ဖဿ အချိုရည် ရောင်းနည်း

ムラカミSeptember 18, 20122min28029

 

မနေ့မနက်က တိုကီယို က ပြန်ရောက်ပါသည်။

နည်းပညာ ဆောင်းပါး တစ်ပုဒ်မှာ လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်က ဖတ်ခဲ့ဖူးတဲ့ အချိုရည်ရောင်းစက် တမျိုး

တကယ်တမ်း အသုံးပြု လာနိုင်တာ တွေ့ခဲ့ပါသည်။ တကယ်က 3/11 မတိုင်ခင်ကတည်းက

၁လုံးတည်းသော ထို အချိုရည်စက်ကို Test အနေနှင့် Shinagawa Station တွင် တွေ့ဖူး စမ်းဖူးပါသည်။

ကျနော် မပြောင်းခင် (လွန်ခဲ့တဲ့ ၆လလောက်အထိ) တခြားတွင် မတွေ့ရမိသဖြင့် Fail ဖြစ်သွားပြီတောင်

ထင်မိသေးပါသည်။ ယခုတော့ ဘူတာအတော်များများတွင် တွေ့လာရသောကြောင့် အဆိုပါ

မျိုးဆက်သစ် အချိုရည်စက် အကြောင်း ရေးဖြစ်သွားပါသည်။

 

အကြွေစေ့ ထည့်ပြီး အချိုရည် ဝယ်ယူနိုင်တဲ့ Vending Machine တွေဟာ အခုဆိုရင် တခေတ် ဆန်းခဲ့ပါပြီ။

Traditional အကြွေစေ့ စက်တွေနဲ့ အခြေခံ လုပ်ဆောင်ပုံတွေ တူညီတဲ့ စက်အသစ်တွေ ကို JR East Water Business

က စတင် မိတ်ဆက်ခဲ့ပါပြီ။ ဘာတွေ ပိုထူးလာသလဲ ဆိုတာကတော့ …။

 
၁။ Touch Screen

သုံးစွဲသူ အနေနဲ့ ရှေးယခင် ကလို ခလုပ်တွေကို နှိပ်ဖို့ မလိုအပ်တော့ပါဘူး ။

Display လုပ်ထားတဲ့ Screen ပေါ်က မိမိ နှစ်သက်ရာ အချိုရည်ဗူးကို တို့ထိယုံနဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

အဲ့သည့်မှာ ထပ်ပြီး အပိုဆောင်း သိရှိနိုင်တာကတော့ .. ကိုယ်ဝယ်ယူမယ့် အချိုရည် ရဲ့ ingredients အကြောင်း

အသေးစိတ် information ကို screen ပေါ်မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ energy value ဘယ်လောက်ပါတယ်

Ca+ ကဘယ်လောက် Mg+ က ဘယ်မျှ ..အစရှိသဖြင့်ပေါ့။ အဲ့သည့်အပြင် Expire date လိုမျိုး အရေးကြီး

information ရယ် ဆပ်စပ် ထုတ်ကုန် တွေအကြောင်းရယ် ပါ.. ကြည့်ရှုနိုင်မှာပါ။

 
၂။ Payment

သည်အပိုင်းမှာလည်း ပြောင်းလဲ တိုးတက်မှုတွေ ရှိပါတတယ်။ (Treditional Vending Machine မော်ဒယ်အသစ်တွေ

မှာလည်း သည်အချက်တွေ အကျုံးဝင်ပါတယ်။) . အကြွေစေ့ ဒါမှမဟုတ် ငွေစက္ကူကို သုံးပြီး ရိုးရာအတိုင်း

ဝယ်ယူနိုင်သလို .. RFID စနစ် အသုံးပြုပြီး Payment Card တွေ ရထား လပေးစီးကတ်တွေ နဲ့ ဝယ်ယူနိုင်ပါတယ်။

နောက်ပိုင်း Osaifu Keitai လို့ခေါ်တဲ့ ပိုက်ဆံအိတ်လက်ကိုင်ဖုန်း နည်းပညာ ဖြစ်တဲ့ NFC technology အသုံးပြု

ဖုန်းနဲ့ လည်း ဝယ်ယူနိုင်ပါတယ်။ (စိတ်မကောင်းစရာ တခုကတော့ Near field communication ဟာ iPhones Series တွေ

မှာ အသုံးပြုနိုင်ခြင်း မရှိတာပါပဲ) .. သတ်မှတ် Sensor ရှိတဲ့ နေရာကို ဖုန်းနဲ့ တို့ထိ ယုံနဲ့ ဝယ်ယူရရှိမယ့် နည်းပညာဖြစ်ပါတယ်။

 

 

၃။ WiMAX

 

ဒါဟာ အတော်လေး အရေးပါတဲ့ တော်လှန်ပြောင်းလဲမှု တခုဖြစ်ပါတယ်။ WiMAX ကိုအသုံးပြုပြီး Management Server

ကနေ ဘယ်နေရာက ဘယ် စက်မှာဖြင့် .. ဘယ်အချိုရည် ရောင်းအား ဘယ်လောက်ရှိတယ်. . ရောင်းကုန်ခါနီးပြီ

ဆိုတာကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ပြီး ထပ်ဖြည့်မှု re-order ကို မြန်ဆန် သွက်လက်စွာ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

ဝယ်ယူသူတွေ အနေနဲ့ မိမိ နှစ်သက်တဲ့ အချိုရည် အမျိုးအစား ကုန်နေလို့ ..စိတ်ပျက်ရတာ အခြား တမျိုးမျိုး ရွေးသောက်ရတာ

စတဲ့ ဒုက္ခတွေ အတော်အတန် ကင်းဝေးတော့မှာဖြစ်ပါတယ်။

 

 

၄။ Sensor များ

Vending machine ရဲ့ နှဖူးစီးမှာ Web-cam လိုမျိုး sensor ပါဝင်နေပါတယ်။ ဒါဟာ ဘာအတွက်လဲ ဆိုတော့ ..

ဝယ်ယူသူရဲ့ အရပ်အမောင်းနဲ့ မျက်နှာပြင်ကို ဖတ်ရှုပြီး အသက်အရွယ် နဲ့ ကျားမ စတာတွေကို စက်က ခွဲခြားသိရှိဖို့ပါပဲ။

ဝယ်သူတယောက်ဟာ စက်ရှေ့ သွားရပ်လိုက်တာနဲ့ ..သူ့အတွက် စက်က Recommend လုပ်တဲ့ Juice ၃-၄မျိုး ကို ထုတ်ပြ

ပါတော့တယ်။ ဘယ် နည်းစနစ်နဲ့ ထုတ်ပြသလဲဆိုတော့ ..အသက်အရွယ်နဲ့ ကျားမ ကို Sensor နဲ့ ခွဲခြားနိုင်တဲ့အပြင်

အထက်က ဆိုခဲ့တဲ့ WiMAX ကနေပြီး Server ကတဆင့် နေ့၊ည အချိန်နာရီနဲ့ လက်ရှိ Weather condition ရယ် အပူအအေးနဲ့

လေထု စိုထိုင်းဆ ကို ပါ ထည့်တွက်ပြီး ယခုအချိန်အတွက် အသင့်တော်ဆုံး အချိုရည်ကို ထုတ်ပြတာပါပဲ ….။

Osusume(Recommend) လုပ်တာကို မသောက်ချင်လို့ တခြား ဟာ ပြောင်းလဲ ယူမယ် ဆိုရင်လည်းပဲ ရနိုင်ပါတယ်။

ယမန်နှစ်က လူအလွန် ထူထပ်တဲ့ Shinagawa Station မှာ ပွဲဦးထွက်ခဲ့တဲ့ JR East Water Business ရဲ့ Aucre Vending Machine

ဟာ ယခုအခါ ဂျပန် နိုင်ငံတလွှား အလုံး ၅၀ဝလောက် ချထားဖို့ စတင်နေပြီဖြစ်ပါတယ်။ (Tokyo မှာတော့ အတော်များများတွေ့နေရပြီ

ဖြစ်ပါတယ်။)

 

၅။ Eco

တကယ်တော့ Vending Machine တွေဟာ 冷蔵(れいぞう)လို့ခေါ်တဲ့ 10 Degree အောက် အအေးခံ သေတ္တာတွေဖြစ်ပါတယ်။

ရေခဲသေတ္တာတလုံးလောက် နီးနီး စွမ်းအင် သုံးစွဲမှု များပြားတဲ့ အရာတွေပါ။ ဒါဟာ မနှစ်က ဖြစ်ခဲ့တဲ့ Tohoku ငလျှင်လိုမျိုး ကြုံတွေ့ရတဲ့အခါ

Energy Shortage ဖြစ်တဲ့အခါ မှာ အရံစွမ်းအင် ဆောင်ထားဖို့လိုတဲ့အခါ မျိုးတွေမှာ အလွန် သိသာစေတဲ့အချက်ဖြစ်ပါတယ်။

Coca Cola ကန်ပနီ တစ်ခုတည်း ကတောင် ဂျပန်မှာ Vending Machine တွေ အလုံးရေ သန်းချီပြီး သုံးစွဲနေပါတယ်။

တခြား သော အချိုရည်ဘီလူးကြီးတွေလည်း ထိုနည်းလည်းကောင်းပါ။

စွမ်းအင် သုံးစွဲမှု ကဏ္ဍ အတွက် operating cost ပိုမို သက်သာတဲ့ ပစ္စည်းမျိုး ဈေးကွက်လိုအပ်ချက် အနေနဲ့ တောင်းဆိုလာပါတယ်။

Acure တွေဟာ Sensor-based အလုပ်လုပ်တာ ဆိုတော့ ရှေးယခင် အကြွေစေ့ စက်တွေထက် စွမ်းအင် ပိုမိုသုံးစွဲမှု နည်းပါးကြပါတယ်။

Computer တစ်လုံးလို ဘယ်အချိန်မှာ Sleep mode နဲ့ သွားမယ် ..ဘယ်အချိန်မှာ အအေးခံ အင်ဂျင်ကို ပြန်လည် အားဖြည့်မောင်းနှင်မယ်

ဆိုတာကို သိရှိနေလို့ပါပဲ …။

 
၆။ Extras

အလွန် လျှင်မြန်တဲ့ ရထားတွေ ဖြတ်သွားတဲ့အခါမှာ ဖြစ်ပေါ်လာမယ့် electromagnetic interference (EMI)

ကိုလည်း ဒဏ် ခံနိုင်စွမ်းရှိတဲ့အတွက် ..ရထား ပလက်ဖောင်းအပြင် တခြား ဘယ်နေရာမှာမဆို အသုံးပြုနိုင်မယ် လို့ ဆိုထားပါတယ်။

Zytronic လို့ခေါ်တဲ့ Sensor ဟာ ရေငွေ့ ဖုန်နဲ့ အခြားသော သဘာဝ ပတ်ဝန်းကျင် ဒဏ်ကို အတော်လေး ဒူပေဒဏ်ပေ ခံတဲ့အတွက်

Industry standard အဖြစ် လက်ခံ သုံးစွဲနေကြတာဖြစ်ပါတယ်။ PCT touchscreen technology ဟာလည်း Size အလွန်ကြီးမားတဲ့

Touchscreen တွေအတွက် Solution တစ်ခုဖြစ်လို့လာပြီမို့ ပါ ။ နောက်ထပ် တချက်ကတော့ ကြော်ငြာတွေ ပါ…။

Treditional Vending machine တွေမှာ LCD TV အသေးလေးတစ်လုံး လာတပ်ပြီး ကြော်ငြာ တတ်ကြပါတယ်။ ယခု မော်ဒယ်မှာတော့

LCD ပါဝင်နေပြီးသားမို့ ..အသုံးမပြုတဲ့အချိန်မှာ ကြီးမားတဲ့ Screen နဲ့ ကြော်ငြာတွေကို ထုတ်လွှင့်ပြသနိုင်ပါတယ်။ ကြော်ငြာကနေ

တဖက်လှည့်နဲ့ ငွေဝင်နေတော့ Operating Cost ကို ကျစေပါတယ်။ နောက်ဆုံး အချိုရည်ကိုပါ ဈေးလျှော့ ရောင်းနိုင်ပါတယ်။

Network ချိတ်ဆက်ထားမှုရဲ့ နောက်ထပ် ကောင်းကျိုးတခုကတော့ ကြားဖြတ်သတင်း၊ မိုးလေဝသ သတင်း နဲ့ ရထား အချိန်ဇယားတွေကိုပါ

ဖော်ပြပေးနိုင်ခြင်း ပဲ ဖြစ်ပါတယ်။

 

 

မရေးဖြစ်တာ ကြာလို့ ..ဘာရယ် မဟုတ် ရေးတင်လိုက်တာပါဗျာ…။

တော်သေးဘီ

ခင်တဲ့

ဂီ

 
Ref:
http://www.acure-fun.net/innovation/index.html

http://www.ecnmag.com/news/2012/05/zytronic-touch-screens-get-japanese-vending-machines-contract

 

29 comments

  • pooch

    September 18, 2012 at 12:21 pm

    အကြွေစေ့ သုံးတဲ့ ဘဝကိုုတောင် လိုက်မမှီခဲ့တာ စွမ်းအင်အပြည့်နဲ့ ထိန်းညှိဝန်ဆောင်မှုပေးတဲ့ ဒီစက်က ဒီမှာသုံးနိုင်ဖို့ ဒီဘဝတောင် သေချာပါ့မလား မသိဘူး။ 🙁

    နည်းပညာကို လူတွေ ဒုံးပျံစီးပြီး လိုက်နေသလားတောင် ထင်ရတယ်။ အံ့ရော အံ့ရော။
    နောက်ဆို စိတ်ကို စကန်ဖတ်ပြီး အအေးပုလင်းထုတ်ပေးနေမလား မသိဘူး။

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 12:39 pm

      အဲ့လူဒွေ ကတော့ မလွယ်ပါဝူးအေ…
      အင့် …
      အိုင်ဖုန်း ပေါ်ကနေ တီဗီ ရီမုတ် ကွန်ထရိုး လုပ်တဲ့ အပ္ပလီ တဲ့…
      http://itunes.apple.com/us/app/viera-remote/id427126362?mt=8

      အဲ့ဒါနဲ့ တင် အားမရလို့ ပန်နာဆိုးနစ်က ဆြာတွေက
      အိမ်တွင်းသုံး ရေခဲသေတ္တာ အဝတ်လျှော်စက် ကော်ဖီမိတ်ကာ မိုက်ခရိုဝေ့ဗ် မီးဖို
      တီဗီ အောက်စက် အဲကွန်း မီးချောင်းမီးသီး အားလုံးကို နတ်ဝါ့ထဲထည့်ပီး
      ဝိုင်ဖိုင်နဲ့ အဝေးကနေ လှမ်း ရီမုတ် လို့ ရနေဘီတဲ့

      ညည်း ပေါပေါနေတဲ့ ဆိုလာပြားတွေနဲ့ ဘက်ထ္ထီ တွေကို လည်း ထိန်းလို့ရသတဲ့လေ…

      ကြုံရင် ရှာရေးပါအုံးမယ်အေ…။

  • Moe Z

    September 18, 2012 at 12:49 pm

    ဒါဆို အူးဖွတ်ကျားဂီ ဆိုရင်တော့ ဘီဘီမျိုးစုံထုတ်ပြမယ်ထင်တယ်နော် 🙄

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 12:55 pm

      အရက် မရောင်းဝူးအေ့…
      အချိုရည်ပဲ ရောင်းတာ..

      ကျုပ် သွားရပ်ကြည့်တော့..
      Ginger Ale နဲ့ Red Bull ထုတ်ပြဒယ်တော့ …
      😀

      ကျိကျိ ကျတော့ .. Grapes Juice နဲ့ Calpis တဲ့…

      :mrgreen:

      အာ..ဟိ
      ဒက်ဂလောက်..

  • Shwe Ei

    September 18, 2012 at 1:18 pm

    အဲ့စက်တလုံး ဈေးဘယ်လောက်ချိလဲ မဂီ။ ပါဆယ်ထုပ်ပို့လိုက်စမ်းဘာအေ ညဉ်းပြန်လာရင် ပိုက်ဆံပေးပါ့မယ်။ 😀

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 1:57 pm

      ညည်းက ဘာလုပ်မို့တုန်း …
      အဲ့စက်က အာပျိုရီးဒွေ ..ထည့်ရောင်း လို့ ရတာ မှုတ်ဝူးနော်….
      အာ..ဟိ

      :mrgreen:

      နောက်တာပါဗျာ…
      XaaS Model မို့ ..အဲ့စက် က မရောင်းပါဘူး..
      သူတို့ အဖွဲ့အစည်းတွေ ပဲ ကိုင်ထားပြီး
      လိုက်ဆင်ပေးမယ့် သဘောမှာရှိပါတယ်…
      ထည့်ရောင်းမယ့် အချိုရည် ကန်ပနီတွေနဲ့ စာချုပ် ချုပ်ပြီး ဆိုပါတော့..

      😆

      • Wow

        September 18, 2012 at 3:07 pm

        အခု Coke နဲ့ Pepsi က မြန်မာဈေးကွက်ကို ပြန်ဖောက်ဖို့လုပ်နေဘီဆိုတော့ စက်တွေသယ်လာမလားမသိ…
        😮

        • ဒဿ ဖွတ်ကျား

          September 18, 2012 at 3:11 pm

          Coca Cola ရောက်ပြီပြောတယ်..
          ဆိုင်းဘုတ်ထွားထွားကြီး တွေ တွေ့တယ်တဲ့..

          :mrgreen:

          Zဂါးမစပ် ..ပရိုဖိုင် ပစ်ချာ ကို …သေသေသပ်သပ်ကလေး ..
          လိုဂျင်ရင် …သများဆီ အော်ရီဂျင်ဒယ် ပုံ ဝ,ကွက် အပ်ပီး
          ခိုင်းနိုင်ပါဂျောင်း…

          အာဟိ..
          ဒက်ဂလောက်…
          (Wall ပေါ်တက်ရေးချင်ပေမယ့် … လိုက်ဆဲနေမှာစိုးလို့ ..ရွာထဲမှာ ရေးလိုက်ပါသည်..)

  • kyeemite

    September 18, 2012 at 3:27 pm

    သိုင်းကျူးပါ ဂီ…မမြင်ဖူးတာမြင်ရ…:D
    မကြားဖူးတာကြားရ
    မသိဖူးတာသိရလို့……
    ဇဂါးမစပ်…ဂျပန်မတွေ ဘာလို့ စကတ်အကွက်ဒီဇိုင်းကြိုက်လဲမသိ…ဟီးးး:mrgreen:

    • Wow

      September 18, 2012 at 3:40 pm

      ရုံးက Graphic Designer တစ်ယောက်လက် ဓာတ်ပုံတစ်ပုံရောက်သွားဒါ.. (အဝတ်အပြည့်အစုံနဲ့)… စီလုတ်ကားထဲကလို ဘီလိုလုပ်လိုက်သီ မသိ.. အန်ဒါဝဲအရောင်ဒွေပါပေါ်လာဒယ်… 🙂

      • ဒဿ ဖွတ်ကျား

        September 18, 2012 at 3:44 pm

        Penetrated mode ပေါ့ …
        မခက်ပါဝူးအေ…
        တူတိုရီရယ် တွေ ရှိပါတယ်…
        Pen tool ကောင်းကောင်း သုံးတတ်ရင်
        အတော် အစစ်နဲ့ တူတာကလား …
        ဟီဟိ…

        ဖိုတိုရှော့ သက် အင်မတန်ရှည်တဲ့
        ဟိုလူဂျီးဆို ..အားရီး ကျွမ်းမှာပေါ့..

        :mrgreen:

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 3:42 pm

      ကျောင်းသူလေးမို့ ပါဗျ..
      ကျောင်းဝတ်စုံပါ …
      အော့ဖစ်စ် လေဒီတွေက ဒါမိုး မဝတ်ဝူးရယ်..

      😆

  • စိန်ဗိုက်ဗိုက်

    September 18, 2012 at 3:30 pm

    အခုပဲ သွားရပ်ကြည့်တာ
    လူဂျီးမင်းအတွက် ဘီအီးထည့်ထားခြင်း မရှိပါ ဆိုပြီး ပြောတယ်ဗျ
    ဘိုလုပ်ရမလဲ

    • etone

      September 18, 2012 at 4:45 pm

      ညည်းအတွက် ထန်းရည်ထည့်ထားတယ် … နောက်တခါ ပြန်သွားကြည့် …. ။ sensor မထိလျှင်တော့ ခြေဖျားထောက်ကြည့်အေ …. ခွိခွိ :mrgreen:

  • Novy

    September 18, 2012 at 4:02 pm

    မိဂီ. ညည်းစက်ကြီးကို သဘောကျတယ်အေ..
    မရောင်းဘူးဆိုတော့ ..ခိုးခဲ့အေ..
    ကျုပ်လည်း အဲလို့စက်ကြီးရှေ့မှာ ရပ်ချင်လို့
    တစ်ခါတလေ ကိုယ်တိုင်ဘာသောက်ရမှန်း မသိတဲ့အခါဆို
    စက်တိုက်တာသောက်ဘူးအောင်လို့လေ

  • သစ် တည်

    September 18, 2012 at 4:58 pm

    ဖုုတ်သွင်းသေတ္တာကြီးပဲ…….

  • Crystalline

    September 18, 2012 at 6:35 pm

    Machine ကြီးရှေ ့က ဦးဦးဒဿနဲ့ ဂျူနီယာဒဿလား?

  • မဟာရာဇာ အံစာတုံး

    September 18, 2012 at 8:19 pm

    တောင်မလေးဒွေဂိုလည်း
    အဲ့လို တို့ထိစနစ်နဲ့ ကိုယ်ကြိုက်တာ ယူလို့ရရင်
    ချယ်ဘဲ …
    အဲ့လိုမျိုး ထွင်ဦးမှ ….

  • kai

    September 19, 2012 at 3:23 am

    အဲဒီစက်သစ်တွေဝင်လာရင်.. တိုကျိုကအကြွေစေ့သုံးစက်အဟောင်းတွေ.. မြန်မာပြည်ပို့ဖို့.. တယောက်ယောက်က.. လုပ်ဖို့ကောင်းတယ်..
    ဈေးပေါနဲ့ရချင်ရမှာပေါ့.. :harr:

    ယူအက်စ်ကတော့.. ဒီလိုစက်တွေနဲ့မဖြစ်..
    ကရိန်းကားနဲ့.. အလုံးလိုက်မ, ခိုးခံရမှာဖြစ်ကြောင်း..

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 4:47 am

  • အရီးခင်လတ်

    September 19, 2012 at 3:52 am

    အဲ တော်သေးရဲ့
    မင်းကို စက်က မိန်းကလေး မထင်သွားတာ။

    သူများနိုင်ငံ တွေ မှာ တဖြေးဖြေး နဲ့ Self Service တွေ နေရာယူလာပြီး လူတွေ နဲ့ စက်တွေကို အစားထိုးလာတာမျိုး
    မြန်မာပြည်မှာ အလကား လာလုပ်ပေးမယ်ဆိုရင်တောင် အခုချိန်မှာ လုပ်သင့်/မသင့် အဖက်ဖက်က စဉ်းစားစရာတွေ အပုံကြီးဘဲ။ 🙄

    ဒါနဲ့
    “အကျိ” “အကျိ” နဲ့ တကယ်ပြောနေတာလား။ ဟိတ်ဟန်ထုတ်ပြနေရတာလား။ 😉

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 6:28 am

      အထင်စမောပြန်ရော အရီးရယ်…
      နောက်ကြုံမှ ..မရှိခန ဒို့ မမ ခနမရှိ ဒို့ ကျိကျိ ကို ရွာထဲ ခေါ်လာ ကြွားအုံးမှ …

      :hee:

      😆

  • MaMa

    September 19, 2012 at 6:26 am

    ိကိုယ့်အသက်အရွယ်နဲ့ သင့်တော်တာကို ထုတ်ပြတယ်ဆိုတော့ …..
    ကိုယ့်အတွက် energy drink ကို recommend လုပ်ရင်…
    ငါ့ အဖွားကြီးထင်ပြီး recommend လုပ်တာပဲဆိုပြီး ဒေါခီးပြီး စက်ကို ခေါင်းခေါက်ခဲ့ဖြစ်လိမ့်မယ်ထင်တယ်။ :mrgreen:

  • MaMa

    September 19, 2012 at 6:42 am

    ခေါင်းစဉ်ကို အမှတ်တမဲ့ဖတ်လိုက်တာ ….
    ဒဿအချိုရည်ရောင်းနည်း လို့ ဖတ်မိသွားတယ်။ :harr:

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 7:00 am

      ဒဿ အခု ဆိုင်းဘုတ် ရေးရောင်းနေရပါတယ်မာမားရေ…
      အချိုရည် မရောင်းဖစ်သေးပါ…

      :hee:

      စကားမစပ် ..အသစ်ပြင်လိုက်တဲ့ .smiley face guide လေး
      ရရင် လိုချင်သား ..အရီးကတော့ ..လျောက်စမ်းနေတာပဲ…
      ဟီဟိ။.

  • ကြောင်ဝတုတ်

    September 19, 2012 at 11:48 am

    အဲဒီစက်ကို ကြည့်နေတာ…
    တကယ်လို့များ မြန်မာနိုင်ငံမှာလာတပ်ထားရင်…နည်းပညာနဲ့ ရင်းနီးမှုမရှိတဲ့သူတော်တော်များများ အချိုရည်သောက်ရမှာမဟုတ်…
    အဲဒီလိုပဲ… ပိုက်ဆံမပေးဘဲ သောက်လို့ရဖို့ကြိုးစားကြမယ့်လူတွေလဲအများကြီးပဲ…
    ဒီထက်ပိုပြီး ကံဆိုရင် လှည်းတန်းလိုနေရာမှာ အချိုရည်စက်အသုံးပြုနည်းကို (၂)ရက်အပြတ်သင်တန်းတွေဖွင့်ပြီး သင်တန်းကြေး… ၅၀၀ဝ လောက်နဲ့များလုပ်စားကြဦးမလားမသိ…

    နောက်တစ်ခုလေ… မြန်မာနိုင်ငံမှာ လာတပ်ပြီး မြန်မာစာနဲ့မဟုတ်ရင်၊ အင်္ဂလိပ်စာနဲ့ဆိုရင် ပေါက်ကရတွေချည်းဝယ်သောက်ရမှာ…

    မြန်မာနိုင်ငံကို ပက်(ပ)စီနဲ့ ကိုကာကိုလာ တရားဝင်ပြန်ဝင်လာပါပြီ… ပက်(ပ)စီက အရင်လို့ထင်ပါတယ်…
    အဲလိုစက်တွေမပြောပါနဲ့… ကြွေစေ့မသုံးတဲ့နိုင်ငံမို့… ပိုက်ဆံအရွက်လိုက်ထည့်တဲ့စက်မှဖြစ်မယ်…

    အော်….ဘဝတွေ… ဘဝတွေ….
    လို်ပါသေးတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ကြည်ဆောင်း

    September 19, 2012 at 1:05 pm

    {{Vending machine ရဲ့ နှဖူးစီးမှာ Web-cam လိုမျိုး sensor ပါဝင်နေပါတယ်။ ဒါဟာ ဘာအတွက်လဲ ဆိုတော့ ..ဝယ်ယူသူရဲ့ အရပ်အမောင်းနဲ့ မျက်နှာပြင်ကို ဖတ်ရှုပြီး အသက်အရွယ် နဲ့ ကျားမ စတာတွေကို စက်က ခွဲခြားသိရှိဖို့ပါပဲ။ဝယ်သူတယောက်ဟာ စက်ရှေ့ သွားရပ်လိုက်တာနဲ့ ..သူ့အတွက် စက်က Recommend လုပ်တဲ့ Juice ၃-၄မျိုး ကို ထုတ်ပြပါတော့တယ်။ ဘယ် နည်းစနစ်နဲ့ ထုတ်ပြသလဲဆိုတော့ ..အသက်အရွယ်နဲ့ ကျားမ ကို Sensor နဲ့ ခွဲခြားနိုင်တဲ့အပြင် အထက်က ဆိုခဲ့တဲ့ WiMAX ကနေပြီး Server ကတဆင့် နေ့၊ည အချိန်နာရီနဲ့ လက်ရှိ Weather condition ရယ် အပူအအေးနဲ့လေထု စိုထိုင်းဆ ကို ပါ ထည့်တွက်ပြီး ယခုအချိန်အတွက် အသင့်တော်ဆုံး အချိုရည်ကို ထုတ်ပြတာပါပဲ ….။}}
    တော်သေးတာပေါ့ စက်ကချောတာလှတာ ကြည့်ပြီး မှ အချိုရည်ထုတ်မပေးလို့
    ဒါတောင် ဒီလိုထွင်တတ်ကြပုံမျိုးနဲ့ဆို နောက်ဆိုရင် လွယ်မှာမဟုတ် 🙄

  • ကြောင်ကြီး

    September 20, 2012 at 10:00 am

    ဖွတ်ကျား
    မွတ်တား
    သွပ်ပြား
    လွှတ်စား
    အွတ်ဖား
    ဇွတ်ကြွား
    ဘွတ်နွား
    ဝပ်တွား..။

Leave a Reply