သဇင်နီ လေးတွေပွင့်နေပြီ…

Ma EiSeptember 18, 20121min47329

သဇင်နီ လေးတွေပွင့်နေပြီ…

မအိတို့ အိမ်မှာ သဇင်နီလို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း ပန်းကလေးတစ်မျိုးရှိပါတယ်…

သဇင်ဥလိုမျိုး ဥခတ်ကြီးကြီးတစ်ဥမှာ အရွက်တစ်ရွက် အပွင့်တစ်ခက် တွဲလောင်းကျ ပွင့်ပါတယ်…

အဖူးဖူးနေတာ နှစ်လ၊သုံးလနည်းပါးကြာမှ အပွင့်လေးတွေ စပွင့်လာတာပါ…

သိသူများအနေနဲ့ အခြားနံမည် ရှိရင်လဲ ပြောပြပေးပါနော်…

ခင်တဲ့

မအိ

1…အဖူးလေးတွေပါ…
2…အပွင့်လေးတွေပါ…
3…အဖူး၊အပွင့် များ…
4…သဇင်နီ အုံကလေး…
5… သဇင်နီ ပွင့်ခက်…

29 comments

  • Mon Kit

    September 18, 2012 at 1:43 pm

    မွန်ကစ်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် တခါမှကို မမြင်ဘူးသေးတာ…
    သဇင်နီ လို့ဆိုပီး အဝါရောင် အဆင်းရှိတဲ့ အပွင့်လေးတွေ အတန်းလိုက် ပွင့်နေပုံလေးက.. ဟိုလေ..
    စားရတဲ့ပေါက်ပေါက်ပွင့်လေးတွေ ကပ်နေသလိုလေးနော်…
    အထူးအဆန်းလေးတွေ မြင်တွေ့ရလို့ ကျေးဇူးတင်ပါတယ် မအိရေ…

  • Ma Ei

    September 18, 2012 at 1:51 pm

    ဟုတ်တယ်နော်…
    ပေါက်ပေါက်လေးတွေ စီထားသလိုဘဲ…
    စားချင်စရာလေး…

  • MaMa

    September 18, 2012 at 1:52 pm

    လှတယ် မအိရေ။
    အိမ်မှာလည်း အဲဒီအပင်ရှိတာ ဘာပန်းမှန်းမသိဖြစ်နေတာ။
    ဒါပေမယ့်အိမ်ကအပင်ကပွင့်ရင် တစ်ဝက်လောက်ပွင့်ပြီးရင် နွမ်းသွားရော။
    အခုပုံထဲကလို အညှာတခုလုံး မပွင့်တော့ မလှလို့ တန်ဖိုးထားရမှန်းတောင် မသိဘူး။

    • Ma Ei

      September 18, 2012 at 2:07 pm

      မမရေ…
      နေပူမိရင် အဖူးလေးတွေခြောက်သွားပြီး
      အပွင့်မလှဖြစ်တတ်ပါတယ်…
      ပန်လို့လဲမရ၊ဘုရားတင်ဘို့လဲမရ နဲ့
      ဘာမှလုပ်မရပေမဲ့ ချစ်စရာကောင်းလို့
      ပန်းကလေးတွေပွင့်ရင်ပျော်နေတာလေ…

  • mayjuly

    September 18, 2012 at 2:06 pm

    အယ် ခု မှ ပဲ မြင်ဘူးတယ်…. တမျိုးလေးပဲနော် ..

    ဘာပန်းလဲတော့ သိဘူး .. 😛

    • Ma Ei

      September 18, 2012 at 2:15 pm

      မေလေးရေ…
      ထူးထူးဆန်းဆန်းပန်းကလေးမို့
      ပန်းချစ်သူ ရွာသူတွေကို မျှဝေကြည့်တာပါ…
      ဘယ်နေရာတွေမှာ ရှိနေလဲ သိချင်မိလို့ပါ…

  • Tin Tin

    September 18, 2012 at 2:46 pm

    ပန်းခက်လေးက ချစ်စရာလေးနော်.. တခါမှမမြင်ဘူးသေးဘူး…
    ကိုယ်မမြင်ဘူးသေးတော့လည်း အသစ်အဆန်းပန်းလေး ဖြစ်နေတာပေါ့..
    ပန်းလေးတွေကို သတိတရနဲ့တင်ပေးလို့ကျေးဇူးပါနော်..

    • Ma Ei

      September 18, 2012 at 2:55 pm

      တင်တင်ရေ…
      ပန်းချစ်သူတွေ ဆုံတွေ့ရလို့ ဝမ်းသာမိပါတယ်…
      လှပတဲ့ ပန်းကလေးတွေ ထပ်တင်ပါမယ်နော်…

  • Novy

    September 18, 2012 at 3:26 pm

    မအိရေ..
    နိုဗွီလဲ အခုမှပဲမြင်ဘူးတယ်
    သစ်ခွမျိုးနွယ်တွေကို နိုဗွီလည်းစိတ်ဝင်စားတယ်

  • etone

    September 18, 2012 at 3:34 pm

    အန်တီအိ အဲ့အပင်ကို သဇင်နီလို့ ခေါ်တာလား … မြင်တော့မြင်ဖူးတယ် … ဘာပန်းလဲ မသိခဲ့ဘူး … ဟီး :mrgreen:

  • may flowers

    September 18, 2012 at 5:50 pm

    မြင်ဖူးဘူး မအိကျေးဇူးနဲ့ သဇင်နီပန်းလေးတွေကြည့်ခွင့်ရလို့ကျေးဇူးပါ။ သဇင်ပန်းလောက်တော့ မလှသလိုပဲ

    နော်။

    • Ma Ei

      September 19, 2012 at 9:30 am

      Novy says:
      အိမ်မှာ သစ်ခွအိုးတွေ ခိုးခံရတာ
      နှမြောလိုက်တာ…

      etone says:
      မမြင်ဖူးတဲ့ သူတွေထဲမှာ
      မမနဲ့ အိတုန်လေးက မြင်ဖူးတယ်ဆိုတော့
      အဖော်ရှိသွားပြီ…

      may flowers says:
      သဇင်ပန်းလောက်မလှသလို ရနံ့လဲ မရှိ ပေမဲ့
      ချစ်စရာကောင်းတဲ့ ပန်းကလေးပါ…

  • မောင်ပေ

    September 18, 2012 at 7:50 pm

    မအိ ရဲ ့ သဇင်နီ ဆိုတဲ့ ပန်းကို မြင်ရတော့
    မဆီမဆိုင် အလံနီ ဘိုစိုး နဲ ့ကရင်နီ တွေ ကို သွားသတိရမိတယ်ဗျ
    ဘာမှ မဆိုင်ပါဘူးနော

    • Ma Ei

      September 19, 2012 at 9:36 am

      သဇင်နီ ဆိုတာနဲ့ ကရင်နီ၊အလံနီတွေ သတိရတယ်ဆိုတော့
      သဇင်ဖြူ ဆိုရင် အလံဖြူ တို့ ကွန်မြူနစ် တို့ကို များသတိရနေမှာလား…
      “:harr:”

  • မဟာရာဇာ အံစာတုံး

    September 18, 2012 at 9:05 pm

    အောက်ဆုံးက ပန်းကိုင်ထားတဲ့ လက်က
    ဘူ့လက်တုံးဟင်င်င် .. 🙄 😀
    သဇင်နီသာ ဆိုတယ် ..
    သူ့ပန်းက ဝါသလိုလို ဘာလိုလိုပဲနော် ..

    • Ma Ei

      September 19, 2012 at 9:43 am

      အရိုးနီနီ၊ဝတ်ဆံနီနီ သဇင်နီပါကွယ်…
      ကရင်စည်တို့၊အမအေး တို့ကို လက္ခဏာ ဟောပေးပါပြောမလို့ တင်ထားတယ်…:mrgreen:
      လက်ထဲမှာ ကြာဖူး၊ခရေပွင့်နဲ့ စိန်တုံးလေးတွေရှိနေတယ်…

  • TTNU

    September 19, 2012 at 12:35 am

    မအိရေ.. တီချာ အောက်ဆုံးပုံလေး ယူမယ်နော်။
    ကျေးဇူးတင်ပါတယ်နော်။သဇင်နီလို့ မကြားဖူးဘူး။ အစိမ်းရောင်လွင်ပြင်ချောကို
    မေးကြည့်ဦးမယ်။ ဆံထုံးလေးမှာခွေပန်ရင် လှမှာပဲ။

    • Ma Ei

      September 19, 2012 at 9:04 am

      ဟုတ်ကဲ့ ယူပါတီချာရေ…
      အိမ်မှာတော့ သဇင်နီလို့ ခေါ်နေတာမို့
      တစ်ခြားအမည်ရှိလားလဲ သိချင်နေတာပါ…
      တီချာပန်ဘို့ ပေးချင်လို့ အိမ်နီးရင်လဲကောင်းသားနော်…

  • ရွှေ ကြည်

    September 19, 2012 at 11:16 am

    အယ်တော့ သဇင်နီတဲ့ အခုမှမြင်ဖူးတာ ကျေးဇူးပါမအိရေ။

    • Ma Ei

      September 19, 2012 at 12:10 pm

      နောက်ထပ် ပန်းပုံကလေးတွေ
      တင်ပေးမယ်နော်…

  • လုံမလေး မွန်မွန်

    September 19, 2012 at 2:16 pm

    လုံမလေးကတော့ ပန်းတွေအကြောင်း နားမလည်တော့ လှတဲ့ပန်းလေးတွေကို ကြည့်သွားပါတယ်နော်…

  • ကိုရင်စည်သူ

    September 19, 2012 at 2:27 pm

    ပန်းပင်တွေအကြောင်းတော့ မတိဖူးဗျာ.. ပန်းကိုင်ထားတဲ့လက္ခဏာရှင်ကိုတော့
    နည်းနည်းဟောပေးလိုက်ဦးမယ်.. စကာကွက်များတဲ့ လက်ခဏာရှင်ပါလား။
    မိမိမွေးရပ်မြေမှာပဲ မြဲဒတ်ဒယ်.. မြဲဒယ်ဆိုဒါ မွေးရင် သေရင် အဲ့နေရာမှပဲ ဖြစ်မယ်ပြောဒါဘာ။
    နှလုံးသားထက် ဦးနှောက်ကို ပိုဦးစားပေးပါရားဗျာ..
    ဘာလုပ်လုပ် အနှောက်အယှက်လေးပါမှ ပြီးဒတ်ဘာဒယ်..
    ကျန်ဒါတော့…. ဆိုင်ဖွင့်မှာပဲ လာမေးဒေါ့နော်.. အဟွီးးး 😆 😆

    သင်္ဘောသီးထောင်း ဦးစည်

    • Ma Ei

      September 19, 2012 at 2:41 pm

      ဘာလုပ်လုပ် အနှောက်အယှက်ပါမှ
      ဆိုတာတော့ အမှန်ဘဲ ကိုရင်ရေ…
      ဆိုင်ဖွင့်ရင် စီနီယာ နံပါတ်တစ်
      စာရင်းမှတ်ထားပေးပါနော်…
      :hee:

  • အရီးခင်လတ်

    September 19, 2012 at 2:43 pm

    လှလိုက်တဲ့ ပန်းလေးတွေ။
    အရင်က တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
    ဒေါ်အောင်ဆန်းစုကြည် ကို သဇင်နီ လို့ တင်စားပြီး ရေးတာ ရှိသလားလို့။

    ဒါနဲ့ မအိ လက်ဖဝါးလေးက က သွယ်သွယ် လေး နဲ့ လှသရှင်။
    ပန်းလေးလိုဘဲ။ 🙂

  • Ma Ei

    September 19, 2012 at 3:03 pm

    ဟုတ်ပါတယ် မလတ်ရေ…
    ဒေါ်အောင်ဆန်းစုကြည်(သို့)သဇင်နီ ဆိုတဲ့ ကဗျာလေးရှိပါတယ်…

    ♥ ♥ ♥ သဇင်နီ ♥ ♥ ♥

    ခယောင်းလမ်းမှာ ၊ ပန်းတစ်ပွင့် ပွင့်ခဲ့တယ်။
    ဒဏ်ရာတွေနဲ့ လှတဲ့ ..ပန်း၊
    မုန်တိုင်းထဲမှာမှ၊ ရနံ့က ..,သင်း ၊
    မနာလိုသူေတွေတောင် ၊ မော့ကြည့်ရတဲ့ သဇင်။
    မိစ္ဆာလက်နဲ့ ခူးဆွတ်လို့မရ။
    ချစ်သော လက်ခုတ်သံတွေ ကြားမှာမှ၊ ပွင့်ဖတ်လေးတွေ ကြွေကျတယ် .. ။ ။
    { အမေ သို့ … }
    mhm.ccc { ၁၉.၆ .၂၀၁၂}

    *သဇင်နီ ဆိုတာ နတ်ပြည်မှာ ပွင့်တဲ့ ပန်း။

    ဆရာမောင်လှမျိုး (ချင်းချောင်းခြံ ) မှ အမေစု ရဲ့ (၆ရ )နှစ်မြောက်မွေးနေ့အတွက် ရေးဖွဲ့ပေးတဲ့ကဗျာလေး
    ဖြစ်ပါတယ်…

  • Khaing Khaing

    September 19, 2012 at 4:25 pm

    မွေးလားမအိ … သဇင်နီပန်းလေးတွေက …….. ထူးဆန်းတယ် ….. သူ့အရွက် ဇော်စိမ်းရွက်နဲ့ ခပ်ဆင်ဆင်ပဲနော် မအိ ………

    • Ma Ei

      September 19, 2012 at 4:32 pm

      မမွှေးဘူး ခိုင်ခိုင်ရဲ့…
      တစ်ပင်ကို ဥကြီးကြီးတစ်ဥ ၊
      အရွက်တစ်ရွက်၊
      အဖူးတစ်ခက် ထွက်ပါတယ်…
      ချစ်စရာလေးနော်…

  • char too lan

    September 19, 2012 at 4:59 pm

    ခုမှမြင်ဖူးဒယ်
    ကျေးဇူးပါ ……..

Leave a Reply