ဒီလို ဖြစ်တတ်တယ်

the bestSeptember 18, 20121min778

ဒီလို ဖြစ်တတ်တယ်

TUESDAY, SEPTEMBER 18, 2012  အိမ့်သံစဉ်

ကျွန်မ မသက်ထားဆွေ ဒီ post ကိုတင်တဲ ့တွက်တစ်စုံတစ်ယောက်သောသူတို့ရဲ့ အကျိူးစီးပွားကို ထိခိုက်ခဲ့ မိသည် ရှိသော် ဒီနေ ရာကနေတောင်းပန်အပ်ပါတယ်။

ကျွန်မတို့ စိတ်ဒုက္ခရောက်သလိုနောက်လူတွေလဲ ဒီလိုအဖြစ်မျိုး မကြုံတွေပါစေလိုသောရည်ရွယ်ချက်ဖြင့် post တင်ရခြင်း ဖြစ်ပါတယ်။

ဒီအကြောင်းရာကို သက်သက်မဲ့ လိမ်ဆင်ပြီး လူသိအောင် ကျွန်မ ရေးခဲ့သော် ခန္တာကိုယ်မှ သွေးစိမ်း ရှင်ရှင် ကျပြီး အသက် သေဆုံးရပါလိုဟုသစ္စာဆို ကျန်ဝံ့ပါတယ်။

ကျွန်မ မသက်ထားဆွေ ရဲ့ ချစ်သူ မောင်ထိုက်ကိုကို သည် တခါတရံ အလွန်မင်း ခေါင်းကိုက်တဲ့ ဝေဒနာက်ို ခံစားနေရ သည်မှာ သုံးလလောက်ရှိပါပြီ။

ဒါကြောင့် ရန်ကုန်မှာရှိတဲ ့တော်တော် စိတ်ချရပြီး နာမည်ကြီးတယ်ဆိုတဲ့ ဆေးရုံ (အမည် နာမကိုတော့ ထည့် မပြောလိုပါ) မှာ သွားရောက်ပြီး OPD ဆေးခန်းပြခဲ့ပါတယ်။

အဲ့ဆေးရုံကဘယ်လောက်နာမည်ကြီးလဲဆို Foreign မှာ အလုပ်သွားလုပ်မယ့် သူတွေ ကျောင်းတက်မယ့် သူတွေ အလုပ် ဝင်မယ့် သူတွေ ဆေးအောင်တဲ့ ထောက်ခံစာ၊ အဲ့ ဆေးရုံကရမှ Company တော်တော် များများက စိတ်ချယုံကြည် တဲ့ အနေအထားရှိပါတယ်။

အဲ့ဒီမှာ Neuro-surgeon professor Dr(…..) ဆီမှာ OPD ဆေးခန်းပြပါတယ်။ ဆရာက သေချာအောင် Brain ကို CT ရိုက် ခိုင်းပါတယ်။ Result ရလာတော့ brain မှာ Tumor cells တွေတွေ ့ပြီးအများဆုံးသုံးနှစ် လောက် ထိပဲ ခံမယ် လို့ ကောက်ချက်ချပြီး Confirm လုပ်ခဲ့ပါတယ်။

အကယ်လို့ ကုသရင်လည်း အများကြီးမခံပဲ Brain ကသေပြီး Heart beat ကသာခုန်ပြီး ဆေးရုံမှာ ပိုက် တန်းလန်း နဲ့ အသက် ဆက်ရမယ့် နေထားရှိတယ်လို့ပြောပါတယ်။ အဲတော့ ဆရာက လူဘဝမှာ ကိုယ် လုပ်ချင်တာတွေကို အပြီးတိုင် လုပ်ပြီး နေသွားတာ အကောင်းဆုံးလို့ အကြံပေးခဲ့ပါတယ်။

ကျွန်မချစ်သူ မောင်ထိုက်ကိုကိုရော ကျွန်မရော သေမတတ် နှလုံးတွေကွဲကျမတတ် ဖြေမဆည်နိုင်အောင် အလွန်အမင်း ခံစားခဲ့ ရပါတယ်။

သူဆို Cancer Therapy ရော ဘာဆို ဘာမှမလုပ်ပဲ အဝေးဆုံးရွာလေးမှာ ကောင်းတာလေးတွေ လုပ်ပြီး လောက ကြီးကနေ တိတ်တဆိတ်ထွက်သွားတော့မယ်လို့တောင်ထိ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်မ ဆို တကယ်ပါ တခါမှကို မကြုံဘူးတာပါ။ ဒီလိုအဖြစ်ဆိုးမျိုး မျက်လုံးထဲက သွေးမျက်ရည် ကျလောက်အောင် ကိုယ့် နား မှာရှိနေတဲ ့သူက ရုတ်တရက်ကြီးပျောက်ကွယ်သွားတဲ့ ခန္ဓာကိုယ်ထဲ က တစ်ခုခုကို ဆတ်ခနဲ ဆွဲထုတ်လိုက်သလို သေလု နီးပါးခံစားခဲ့ရတာပါ…….

နောက်တော့ ဆုံးဖြတ်လိုက်တယ်။ ခုချိန်မှာ သူ အသက်ရှင်ဖို့ မြက်ပင်တစ်ပင်လောက် မျှော်လင့်ချက်ပဲရှိတယ် ဆိုရင် တောင် ဆွဲကိုင်ပြီး ရှင်သန်မယ်လို့ ဆုံးဖြတ်ပြီး သေချာအောင် နောက်တစ်ခေါက် အဲ့ ဆေးရုံနားမှာရှိတဲ့ Sakura Hospital မှာ မနက် ၉.၃ဝမှာ Dr.U Thant Zin Soe နဲ ့OPD ပြပြီး Brain CT SCAN ထပ်ရိုက်ခဲ့တယ်။

နောက် Result က Brain Cancer ဆိုတာ သေချာခဲ့ရင် ပျောက်ကင်းအောင်ထိ မကုသနိုင်ခဲ့ရင်တောင် သက်တမ်းရှိသလောက် ဆွဲ ဆန့်မယ် ဆိုပြီး Bangkok က Bumrungrad International Hospital မှာ ဆက်လက်ကုသမယ်ဆိုပြီး နေ့ လည် ၁၁ နာရီလောက် Summit Parkview 2nd floor က Bumrungrad hospital ရုံးထိုင်တဲ့ မြန်မာ Agent နဲ Counselling လုပ်ခဲ့တယ်။ Sakura hospital က result ရတာနဲ ့ ကုသမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဆွေးနွေး Counselling လုပ်ပြီး အပြန် ပထမဆုံး CT ရိုက်တဲ့ ဟိုဆေးရုံက Neuro-professor ကဖုန်းဆက်လာ တယ်။

“””””သားညနေကျရင်ဆေးရုံကို ၆.၃ဝ လောက်လာခဲ့ အုံး”””ဆိုပြီး သူ့ကို သုံးကြိမ် တိတိဖုန်းဆက်ခဲ့တယ် မလာမှာဆိုး လို ့………..

သူ က ညနေလောက်တော့ အဲ့ ဆေးရုံကိုသွားခဲ့တယ်…ရောက်တော့ Director ဖွဲ ဝင် ပေါင်းသုံးယောက် Neuro –professor နှစ်ယောက် ပြောစရာရှိတယ် ဆိုပြီး ရုံးခန်းကို လာခိုင်းတယ်။ ထူးဆန်းလိုက်တာ လို ့တော့ထင်လိုက်တယ်။
ဘာလဲပေါ့ ……..??????????………………………………………
နောက်သူတို ့က X-ray Imaging ဓါတ်မှန်ဌာန က Result ကို မှားပေးလိုက်ကြောင်း……..အဲ့နေ့ က CT ရိုက်တဲ့ patient “”မောင်ထက်ကိုကို”” နဲ ့ကျွန်မ ချစ်သူ””””မောင်ထိုက်ကိုကို”””””” နဲ ့မှားပေးမိကြောင်း……….
ထက်ကိုကို က ၁၁.၉.၂၀၁၂ နေ ့မှာပဲ ကွယ်လွန်သွားတယ်။ သူတို့ လည်းနောက်ကျတော့သိပြီး အကြောင်းကြားရတယ် လို့ပြောပါတယ်။
ထက်ကိုကိုက အာရုံကြော အရမ်းအားနည်းလို့ မျက်မှန်တပ် ရမယ်ဆိုပြီး Treatment ပေးခဲ့တယ်။ အမှန်တကယ် Cancer cells တွေ့တာက “””ထက်ကိုကို””””။ result နှစ်ခုကို မှားပေးလိုက်မိပါတယ်လို့ ဝန်ခံခဲ့တယ်။

နစ်နာကြေးနေနဲ ့ သူတို့ ဆေးရုံ မှာ မဟုတ်ဘဲ ဟို Sakura hospitalမှာ ကုန်ကျစရိတ်တွေကုန်လုံးကို ကုန်ကျခံပါမယ်။ သူတို့ ဆေးရုံ က ၃၀၀၀၀ဝ တန် member ကတ်ကိုလုပ်ပေးပြီး တာဝန်ယူခဲ့ပါတယ်။ တကယ်တော့ ဘာမဟုတ်တဲ ့နာမည်လေး မှားပေးလိုက်တာ ကြောင့် လူနှစ်ယောက်ရဲ့ ဘဝပြောင်းပြန်
ဖြစ်သွားခဲ့တယ်။

“”ထက်ကိုကို””””ဘက်က ကြည့်ရင်သူကိုယ်သူ cancerဖြစ်နေတယ်ဆိုတာ တောင်မသိဘဲ အာရုံကြော အားနည်းနေတယ် ဆိုပြီး မျက်မှန်လေးတပ်ပြီး Therapy တောင်မခံယူလိုက်ဘဲ ဘုမသိဘမသိ ဆုံးသွား ရှာတယ်။

ကျွန်မချစ်သူ မောင်ထိုက်ကိုက်ိုဘက်ကျပြန်တော့လည်း သူ့ကိုသူ Cancer ဖြစ်နေတယ်လို့ ထင်ပြီး cancer ကြောင့် မဟုတ် ရင် တောင် စိတ်ကြောင့် အစောကြီးဘဝမှာကံကုန်သွာနိုင်ပါတယ်။ ဒီကိစ္စမှာ ဆရာဝန်ဘက်ကကြည့်ပြန်ရင်လည်း အပြစ် ပြောလို ့မရပြန်ဘူး။ သူတို့ Imaging x-ray ကပေးတဲ့ result ကိုကြည့်ပြီး ကုသမှုတွေ လုပ်ရတာလေ။

ပြောချင်တာက ဓါတ်မှန်ဌာနမှာလုပ်တဲ့ အနေနဲ ့ကိုယ့် အလုပ်က ဘယ်လောက်အရေးကြီးတယ်။ နဲနဲလေးတောင် မှားလို့ မရဘူး သေချာ လေး လုပ်ပြီး “””Right Patient Right Result””””ခိုင်မာတဲ့ patient ရဲ့ result ကို သေချာထုတ်ပေးနိုင် ရင် မှန်ကန်တဲ့Supported medication ဖြစ်ပြီး လူနာကို အများကြီး အထောက်ကူပေးနိုင်တယ်ဆိုတာသိရင် အကောင်းဆုံး ဖြစ်သွားမယ် ထင်တယ်။

ကိုယ်ကြောင့် လူသားနှစ်ယောက်ရဲ့ ဘဝကိုဖျက်ဆီးမိသလိုမလုပ်ကြပါနဲ ့ ကိုယ်ချင်းစာ စိတ်လေး ထားပြီး အကောင်းဆုံးလုပ်ပေးကြပါလို လူနာရှင်တွေဘက်က မေတ္တာရပ်ခံပါတယ်။

ဆေးရုံအနေနဲ့လည်း တာဝန်ယူစိတ်၊ သိတတ်စိတ်ရှိတာကိုကျေးဇူးတင်ပါတယ်။

သူတို့သာ ဝန်မခံခဲ ့ရင် တိတ်တဆိတ်လေးနေခဲ့ရင် ဘာတွေဖြစ်ကုန်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ တာဝန်ယူစိတ် ရှိတာကိုလူနာတွေဘက်ကကျေးဇူးတင်ပါတယ်။

နောက်ဆုံးနေနဲ ့ အချစ်စစ် စိတ်ကောင်းစိတ်ရင်းမှန် လေးထားရင်အရာ အားလုံးကို ဖြတ်ကျော်နိုင်တယ်ဆိုတာ တကယ်ကို ယုံကြည်သွားခဲ့ပါပြီ။

သူငယ်ချင်းတို ့လည်းဘေးနားက ချစ်သူ ကိုယ်နားကမိတ်ဆွေ သူငယ်ချင်း တွေကို ဆင်းရဲ ချမ်းသာ၊ သာတယ်၊ နာတယ် ဆို တာ မတွေးဘဲ အခက်ခဲ ဒုက္ခနဲ့ ကြုံလာရင် တတ်နိုင်သလောက် အတူတူဖြေရှင်းပြီး စိတ်ရင်း အမှန်နဲ့ ဖေးမ လိုက်ပါ။ လောကကြီးက ကံ ကံရဲ့ အကျိုးကျေးဇူးကို ထပ်တူထပ်မျှခံစားရမှာပါ။ တူသော အကျိုးပေးမှာပါ။ အားလုံးလည်း ဘဝ အခက် အခဲ တွေကိုကျော်ဖြတ်နိုင်ပြီး ကံကောင်းခြင်းနေ့ရက်တွေ ကိုရောက်ရှိလာမှာပါ။

ခုလို စိတ်ရင်းမှန်နဲ ့ဒုက္ခရောက်နေချိန်မှာ အတူတူခံစားပေးပြီး အားပေးခဲ့တဲ့ သူငယ်ချင်းများအကုန်၊ အခြား အားလုံးကို အရမ်းကို တကယ်ကျေးဇူးတင်ပါတယ်။

သေးငယ်တဲ့ comment လေးတွေကနေ ကြီးမားတဲ့ အားအင်တွေရရှိခဲ့ပါတယ်။ ကျေးဇူး အများကြီး တင်ပါ တယ်…..ဆက်ပြီး မောင်ထိုက်ကိုကို+မသက်ထားဆွေ= Forever together struggle Life..
ပြန်လည် ပေါင်းစည်းလက်တွဲ ပြီး ပင်ပန်းဆင်းရဲမှုတွေကို အတူတူ ကျော်ဖြတ်သွားမှာပါ……♥ ♥ ♥ ♥

ဒီ ပုံလေးကတော့ ထိုက်ကိုကို ရဲ့ Brain Result အမှန်ကို Prof..Lin Tun Tun(Head of Radiology,YGH)က Result ထုတ်ပေးပြီး Associated Professor Dr. U Thant Zin Soe က အတည်ပြုထားတာပါ။ မှန်ကန် တိကျ တဲ့ result ကို ထုတ်ပေးနိုင်တဲ ့Sakura Hospital ကို ကျေးဇူးတင်ပါတယ်!!!

မသက်ထားဆွေ၏ စာမျက်နှာ

8 comments

  • the best

    September 18, 2012 at 10:02 am

    ဆေးရုံတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ ကြောင့် မသေသင့်ပဲသေခဲ့ရတဲ့လူတွေ၊
    မကုန်သင့်ပဲကုန်ခဲ့ရတဲ့ငွေတွေ၊ မနည်းတော့ပါဘူး။

    အထူးသဖြင့် ဆရာဝန်ကြီးတွေရဲ့ လောဘနဲ ့မနိုင်ရာဝန်ကို အတင်းထမ်းပြီးငွေရှာနေတာပါပဲ။
    ဘယ်လောက်ပဲတော်ပါစေ။
    ဒီလောဘစိတ်ဝင်လာရင် ဒီဆရာဝန်ဟာ အရည်အချင်းမရှိတော့ပါဘူး။

    ဒီလိုကိစ္စကို ကျန်းမာရေးဝန်ကြီးဌာနက နှိပ်ကွပ်သင့်ပါပြီ။
    ဒီဆရာဝန်ကြီးတွေကို ပညာပေး၊နှစ်သိမ့်ဆွေးနွေးသင့်ပါပြီ။

  • Mon Kit

    September 18, 2012 at 10:18 am

    ဒီပို့စ်လေးကို ဖတ်ပြီး ဗဟုသုတ များ တိုးပွားစေပါတယ်…

    မောင်ထိုက်ကိုကို+မသက်ထားဆွေ= Forever together struggle Life..
    ပြန်လည် ပေါင်းစည်းလက်တွဲ ပြီး ပင်ပန်းဆင်းရဲမှုတွေကို အတူတူ ကျော်ဖြတ်သွားမှာပါ……♥ ♥ ♥ ♥

    မောင်ထိုက်ကိုကို နဲ့ မသက်ထားဆွေ တို့လည်း သေတပန် သက်ထက်ဆုံး .. ကောင်းတူဆိုးဘက်… ဘဝခရီးလမ်းကို ဖြောင့်တန်းစွာနဲ့ လျှောက်လှမ်းနိုင်ကြပါစေ…

  • kai

    September 18, 2012 at 11:38 am

    ဟိုးထားဆရာ(the best)..
    ဧရာဝတီဘလော့ဂ်က သတင်းတွေကူးတင်လို့ မရဘူးခင်ဗျ..
    တခါ… သူတို့ဘလော့ဂ်မှာစာတင်ပြီး.. ကန့်ကွက်တဲ့သဘောမန်းဂဇက်နာမယ်တပ်ပြီး.. ပြောခံရဖူးတယ်..။

    တကယ်လို့…
    “မသက်ထားဆွေ၏ စာမျက်နှာ” အောက်မှာခရက်ဒစ်လင်ခ့်လည်းပါတေ့ာ.. သူ့ဆီကဒါရိုက်ခွင့်တောင်းတင်တယ်ဆိုရင်တော့ ရပါတယ်..။
    ဒါပေမယ့်.. ဧရာဝတီဘလော့ဂ် ခရက်ဒစ်ဖြုတ်ရလိမ့်မယ်..

    အဲဒါလေး…

    • the best

      September 18, 2012 at 2:24 pm

      ကောင်းသလိုသာ ဆက်လုပ်ပေးပါ သူကြီးရေ..
      မှားတာရှိရင် တောင်းပန်ပါတယ်။

  • etone

    September 18, 2012 at 1:49 pm

    ပို့စ်ကို ဖတ်ကြည့်တာ စာရေးသူက ဒေါသံစိတ်နဲ့ လွှတ်ထားတာပါလား … ဖြစ်လည်း ဖြစ်သင့်ပါတယ် ။ သူ့ချစ်သူနဲ့ ပတ်သတ်ပြီး … အမှားယွင်းဖြစ်ခဲ့တာကိုး … ။ အဲ့ဒီအချိန်ဖြစ်နေတဲ့ ခံစားချက်ကို … ကိုယ်ချင်းစာမိပါတယ် ။

    ဆေးရုံကြီးတွေမှာ ဆရာ/မကြီးတွေက ၊ တယောက်တည်း CT ရိုက်ပေးရတာမဟုတ်ပဲ ၊ record လုပ်တဲ့ assit တွေပါမယ် ၊ အလုပ်သင်လေးတွေပါမယ် ၊ ဒါတောင် result ကိုမှားပေးတယ်ဆိုတာကတော့ ၊ ဘယ်သူပေါ့လျော့မှုလဲ မသိပေမယ့် ၊ တာဝန်ရှိသူက …. ခေါင်းခံပေးရတာပါပဲ ။ ကျန်းမာရေး ကိစ္စတွေနဲ့ပတ်သတ်လို့ … မဖြစ်သင့်တဲ့ အနေထားပါ မမှားသင့်တဲ့ အမှားပါ ။ နောက်ပြီး .. ပေါ့လျော့တယ်လို့ ထပ်ပြီး ဝေဖန်ချင်တာက CT ရိုက်လို့ ဒီလို အဖြေမျိုးထွက်လာလျှင် ပရုပ်ဆီလိမ်းလို့ပျောက်တဲ့ ရောဂါမျိုးမဟုတ်တဲ့အခါ ဘာလို့ သေချာအောင် နောက်တခါ CT ထပ်မရိုက်ပဲ ကွန်ဖမ်းလုပ်ခဲ့တာလဲ …. ဒါလည်း အုပ်ချုပ်မှုပိုင်းမှာ ၊လုပ်ငန်းလည်ပတ်မှု အပိုင်းမှာ ဟာကွက်တစ်ခုလို့ မြင်မိပါတယ် ။ result မကောင်းတဲ့ လူနာကို ၊ ထပ်ခါ ထပ်ခါ စစ်ဆေးပြီးမှသာ ဒီလို ရောဂါမျိုး အသိပေးသင့်တယ်လို့ မြင်မိပါတယ် ။

    စာရေးတဲ့ ဘက်က ဖီလင်ကို အပြည့်ဝ နားလည်ပါတယ် …. ။ ဒါပေသိ … တစ်ချက်လေး ပြောစရာရှိတာက ၊ တဖက်ဆေးရုံက သူတို့ အမှားအတွက် တာဝန်ယူတောင်းပန်တယ် ၊ ကုသမှုစရိတ်ပေးတယ် ၊ မန်ဘာကဒ်ပေးတယ် ၊ ဒါကို ကျေနပ်စွာ ယူလာပြီးမှ ၊ နတ်သံနှောပြီး စာရေးတာလေးပါ …. ။ မကျေနပ်ဘူး .. ကြေအေး မပေးနိုင်ဘူးဆိုလျှင် အစကတည်းက ၊ သူတို့ အထောက်ပံ့ဘာတစ်ခုမှ မယူပဲ ၊ ကျေနပ်လောက်အောင် ပြောဆိုပြီးမှ ပြန်ခဲ့သင့်တာပါ ။

    ဆေးရုံနားမှာရှိတဲ့ Sakura Hospital

    လို့ပြောကတည်းက ဖုံးသလိုလိုနဲ့ ပေါ် …. ဘယ်ဆေးရုံလဲဆိုတာ အတပ်ခန့်မှန်း နိုင်ပါပြီ ။

    နောက်ဆုံးနေနဲ ့ အချစ်စစ် စိတ်ကောင်းစိတ်ရင်းမှန် လေးထားရင်အရာ အားလုံးကို ဖြတ်ကျော်နိုင်တယ်ဆိုတာ တကယ်ကို ယုံကြည်သွားခဲ့ပါပြီ။ ဆိုတာကတော့ အပေါ်က စာပိုဒ်နဲ့ ဘာမှ မဆိုင်သလို ခံစားမိပါတယ် ။ အချစ်စိတ်မှန်လို့ အရာရာကိုကျော်ဖြတ်ခဲ့တဲ့အနေထားမဟုတ်ပါ ၊ ဟိုဆေးရုံက မှားကြောင်းဝန်ခံလို့က တကြောင်း ၊ အဲ့လိုမှမဟုတ်လည်း .. ဆာကူရာမှာ စီတီ တခါပြန်ရိုက်လျှင် အဖြေတမျိုးထွက်လာတဲ့အခါ သိမှာက တကြောင်းပါ … အချစ်စစ်နဲ့ အားထုတ်ခဲ့တာဆိုလို့ … ပူပန်ပေးတာတခုကိုပဲ မြင်မိပါတယ် ။ 🙄

  • mayjuly

    September 18, 2012 at 2:33 pm

    အင်းးအနိစ္စ … (သူကြီးလေသံဖြင့် ) 😀

  • Kyaw Myo Thet

    September 18, 2012 at 9:51 pm

    လူနာရဲ့စိတ်ဓာတ်သာ ပျော့ညံ့ခဲ့မယ်ဆိုရင် မတွေးဝံ့စရာပဲ။
    အဲဒီလိုမှားယွင်းမှုမျိုးကနဲနဲတော့ စည်းစားရကြပ်တယ်။
    လူနာမှာ Cancer ရောဂါလက္ခဏာတွေ မပြတာကိုတော့ သတိမထားမိခဲ့လို့နဲ့တူပါတယ်။

Leave a Reply