တစ်ခါမှ အိမ်မှာ လုပ်မစားဘူးတဲ့မုန့် (လုပ်နည်းလည်းမသိ)လို့ မလုပ်စားဖြစ်ခဲ့ပါဘူး

မဝေရဲ့ ကျေးဇူးကြောင့်  မုန်လာဥအော်ကေ့ကြည်လုပ်နည်းကို ရပြီးအိမ်မှာ ပြန်ပြီးလုပ်ကြည့်တာလေးကို

မျှဝေလိုက်ပါတယ်

မနိုလုပ်တာကတော့ ရွှေဖယုံသီးအော်ကေ့ကြည်ပါ

ရွှေဖယုံသီး               – ၃၀သား

မွှေးဆန်မှုန့်စိမ်း      -၂ထုပ်

ကော်မှုန့်                 – ၁ထုပ်

ကြက်ဥ                  – ၁လုံး

ဝက်ပေါင်ခြောက် – အနည်းငယ်

ဆား / သကြား / ရေ / ဆီ

ရွှေဖယုံသီးတွေကို အခွံခွာပြီးနူးအောင်ပြုတ်

ပြီးရင် ကြက်ဥတစ်လုံးထဲ့ပြီး စက်ထဲမှာကြိတ်

မွှေးဆန်မှုန့်စိမ်း  /ကော်မှုန့်  တွေကို ဆား /သကြားထဲ့ပြီး ရေ-၁လီတာနီးပါးလောက်နဲ့ဖျော်

ပြီးသွားရင် ၀က်ပေါင်ခြောက်/ ကြိတ်ထားတဲ့ရွှေဖယုံသီး /ဖျော်ထားတဲ့မုန့်နှစ်တွေကို

ရောပြီး စက်နဲ့တစ်ခါပြန်မွေ

အားလုံးရောသမပြီးသွားပြီ အရသာလည်းအတော်ပဲဆိုရင်

အိုးထဲတဲ့ပြီး ၄၅မိနစ်လောက်ပေါင်းလိုက်တော့

ပေါင်းပြီးသားလေတွေကို ဆနွင်းမကင်းလှီးသလိုအတုံးလေးတွေလှီး

လှီးရင်တော့ ဓားမှာဆီလေနဲနဲသုတ်လိုက်နော် မကပ်အောင်

ပြီးရင်တော့ဆီပူပူလေးမှာ ကြော်လိုက်တော့နော်

ချိုမွှေးဆိမ့်နေပြီး အဟာရနဲ့ ညီညွတ်တဲ့ ရွှေဖယုံသီးအော်ကေ့ကြည်မုန့်လေးရပြီပေါ့

ကဲ အချဉ်လေးနဲ့ပဲစားစား

ကောဖီလေးနဲ့ပဲသောက်သာက်

ရေနွေကြမ်းလေးနဲ့ပဲမြည်းမြည်း

ကြိုက်သလိုသာစားတော့

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011