ဟိ လိစ် ပြီ……………………

  • ahnyartamar

    September 18, 2012 at 8:51 am

    ဦးခိုင်အောင်ကျော်
    U Khaing Aung Kyaw
    347-329-0617

    ရွာကသူကြီးထင်တာပဲ… ဟီ..ဟီ..

    • we R one

      September 26, 2012 at 11:15 am

      ဦးခိုင်အောင်ကျော်ဆို တာ ရခိုင် ဖြစ်နိုင်တယ်..။ ဒါဆို သူကြီး က ရခိုင်လား.. ? 😀

      • ဒဿ ဖွတ်ကျား

        September 26, 2012 at 11:21 am

        သပ်သပ်စီပါကွယ့်..
        အဲ့လူက နျူးယောက် က ပါရှိုမှ …
        သဂျီးက လော့ကျနေတဲ့ အိမ်ထဲမှာကျလိကျလိ နေပါတယ် ပြောထားတာကို
        ဇွတ်..

        :hee:

  • ကြောင်ကြီး

    September 18, 2012 at 9:36 am

    ဟုတ်ပါဘူး…. ၃၄ရ နံပါတ်က နယူးယောက်မြို့ကုတ်ဒ်နံပါတ်ကြီးပါ။ သဂျီးတို့မြို့က ၆၂၆နဲ့စတာ….

  • pooch

    September 18, 2012 at 10:18 am

    သူကြီးနာမည် ခိုင်က အလယ်စာလုံးပါ။ :mrgreen:

    ဦးခိုင်အောင်ကျော် မဟုတ်တာကတော့ လုံးဝသေချာပါတယ်။ ကုတ်က 420 နဲ့ စတာပါ။ 😆

    • kai

      September 18, 2012 at 10:29 am

      ၂၁၃ ၄၂၂ ၂၃၀ရ ဟေ့..
      လော့ခ်ကျတဲ့အိမ်ရောက်ရင်.. ဖုန်းဆက်လိုက်…
      သဘောင်္ဆိပ်ကို.. လေယဉ်စီးပြီးလာကြိုမယ်..။

      အဲဒီအပေါ်ကသတင်းတွေထဲမှာ ရှာမနေနဲ့..
      မပါဘူး.. :D:

      • Wow

        September 18, 2012 at 11:17 am

        ဒဂျီး MG Trip ဆိုပြီး ရွာသူား တွေအကုန် နီးစပ်ရာစုပြီးလာခဲ့မလေ… 😛
        အဲဒီကျရင် ဆက်သွယ်ရေးဧရိယာပြင်ပ ရောက်မနေနဲ့နော်… 😀

  • kai

    September 18, 2012 at 10:24 am

    ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကခရီးစဉ်

    ၁။ စက်တင်ဘာလ ၁၆ ရက်နေ့- မြန်မာနိုင်ငံက စတင်ထွက်ခွာမည်
    ၂။ စက်တင်ဘာ ၁ရ ရက်နေ့ -ဝါရှင်တန် ဒီစီသို့ရောက်မည်
    ၃။ စက်တင်ဘာလ ၁၈ ရက် – Asia Society Glovel Vision Award ဆု လက်ခံယူမည်။
    ၄။ စက်တင်ဘာ ၁၉ ရက်- အမေရိကကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆု ပေးပွဲ တက်မည်။
    ၅။ စက်တင်ဘာ ၂ဝ ရက်- ခွန်ထွန်းဦး၊ ဦးကျော်သူ၊ မင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်နှင့်
    ဦးအောင်ဒင်တို့အား NED မှ ချီးမြှင့်သည့် ဆုပေးပွဲ တက်ရောက်မည်။
    ၆။ စက်တင်ဘာ ၂၁ ရက်- နယူးယောက်မြို့တွင်ကျင်းပမည့် Atlantic Council Global Citizens Award ဆုပေးပွဲ တက်ရောက်မည်။
    ၇။ စက်တင်ဘာ ၂၂ ရက်- အမေရိကရောက် မြန်မာ မိသားစုများနှင့် နယူးယောက်တွင် တွေ့ဆုံမည်။
    ၈။ စက်တင်ဘာ ၂၃ ရက်- University of Louisville သို့ သွားရောက်မည်။
    ၉။ စက်တင်ဘာ ၂၄ ရက် – —–
    ၁၀။ စက်တင်ဘာ ၂၅ ရက်- ဖို့ဝိန်းမြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်။
    ၁၁။ စက်တင်ဘာ ၂၆ ရက်- ယေးလ် တက္ကသိုလ်သို့သွားရောက်မည်။
    ၁၂။ စက်တင်ဘာ ၂ရ ရက်- ဟားဗတ်တက္ကသိုလ်သို့သွားရောက်မည်။
    ၁၃။ စက်တင်ဘာ ၂၈ ရက်- ဆန်ဖရန်စစ္စကိုမြို့ Freedom House သို့ တက်ရောက်မည်။
    ၁၄။ စက်တင်ဘာ ၂၉ ရက်- ဆန်ဖရန်စစ္စမြို့ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမည်။
    ၁၅။ စက်တင်ဘာ ၃ဝ ရက်- အောက်တိုဘာ ၁ ရက် – — —-
    ၁၆။ အောက်တိုဘာ ၂ရက်- လော့စ်အိန်ဂျလိစ်ရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံမည်။
    ၁၇။ အောက်တိုဘာ ၃ ရက်- အမေရိက ပြည်ထောင်စုမှပြန်လည်ထွက်ခွာမည်။

  • kyeemite

    September 18, 2012 at 11:21 am

    ဒီသတင်းလေးတင်ပေးတာကျေးဇူးပါသဂျီးရေ…
    စီစဉ်ထားလိုက်ကြတာ…တပျော်တပါးကြီးပဲ…:lol:
    ဦးသိန်းစိန် ကိုလည်းလှိုက်လှိုက်လှဲလှဲကြိုပီး
    နှုတ်ဆက်လိုက်ကြပါအုံး..အမေဒိကန်ရောက်မြန်မာမိသားစုတို့ရေ…
    ကျုပ်တို့ သမ္မတကြီး အားငယ်နေပါအုံးမယ်… 😀

  • TTNU

    September 18, 2012 at 11:54 pm

    ကျေးဇူးတင်ပါတယ် ကိုခိုင်ရေ…
    တော်တော်ပြည့်စုံတဲ့ သတင်းပါပဲ။
    အားလုံးစိတ်ဝင်တစား စောင့်နားထောင်နေကြတာလေ။
    🙂

  • မောင်ပေ

    September 19, 2012 at 2:57 am

    အမေစု ပြန်ရောက်တဲ့အခါ ဆန်ရှင်တွေ ထပ်လျော့သွားမယ်လို့ မျှော်လင့်မိကြောင်းပါ

    • kai

      September 19, 2012 at 3:05 am

      ဒေါ်စု.. ယူအက်စ်မှာရှိနေတုံးတင်… ဆန်ရှင်လျှော့ပေးဖို့လုပ်နေကြတယ်..
      လောလောဆယ်တော့..
      ယူအက်စ်-မြန်မာ.. စစ်တပ်ဆက်ဆံရေးလည်း.. တိုးတက်သွားပြီး.. မကြာမှီ မြန်မာစစ်ပညာတော်သင်တွေ ဝက်စ်ပွိုင့်မှာတွေ့ရမယ်.. ထင်မိကြောင်း… :harr:
      =
      ဘကြီးစိန်လာရင်လည်း.. ဆန္ဒပြတဲ့သူ ..ပြကြမယ်ထင်ကြောင်း.. :gee:

      • Ma Ei

        September 19, 2012 at 12:37 pm

        ဘကြီးစိန်ကလည်း
        နိုင်ငံရေးအကျဉ်းသား
        နည်းနည်းချင်းစီလွှတ်ပြီး
        အလဲလှယ်လုပ်နေတာကိုး…
        :harr:

  • အရီးခင်လတ်

    September 19, 2012 at 3:35 am

    ဒါထက်စကားမစပ်
    သူကြီးမင်း တို့ ရွှေပြည်ကြီး ရဲ့ မင်း ရွေးပွဲ မှာ ဘယ်သူ့ကို မဲ ပေးမှာတုန်း။

    သူကြီး က ကွန်ဆာဗေးတစ် ဆိုတော့ Mitt Romney ကိုများ သဘောကျလေရော့သလား။
    သူ့ခမျာ အခုတလော အပြောအဆို မတတ်တာနဲ့ ပေါ်ပြူလာ နဲလာ နေသလားဘဲ။ ???

    လစ်ဗျားသံအမတ် ကိစ္စမှာ အီဂျစ်နိုင်ငံ အမေရိကန်သံရုံး က သူ့တို့ဟာသူတို့ (သူများဘာသာရေး ကို စော်ကားတဲ့ အရေးမို့ ရှုံ့ချပါတယ် ဆိုပြီး) စာတန်းထုတ်ပြန်တာ ကို သူက အိုဘားမား ကို အပုတ်ချလိုက်တယ် တဲ့။
    နောက်ပိုင်း မှာ အိုဘားမားက ဒါဟာ အစိုးရရဲ့ သဘောတူညီချက် မပါဘဲ ထုတ်တာဖြစ်ကြောင်း၊
    အမေရိကန် အစိုးရကတော့ သူတို့နိုင်ငံသားတွေ ဘက်က ရပ်တည်မှာဖြစ်ကြောင်း ဆိုလား သတင်းစာရှင်းတယ် လို့ပြောတယ်။
    Mitt Romney ကိုတော့ အဲဒီမှာ ဘာမှမပြောဘဲ အင်တာဗျူးတစ်ခု မှာမှ ပြန်ချေပသတဲ့။
    ဒီလူက “shoots first, aims later” (အရင်ပစ်၊ နောက်မှ ချိန် တဲ့လူ? – မချိန်ဘဲ ပစ်တဲ့သူ? – ရမ်းပစ်တဲ့လူ ?ဆိုတဲ့ သဘောလား) တဲ့။
    အဲဒီ စကားလေးသဘောကျလို့။

    နောက် တစ်ခု က အိုဘားမား ကို ထောက်ခံ သူတွေရဲ့ ၄၆% က ဆိုလား။
    အလုပ်မရှိ အစိုးရပေးစာ ထိုင်စားနေတဲ့ ငပျင်းတွေတဲ့။
    သူပြောတာ။

    ဒီနေ့လဲ ပါလက်စတိုင်း တွေ ကို ငြိမ်းချမ်းရေးကို မလိုချင်သူတွေ ဆိုလား။

    သူခမျာ leak တွေ ကြားမှာ။ သနားစရာ။
    ဒါပေမဲ့ အိုဘားမားကို ဘဲ မဲပေးနော် သူကြီး။ :harr:

    Post နဲ့ ဆိုင်တာ ပြောရရင် တော့ LA က ကြော်ငြာ ဒီဇိုင်း ကို သဘောအကျဆုံးပါ။
    အဲ့မှာ ဘူသူ နေတာလဲ မသိ။
    ဒါကြောင့် အိုဘားမားကို ဘဲ မဲပေးနော် သူကြီး။ :kwi:

    • kai

      September 19, 2012 at 3:40 am

      အိုဘားမားနိုင်မှာပါ…
      ကွန်ဂရက်တောင်.. ဒီမိုကရက်လက်ထဲပြန်ရောက်သွားမယ်.. မှန်းမိတယ်..

      ဆိုတော့…
      အိုဘားမား.. ဦးသိန်းစိန်နဲ့တွေ့ဖြစ်တယ်ဆိုရင်.. သူကိုယ်တိုင်.. မြန်မာပြည်လည်လည် လာလိမ့်မယ်ဖြစ်ကြောင်း..။ :mrgreen:

  • Crystalline

    September 19, 2012 at 8:38 am

    NY မှာ သူများအစ်ကိုလင်မယားက တိုင်းရင်းသားကိုယ်စားပြုပန်းစည်းဆက်မှာ

    • MaMa

      September 19, 2012 at 10:19 am

      ကြွားထှာ 😛
      အားကျလို့ ပြောမိတာပါ။ 🙂

    • amatmin

      September 19, 2012 at 1:46 pm

      မွန်တိုင်းရင်းသားဝတ်စုံ နဲ့လို့ ထင်မိသားး 🙂

      • Crystalline

        September 19, 2012 at 2:01 pm

        မောင်လေးအဖြေမှားပါတယ်ရှင် 😛

        • မောင်ပေ

          September 24, 2012 at 9:15 am

          ခရစ်လေးရေ
          ဗမာနိုင်ငံကို အူးအိုဘားမား လာတဲ့ခါ
          ခရစ်လေးနဲ့ကိုပေ ပန်းအတူတူဆက်ကြတာပေါ့နော

  • Wow

    September 19, 2012 at 1:47 pm

    :gee:
    :mrgreen:
    အိုဘာတဲ့တုံး :harr:

  • ကထူးဆန်း

    September 19, 2012 at 9:46 pm

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအဖွင့်မိန့်ခွန်း

    by 7Day News Journal on Wednesday, September 19, 2012 at 5:15am

    ·

    အခုလို ထူးခြားပြီး အထူးသဖြင့် အခွင့်အလမ်းရှိတဲ့ အခြေအနေတစ်ရပ်မှာ (USIP-U. S. Institute of Peace) မှာ ပြန်လာတွေ့ရတဲ့အတွက် အံ့ဩဝမ်းသာစရာဖြစ်ပါတယ်။

    USIP ကိုရော ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာတဲ့ ဂျင်မ်မာရှယ်ကိုရော ကျေးဇူးတင်ချင်ပါတယ်။ ရှင်နဲ့အတူ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ကျွန်မတို့ အသေအချာ ရှုမြင်ထားပါတယ်။

    Asia Society နဲ့ ဟင်နရီရက်တာ ပြီးတော့ ၁၉၅ဝ နှစ်များက စတင်ပြီး အချိန်ရဲ့ စမ်းသပ်မှုဒဏ်ကို ခံပြီး တစ်လျှောက်လုံး ရပ်တည်လာတဲ့သူအားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ချင်ပါတယ်။

    ရှင်တို့နဲ့ တွဲအလုပ်လုပ်ရတာ ကျွန်မတို့ အရမ်းကျေနပ်ဝမ်းသာမိရပါတယ်။

    အခုဆိုရင် ဒီလို စုဝေးမှုရဲ့ ရည်ရွယ်ရင်းက စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။ အကြောင်းကတော့ ကျွန်မတို့ဟာ ဒီမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့မှုကို ကိုယ်စားပြုတဲ့၊ လူ့အခွင့်အရေးနဲ့ အခွင့်အလမ်းအတွက် ကိုယ်စားပြုတဲ့၊ သူ့တိုင်းပြည်မှာသာမက ကမ္ဘာတစ်ဝန်းမှာပါ ဒါတွေကို ကိုယ်စားပြုထားတဲ့ တစ်စုံတစ်ဦးနဲ့တွေ့ခွင့်ရနေပါပြီ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝါရှင်တန်မှာ တိုင်းပြည်တစ်ပြည်ရဲ့ လွတ်လပ်ပြီး စွမ်းအားကြီးတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာကြီးကို တိုင်းပြည်အတွက် နည်းလမ်းပေါင်းစုံနဲ့ ဖွင့်လှစ်ပေးနေတဲ့သူတစ်ဦးအဖြစ် ကျွန်မတို့ ပြန်တွေ့ရတာ ဝမ်းသာစရာပါ။

    ပြီးခဲ့တဲ့ နွေရာသီက သမ္မတအိုဘားမားက ပြောခဲ့တဲ့ တိုးတက်မှုရဲ့ အလင်းရောင်များဟာလည်း အဲဒီကစလို့ ကြီးထွားအားကောင်းလာခဲ့ပါပြီ။ (မြန်မာမှာ) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ရာပေါင်းများစွာဟာ ယမန်နှစ်က ပြန်လွှတ်ပေးခံခဲ့ရသလို ဒီတစ်ပတ်အတွင်းမှာလည်း တချို့ လွှတ်ပေးခံခဲ့ရပါတယ်။ အတိုက်အခံပါတီတွေလည်း တရားဝင်ဖြစ်လာခဲ့ပြီး ၎င်းတို့ရဲ့ အဖွဲ့ဝင်တွေလည်း ပါလီမန်ထဲမှာ အမတ်နေရာတွေ ရရှိခဲ့ပါပြီ။ မီဒီယာအပေါ် ကန့်သတ်ချက်တွေ၊ လွတ်လပ်စွာစုရုံးမှုအပေါ် ကန့်သတ်ချက်တွေကိုလည်း ဖြေလျှော့ပေးခဲ့ပါပြီ။ အလုပ်သမားတွေအတွက် သမဂ္ဂတွေ ဖွဲ့စည်းခွင့် ရရှိရေးတွေကို အကောင်အထည်ပေါ်စေမယ့် ဥပဒေတွေလည်း ကျွန်မတို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ပြီးတော့ မြန်မာအစိုးရဟာ အချို့သော ကာလရှည်ဖြစ်ပွားနေတဲ့ လူမျိုးစုပဋိပက္ခတွေမှာလည်း အပစ်အခတ်ရပ်စဲရေးတွေ ရရှိထားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတိ္တနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ခေါင်းဆောင်မှုဟာ နေအိမ်အကျယ်ချုပ်နဲ့ ပြစ်ဒဏ်ကာလတွေတစ်လျှောက်မှာ ဘယ်တော့မှ မယိမ်းယိုင်ခဲ့ပါဘူး။ သူမနဲ့ အခြားသော အတိုက်အခံခေါင်းဆောင်တွေဟာ အခုဆိုရင် သမ္မတဦးသိန်းစိန်နဲ့ အစိုးရသစ်နဲ့အတူ ပူးပေါင်းပြီး အဲဒီ့အပြောင်းအလဲတွေကို မောင်းနှင်ဖို့ လိုအပ်နေတဲ့ သတိ္တရှိတဲ့ခြေလှမ်းတွေကို စတင်လှမ်းနေပါပြီ။

    ကျွန်မဟာ (မြန်မာ)သမ္မတကြီးနဲ့ နေပြည်တော်မှာ တစ်ကြိမ်၊ ဒီနွေရာသီမှာ ကမ္ဘောဒီးယားမှာ တစ်ကြိမ် တွေ့ခဲ့ဖူးပါတယ်။ လာမယ့်အပတ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မှာ လာတက်မယ့် သူကို ကျွန်မ ကြိုဆိုသွားရမှာပါ။ ဒီမနက်ခင်းမှာပဲ ကျွန်မဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး၊ ဆက်လုပ်ရမယ့်အလုပ်တွေအကြောင်း ဆွေးနွေးခွင့်ရခဲ့ပါတယ်။ လုပ်စရာတွေလည်း အများကြီးပါ။

    ဒီတစ်ကြိမ်မှာ သူမ အလည်အပတ်လာရောက်ခဲ့ခြင်းရဲ့ အရေးပါတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ရှေ့ဆက် လုပ်စရာတွေ ဘယ်လောက်များများ ရှိတယ်ဆိုတာ ကျွန်မတို့ကို သတိပေးဖို့လို့ ထင်ပါတယ်။ အဲဒီ့ကိစ္စတွေကတော့ ဒီမိုကရက်တစ် အဆောက်အအုံ၊ အဖွဲ့အစည်းတွေအတွင်း ဥပဒေစိုးမိုးမှု အားကောင်းရေးကနေ၊ ရခိုင်ပြည်နယ်နဲ့ တိုင်းရင်းသားလူမျိုးစု ပဋိပက္ခဖြစ်ရာ နေရာတွေက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းအထိ ပါဝင်ပါတယ်။

    မြန်မာအစိုးရနဲ့ အတိုက်အခံတို့ဟာ တိုင်းပြည်ကို ညီညွတ်အောင် အလုပ်အတူဆက်လုပ်ဖို့၊ အတိတ်က ဒဏ်ရာတွေကို ကုသဖို့၊ ပြုပြင်ပြောင်းလဲရေးတွေကို ရှေ့ဆက်သယ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။

    ဒါဟာ နောက်ပြန်လဲမကျသွားဖို့ စောင့်ကြည့်ရမယ့် အဓိကသော့ချက်လည်းဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခွင့်အရေးရရင် တိုင်းပြည်ကို လမ်းကြောင်းမှားထဲ ဆွဲခေါ်သွားနိုင်တဲ့ အင်အားစုတွေ ရှိနေလို့ပါ။

    ဒါ့ကြောင့် နိုင်ငံခြားရေးဌာနနဲ့ အိုဘားမားအစိုးရအဖွဲ့တွင်းက ကျွန်မတို့ဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ဆက်ဖြစ်နေရမယ်လို့ ပြောရာမှာ ပထမဆုံး ဖြစ်နေတာပါ။ နိုင်ငံရေးအကျဉ်းသားတချို့လည်း ထိန်းသိမ်းခံနေရဆဲပါ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားရေးနဲ့ ဂိုဏ်းဂဏကွဲ အကြမ်းဖက်မှုတွေကလည်း ကြာရှည်ခံမယ့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ဦးတည်တဲ့ တိုးတက်မှုတွေကို ဆက်လက်ဖျက်ဆီးနေပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုတချို့လည်း ရှိနေပါသေးတယ်။

    ဒါ့ကြောင့် ဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု တိုးမြှင့်ရေး၊ အခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရေးအတွက် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်နေပါတယ်။

    ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့ အစိုုးရနဲ့အတူ ဆက်လက်ရပ်တည်အားပေးပြီး၊ တိုးတက်ဖို့ လိုနေသေးပေမယ့် စတင်ခဲ့ပြီဖြစ်တဲ့ ဒီအပြောင်းအလဲကို ထောက်ခံနေတာပါ။ ကျွန်မတို့ဟာ (နှစ်နိုင်ငံ)သံတမန်တွေ လဲလှယ်ခန့်ထားဖို့၊ စီးပွားရေးပိတ်ဆို့မှုတချို့ ဖြေလျှော့ဖို့၊ အမေရိကန်ကုမ္ပဏီတွေအတွက် နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံရေး လမ်းဖောက်ပေးဖို့ ခြေလှမ်းတွေ စခဲ့ပါတယ်။

    မြန်မာနိုင်ငံသစ်အတွက် ကျွန်မတို့ရဲ့ ပထမဆုံးသော သံအမတ်ကြီး ဒဲရက်မစ်ချယ်ဟာလည်း ဒီနေ့မှာ ဒီမှာ ကျွန်မတို့နဲ့အတူ ရှိနေပါတယ်။ သူရယ်၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး
    ကတ်ကမ်းဘဲဦးဆောင်တဲ့ အဖွဲ့တို့ဟာ မြန်မာပြည်တွင်းက မဲဆန္ဒနယ်အသီးသီးက ကိုယ်စားလှယ်တွေနဲ့ အဆက်မပြတ် ဆက်ဆံမှုသာမက တွေ့ဆုံညှိနှိုင်းမှုတွေလည်း လုပ်နေပါတယ်။ ဒါမှသာ ကျွန်မတို့ဟာ လိုအပ်တဲ့ သင့်တော်တဲ့ ကူညီအားပေးမှုတွေ ဖန်တီးပေးနိုင်မှာပါ။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျွန်မဟာ ဒေါ်စုကို တစ်ချိန်က အကျဉ်းထောင်ဖြစ်ခဲ့ဖူးတဲ့ သူ့ရဲ့အိမ်မှာ တွေ့ဆုံဖို့ သွားရောက်ခဲ့ပြီး၊ ကန့်ကွက်ဆန့်ကျင်မှုမှသည် နိုင်ငံရေးအထိသင်္ကေတတစ်ခုမှသည် တိုင်းပြုပြည်ပြု အမျိုးသမီးတစ်ဦးအဖြစ်အထိ အကြောင်းအရာတွေအများကြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲဒါဟာ အခုအခါမှာ သူမရဲ့တိုင်းပြည်ကသူမထံမှ လိုအပ်နေတဲ့အရာဖြစ်ပါတယ်။ အဲဒါဟာ အခုအခါမှာ သူမရဲ့ကာလဟာ ဘယ်လောက်ခက်ခဲနိုင်တယ်ဆိုတာ ကျွန်မ နည်းနည်းပဲ သိပါတယ်။ ဒီကိစ္စက ဝေဖန်ရေးအမျိုးအစားသစ် တစ်ရပ်လုံး၊ တိုက်ခိုက်မှုတစ်ရပ်ကိုတောင် ဖြစ်လာစေပါတယ်။ လက်တွေ့ကျတဲ့ သဘောတူညီမှုနဲ့ မဟာမိတ်ဖွဲ့မှု တစ်မျိုးကိုလည်းလိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးရဲ့ အသက်သွေးကြောဖြစ်ပြီး၊ သူမ (နိုင်ငံရေးဖြစ်စဉ်) ပြင်ပမှာရှိစဉ် သူမကို ယုံကြည်ထောက်ခံကြတဲ့ အစဉ်အလာစွဲရှိသူတွေကိုတောင် စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်စေပါမယ်။

    ဒါပေမဲ့ နေအိမ်အကျယ်ချုပ်က ထွက်လာပြီး နိုင်ငံရေးနယ်ပယ်ထဲကို ဒေါ်စုဝင်လာပြီး နောက်လများအတွင်းမှာပဲ သူမဟာ ကိုယ့်ကိုယ်ကိုယ် သဘာဝကျကျ၊ ခက်ခက်ခဲခဲစည်းရုံးလှုံ့ဆော်ရင်း၊ ဥပဒေပြုမှုတွေ ကောင်းစွာလုပ်ဆောင်ရင်း၊ တိုင်းပြည်ကို ရှေ့သို့တိုးတက်စေဖို့ အခုရော မနက်ဖြန်ရော မနက်ဖြန်ပြီး နောက်နေ့မှာ ဘာလုပ်နိုင်တယ်ဆိုတာကိုအာရုံစူးစိုက်လုပ်ကိုင်နေရင်း သက်သေပြခဲ့ပါတယ်။

    ဒါကြောင့် ဒီနေ့လယ်မှာ ရှင်တို့ဟာ ထူးခြားတဲ့အခွင့်အလမ်းတစ်ရပ်ကို နောက်လာမယ့်နေ့တွေမှာ အခြားအမေရိကန်ပရိသတ်များစွာ ကြုံရမယ့်အတိုင်း ကြုံတွေ့နေရပြီလို့ ကျွန်မထင်ပါတယ်။ ကံမကောင်းစွာဘဲကျွန်မကတော့ နိုင်ငံခြားရေးဌာနကို ပြန်လည်ထွက်ခွာရပါတော့မယ်။ ဒါပေမဲ့ အခုအချိန်မှာ နိုဗယ်လ်ဆုရှင်တစ်ဦးအနေနဲ့သာမက လူသန်းပေါင်းများစွာရဲ့ သူရဲကောင်းဖြစ်သူ၊ အလုပ်များတဲ့ပါလီမန်အမတ်တစ်ဦးအဖြစ် သာမက၊ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုလို ပုဂိ္ဂုလ်မျိုးကို ရှင်တို့နဲ့မိတ်ဆက်ပေးခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်မှု ဖြစ်ရပါတယ်။

    ဒါ့ကြောင့် ကျေးဇူးပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြပါစို့။

  • Kyaw Myo Thet

    September 20, 2012 at 3:12 am

    ဒေါ်အောင်ဆန်းစုကြည့် NLD
    ပြည်သူကချစ်တဲ့ NLD

  • kai

    September 20, 2012 at 5:36 am

    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အသံ ရုံးချုပ်ကို အင်္ဂါနေ့က လာရောက်ပြီးတော့ ဗွီအိုအေ (မြန်မာပိုင်း) မိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံပြီးတော့ ဩဝါဒ စကားတွေလည်း ပြောဆိုခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းခွင့်လည်း ရခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းခန်းကို အပြည့်အစုံတင်ပြပေးထားပါတယ်။

    ဦးကျော်ဇံသာ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ အခုလို ကျန်းကျန်းမာမာတွေ့ရလို့ အထူး ဝမ်းသာပါတယ်။ ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက်လည်း အထူး ကျေးဇူး တင်ပါတယ်။ ပထမဦးဆုံးမေးချင်တဲ့မေးခွန်းကတော့ လူတိုင်းစိတ်ဝင်စားတဲ့ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့မေးခွန်းပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာ အသံသာ ကြားနေရတယ်။ တကယ်တန်း ပြောင်းလဲသွားတာ ဘာမှ မတွေ့ရသေးဘူးလို့ လူတွေက ပြောကြပါတယ်။
    တချို့ကလည်း စာနယ်ဇင်း လွတ်လပ်မှုတွေ နည်းနည်းပါးပါး ရှိလာတယ်၊ လူတွေ ပြောရဲဆိုရဲ ရှိလာတယ် ဆိုပြီးတော့လည်း ပြောကြပါတယ်။ ..ဆိုတော့ ဒီ ပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကြားပါရစေခင်ဗျ။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ပြုပြင်ပြောင်းလဲရေး လုံးဝ မရှိဘူးဆိုတာ မဟုတ်ပါဘူး။ ပြုပြင်ပြောင်း လဲရေး ရှိပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေအတွက် အများကြီးတော့ ထပ်ပြီးတော့ လိုသေးတာပေါ့ နော်။ ကျမတို့နိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီနိုင်ငံတခုဖြစ်ဖို့၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ ဆိုလို့ ရှိရင်တော့ ထပ်လုပ်စရာတွေ ရှိသေးတာပေါ့။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုံးဝမရှိဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ဒါတော့ နည်းနည်း တဘက်စောင်းနင်းအမြင်လို့ ကျမ ထင်ပါတယ်။

    ဦးကျော်ဇံသာ။ ။ ပြည်သူလူထုထဲကို ပြုပြင်ပြောင်းလဲရေး ရောက်လာဖို့အတွက် အဓိက ဘာတွေလုပ်ဖို့ လိုနေပါလဲခင်ဗျ။ လောလောဆယ်မှာ။

    ဒေါ်အောင်ဆန်းစုကြည်။ ။ လိုတာတွေကတော့ အများကြီးပဲ၊ အဓိက ကတော့ ကျမတို့ ပြည်သူ တွေက ဆင်းရဲနေတဲ့အခြေအနေကို ပိုပြီးတော့ ကောင်းလာအောင် လုပ်ရမယ်။ လက်တွေ့ကျကျ ပြောရမယ်ဆိုလို့ရှိရင် ကျမရဲ့ ကော့မှူးမြို့နယ်မှာ ဆင်းပြီး လေ့လာတဲ့အခါကျတော့ သိပ်ပြီး အရေးကြီးနေတာ ဘာလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးရယ်၊ အလုပ်ရရှိရေးရယ်၊ ရေရရှိရေး- ရေရရှိရေးတောင်မှ ကျမတို့နိုင်ငံအနေနဲ့က နေရာအတော်များများမှာ အခက်အခဲတခုပါပဲ။ နောက်ပြီးတော့ ကျန်းမာရေး၊ ပညာရေးပေါ့။

    ဦးကျော်ဇံသာ။ ။ နောက်တခါ- ဥပဒေပြု အာဏာပိုင်အဖွဲ့ဖြစ်တဲ့ လွှတ်တော်ပေါ့ခင်ဗျာ။ အစ တုန်းကတော့ ruber stamp လို့ အင်္ဂလိပ်လို ပြောကြတယ်။ လက်ညှိုးထောင်၊ ခေါင်းငြိမ့် ပါလီမန်သာ ဖြစ်တယ်၊ အခု အဲဒီထက် တိုးတက်မယ့် အရိပ်အယောင် နည်းနည်းများ တွေ့လာရပါပြီလား။ တလောတုန်းက သူတို့က ဖွဲ့စည်းပုံ ခုံရုံးကို သူတို့ရဲ့ဆန္ဒနဲ့ ဖယ်ရှားနိုင်ခဲ့တယ်ဆိုတော့ – ဒါပေမဲ့လည်း တချို့က Executive နဲ့ ရဲ့ legislature နဲ့ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုသာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတော့ ဒီလိုလို့ မထင်ပါဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ဟာပဲ။ ဒါလည်း ပြောတဲ့မိန့်ခွန်းတွေကို ဦးကျော်ဇံသာ သေသေချာချာ နားထောင်ကြည့်မယ်ဆိုရင် ဥပဒေပိုင်းဆိုင်ရာ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကလည်း ဝင်ပြီးတော့ ပြောတာရှိပါတယ်။ ဥပဒေကြောင်းအရ ဘယ်လို ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာကို။ အဲဒီတော့ လက်ညှိုးထောင် ခေါင်းငြိမ့်ဆိုတာကတော့ ဘယ်ဟုတ်နိုင်မလဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ NLD ရှိနေတယ်လေ။ ကျမတို့က လက်ညှိုးထောင်၊ ခေါင်းငြိမ့်မှ မလုပ်ဘဲ။ အဲလိုမလုပ်တဲ့ တခြား ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။

    ဦးကျော်ဇံသာ။ ။ ဆိုတော့ အုပ်ချုပ်ရေး အကြီးအကဲတန်းပေါ့လေ။ လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြိုင်ဆိုင်မှု ရှိတယ်ဆိုတာကရော အလားအလာ ကောင်းပါသလား။ နိုင်ငံတခုရဲ့ နိုင်ငံရေးစံနစ်အတွက် healthy ဖြစ်ပါသလား။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီဟာကတော့ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ဝိုင်းမြင်တာ မကောင်းပါဘူး။ တကယ်ဆိုလို့ရှိရင် ဒီလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဥပဒေပြုပိုင်းဆိုင်ရာကြားထဲမှာ ပြောရတာ၊ ဆိုရတာ ငြင်းရတာ၊ ခုန်ရတာ ဖြစ်တယ်ဆိုတာ – ဒါ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတာပဲ။ အခု ဒီ အမေရိကန် ပြည်ထောင်စုမှာတောင်မှ ဘတ်ဂျက်နဲ့ပတ်သက်လို့ အုပ်ချုပ်ပိုင်းဆိုင်ရာနဲ့ ဥပဒေပြုပိုင်း ဆိုင်ရာမှာ ငြင်းကြ၊ ခုန်ကြနဲ့ တချိန်တခါတုန်းက ဆိုလို့ရှိရင် ဝန်ထမ်းတွေတောင်မှ လခမပေးတာအထိ ဖြစ်သွားတယ်မို့လား။ ..ဆိုတော့ အဲဒါမျိုးကတော့ ဖြစ်လေ့ဖြစ်ထပဲ။ တခုတော့ ရှိတာပေါ့၊ ကျမတို့နိုင်ငံအတွက် ဒီမိုကရေစီ လုပ်ပုံလုပ်နည်းတွေက သိပ်ပြီးတော့ စိမ်းနေသေးတဲ့ အခါကျတော့ ဒီဟာတွေကို အစိုးရိမ်လွန်တဲ့ဟာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ဘေးကလည်း ဝိုင်းပြီးတော့ ပုဂ္ဂိုလ်ရေးပြဿနာလို့ ဖြစ်ပေါ်အောင်လို့ မြင်ကြလို့ပဲလား၊ အဲလိုဖြစ်အောင်လို့ တိုက်တွန်းကြလို့ပဲလား။ ဒါမျိုးလေးတွေကတော့ ရှိတာပေါ့။

    ဦးကျော်ဇံသာ။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တုန်းက အဓိက ရည်ရွယ်ချက်သုံးခုဖြစ်တဲ့ ဖွဲ့စည်းပုံကို ပြင်မယ်၊ စစ်တပ်ရဲ့ပါဝင်မှုကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားမယ်၊ နောက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးရနိုင်အောင် ကြိုးစားမယ်ဆိုတာ၊ အဲဒီ ကိစ္စတွေကို ဆောင်ရွက်နိုင်အောင် ကြိုးစားဖို့ ကိစ္စရော အတော် ခရီးဝေးပါ သေးသလား။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ နည်းနည်း ပြန်ပြင်ရမယ်။ ကျမတို့ ပထမဦးဆုံးက တရား ဥပဒေစိုးမိုးရေးလို့ ပြောပါတယ်။ နောက်ပြီးတော့မှ ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စိုးမိုးရေး။ အဲဒီမှာ ကျမတို့က အဓိက က ဖွဲ့စည်းပုံအခြေခံဥပဒေ စိုးမိုးရေး – ပြုပြင်ရေးပေါ့နော်။ ပြုပြင်ရေးမှာ တပ်ကို ဖယ်ရှားမယ်ဆိုတာဟာ အဓိက မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ကိုက်ညီအောင်လုပ်ဖို့ ပါပဲ။ အဲလို လုပ်တဲ့နေရာ မှာ ကျမတို့ဟာ တပ်မတော်နဲ့ ပူးပေါင်း ဆောင်ရွက်သွားချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြော ထားပြီးပါပြီ။ ပြောထားပြီးသား ဖြစ်ပါတယ်။

    ဦးကျော်ဇံသာ။ ။ ..ဆိုတော့ အဲဒီဟာတွေကို ဆောင်ရွက်ဖို့ အလားအလာ-တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မယ့်ကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ရော တော်တော်လေး ခရီးရောက်ပါပြီလား။

    ဒေါ်အောင်ဆန်းစုကြည်။ ။ တရားဥပဒေစိုးမိုးရေးကို ကျမတို့ ပထမထားတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ တရားဥပဒေမရှိဘဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆလို့ ပါ။ ပြည်တွင်း ငြိမ်းချမ်းရေးကို တန်ဖိုး မထားလို့ မဟုတ်ပါဘူး။ အဲဒီတော့ တရားဥပဒေစိုးမိုးရေး ရရှိဖို့ ဆိုတော့ အခု ကျမက တရားဥပဒေစိုးမိုးရေး ကော်မီတီဥက္ကဋ္ဌဆိုတော့ ဒါ- အလားအလာကောင်း တယ်လို့ ပြောရမှာပေါ့။

    ဦးကျော်ဇံသာ။ ။ နောက်တခုက ဒီနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည် ပြောတာလည်း ကြားလိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အစိုးရမဟုတ်ဘူး။ အစိုးရလိုအပ်တဲ့ အကူအညီကို ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးမယ်ဆိုတာ ဒီနေ့ ပြောသွားပါတယ်။ တိုင်းရင်းသားတွေ အတော် များများက ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပြီး စေ့စပ်ပေးရင် ပိုပြီးတော့ ခရီးရောက်မယ်၊ သူတို့ရဲ့ တိုင်းရင်းသားပြဿနာဖြေရှင်းရေးမှာ တကယ်ပဲ ယုံကြည်ကြပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားကော ဘယ်လိုများ ရှိပါသလဲ။ အဲဒီကိစ္စမှာ ဝင်ရောက် ဖြေရှင်းပေးနိုင်မယ့် အခြေအနေရှိပါသလား။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမကလည်း လုပ်ပေးနိုင်သမျှ လုပ်ပေးချင်တာပဲ။ ဒါပေမဲ့ ဒီဟာ- ဟာ တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ မနက်ကလည်း ကျမ ပြောခဲ့ ပါတယ်။ ကျမတို့အနေနဲ့ ဒီလို အခြေအနေမှာ နိုင်ငံရေးအမြတ် မထုတ်ချင်ဘူး။ အရေးကြီးတာက ကျမတို့ နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့၊ ဒီလို ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ ကျမတို့ တကယ်ကို ကူညီနိုင်ဖို့ ဆိုလို့ရှိရင် တိုင်းရင်းသားတွေရော၊ အစိုးရဘက်ကရော လိုလားရမယ်။ အဲဒါမှ ကျမတို့က ဝင်ပြီးတော့ ကူညီနိုင်မှာ။

    ကျမတို့အဖွဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကျမတို့သာ လုပ်ပေးမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ ကျမတို့ မလုပ်ချင် ဘူး။ နောက်ပြီးတော့လည်း တကယ်ပဲ ကြိုးပမ်းမှုတွေရှိနေလို့ရှိရင် အဲဒီကြိုးပမ်းမှုတွေကို ထိခိုက်တဲ့ အလုပ်မျိုးလည်း ကျမတို့ မလုပ်ချင်ဘူး။ ဒါပေမဲ့ အချိန်မရွေး အဆင်သင့်ပဲ၊ ကျမတို့ကို သုံးချင်တယ် ဆိုရင် သုံးပါ။ ဒါပေမဲ့ နိုင်ငံအတွက်သုံးတယ်ဆိုတာ လိုလိုချင်ချင်နဲ့ လက်ခံရမယ့် ကိစ္စပါ။

    ဦးကျော်ဇံသာ။ ။ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်တွေက အစတုန်းက ပြော တာက တိုင်းရင်းသားပြဿနာ ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးမယ့်ရင်ပြင်ဟာ လွှတ်တော်ဖြစ် တယ်၊ လွှတ်တော်ကတဆင့်သာ ဆွေးနွေးနိုင်မယ်လို့ ကြားရပါတယ်။ တိုင်းရင်းသားတွေကတော့ အဲလို မဟုတ်ဘဲနဲ့ မျက်နှာစုံညီတွေ့ချင်တယ်၊ သုံးပွင့်ဆိုင်တွေ့ချင်တယ်၊ ဒုတိယပင်လုံဆိုပြီးတော့ အသံထွက် လာပါတယ်။ ဆိုတော့ ဘယ်လမ်းဟာ ပိုပြီးမှန်ကန်မယ်၊ လွှတ်တော်မှာ ဖြေရှင်းနိုင်မယ့် အလားအလာ ရော ရှိပါသလား။

    ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒီဟာက လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများကြီးရှိပါတယ်။ လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိစ္စတွေ ကို ဆွေးနွေးတာတွေ၊ ဘာတွေလည်း ရှိလည်း ရှိခဲ့ပါတယ်။ တင်လည်းတင်ပြတာတွေလည်း ရှိပါ တယ်။ လွှတ်တော်ထဲမှာတော့ လွှတ်တော်နည်း လွှတ်တော်ဟန်နဲ့ တိုင်းရင်းသား ကိစ္စတွေကို ကိုင်တွယ် နေပါတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပေ့ါနော်။ တချို့က အုပ်ချုပ်ရေးဘက်ကနေပြီးတော့ လွှတ်တော် အတွင်းမှာသာ ဖြေရှင်းရမယ်ပြောတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေက အပြင်မှာ စပြီးဖြေရှင်းရမယ်-စသဖြင့်- အဲဒါမျိုးတွေကျတော့ ညှိယူရမယ်။ အပေးအယူလုပ်ရမယ်။

    ကျမ ခဏခဏပြောပါတယ်။ ကျမတို့ မြန်မာနိုင်ငံရေးမှာဆိုလို့ရှိရင် negociated compromise ပေါ့နော်။ ညှိနှိုင်းဆွေးနွေးပြီးတော့ အပေးအယူ အလျှော့အတင်းလုပ်တဲ့ ယဉ်ကျေးမှု က အင်မတန်မှ အားနည်း တယ်။ အဲဒီယဉ်ကျေးမှုကို တည်ဆောက်ရမယ်။ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့ အစည်းတွေ၊ ပုဂ္ဂိုလ်တွေ ဆိုလို့ ရှိရင် နှစ်ဘက်လုံးက နားလည်ရမှာက ကိုယ်လိုချင်တာ ၁၀၀% ရမှ လုပ်မယ် ဆိုလို့ရှိရင် မဖြစ်နိုင်ဘူး။ အပေးအယူလုပ်ရမယ်။ အပေးအယူလုပ်ဖို့ ပထမဦးဆုံး ဆွေးနွေး ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်။ အဲဒီပုံစံနဲ့ပဲ သွားရမှာပဲ။ ဒါ ဒီမိုကရေစီပဲ။

    ဦးကျော်ဇံသာ။ ။ နောက်တခုက အခု အမေရိကန်ပြည်ထောင်စုကိုလာတဲ့ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်သူတွေ၊ အမေရိကန်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပေးချင်တဲ့၊ ပြော ချင်တဲ့ message စကားက ဘာပါလဲခင်ဗျ။

    ဒေါ်အောင်ဆန်းစုကြည်။ ။ အဓိကပြောချင်တဲ့စကားကတော့ ကျမတို့ဟာ ဒီမိုကရေစီ အပြည့် အဝတော့ မရသေးဘူး။ ကျမတို့ဟာ ဒီမိုကရေစီလမ်းကို စပြီးတော့ လျှောက်နေပြီ။ ကျမတို့ နိုင်ငံဟာ တကယ့်ကို ဒီမိုကရေစီကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ချင်လို့ရှိရင် ဒီမိုကရေစီ အဆောက် အအုံနဲ့ ခိုင်မာချင်လို့ရှိရင် လုပ်စရာတွေ အများကြီးရှိသေးတယ်။ အဲဒီတော့ အဲဒီလုပ်ငန်း တွေမှာ အမေရိကန်ပြည်ထောင်စုက မိတ်ဆွေကောင်းတဦးအနေနဲ့ ကျမတို့နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင် ရွက်တာကို လိုလားတယ်။ နောက်တခုကလည်း ကျမတို့ လျှောက်ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဒီမိုကရေစီ လှုပ်ရှားရေးခရီးမှာ ကျမတို့ ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတွေကို ကူညီပေးခဲ့တဲ့ အတွက်၊ ထောက်ခံပေးခဲ့တဲ့အတွက်လည်း အမေရိကန်ပြည်ထောင်စု အစိုးရရော၊ ပြည် သူတွေရော ကျေးဇူးတင်တယ်ဆိုတာ ကျမ လာပြောဖို့ ဖြစ်ပါတယ်။

    ဦးကျော်ဇံသာ။ ။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံချင် တယ်၊ မြန်မာနိုင်ငံနဲ့သင့်မြတ်အောင် ဆက်ဆံချင်တယ်ဆိုတဲ့ ဆန္ဒဟာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွား အတွက် အဓိကအားဖြင့် တရုတ်ကို ကာကွယ်ချင်လို့ဆိုပြီးတော့ သုံးသပ်တာတွေ ရှိတာပေါ့လေ။… ဆိုတော့ သူတို့ဆန္ဒနဲ့များ သိပ်ပြီးတော့ ဆန္ဒစောနေကြသလား၊ အဲဒါကြောင့်များ ဒေါ်အောင်ဆန်း စုကြည်က သိပ်ပြီးတော့ ဆန္ဒမစောကြပါနဲ့လို့ တောင်းနေရသလားဆိုတာ စဉ်းစားမိပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ဘယ်လိုပဲပြောပြောပေါ့နော်။ ကျမတို့နိုင်ငံရဲ့အနေ အထား- နိုင်ငံ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဆိုတာဟာ Geo Politics ပေါ့နော်။ ပထဝီနိုင်ငံရေးကလည်း ဘယ်လိုမှ လွတ်ကင်းလို့ မရဘူး။ နောက်ပြီး အရင်အစဉ်အလာတွေကလည်း လွတ်ကင်းလို့မရဘူး။ အဲဒီအခါ ကျတော့ ကျမတို့ မြန်မာနိုင်ငံဟာ အိနိ္ဒယနဲ့ တရုတ်နဲ့ နောက်- အရှေ့တောင် အာရှကြားမှာ ရှိတဲ့ နိုင်ငံဖြစ်နေတယ်။ အဲဒီလို ဆက်ဆံနေရတဲ့နိုင်ငံမှာ ပတ်ဝန်းကျင်က အင်အားကြီးတဲ့ နိုင်ငံတွေ ရဲ့ အနေအထားကို ထည့်တွက်တယ်ဆိုတာ ဒါ သဘာဝကျပါတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ အနေအထား ကို ထည့်မတွက်ဘဲနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရမယ်ဆိုရင်တော့ အဲလိုတောင်းဆိုခြင်းဟာ ဘယ်လိုမှ သဘာဝ မကျပါဘူး။ ဒါပေမဲ့ အဲဒီဟာကို ထည့်တွက်လို့ ကျမတို့ကို ထိခိုက်စေတယ်လို့လည်း သုံးသပ်စရာ အကြောင်းမရှိပါဘူး။

    ကျမတို့ကိုယ်တိုင်ကလည်း ကျမတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ အဆင်ပြေစေချင်တယ်။ အ ဆင်ပြေပြေလည်း နေချင်တယ်။ ဒီတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တရုတ်ပြည်ထောင်စုနိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့နဲ့ အဆင်ပြေပြီးတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံရေး တည်ဆောက်ချင်တယ်လို့ ယုံကြည်တယ်။

    အဲဒါကြောင့်မို့လို့ ကျမတို့က အားလုံးအတွက် အကျိုးရှိမယ့် နိုင်ငံရေးမူတွေကို ချမှတ်ပြီးတော့ သွားရမှာ ပဲ။ ဟိုလူနဲ့တည့်လို့၊ ဒီလူနဲ့မတည့်လို့ – ဒါမျိုးဟာ အင်မတန်မှ သေးသိမ်တဲ့အမြင်တွေပဲလို့ ကျမ ထင်ပါတယ်။

    ဦးကျော်ဇံသာ။ ။ ကျနော် နောက်ဆုံးတခု မေးခွင့်ပြုပါ။ အဲဒါက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ Communal Violence လူအုပ်စုချင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ လူ့အခွင့်အရေး အဖွဲ့ဆိုတဲ့ အဖွဲ့ တချို့က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ကြပါတယ်။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် တက်တက်ကြွကြွ မပြောပါလားဆိုပြီး။

    ဒေါ်အောင်ဆန်းစုကြည်။ ။ တက်တက်ကြွကြွ မပြောပါလား- ဆိုတာက ဘာကို အခြေခံပြီး ပြော တာလဲတော့ မသိဘူးပေါ့နော်။ ကျမဆိုလို့ရှိရင် ပရော်ဖက်ဆာ ကင်တားနားနဲ့လည်း တွေ့ခဲ့တယ်။ ဟိုတလောဆိုရင်လည်း တူရကီနိုင်ငံရေးဝန်ကြီးနဲ့တွေ့တယ်။ ဒီကိစ္စတွေကို သေသေချာ ချာ ဆွေးနွေးကြတယ်။ လူ့အခွင့်အရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောတယ်။ ကျမတို့ရဲ့မူက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ခွဲခြားလို့ မရဘူး။
    လူ့အခွင့်အရေး ကြေညာစာတမ်း နိဒါန်းမှာကို ပါပြီးသား၊

    လူ့အခွင့်အရေးကို တရားဥပဒေစိုးမိုးခြင်းနဲ့ ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်ဆိုတာ ပါပြီးသားပဲ။ ဒါပေမဲ့ ကျမတို့ကနေပြီးတော့ အခုအချိန်ခါမှာ ငြိမ်းချမ်းရေးရအောင်လို့ ပဋိက္ခတွေငြိမ်းအောင်လို့ လုပ်နေတာဟာ အစိုးရအဖွဲ့အစည်းက လုပ်နေတာ။ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတာ။ အဲဒီ အုပ်ချုပ်ရေးအဖွဲ့က လုပ်နေတဲ့ကိစ္စတွေကိုလည်း ကျမတို့က ထိခိုက်အောင်မလုပ်ချင်ဘူး။ တကယ်ပဲ တခုခုလုပ်နိုင်လို့ရှိလို့ရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒါပေမဲ့ ကိုယ်က မလုပ်နိုင်ဘဲနဲ့ သက်သက်ဝေဖန်တဲ့ အလုပ်တွေလည်း ကျမတို့ မလုပ်ချင်ဘူး။ နောက်ပြီးတော့လည်း တဘက်နဲ့ တဘက် ပဋိပက္ခ ပိုပြီးတော့ ကြီးပွားစေမဲ့ အမျက် မုန်းတီးမှုတွေ ပိုပြီးတော့ ထောင်လွှားစေမယ့် အပြောတွေလည်း ကျမတို့ မပြောချင်ဘူး။

    ဒီလို မပြောလို့ ဘက်လိုက်ပြီးတော့ မပြောလို့ ကျမတို့ကို မကျေနပ်ဘူးဆိုရင်တော့လည်း ကျမတို့ ခံရမှာပဲ။ ကျမ လန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ ကချင်လူငယ်တယောက်က ကျမကို ထပြီးတော့ ဝေဖန်ပါတယ်။ ကျမက ဘာဖြစ်လို့ တပ်ကို Condemnation ပေါ့နော်။ သူက အဲဒီလိုသုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။

    ကျမက ပြောတယ်။ ကျမတို့က Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည်ရင်ကြားစေ့ရေး အလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ် ချပြီးတော့ တိုက်ခိုက်တဲ့အလုပ်ကို လုပ်ချင်တာ မဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည် ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျမတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့ ကျမတို့ကြည့်မယ်။

    ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျမတို့ မလုပ်ဘူး။ ဒီလို ဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ် ဘူး။ နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက် မရှိဘူး။ ကျမတို့ ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျမတို့ တတ်နိုင်သမျှ ကူညီပါတယ်။ NLD က သိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျမတို့ အကူ အညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက် မခွဲခြားဘဲနဲ့ ကျမတို့ အကူအညီပေးတယ်။ ကျမတို့ရဲ့ အကူ အညီ ကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြား အကူအညီတောင်းနိုင်ဘက်က တောင်းလို့ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျမတို့က အဆင်သင့်ပါပဲ။

    • ကြောင်ကြီး

      September 20, 2012 at 9:06 am

      ဒေါ်စုဖြေပုံ ပြတ်သားမှု မရှိတာကိုကြည့်ပြီး အတော်စိတ်ပျက်မိတယ်။ နိုင်ငံရေးသမား ဖြစ်သွားလို့ လေသံပြောင်းတာ နားလည်ပေမဲ့ အယင် ဒေါ်စုနဲ့ယှဉ်ကြည့်ပြီး အတော်နှမြောမိတယ်။ သူ့နေရာမှာ အခြားခေါင်းဆောင်သာဆို အပြောနဲ့အလုပ် မညီတာနဲ့ စင်အောက်ရောက်သွားတာကြာပြီ သို့ပေမဲ့ပေါ့လေ ဘုရင်မ က ဘုရင်မ ပါပဲ… ယုံယုံမယုံယုံ အတိတ်ဘုန်းကံကိုတော့ ယုံဗျို့…ဒေါ်စုက အတိတ်ဘဝတုန်းက ကျုပ်တို့မြန်မာပြည်သူတွေရဲ့ ဧကရာဇ် ဘုရင်မကြီး ဖြစ်ခဲ့ဘူးတယ်။ သူဘာလုပ်လုပ် ဟုတ်နေ ဟုတ်နေအုံးမှာပဲ…။ သူ့အလွန် မြန်မာ့နိုင်ငံရေးသာ ဘယ်လိုခရီးဆက်ကြမလဲ စဉ်းစားကြ….။

  • maungmoenyo

    September 20, 2012 at 9:40 am

    ဒေါ်စု ဟာ stateman တစ်ဦးအနေနဲ့ဆက်မြင်ကြသူတွေ ရှိကြပေမဲ့၊ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်ရေးမှာ၊ ပဓါနကျတဲ့ဥပဒေပြုရေးလမ်းကြောင်းမှာ၊ မပါလို့မဖြစ်တော့တဲ့အခြေအနေရောက်နေပါတယ်။ ကိုယ်ထင်ရာကိုယ်စိုင်းစပြုနေပြီဖြစ်တဲ့ လွှတ်တော် (အထူးသဖြင့်ပြည်သူ့လွှတ်တော်) ရဲ့ လမ်းကြောင်းမတိမ်းစောင်းစေ ဘို့၊ ဒေါ်စုရဲ့ လွှမ်းမိုးမှုဘယ်လောက်ပြု နိုင်မလည်းဆိုတာကို ရင်ခုံစွာနဲ့ စောင့်မျှော်လျက်ပါ။

  • first last

    September 20, 2012 at 10:43 am

    She is moving to more practical approach. Good for Myanmar people.

    • ကထူးဆန်း

      September 23, 2012 at 6:38 am

      ဇင်ဘာဘွေလို မဖြစ်သွားဖို့တော့ အရေးကြီးတယ် ။
      အတိုက်အခံနဲ့ အစိုးရ အကြည်ဖြူလွန်သွားပြီး ဘာမှ မပြောကြတော့ရင်လည်း သွားပြီဘဲ ။

  • kai

    September 22, 2012 at 5:54 am

    ဝါရှင်တန်ဒီစီက ပွဲပြီးသွားပါပြီ..။ အောက်မှာ ဗီဒီယိုကြည့်နိုင်ကြောင်း..
    ဒေါ်စုနဲ့ပရိသတ်..နေရာချထားပုံအရ.. .တော်တော်အလှမ်းဝေးဝေးဖြစ်နေတာတွေ့ရပါကြောင်း..

    Live Streaming via Shwe Video
    We will have Live Video Streaming via Shwe Video. Please follow the link below.
    http://shwevideos.net/live_broadcasting.php

  • kai

    September 23, 2012 at 3:50 am

    Queens Collegeမှာ 22.9.2012ဒီကနေ့ည ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ အသံဖိုင်
    http://soundcloud.com/tunwai/sets/queens-college-22-9-2012

    ရခိုင်အရေး..ကချင်အရေး.. သဘောထားအနည်းငယ်ပြောသွားသဖြင့်.. ဆိုင်ရာစိတ်ဝင်စားသူများ နားထောင်သင့်သည်။

  • kai

    September 23, 2012 at 4:19 am

    ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး ကိုမြင့်ဆန်းအောင်(မစ္စတာအလက်ဇန္ဒားအဲရစ်)

    Aris Myint San Aung at the fourth of July naturalization ceremony (Photo by George Liu/NWAW)

    • Wow

      September 25, 2012 at 3:46 pm

      ဘာဘောလဲ မုတ်ဆိတ်၊ အလံ၊ ကရင်ရိုးရာဝတ်စုံ :surprised: 😮
      ဒဂျီး ဒီ့ထက်ပိုပြီး ပြောစရာမဖြစ်မဲ့ပုံလေးများ တင်ဖို့ မစဉ်းစားဘူးလား :eee:

      • kai

        September 26, 2012 at 1:14 pm

        ဒီနှစ်ဇူလိုင်လ ၄ရက်နေ့မှာ.. ယူအက်စ်နိုင်ငံသား(အမေရိကန်)အဖြစ် ကျမ်းကျိန်နေတဲ့ပုံပါ..။
        ယူအက်စ်အလံကို.. ခေါင်းမှာပါတ်တာ.. ထုံးစံတခုပါပဲ..။
        ကရင်အကျီဝတ်တာတော့.. ဆန်းတယ်..။
        ဒေါ်အောင်ဆန်းစုကြည်အမေ.. ကိုမြင့်ဆန်းအောင်အဖွားက.. ကရင်ဇာတိနွယ်တယ် ကြားဖူးတယ်.. မှန်နေသလားမသိ..

        ဒီပုံက ရှားပါးပုံပါ..။ ရွာသူားတွေ..သိစေလိုချင်လို့ဖြစ်ပါကြောင်း..။

    • Wai Phyoe

      September 26, 2012 at 11:23 am

      အန်း အဲ့ဒါ ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေးပေါ့နော်

  • kai

    September 25, 2012 at 3:18 am

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲ အချိန်အပြောင်းအလဲ နှင့် လမ်းညွှန်ထုတ်ပြန်ခြင်း

    နေ့စွဲ – ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်

    စက်တင်ဘာလ ၂၉ ရက်နေ့တွင် 2335 Golden Gate Avenue, San Francisco, CA 94118 ရှိ University of San Francisco – War Memorial Gym ၌ ကျင်းပမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကမာ္ဘ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို အောက်ဖော်ပြပါအတိုင်း အချိန်ပြောင်းလဲထားပါသည်။
    အခမ်းအနား ကျင်းပချိန်မှာ နံနက် ၉း၁၅ နာရီမှ ၁ဝး၄၅ နာရီအထိ ဖြစ်ပြီး အခမ်းအနားကျင်းပရာ ခန်းမကို နံနက် ရးဝဝ နာရီမှ ၈း၄၅ နာရီအထိ ဖွင့်လှစ်၍ ဧည့်ပရိသတ်များ ဝင်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ပါသည်။ ခန်းမတွင်းသို့ ဝင်ရောက်ခွင့်မှာ သတ်မှတ်ထားသည့်အချိန်အတွင်းသာ ဖြစ်ပါသည်။ အချိန်နောက်ကျမှ ရောက်ရှိလာသူများ ဝင်ခွင့်ရရှိမည်မဟုတ်ပါ။
    အခမ်းအနားသို့ လာရောက်သူများ အဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် လမ်းညွှန်များကိုလည်း ပူးတွဲ ဖော်ပြထားပါသည်။ ကားရပ်နားရန်နေရာများ အခက်အခဲရှိနိုင်သောကြောင့် ကိုယ်ပိုင်ကားဖြင့် လာရောက်သူများအနေဖြင့် နီးစပ်ရာ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများ စုပေါင်းလာရောက်ကြရန်နှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ် ရထားများကို စီးနင်းလာရောက်ကြပါရန် အကြံပြုလိုပါသည်။

    ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများအနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇ရ ၆၅၀၅) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။

    သတင်းပြန်ကြားရေးအဖွဲ့

    တွေ့ဆုံပွဲကျင်းပရေးကော်မတီ

    ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)

  • paukpauk

    September 25, 2012 at 8:27 pm

    အန်တီစု Europe သွားတုန်းက သတင်းတွေကို ဝေဝေဆာဆာဖတ်ခဲ့လိုက်ရတာ.. US သွားမှ ခြောက်ကပ်ကပ်ပဲ ဖတ်နေရတယ်။ သကြီးရေ လုပ်ဦး။ မြိုင်မြိုင်လေး တင်ပေးကြစမ်းပါ။ US ကလူတွေကို အားမရဘူး…. 🙁

  • kai

    September 26, 2012 at 6:22 am

    Bush: Suu Kyi’s Long Journey to Freedom
    By LAURA W. BUSH
    As Congress honors Burma’s opposition leader, the people she inspired
    world-wide are working and sacrificing for democracy

    On Wednesday, Burmese opposition leader Aung San Suu Kyi will enter the U.S. Capitol. She will pass by statues honoring many of our nation’s defenders of freedom and liberty and make her way to the soaring rotunda, where she will receive the Congressional Gold Medal, one of the two highest civilian awards given by the United States. It is a journey that many never expected her to make. Ms. Suu Kyi’s life and story are powerful reminders of why we must not give up on the causes of freedom and liberty.
    In May of 2008, when my husband, President Bush, signed the legislation awarding her medal, Ms. Suu Kyi was living under house arrest inside Burma. Her crime? She had led a democratic opposition party against the ruling military junta and had the courage to stand for parliamentary elections in 1990, when her National League for Democracy won in a landslide.
    Click image for larger version Name: OB-UQ043_bush_G_20.jpg Views: 3 Size: 50.5 KB ID: 8313

    Getty Images
    Nobel Peace Prize winner and Burmese pro-democracy opposition leader Aung San Suu Kyi in Washington, DC., on Tuesday.

    She spent much of the next two decades under various forms of house arrest or restricted movement. Repeatedly denied the most basic rights of free speech and free assembly, she also was forcibly separated from her children and her husband. The ruling Burmese junta even blocked her cancer-stricken husband from seeing her before he died. She missed valuable years of her sons’ lives.
    Yet through it all, Ms. Suu Kyi never wavered in her belief that Burma deserved a democratic process, where all voices might be heard. For more than two decades, she has remained a valiant and steadfast voice for freedom and for the Burmese people.
    Ms. Suu Kyi has long had many international supporters who both publicly and quietly pressed Burma’s ruling junta for her release. She was awarded the Nobel Peace Prize in 1991. Over the past decade, I and others took our support public, hoping that greater public pressure might convince the country’s rulers to relent.
    They did not, and some observers began to question whether the cause of freedom in Burma was lost. After tens of thousands of Buddhist monks peacefully protested during the 2007 Saffron Revolution, the ruling junta unleashed harsh beatings on the protesters and doubled the number of political prisoners to 2,100, according to Human Rights Watch. Later Ms. Suu Kyi was subjected to a show trial on the pretext that a Westerner had illegally visited her. But she never faltered. To the foreign diplomats allowed brief glimpses of her trial, her words were, “I hope to meet you in better times.”
    The light of hope was never fully extinguished inside Burma. In 2007 and 2008, President Bush expanded economic and financial sanctions against the Burmese regime, curtailing imports and exports and restricting the ruling junta’s access to wealth, including blocking imports of Burmese rubies and jade in which they trafficked. These sanctions were continued by President Obama.
    Thanks to the U.S.-funded Radio Free Asia and the BBC, the people of Burma knew that they were not forgotten. Like the Cold War dissidents in the Soviet Union and Eastern Europe, they could draw strength from every mention of their plight and every expression of faith in their cause and in their future. By August 2011, the political dam had burst, and Burma began to reform.

    Today, Ms. Suu Kyi is a member of Burma’s parliament and a leading voice for democratic values and reform in her country. The reforms in Burma are still fragile, but with each day they are harder to turn back. The cause that so many once thought hopeless is now full of promise.

    Ms. Suu Kyi’s story is one of the great stories of our time. She spoke via Skype last May at the launch of the George W. Bush Institute’s Freedom Collection. In the audience was Rev. Bob Fu, a leader of the 1989 Tiananmen Square protests, who now lives in exile in Midland, Texas, and labors on behalf of dissidents and religious prisoners in China. As Ms. Suu Kyi talked of never giving up, tears ran down Bob’s face. He and other Chinese human-rights defenders have long looked upon Ms. Suu Kyi as an inspiration. And now their inspiration is free.
    The next generation of Aung San Suu Kyis is out there, working and sacrificing for freedom. As she receives the Congressional Gold Medal Wednesday afternoon, they will be watching and listening. They will hear of freedom’s enduring support—and they, too, will have hope.
    Mrs. Bush is former first lady of the United States.
    This Article Originally Posted in Wall Street Journal.
    http://online.wsj.com/article/SB1000…googlenews_wsj

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 26, 2012 at 1:33 pm

    ဒီသတင်းအတွက် မေမေကြီးကိုအလွန်ကျေးဇူးတင်မိပါတယ်ဗျာ
    ( ကျုပ်မဝံ့မရဲမြှော်လင့်မိခဲ့ဘူးပါတယ် ကျေးဇူးပါဗျာ )
    ဆိုခြင်တာက နှစ်ဦးနှစ်ဖက်စလုံးအကြပ်တည်းထဲမှာ ပြင်ပရောက်ရင်တော့ အခြေနေအရ
    ကိုယ့်ဖက်က အသိမှတ်ပြုလေးစားပေးထိုက်တယ်လို့ ခံယူထားမိပါတယ် )
    …………………………….
    သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ တွေ့ဆုံ – by မမိုးဖြူ
    မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ရောက် ရှိနေစဉ်မှာ ဘဲ
    မြန်မာသမ္မတ ဦးသိန်းစိန်ဟာ New York မြို့တော်ကို ရောက်ရှိလာခဲ့ပြီ။
    ခုကျမတို့ အသံလွှင့် နေတဲ့ အချိန် လောက်မှာပဲ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့
    သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံနေကြပါပြီ။
    ကမာ္ဘ့ ကုလသမဂ္ဂမှာ မိန့် ခွန်းပြောဖို့ လာရောက် ခဲ့တဲ့ မြန်မာသမ္မတ ရဲ့ ခရီးစဉ်နဲ့ ပါတ်သက်လို့ မမိုးဖြူက ဆက်ပြီးတင်ပြပေးပါမယ်။
    ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကြီးမှာ မိန့်ခွန်းပြောဖို့အတွက် မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ
    အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပါပြီ။ နိုင်ငံတော်သမ္မတဟာ အမေရိကန် ဒေသစံတော် ချိန်
    စက်တင်ဘာ ၂၅ ရက် မနက်၁ဝနာရီမှာ New York မြို့ JFK အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို
    စင်္ကာပူ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။
    သမ္မတရဲ့ ခရီးဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၆ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတော်ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက်
    သမိုင်းဝင် ခရီးစဉ်တရပ်လို့ ပြောနိုင်ပါတယ်။
    မြန်မာသမ္မတဦးသိန်းစိန်ဟာ လာမဲ့ ကြာသာပတေးနေ့ မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း
    ပြောကြားမှာဖြစ်ပါတယ်။
    အာရှမှာ ထိပ်တန်း က ရပ်တည်နို်င်ခဲ့တဲ့ နိုင်ငံတနိုင်ငံ အဖြစ်ကနေ နှစ်ပေါင်း၅ဝ ကျော် စစ်အစိုးရ
    အုပ်ချုပ်မှုအောက် မှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံတခုဖြစ်သွားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက်
    မနှစ်ကမှ အပြောင်းအလဲတွေ စတင်ခဲ့တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က၊ သူ့ မိန့်ခွန်းမှာ
    လက်ရှိ ဆောင်ရွက်နေတဲ့ ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းတွေ နဲ့ ပါတ်သက်လို့
    အဓိကပြောဆိုသွားမှာ ဖြစ်တယ် လို့ သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးက ခုလိုပြောဆိုပါတယ်။
    “ အဓိကက သူလုပ်ခဲ့တဲ့ ဟာတွေပေါ့ဗျာ။ Reform တွေ သူ ဘာကြောင့်လုပ်တယ်။
    ဘာတွေလုပ်နေတယ်။ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ ပြုပြင်ပြောင်း လဲမူတွေ၊
    နောက် ငြိမ်းချမ်းရေးပေါ့နော်။ အထူးသဖြင့် နောက် ဆက်လက်ဆောင်ရွက်မယ့် သူ့ရဲ့မျှော်မှန်း ချက်တွေ၊
    နောက် သူ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ရိုဟင်ဂျာ၊ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီးတော့
    ပံ့ပိုးကူညီမှုတွေဟာ ရခိုင်ပြည်နယ်မှာရော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကျိုးရှိတာ၊
    အဲ့ဒီ့အပိုင်းတွေကို သူပြောမှာပါ။”
    မနေ့ က စတင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကလဲ
    သူ့ ရဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ ခုလို အားတက် စကား
    ပြောဆိုသွားပါတယ်။
    “မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအဝိုင်းကို လွတ်လပ်ခွင့်ပေးတာတွေတွေ့ရပါပြီ။
    ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ထင်ရှားတဲ့ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း
    လူထုရဲ့ ရွေးချယ်မှု နဲ့ ပြည်သူ့ လွှတ်တော်ထဲကို ဝင်ရောက် လာခဲ့ပါပြီ။မြန်မာလူထုအနေ နဲ့ လည်း
    နောက်ထပ် ပြုပြင်ပြောင်းလဲ မှု တွေ ကို တွေ့မြင် ရဖို့ စောင့်စားနေကြပါတယ်။”
    နောက်ထပ် အပြောင်းအလဲတွေဖြစ်ဖို့ စောင့်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒအတိုင်း ပြုပြင်ပြောင်းလဲ မှု
    ရေရှည် ဆက်ပြီး ရှိမရှိ ဆိုတာဆိုတာကိုတော့ အမေရိကန်အစိုးရထဲမှာ သာမက၊
    နိုင်ငံတကာ က မေးခွန်းထုတ်ပြီးစောင့် ကြည့် နေသူတွေအများကြီး ရှိနေပါသေးတယ်လို့
    လူ့ အခွင့်အရေးလေ့ လာစောင့်ကြည့်ရေး အဖွဲ့ က ညွန်ကြားရေးမှုူး John Siston က ပြောပါတယ်၊
    “အဓိက စိုးရိမ်ပူပန်တာကတော့ ၂၀၁၅ ခုနှစ်မှာ မြန်မာစစ်တပ် ရဲ့ တချို့ အစိတ်အပိုင်းတွေက အာဏာကို
    မစွန့် လွှတ်နိ်ုင်တာကြောင့် မငြိမ်သက်မှု တွေများပြန်ဖြစ် လာလေမလားလို့ ပါ၊
    ဒုတိယ စိုးရိမ်တာက မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေကြား သဘောထား ကွဲပြားမှုတွေ ရှိနေတဲ့ အချက်ပါ။
    တတိယ ကတော့ လတ်တလော ပေါ်ပေါက်နေတဲ့ ရိုဟင်ဂျာပြသာနာ ပါ၊
    ဒီလို အချက်တွေကြောင့် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သတိနဲ့ စောင့်ကြည့် လေ့လာနေမှာ ပါ။
    အမေရိကန်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကိုလဲ လိုအပ်သလို ဆက်ပြီး ဖိအားပေး ေ
    ဆာင်ရွက်သွားပါမယ်။”
    မြန်မာသမ္မတ ဦးသိန်းစိန် ရဲ့ အခုအမေရိကန် ခရီးစဉ်မှာ ထူးခြားချက် တခု အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက် တဲ့ သဘောထား ကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်မယ့် ကုလသမဂ္ဂညီလာခံမှာ မြန်မာသမ္မတက ထည့်ပြီး ပြောမယ်လို့ မျှော်လင့်ရကြောင်း သမ္မတရုံး ညွန်ကြားရေးမှုးဦးဇော်ဌေး ကပြောပါတယ်။
    “သူသွားတဲ့အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတဲ့ အချိန်မို့ အဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ သဘောထားတွေ ပါကောင်းပါနိုင်တယ်ပေါ့နော်။”
    အခု အသံစလွှင့်နေတဲ့ အချိန်လောက်မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာသမ္မတ တည်းခိုနေတဲ့ The Mark Hotel ကို သွားရောက် ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။
    http://burmese.voanews.com/content/u-thein-sein-meet-with-daw-aung-san-suu-kyi-in-nyc/1515001.html
    ——————————————————————————–

  • kai

    September 30, 2012 at 2:14 pm

    ဆန်ဖရန်စစ္စကိုမြန်မာတိုင်းရင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ…
    September 29th 2012 (Sat)
    လော့စ်အိန်ဂျလိစ်မှ မြန်မာများလည်း သွားရောက်ခဲ့ကြပြီး.. ပရိသတ် ၃၆၀ဝ တက်ရောက်ခဲ့သည်ဟု သိရှိရပါကြောင်း..
    အောက်တွင် ရုပ်သံမှတ်တမ်းကြည့်နိုင်ပါသည်။
    http://www.youtube.com/watch?feature=player_embedded&v=okttmbE6zD8&noredirect=1
    =
    ယူတုက ဗီဒီယိုထိုင်ကြည့်နားထောင်နေတာ.. အခုမှပြီးတယ်..။
    စုစုပေါင်း ၁နာရီခွဲကျော်ကျော်ကြာပါတယ်..။
    တင်ပေးသူကို အထူးကျေးဇူးတင်ကြောင်းပါ..။

    ဆိုတော့..
    ဒေါ်စုက..မေးခွန်းတွေကို အချိန်ပေးပြီးဖြေပေးသွားပါတယ်..။
    အဲဒီထဲနောက်ဆုံးရဲ့ရှေ့မေးခွန်းတခုက.. ဒေါ်စုဖတ်လေ့ရှိတဲ့စာအုပ်အကြောင်းမေးတာမို့.. ဒေါ်စုက.. ကဗျာစာအုပ်တွေဖတ်လေ့ရှိကြောင်းပါတဲ့..
    ကဗျာကိုကြိုက်ပါတယ်တဲ့..
    အခုဖတ်နေတဲ့စာအုပ်က.. Poem for a Day ပါတဲ့..
    ဟုတ်မဟုတ်တော့ မသိ..
    အမေဇုံမှာရှာတွေ့ပြီး ဝယ်မလို့လုပ်နေပါကြောင်း…..
    http://www.amazon.com/Poem-Day-Range-Classic-Modern/dp/B007K4FNQ0/ref=sr_1_7?s=books&ie=UTF8&qid=1348998131&sr=1-7&keywords=poems+for+the+day

    • ကြောင်ကြီး

      September 30, 2012 at 11:43 pm

      စာအုပ်က အတွဲ၁၊ ၂ ရှိတယ်နော် သဂျီး။ ဒေါ်စုပြောတာ သူနောက်ဆုံးဖတ်နေတာ ပြောတာ၊ ဖတ်ချင်ရင် ခွဲခြားခွဲခြားလုပ်နဲ့ နှစ်အုပ်စလုံးဝယ်။ အမေဇုံပွဲစား ကြောင်ကြီး

  • kai

    October 2, 2012 at 6:22 am

    “ကချင်တကျပ် ဗမာတကျပ်..”
    “ရခိုင်တကျပ် ဗမာတကျပ်..”
    စသဖြင့်..” တိုင်းရင်းသားတကျပ်.. ဗမာတကျပ်” တန်းတူရှိရမှုကိုဘာသာပြန်တာ.. Burma ကြီးနဲ့ဆိုတော့.. တမျိုးဖြစ်သွားတယ်..။ :harr:
    Bama ဆိုရင်ပိုမှန်မယ်ထင်မိကြောင်း…

    “If Burma receives one kyat, you will also get one kyat”

    Aung San Suu Kyi Should Not Avoid Minority Problems

    By Nehginpao Kipgen

    October 1, 2012

    http://www.huffingtonpost.com/nehginpao-kipgen/aung-san-suu-kyi_b_1928604.html

    Aung San Suu Kyi’s 17-day visit to the United States of America, which began on September 17, has been received with warmth and enthusiasm. Her years of perseverance and dedication have deservingly earned such recognition.

    The thought of Suu Kyi receiving a standing ovation by members of the U.S. Congress at the Capitol Rotunda and a meeting with a U.S. President at the White House seemed unrealistic until recent years.

    As Burma progresses with its democratic reforms, expectations await Suu Kyi. In Burma’s democracy movement history, two remarkable statements from Suu Kyi’s family continue to linger in the minds of the Burmese people, especially ethnic minorities.

    “If Burma receives one kyat, you will also get one kyat” was made a year before the country’s independence in 1948. Aung San, founder of the Burmese Independence Army and father of Suu Kyi, made this historic statement in an attempt to convince other nationalities to join the Union of Burma.

    The objective of the statement was to guarantee equal rights for all nationalities in post-independent Burma, regardless of their religious and ethnic backgrounds.

    That assurance convinced the Chin, the Kachin and the Shan leaders to join the interim government led by Aung San, which led to the formation of the Union of Burma on February 12, 1947. Until today, February 12 has been observed as the country’s Union Day.

    Even after sixty years of the country’s independence, minority problems in the country remain unresolved. Ceasefires have been reached with majority of armed ethnic groups, but tension remains high in the Kachin state. The core issue of autonomy has also remained uncertain.

    “Please use your liberty to promote ours” was a statement Aung San Suu Kyi made in her commencement address to the American University in Washington, D.C. in 1997. The objective was to garner the support of the international community.

    During her tour in the United States, Suu Kyi has been asked questions on minority problems, particularly in Kachin and Rakhine (Arakan) states. In similar responses, Suu Kyi emphasized the need for rule of law but refrained from condemning the Burmese military.

    Burma’s post-independent era has been plagued by majority-minority conundrum, which ethnic minorities have accused the majority group of adopting Burmanization policy and Burman chauvinism.

    As someone who receives unflinching support from ethnic minorities, Suu Kyi needs to speak up more on minority problems. The issue must not wait until she becomes head of the government or when her National League for Democracy has majority members in the parliament.

    Suu Kyi’s reticence could entail the country’s ethnic minorities to question her leadership and credibility. As she once famously said, she must use her freedom to promote others and stress the need for equality of rights for all ethnic nationalities which her late father envisaged.

    The latest U.S. government’s decision to lift economic sanctions should be a new impetus for both Thein Sein government and Suu Kyi-led opposition to address ethnic conflict and human rights violations in minority territories.

    A democracy without resolving minority problems will not bring durable peace and stability in the country. Building mutual trust is essential to strengthening the relationship between the majority Burman and the minority non-Burman groups.

    Being the daughter of Aung San, her connection with the Western world, as a Noble peace prize recipient, and because of her relentless commitment toward democracy and human rights, Suu Kyi has the respect that no other of her contemporaries has in the Burmese politics. She must utilize this unique position to win the hearts and minds of ethnic minorities in order to build a unified and vibrant multi-ethnic society.

    Nehginpao Kipgen is general secretary of the US-based Kuki International Forum. His general research interests include political transition, democratization, human rights, ethnic conflict and identity politics. His research focuses on the politics of South and Southeast Asia, with a concentration on Burma/Myanmar. He has written numerous academic (peer-reviewed) and nonacademic analytical articles on the politics of Burma and Asia that have been widely published internationally.
    —————————-
    Kukiforum News
    http://www.kukiforum.com

  • kai

    October 3, 2012 at 3:05 am

    Aung San Suu Kyi Visit LA 2012 (LIVE) —- တင်ထားပါတယ်ဗျို့..
    အပေါ် မူရင်းပို့စ်အောက်ဆုံးမှာကြည့်ပါ…

  • kai

    October 3, 2012 at 2:26 pm

    ဒေါ်အောင်ဆန်းစုကြည် LA ရောက် မြန်မာများနဲ့တွေ့ဆုံ
    Browse › Home › မြန်မာ့သတင်း » ဒေါ်အောင်ဆန်းစုကြည် LA ရောက် မြန်မာများနဲ့တွေ့ဆုံ
    ဒေါ်အာင်ဆန်းစုကြည် လော့စ်အိန် ဂျလိစ်မြို့ မြန်မာ မိသားစုများရဲ့ မေးခွန်းများကို ဖြေကြား ပေးနေစဉ်။ (အောက်တိုဘာ ၂ ရက်၊ ၂၀၁၂။)
    မြန်မာနိုင်ငံ အခြေအနေကို သတိနဲ့ ကြည့်ဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။ သူ့ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ထဲက နောက်ဆုံးမြို့ဖြစ်တဲ့ Los Angeles မြို့မှာ မြန်မာ မိသား စုတွေနဲ့ တွေ့ဆုံစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကို Federal ပြည်ထောင်စု နိုင်ငံ အဖြစ် ဖော်ဆောင်နိုင်မယ့် အလားအလာ၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျောက်ရေး၊ မြန်မာနိုင်ငံ အတွက် ပေးသင့်တဲ့ အကူအညီတွေ အကြောင်း စတဲ့ ကဏ္ဍမျိုးစုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါ တယ်။ Los Angeles မြို့၊ Convention Center မှာ ပြုလုပ်ခဲ့တဲ့ မြန်မာမိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲအကြောင်း မစုမြတ်မွန်က ဆက်ပြောပြပါမယ်ရှင်။

    အမေရိကန်ပြည်ထောင်စုခရီးစဉ်ရဲ့ နောက်ဆုံးခရီးဖြစ်တဲ့ Los Angeles မြို့မှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမေရိကန်ခရီးစဉ်မှာ နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့ အတွက် စိတ်ခွန်အားတွေဖြစ်စေခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

    “ဒီကိုလာရတာ ပထမဦးဆုံးတော့ ပြောရမယ်ဆိုရင် ကျမ ကျေနပ်ပါတယ်။ ကျေနပ်ပါတယ် ဆိုတာ က စောစောက ရှင်းပြခဲ့တဲ့အတိုင်း ဒီကိုလာတာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ တစ်ခုကတော့ ကျမတို့ကို ကူညီမ,စပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့၊ အဲဒါ တချို့ကို ကိုယ်တိုင် တွေ့ပြီးတော့ ကျေးဇူးတင်ပါတယ်ဆိုတာ ပြောနိုင်ခဲ့လို့ အများကြီး အားရပါတယ်။

    နောက် တခုကတော့ ကျမတို့ရဲ့ မြန်မာနိုင်ငံ အခြေအနေကို ရှင်းပြတယ်။ အဲဒီဟာလည်း အတော်အတန် အားရလောက်ပါတယ်။ တနိုင်ငံလုံးတော့ နှံ့အောင် မသွားနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ လည်း အရေးကြီးတဲ့နေရာတွေ၊ တချို့ တက္ကသိုလ်တွေ၊ နောက်ပြီးတော့ ကျမတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံ သား အများစု နေတဲ့ နေရာတွေ ကျမ ရောက်နိုင်ခဲ့ပါတယ်။ ကျမ ဒီလို မြန်မာနိုင်ငံက ရောက်လာ တဲ့ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးနိုင်တဲ့အခြေအနေကို အင်မတန်မှ အားရပါတယ်။

    ဒီလို မေးခွန်းတွေ ယူရတယ်ဆိုတာလည်း အချိန်အကန့်အသတ်ကြောင့် မို့လို့ပေါ့နော်။ တကယ်ဆိုလို့ ရှိရင်တော့ အုပ်စုတွေနဲ့ ဆွေးနွေးရတာကိုတောင်မှ ကျမက ပိုသဘောကျပါတယ်။”

    Los Angeles မြို့အနီးတဝိုက်မြို့တွေက မြန်မာလူမျိုးတွေတင်မက ကနေဒါနိုင်ငံက မြန်မာလူမျိုး တချို့ပါ လာခဲ့ကြတဲ့ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က မေးခွန်းမျိုးစုံကို ဖြေသွားခဲ့ပါတယ်။ မြန် မာနိုင်ငံလက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို ဖြေတဲ့အခါမှာ သတိနဲ့ သုံးသပ်ဖို့ လိုအပ်တယ်လို့ ဖြေသွားတာကို တွေ့ရပါတယ်။

    “ကျမတို့ နောက်လုပ်ဖို့တွေ အများကြီး ကျန်ပါသေးတယ်။ မြန်မာနိုင်ငံကို ကြည့်တဲ့အခါကျလို့ ရှိရင် စေ့စေ့ကြည့်ပါ။ သိပ်ပြီးတော့ အကောင်း မြင်၊ အယုံမလွယ်ပါနဲ့။ အဆိုးမြင်ဖို့လည်း ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ သတိနဲ့ကြည့်ပါ။ သတိဆိုတာ လွန်ကဲတယ်လို့ မရှိဘူးလို့ တရားတော်မှာ ပါတဲ့အတိုင်း ဒီအချိန်မှာ မြန်မာနိုင်ငံကို လေ့လာသုံးသပ်တဲ့အခါမှာ သတိဆိုတာ ဘယ်တော့မှ ဘယ်လိုမှ လွန်ကဲနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”

    လက်ရှိ မြန်မာနိုင်ငံမှာ ပြောင်းလဲဖို့လိုအပ်နေသေးတဲ့ ကိစ္စတွေ အများကြီးရှိနေသေးတယ်ဆိုတာကို သတိထားကြဖို့ လိုတယ်ဆိုတာကိုလည်း ခုလို ဥပမာပေးပြောသွားခဲ့ပါတယ်။

    “ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေကို အမြဲပဲလေ့လာနေတဲ့ ပုဂ္ဂိုလ်တွေ သိမှာကတော့ ဆန္ဒပြဖို့ဆိုလို့ ရှိရင်လည်း အခုအချိန်မှာ လွယ်ကူသေးတာ မဟုတ်ပါဘူး။ ဥပဒေအရ ဆန္ဒပြနိုင်ခွင့်ရှိတယ်ဆိုပေမဲ့ ခွင့်ပြုချက်ရမှ ဆန္ဒပြပိုင်ခွင့် ရှိပါတယ်။ ဒါဟာ ကျမက ဆန္ဒပြတာတွေကို အထူး အားပေးချင်တဲ့စိတ် နဲ့ ပြောတာမဟုတ်ပါဘူး။ ဒီမိုကရေစီအခွင့်အရေးတစ်ခုနဲ့ ပတ်သက်လို့တောင်မှ ကျမတို့ အခြေအနေ ဟာ ဒီမိုကရေစီရရှိပြီးသား လူ့အသိုင်းအဝိုင်းတွေနဲ့ မတူဘူးဆိုတာကို ရှင်းပြချင်လို့ ပြောတာ ဖြစ်ပါ တယ်။”

    မြန်မာနိုင်ငံအပြောင်းအလဲအတွက် လက်ရှိသမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လောက်အထိ စိတ်ချ လက်ချ လက်တွဲနိုင်မလဲဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလိုဖြေပါတယ်။

    “ကျမကတော့ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့ လက်တွဲပြီးတော့ လုပ်ဆောင်မယ်လို့ စိတ်ထဲမှာ ဒီလို မထားပါဘူး။ နိုင်ငံအတွက် အကျိုးပြုနိုင်မယ်ဆိုလို့ ရှိလို့ရှိရင် ကျမတို့ဟာ အားလုံးနဲ့အတူ လက်တွဲ လုပ်ဆောင်ရမှာပါ။ အရေးအကြီးဆုံးကတော့ တပ်မတော်နဲ့ အတူ လက်တွဲပြီး လုပ်ဆောင်ရမယ်။ ဒါက ကျမတို့ အမြဲပဲပြောနေတဲ့ ကိစ္စပါ။ ပြီးတော့ တပ်မတော်ဟာ ကျမတို့ပြည်သူတွေနဲ့ တသားတည်း ဖြစ် သွားပြီးတော့ ပြည်သူတွေရဲ့ဆန္ဒဟာလည်း တပ်မတော်ရဲ့ဆန္ဒပဲ၊ တပ်မတော်ရဲ့ဆန္ဒဟာလည်း ပြည် သူတွေရဲ့ဆန္ဒပါပဲဆိုတဲ့ အခြေအနေ ရောက်သွားမှသာလျှင် ကျမတို့မြန်မာနိုင်ငံရဲ့တိုးတက်မှုဟာ စိတ်ချရပြီလို့ ယူဆရမှာပါ။

    အဲဒီတော့ အရေးကြီးတာက လူကို စိတ်ချနိုင်ဖို့ မဟုတ်ပါဘူး။ အခြေအနေကို စိတ်ချနိုင်ဖို့ပါ။ ကျမတို့ တိုးတက်ရေးအခြေအနေကို စိတ်ချရအောင်လို့ လုပ်သွားရမှာဖြစ်ပါတယ်။”

    ဒီတွေ့ဆုံပွဲမှာပဲ Federal စနစ်ဆိုတာဟာ ပြည်ထောင်စုပြိုကွဲစေတဲ့ စနစ်မဟုတ်ဘူးဆိုတာကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုနဲ့ ဥပမာပေးပြောကြား သွားခဲ့ပါတယ်။ နောက်တခါ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူစံနစ် ပပျောက်နိုင်မယ့် အလားအလာရှိသေးလားဆိုတဲ့အပေါ် သူ့အမြင်ကို မေးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က-

    “လာဘ်ပေးလာဘ်ယူကိစ္စက အင်မတန်မှ ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ကျမ ပွင့်ပွင့်လင်း လင်းပြောတာနော်။ လူ့အဖွဲ့အစည်း တခုမှာ လာဘ်ပေးလာဘ်ယူဟာ အကျင့်တစ်ခုဖြစ်သွားပြီဆိုရင် ဒီဟာကို ဖြတ်ပစ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဥပမာဆိုလို့ရှိရင် အဓိက ဝန်ထမ်းတွေက စတာပေါ့။

    ဝန်ထမ်းတွေက လာဘ်ပေးလာဘ်ယူလုပ်နေတဲ့အခါကျတော့ သူတို့တွေက တချို့က ဘယ်လိုပြောလဲ ဆိုတော့ ဝန်ထမ်းတွေ လစာနည်းလို့၊ လခတိုးပေးလိုက်လို့ရှိရင် ဒီလာဘ်ပေးလာဘ်ယူမှုတွေက ရပ်သွားမှာပဲလို့ ထင်ကြပါတယ်။ ဒီလောက် မလွယ်ပါဘူး။ အရင်တုန်းက ကျမတို့မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေက လာဘ်ပေးလာဘ်ယူ မလုပ်ပါဘူး။ အဲဒီတုန်းကလည်း ဝန်ထမ်းလခဆိုတာဟာ ဝန်ထမ်းတယောက်ကို သိက္ခာရှိရှိနဲ့ နေနိုင်လောက်အောင် ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝန်ထမ်းလခဟာ ဝန်ထမ်းတွေကို သိက္ခာရှိရှိနဲ့ နေပိုင်ခွင့်မပေးလောက်ဘူးဆိုတော့ လာဘ်ပေး လာဘ်ယူက အကျင့်ကြီးတခု ဖြစ်လာတယ်။ အကျင့်ကြီးတခုဖြစ်လာတဲ့အခါကျတော့ ဝန်ထမ်းတွေက ဝန်ထမ်းအဆင့်မနေတော့ဘဲနဲ့ တခါတည်း သန်းကြွယ်သူဌေးကြီးအဆင့်တွေ နေကြတော့တာပဲ။

    အဲဒီလို နေနေတဲ့ ဝန်ထမ်းတွေကို တော်ရုံတန်ရုံ ဝန်ထမ်းတွေ နေနိုင်တဲ့ နေသင့်တဲ့ အဆင့်အတန်း ကို ပြန်နေဆိုလို့ နေခိုင်းရတာ မလွယ်ဘူး။ ဒါ ကျမ လက်တွေ့ကျကျပြောတာ။ အဲဒီတော့ တဘက် ကနေ လခတွေ တိုးပေးရမယ်၊ မှန်တယ်။ အခွင့်အရေးတွေ တိုးပေးရမယ်၊ မှန်တယ်။ တဘက်ကနေလည်း ဥပဒေအရ အရေးယူရမယ်။ လာဘ်ပေးလာဘ်ယူလုပ်တဲ့ဝန်ထမ်းတွေကို အရေးယူဖို့လိုတယ်။ ဒီတော့ အရေးယူရုံနဲ့ ဒီကိစ္စ ပြီးသွားမလားဆိုတော့လည်း အဲဒါလည်း မလုံလောက်သေးဘူး။ စိတ်ဓာတ်ရေးရာအရလည်း ကျမတို့ အများကြီး ကြိုးစားရမယ်။

    အဲဒီတော့ ကျမတို့က အဲဒီလက်နက်သုံးခုလုံး သုံးရမယ်။ ပထမတော့ သက်ဆိုင်ရာဆီကို လခ လုံလုံလောက်လောက် ပေးရမယ်။ ဒုတိယအားဖြင့် လာဘ်ပေးလာဘ်ယူလုပ်လို့ရှိရင် တရားဥပဒေအရ အရေးယူရမယ်။ တတိယအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြုပြင်ရမယ်။ ပြုပြင်ရမယ်ဆိုရင် ဒါက ပညာရေးနဲ့လည်း ဆိုင်တာပေါ့။ ကျောင်းမှာကတည်းကစပြီးတော့ ပြုပြင်းယူရမယ်။”

    အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲတိုင်းမှာ မေးကြတဲ့ မေးခွန်းတခုကတော့ မြန်မာနိုင်ငံကို ဘယ်လို ကူညီလို့ရနိုင်မလဲဆိုတဲ့ မေးခွန်းပါ။

    “ကျမ တစ်ခုတော့ အကြံပြုချင်ပါတယ်။ ကိုယ်သန်ရာ ဘက်တစ်ခုကို ရွေးလိုက်ပါ။ ဥပမာဆိုလို့ရှိရင် ပညာရေးဘက်မှာသန်သလား၊ ကျန်းမာရေးဘက်မှာသန်သလား၊ ဒါမှမဟုတ် အဲဒီဘက်ကို အားပေး ချင်သလား၊ ကြီးပွားရေးဘက်မှာ အားပေးချင်သလား၊ လူငယ်တွေ ဖွံ့ဖြိုးရေးအတွက် အားပေးချင် သလား။ တခုခု ကိုယ်သန်ရာ၊ ကိုယ်စေတနာရှိရာ ကဏ္ဍတခုကို စဉ်းစားလိုက်ပါ။ စဉ်းစားပြီးတော့မှ အဲဒီ ကဏ္ဍမှာ ထိထိရောက်ရောက်ဖြစ်အောင် ကူညီမယ်ဆိုပြီး အဲဒီကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ သူတွေနဲ့ ဆက်သွယ်ကြည့်ပါ။

    ဆက်သွယ်တဲ့အခါကျရင် တယောက်တည်းကို မဆက်သွယ်ပါနဲ့။ တစ်ယောက်တည်း ပြောနေတာနဲ့ပဲ မပြီးနေပါနဲ့။ သုံးလေးယောက် ဆက်သွယ်ပါ။ သူတို့ပြောတာတွေ နားထောင်ပါ။ အကောင်းဆုံး အဖြေကိုရှာပါ။ အားလုံး အားလုံး၊ လူတိုင်းလူတိုင်းဟာ တယောက်ချင်း တယောက်ချင်း ဘယ်လိုလုပ် အကောင်းဆုံး ကူညီနိုင်မလဲဆိုပြီးတော့ စဉ်းစားပြီးတော့ ရုန်းကန်ရမယ့် အချိန်ကိုတော့ စဉ်းစားကြပါ၊ ကြိုးစားကြပါ၊ ရုန်းကန်ကြပါ။ နောက်ပြီးတော့ စောစောကပြောသလို ပေးဖို့ ကမ်းဖို့လည်း မတွန့်တိုကြပါ နဲ့လို့ ပြောပါရစေ။”

    အင်္ဂါနေ့က Los Angeles မှာလုပ်ခဲ့တဲ့ ပွဲမှာ ပရိတ်သတ် သုံးထောင်နီပါးလာကြတယ်လို့ ပွဲစီစဉ်သူတွေ က VOA ကို ပြောပါတယ်။

    စက်တင်ဘာလ ၁ရ ရက်နေ့ကတည်းက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ သီတင်းနှစ် ပတ်ကျော် ကြာတဲ့ ခရီးစဉ်အတွင်း ဝါရှင်တန် D.C၊ နယူးယောက်၊ ဖို့ဝိန်း၊ ကဲန်တာကီ၊ ဆန်ဖရန်စ္စကိုနဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Los Angeles မြို့ဟာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် အတွင်း နောက်ဆုံးသွားတဲ့ နောက် ဆုံးမြို့ ဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်ကပေးတဲ့ Congressional Gold Medal ရွှေတံဆိပ်ဆု၊ Atlantic ကောင်စီကပေးတဲ့ ကမာ္ဘ့နိုင်ငံသားဆု၊ Asia Society အဖွဲ့ကပေးတဲ့ Global Vision ဆု၊ San Francisco တက္ကသိုလ်ကပေးတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေကို အမေရိကန်ခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အောက်တိုဘာလ သုံးရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်မယ်လို့ သိရပါတယ်ရှင်။

    စုမြတ်မွန် (ဗွီအိုအေ မြန်မာဌာန)

Leave a Reply