မဝေနောက်ကလိုက်တဲ့ရွှေဖယုံသီးအော်ကေ့ကြည်

NovySeptember 18, 20122min24523

တစ်ခါမှ အိမ်မှာ လုပ်မစားဘူးတဲ့မုန့် (လုပ်နည်းလည်းမသိ)လို့ မလုပ်စားဖြစ်ခဲ့ပါဘူး

မဝေရဲ့ ကျေးဇူးကြောင့်  မုန်လာဥအော်ကေ့ကြည်လုပ်နည်းကို ရပြီးအိမ်မှာ ပြန်ပြီးလုပ်ကြည့်တာလေးကို

မျှဝေလိုက်ပါတယ်

မနိုလုပ်တာကတော့ ရွှေဖယုံသီးအော်ကေ့ကြည်ပါ

ရွှေဖယုံသီး               – ၃ဝသား

မွှေးဆန်မှုန့်စိမ်း      -၂ထုပ်

ကော်မှုန့်                 – ၁ထုပ်

ကြက်ဥ                  – ၁လုံး

ဝက်ပေါင်ခြောက် – အနည်းငယ်

ဆား / သကြား / ရေ / ဆီ

ရွှေဖယုံသီးတွေကို အခွံခွာပြီးနူးအောင်ပြုတ်

ပြီးရင် ကြက်ဥတစ်လုံးထဲ့ပြီး စက်ထဲမှာကြိတ်

မွှေးဆန်မှုန့်စိမ်း  /ကော်မှုန့်  တွေကို ဆား /သကြားထဲ့ပြီး ရေ-၁လီတာနီးပါးလောက်နဲ့ဖျော်

ပြီးသွားရင် ဝက်ပေါင်ခြောက်/ ကြိတ်ထားတဲ့ရွှေဖယုံသီး /ဖျော်ထားတဲ့မုန့်နှစ်တွေကို

ရောပြီး စက်နဲ့တစ်ခါပြန်မွေ

အားလုံးရောသမပြီးသွားပြီ အရသာလည်းအတော်ပဲဆိုရင်

အိုးထဲတဲ့ပြီး ၄၅မိနစ်လောက်ပေါင်းလိုက်တော့

ပေါင်းပြီးသားလေတွေကို ဆနွင်းမကင်းလှီးသလိုအတုံးလေးတွေလှီး

လှီးရင်တော့ ဓားမှာဆီလေနဲနဲသုတ်လိုက်နော် မကပ်အောင်

ပြီးရင်တော့ဆီပူပူလေးမှာ ကြော်လိုက်တော့နော်

ချိုမွှေးဆိမ့်နေပြီး အဟာရနဲ့ ညီညွတ်တဲ့ ရွှေဖယုံသီးအော်ကေ့ကြည်မုန့်လေးရပြီပေါ့

ကဲ အချဉ်လေးနဲ့ပဲစားစား

ကောဖီလေးနဲ့ပဲသောက်သာက်

ရေနွေကြမ်းလေးနဲ့ပဲမြည်းမြည်း

ကြိုက်သလိုသာစားတော့

23 comments

  • Mon Kit

    September 18, 2012 at 12:22 pm

    မနိုဗွီရေ…
    ဦးဦးဖျားဖျား ကော်ဖီနဲ့ တူတူ စားလိုက်ပီ…
    အားးးးး.. ကောင်းမှ ကောင်း…
    ခါတော်မှီ lunch ပြီးတာနဲ့ အချိုတခါထဲ တည်းလိုက်ပါတယ်…
    ရှဲ့…ရှဲ့… 😛

    • Novy

      September 18, 2012 at 2:07 pm

      မွန်ကစ်@
      မနိုလည်း ကော်ဖီလေးသောက်ပြီးစားလိုက်တယ်

  • pooch

    September 18, 2012 at 12:26 pm

    ဒါတော့တည့်လောက်တယ် ထင်ရဲ့ မဝေ ။ မစားရအညှော်ခံသွားပါတယ်။ စားကောင်းမဲ့ပုံပဲ။ ဗိုက်ဆာလာပြီ။ အောက်ဆင်း ထမင်းပဲ သွားစားလိုက်ပါတော့မယ်။ 😀

    • Novy

      September 18, 2012 at 2:10 pm

      မယ်ပုရ် ရေ..
      အညှော်ခံလို့ အနာတွေပြန်ရင်းနေအုံးမယ်နော်

  • mayjuly

    September 18, 2012 at 12:51 pm

    အယ် လုပ်နည်းလေးက လွယ်လွယ်လေးပဲနော်..
    မှတ်ထားလိုက်ပါပီ မနိုရေ .. ရှဲရှဲ .
    နဲနဲ မြည်းသွားတယ်နော် .. 😀

    • Novy

      September 18, 2012 at 2:11 pm

      mayjuly@
      အများကြီးစားပါကွယ်

  • Ma Ei

    September 18, 2012 at 1:44 pm

    ပူတင်းလိုအပေါ်မီးလေးနဲ့ ဖုတ်စားရင်ကောင်းမလားမသိနော်…

    • Novy

      September 18, 2012 at 2:17 pm

      မအိရေ.. မနိုလည်းစဉ်စားမိတယ်
      ကော်မှုန့်နဲ့ဆန်မှုန့် နဲနဲဆီလျှော့ အဲ့ဒီအစားရွှေကြည်လေးထဲ့
      ထောပတ်ဆီလေးနဲ့ အပေါ်မီးအောက်မီးနဲ့ဖုတ်စားရင်
      ရွှေဖယုံသီး ဆနွင်းမကင်းဖြစ်လောက်တယ်
      ဟီးးဟီးး
      လုပ်စားလိုက်အုံးမယ်

  • weiwei

    September 18, 2012 at 1:51 pm

    ဒါလဲဖြစ်တာပဲ …
    ကော်မှုန့်များသွားတယ်လို့ ထင်တယ် … ကော်မှုန့်က ဆန်မှုန့်ရဲ့ ငါးပုံတစ်ပုံလောက်ပဲ ထည့်ရင် အနေတော်ပဲ …
    တစ်နေ့ကတုန်းက ပိန်းဥအလုံးကြီးတစ်လုံးနဲ့ လုပ်ကြည့်ဖြစ်သေးတယ် … ပိန်းဥနဲ့ကျတော့ စိမ့်ပြီး စားလို့တစ်မျိုးကောင်းတယ် …

    • Novy

      September 18, 2012 at 2:24 pm

      မဝေရေ..
      ကော်မှုန့်များသွားလားဟင်
      ဆန်မှုန့်တစ်ထုပ်ကို ကော်မှုန့်၆ဇွန်းဆိုတော့
      ဆန်မှုန့်၂ ထုပ်သုံးထားတော့ ကော်မှုန့်၁ထုပ်မှာ ၁ဝဇွန်းစာလောက်ပဲရှိလို့
      ၁ထုပ်ထည့်လိုက်မိတာ

      နိုဗွီလည်းပိန်းဥနဲ့ စားချင်တယ်
      ဒါပေမဲ့ ပိန်းဥကိုင်တိုင်းလက်တွေယားလို့
      မစားရဲ မကိုင်ရဲတော့တဲ့ဘဝ

  • ကျနော်တို့ ဂေဇက်ချစ်သူ ဆုပေးပွဲတွင် ဧည့်ခံကျွေးမွေးမည့် အစားအသောက်များအတွက်
    ရွာသူ မဝေနှင့် မနုတိုကို ် တာဝန်ပေးအပ်လိုက်ကြောင်း ကြိုတင်ကြေညာအပ်ပါသည်

    ပုံ
    ကိုယ်စား သူစား

    • Novy

      September 18, 2012 at 2:26 pm

      လေးပေါက်.
      မဝေနှင့် မနုတိုကို ဆိုတော့
      မနိုမပါဘူးနော် ဟီးးးး
      လေးပေါက်. မနုကိုခေါ်ပြီးလာခဲ့

  • နွယ်ပင်

    September 18, 2012 at 2:30 pm

    ဗိုက်ဆာနေတာနဲ့အတော်ပဲ မနိုရေ အလုပ်မှာ ကော်ဖီလေးနဲ့
    သောက်ဖို့ နည်းနည်းယူသွားပါတယ်ချင့် …. 🙂

    • Novy

      September 18, 2012 at 3:44 pm

      နွယ်ပင်ရေယူသာသွားအားမနာနဲ့

  • Crystalline

    September 18, 2012 at 3:19 pm

    အများကြီးပဲရော်..အိမ်သားကနည်းနည်းလေးနဲ့ဘူတွေအတွက်လဲ

    • Novy

      September 18, 2012 at 3:54 pm

      Crystalline@
      ရုံးလူတွေကိုလည်းကျွေးတယ်
      အိမ်ဘေးက အခန်းတွေကိုလည်းပေးတယ်လေ

      • MaMa

        September 19, 2012 at 6:01 am

        မနိုရေ-
        အိမ်ဘေးက အခန်းတွေကိုလည်းပေးတယ်ဆိုလို့ အိမ်လိပ်စာလေး တစ်ချက်လောက်။
        မနိုတို့အိမ်နားမှာ ငှားဖို့ရောင်းဖို့အိမ်ရှိရင် လာနေရအောင်လို့ 😛

  • မောင်ပေ

    September 18, 2012 at 8:00 pm

    အန်တီနိုရေ ဝါကျွတ်မှ ဘီယာလေးနဲ ့ကစ်မယ်ဗျို ့

  • အလင်းဆက်

    September 18, 2012 at 9:15 pm

    သားသား မိန်းမ ရရင်… အဲ.လိုလေး..
    လုပ်ခိုင်ပစ်မယ်။

    ပြိး..အားရ ပါးရ… စားမယ်။
    🙂

  • ဆူး

    September 19, 2012 at 8:56 am

    အမလေး.. ကိုယ့်ဟာ ကိုယ်တောင် သနားလာပြီ.. စားချင်လို့.. ပုံထဲမှာ စားရမှာလည်း မဟုတ်တော့.. :eee:

  • Novy

    September 19, 2012 at 10:01 am

    မမ /ဆူး ရေ.
    ဒီတစ်ခေါက်မုန့်လုပ်စားရင် ဖုံးလေးဆက်လိုက်ပါ့မယ်
    အပြင်မှာတကယ်ကျွေးမှာပါနော်

    မေပေါင်
    ဒီနှစ်ကုန်ပိုင်းစစ်ကိုင်းမှာအလှူလုပ်မလို့ မန္တလေးလည်းရောက်မယ်
    မနိုက မုန့်စိုက်မယ်နော်

    အလင်းဆက်
    သားသားမိန်မယူပြီးရင် တီတီနိုဗွီဆီကို လွှတ်လိုက်
    အကုန်သင်ပေးလိုက်မယ် :-))

  • may flowers

    September 19, 2012 at 2:29 pm

    Novy လုပ်ပြတော့လည်း ရွှေဖယုံသီးအော်ကေ့ကြည် လုပ်နည်းကလွယ်လိုက်တာနော်။

    အိမ်မှာစမ်းလုပ်ကြည့်လိုက်ဦးမယ်Novy ရေ..ကျေဇူးပါ။

  • ကြောင်ကြီး

    September 20, 2012 at 8:22 am

    အော်ကွေ့ကြည် မကျက်ခင် ငပိစိမ်းစား တကော်လောက်ထည့်ပြီး နံနံပင်နိုင်နိုင် အုပ်နိုင်ရင် ပိုမွှေးသတဲ့…။ မဟာတံတိုင်းဆောက်သွားတဲ့ တရုတ်ဘုရင်ကြီး ရှီဝှမ်တီရဲ့ စားတော်ကဲ ရေးသွားတဲ့ ဟင်းချက်နည်းစာအုပ်ထဲမှာ ရေးထားတာ… အန်တီဝေ သွားမမေးနဲ့..သူက တရုတ်အစစ် ဟုတ်ဖူး.. ပန်းသေး တရုတ်မူဆလင်ဂျီး….

Leave a Reply