ချောလား...

ချောလား…

 

==========================

လောကဓံ ရဲ ့ဓါ းရှစ် စင်းကြားမှာ….

ခြေလှမ်းတွေ…. မှားတစ်ချက် / မှန်တစ်ချက်နဲ ့….

ကျွန်တော် ခရီး.တွေ ဆက်ခဲ ့တာ….

အခုဆိုရင်…

ကျွန်တော့် ခန္ဓာ သက်တမ်း.. နှစ်ဆယ့် ငါးနှစ် ပြည့်ခဲ့ပါပြီ။

ခန္ဓာ သက်တမ်း… နှစ်ဆယ် ့ငါး….။

ကျွန်တော်……အခုလောက် နှစ်ပေါင်း များစွာ…. ရှင်သန် ခဲ့တာ..ဘာကြောင့်ပါလိမ် ့။

အခု ထိ…ကျွန်တော်… ပန်းတိုင် ပျောက်နေဆဲပါ ။

ဝေဝါး… မှုန်ရီတဲ ့လမ်း…..

ခက်ခဲ ကြမ်းတမ်းနေလည်း…ဆက်လက်… လှမ်းလျှောက် ရပါဥိးမယ်. ။

__________________

ကျွန်တော် ့ဘဝမှာ….

အိပ်မက်တွေ …အများကြီး မက်ခဲ့ဖူးပါတယ် ။

မျှော်လင့်ချက် တွေ ဟာ..အိပ်မက်တွေ… အဖြစ်….

ကျွန်တော့် ညတွေ..ထဲကို…. တိုးဝှေ ့ ဝင်ရောက်….

ကျွန်တော်……………………

အိပ်မက် လမ်းတွေ… တစ်လမ်းပြီး.တစ်လမ်း..ဖောက်ချင်ခဲ့ပါတယ် ။

___________________

ကျွန်တော့် ဘဝ ရဲ ့ ့အိပ်မက်တွေ ထဲမှာ…..

အမှတ်တရ အဖြစ်ဆုံး အိပ်မက် အကြောင်း ပြောစမ်းပါ…ဆိုရင်….

ကျွန်တော်..ပြောဖြစ်မယ့် အိပ်မက်က…………………………

အသက် 25 နှစ်ပြည့်ဖို ့…………… 10 ရက် အလို ည မှာ… စ မက်တဲ ့အိပ်မက်….။

(နှစ်ဆယ့်ငါးနှစ်ပြည့်ဖို ့ 10 ရက်အလို…)တစ်ရက် ချင်းစီ..မှာ….

အိပ်မက် တစ်ခု ချင်းစီ……

မက်ခဲ့ရတဲ ့…အိပ်မက် …… 10 ချက်… ရှိပါတယ် ။

အခု အဲဒီ အိပ်မက် 10 ချက် ကိုပြောပြ ပါ့မယ် ။

ကျွန်တော်က အဲဒီ အိပ်မက် 10 ချက်ကို…

အမှာတော်…… 10 ပါး....လို ့. အမည်ပေးထားတယ် ။

_______________________________

အမှာတော်….. 10 ပါး. ..

 

ကျွန်တေ်…အိပ်မက် ထဲမှာ….

ကြည်လင်းရှင်းသန့်တဲ ့… ရဟန်းတော် တစ်ပါးရဲ ့.. အရှေ ေ့တာ်မှာ….

ဒူးထောက်လို့… ရောက်ရှိနေခဲ့ပါတယ် ။

ရဟန်း က ကျွန်တော့်ကို..အမှာစကားတွေ..ပါး….နေပါတယ် ။

ရဟန်းရဲ ့အသံတော် ဟာ….. အေးချမ်းကြည်လင်..လို ့…ကျွန်တော် ့ အိပ်မက် ထဲမှာ..

တည် ငြိမ် စွာ..ပျံ ့လွင့်….

မနက် လင်း… လင်းတဲ ့အထိ..ကျွန်တော် မှတ်မိနေခဲ့ ပါတယ် ။

အဲဒီ အိပ်မက် ထဲက….အချက် 10 ချက် ထဲမှာ…

ပထမ ဆုံး အချက်ကို… ကျွန်တော့် အသက်…25 ပြည့်ဖို ့.10 ရက် အလို..ည မှာ…

စ…တင် မြင် မက်ခဲ့ပါတယ် ။

_________________________________

8 . 9 .2012 ည…။

အသက် 25 နှစ်ပြည့်ရန်…10 ရက် အလို ည….

အမှာတော်..အမှတ် ( 1 )

 

============

* အလင်းဆက်ရေ……………………

အသင်ဟာ………….. ခန္ဓာ တစ်ခုကို ရမယ်….။

အဲဒီ ခန္ဓာ ကိုယ် ကို…အသင် ကြိုက်ချင်လည်း…ကြိုက်မယ် ။ မုန်းချင်လည်း… မုန်းမယ် ။

ဒါပေမယ့်..ဒီ တစ်ဘဝ အတွက်…တော့…………..

ဒီ…ခန္ဓာ ဟာ..အသင့် ခန္ဓာ ပါပဲ. ။

=============

အိပ်မက် ထဲမှာ..ကျွန်တော်ဟာ……. လူ ့ဘဝကို မသွား ရသေးတဲ ့ ( သွားရတော့မယ့် …) သူ တစ်ယောက် ဖြစ်နေတယ်။

လူ ့ဘဝကို ကျွန်တော်.သွားရတော့မယ် ။

သွားခါနီးမှာ…………..

လူ ဘဝ မှာ..လိုအပ်တဲ ့အချက်တွေက်ို…

ရဟန်းက မှာ.ကြားနေတယ် ။

ကျွန်တော့် လူ ့ ဘဝကို ရောက်ရင်…..

ခန္ဓာ တစ်ခုကို ရမယ်…။

ယောကျာ်း တစ်ယောက်ရဲ ့ ခန္ဓာ ကိုယ် ပေါ့လေ..။

ဒီ ခန္ဓာ ကို..ကြိုက် ကြိုက်../ မကြိုက်ကြိုက်…

ဒီ ဘဝ အတွက်တော့… ဒါပဲ….တဲ ့။

ခန္ဓာ တစ်ခု ရရုံ နဲ ့..လူဖြစ် ကျိုး မနပ်သေးဘူ း ။ ယောကျာ်း….ဖြစ်ရုံနဲ ့လည်း…. ကျေနပ်နေလို ့မရသေးဘူ း။

ဒီ ခန္ဓာ ကို..အသုံးပြု ပြီး…..

လူဖြစ်ကျိုး နပ်အောင်….

ယောက်ျား ဖြစ်ရကျိုုး နပ်အောင်.. ယောကျာ်းကောင်းတစ်ယောက် / မြင့်မြတ်တဲ ့ လူသားတစ်ယောက် ဖြစ်အောင်..ကြိုးစား အားထုတ်မှ….

လူ ဖြစ်ရကျိုး နပ်မယ်..။

ကျွန်တော် ……………

အဲဒီလိုလေး…

မှတ်သားလိုက်တယ် ။

__________________________

9 . 8 . 2012 ည…။

အသက် 25 နှစ်ပြည့်ရန်…. 9 ရက် အလို…ည ..။

အမှာတော်… အမှတ် ( 2 )

=============

အလင်းဆက်ရေ…………………

ရောက်သွားတဲ ့ဘဝမှာ…….

အသင် ဟာ..သင်ခန်းစာတွေ… အများကြီး..ဆည်းပူးလေ့လာရလိမ့်မယ် ။

ဘဝ လို ့ခေါ် တဲ ့… သင် ရိုး သတ်မှတ်ချက်မရှိ.. ကျောင်းကြီးမှာ…

အသင့်ကို…. စာရင်းသွင်း ထားပြီ…။

ဘဝ ဆိုတဲ ့ကျောင်း…..ကြိီးမှာ….

နေ ့စဉ်ပဲ… သင်ခန်းစာတွေ.. ဆည်းပူးနေရမယ် ။
============

ကျွန်တော်……………

လေးစားစွာ…နားယူ မှတ်သားရင်း.ပျော်သွားမိပါတယ် ။

ကြည့်စမ်း…ဘယ်လောက်…. ရင်ခုန်စရာကောင်းသလဲ…။

သင်ယူ စရာတွေ.ကို သင်ယူ ခွင့် ရတဲ ့ဘဝ….ကို..ရမှာလေ..။။

ဒီကျောင်းက…. ကျောင်းပိတ်ချျိန် / ကျောင်း တက် ကျောင်းဆင်း ချိန်မရှိဘူး ။

နေ ့စဉ်ပဲ.. စာမေးပွဲတွေ..စစ်တာ ခံ နေရမယ် ။

သင်ခန်းစာတိုင်းဟာ…. စာမေးပွဲ ပဲ. ။

အတွေ ့အကြုံတိုင်းဟာ…သင်ခန်းစာ ပဲ..ပေါ့ ။

ကောင်းပြီ ။ ကျွန်တော်..သင်ယူ ပ့ါမယ် ။

ကျွန်တော်..သင်ခန်းစာတွေကိ်ု….. သင် ယူရမယ့် ဘဝမှာ….

ကျေနပ်မှာပါ ။

_________________________________________________

10 . 9 .2012 . ည ။

အသက် 25 နှစ်ပြည့်ရန်…. 8 ရက် အလို …ည ။

အမှာတော်…. အမှတ် ( 3 )

အလင်းဆက်ရေ….

အမှားဆိုတာ မရှိပါဘူ း။

သင်ခန်းစာတွေ ချည်းပါပဲ…။

လုပ်ကြည့်လိုက်ရင်း…. မှားမှန်း သိရင်း…. ပြန် ပြင်လိုက်ရင်းနဲ ့ပဲ…

အသိ ဉာဏ် ကြီးထွားတဲ ့သူ..ဖြစ်လာမှာပါ ။

==============

အမှား တစ်ခုကို… နောက်တစ်ခါ ထပ် ထပ်… မမှားအောင်…

အမှားထဲက………… သင်ခန်းစာ..ယူ ရမယ်ပေါ့လေ..။

ဒီ အချက်ကို လည်း ကျွန်တော်..ချစ်သွားပါတယ် ။

မအောင်မြင်တဲ ့စမ်းသပ်မှု ဟာ… အောင်မြင်တဲ ့စမ်းသပ်မှုလိုပဲ… အသိ ဉာဏ် ကြီးထွားမှုကို… အထောက် အကူ ပြုတယ်…

ဆိုတဲ ့…. အဆိုအမိန် ့ တစ်ခုကိုလည်း..သတိရ သွားတယ် ။

မမှားအောင်..ကြိုးစားမယ် ။

မှားသွားခဲ့ရင်လည်း… မှားတဲ ့အမှားထဲက… သင်ခန်းစာ ယူတတ်အောင်.ကြိုးစားပါ့မယ် ။

နောက်ထပ်… ဒီလို မှားခဲ့ပြီး သား ….အမှားမျိုး..ထပ် မမှားစေ ရဘူ း။
__________________________________________________________

11 . 9. 2012 ည ။

အသက် 25 နှစ် ပြည့်ရန်…. 7 ရက် အလို… ည….။

အမှာတော်… အမှတ် ( 4 )

* အလင်းဆက်ရေ……………………..

ရေရှည်မှာ…………… ကိုယ်နဲ ့ထိုက်တန်တာကိုပဲ…. ကိုယ်ရမယ် ။.

================

ဒီ အချက်က သိပ်ကောင်းတာပါပဲ ။

အကြောင်းကြောင့် အကျိုး..ဖြစ် ၏ ပေါ့ ။

ကိုယ်က ကောင်းတာ လုပ်ရင်..ကောင်း ကျိုးပေးမယ် ။ မကောင်းတာတွေ…… တွေ း.ပြီး.. မကောင်းတာတွေပဲ.. လုပ်နေရင်..မကောင်းကျိုးတွေပဲ..လာမယ် ။

တစ်ဘဝ စာလောက်….စဥ်းစား မိရင်…. လူ ဖြစ်ရှုံးမယ် ။

တစ်ချို ့ဆို…တစ်ဘဝ စာတောင် မစဉ်းစားဘူ း။

တစ်နပ် စာလောက်ပဲ..စဉ်းစားတယ် နော်………….။။

ဒီ အမှာတော်..အမှတ် ( 4 ) က….

မျက်စိ တစ်ဆုံးကို ကြည့်ဖို ့.. တိုက်တွန်းလိုက်ပါပြီ။

ကျွန်တော်……………. မျက်တောင်မွှေးလေး တစ်ဆုံးလောက်… ပဲ..ကြည့်တာ မျိုး…. မလုပ်တော့ပါဘူး ။

အကြောင်းကောင်းမှ…အကျိုးကောင်းမှာ……………

ဆိုတော့…………………………….. ..။

_______________________________________________________________

12 . 9 .2012 ည ။

အသက် 25 နှစ်ပြည့်ရန် 6 ရက် အလို…ည…။

အမှာတော်… အမှတ် ( 5 )

* အလင်းဆက်ရေ………………..

ပညာ သင်တာ ဟာ… အဆုံး မရှိပါဘူး ။

လူ ့ဘဝမှာ…. သင်ခန်းစာတွေ… သင်ယူစရာ မရှိတဲ ့အချိန် / အခါ / အသက် အပိုင်းအခြားဆိုတာ… မရှိပါဘူး ။

သေတဲ ့နေ ့အထိ…. သင်ယူစရာတွေ …………… ရှိတယ် ။ လေ့လာ စရာတွေ..သေတဲ ့နေ ့အထိရှိတယ် ။

 

=============

ဒီ အချက်ကို လည်း..ကျွန်တော်….. လေးစားသွားပါတယ် ။

ဒီနေ ့… ငါ ဘယ်လို..အသိ ဉာဏ်မျိုး.ရလိုက်သလဲ….

ငါ… ဘာ ပညာတွေ..ရလိုက်သလဲ..လို ့…..

နေ ့တိုင်း မေး..မှ ဖြစ် မယ် ။

တစ်နေ ့သာ… ကုန် သွားပြီး…

အသက် တစ်ရက် ကြီးလာတာ…../

သေဖို ့တစ်ရက် နီးလာတာကလွဲရင်…..

ဘာ အကျိုးမှ…. မရှိလိုက် ရင်…..

လူ ့ဘဝ ဟာ..နှမြော စရာ…ပဲ.လေ ။

ကုသိုလ် ပညာ ဥစ္စာ…… အဲးဒီ ထဲက တစ်ခုခု ရဖို ့…

နေ ့တိုင်း သတိ မပြတ် နေရမယ်..လို ့တွေ း …… တွေး…မိပါတယ် ။

သေ သွားတဲ ့အခါ….. အပ်ကလေးတစ်ချောင်းတောင်..ယူ သွား လို ့မရဘူး ။

ယူ သွားလို ့ရ တာကိုတော့…………..

ရအောင် ယူသွားဦးမှ……

_______________________________________________________-

13 . 9 . 2012 ည။

အသက် 25 နှစ်ပြည့်ရန်… 5 ရက် အလို …ည ။

အမှာတော်..အမှတ်…( 6 )


* အလင်းဆက်ရေ………………..

ဟိုနေရာ ဟာ…..

ဒီနေရာ ထက်ပိုမကောင်းဘူး ။

ပစ္စုပ္ပန် ဟာ..တန်ဖို း အရှိဆုံးပါပဲ. ။ အနာဂတ်ကို မျှော်ပြီး…ပစ္စုပ္ပန် ကို မဖြုန်း တီး သင့်ဘူး..။

===========

ဒါပေါ့…။

လက်ထဲက ငှက် တစ်ကောင်ဟာ…. ချုံထဲက ငှက် နှစ်ကောင်…လောက်…တန်တယ် ။

ဆိုတဲ ့ စကားလည်း.ရှိတာပဲ. ။

ဖတ်ခဲ့ဖူးတဲ ့…./ Spencer Johnsom ရေးတဲ ့ The Present ဆိုတဲ ့ စာအုပ်ကလေးကိုလည်း….

သတ်ိရလိုက်တယ် ။

ပစ္စုပ္ပန် မှာ…တည့် တည့် နေရမယ်… လို ့ သိလိုက်တယ် ။

မျှော်နေတဲ ့ အနာဂတ်ဟာ… ပစ္စုပ္ပန် ဖြစ်လာတဲ ့အခါ…..

အဲဒီ ပစ္စုပ္ပန် ထက် ပိုကောင်းတယ်လို ့ ထင်ရတဲ ့…အနာဂတ် တစ်ခုကို…. ထပ်လိုချင်ဥိီးမှာပဲ.။

မျှော်နေတာတွေက ဆုံးမှာ မဟုတ်ဘူ း။

ဒီတော့………………………

ပစ္စုပ္ပန် သာ…လျှင်… တန်ဖိုး အရှိဆုံး..။

________________________________________________________________

14 . 9 . 2012 . ည။

အသက် 25 နှစ်ပြည့်ရန်… 4 ရက် အလို…ည ။

အမှာတော်.. အမှတ် ( 7 )

* အလင်းဆက်…ရေ………………..

သူတပါး ဟာ…

အသင့် ရဲ ့မှန်တွေ ပဲ..။

==========

လူ ့ ဘဝကို သွား ရတော့မယ့်… ကျွန်တော့်ကို…

ရဟန်းက မှာနေတာနော် ။

ကြည့်စမ်း..ဘယ်လောက်…ကောင်းလိုက်တဲ ့ စကားလေးလဲ.။

သူတပါးမှာ….

အမှားတစ်ခုခုတွေ ့ရင်….

အဲဒိ အမှားမျိုး… ကိုယ့် မှာလည်း..ရှိနေသလား..လို ့… စစ်ဆေး ခိုင်းတာလေး.။

မှန် ထဲမှာ…ကိုယ် ့ရုပ်ကို ပြန်ကြည့်သလို….

( သူတပါးကိုကြည့်ပြီး.) ကိုယ့်အမှား / ကိုယ့် ့ ချို ့ယွင်းချက်ကို….မြင်တတ်အောင်…/ ရှာကြည့်တတ်အောင်…

ကြိုးစားရမယ် ။

ကြိုးစားပါ့မယ် ။

____________________________________________________________

15 . 9 . 2012 . ည ။

အသက် 25 နှစ်ပြည့်ရန်.. 3 ရက် အလို…ည ။

အမှာတော်… အမှတ်… ( 8 )

* အလင်းဆက်ရေ……….

အသင့်ရဲ ့ဘဝကို အသင် ဘယ်လို လုပ်တယ်/ ဖန်တီးတယ် … ဆိ်ုတာ… အသင့်ပေါ်မှာပဲ..မူတည်တယ် ။

============

ကျွန်တော့်မှာ…………………

လိုအပ်တဲ ့လက်နက် ကိရိယာနဲ ့…. လိုအပ်မယ့် ပစ္စည်းတွေ../ အရည်အချင်းတွေ…. ရှိနေပါတယ် ။

ကျွန်တော်..ဘယ်လို အသုံးပြုမလဲ…../

ဘယ်လို ဘဝ တစ်ခု… ဖန်တီင်္း… တည်ဆောက်မလဲ….

ဆိုတာကတော့…..

ကျွန်တော့်ပေါ်မှာ ပဲ..မူတည်ပါတယ် ။

ကိုယ် ့နည်း ကိုယ် ့ ဟန် နဲ ့….. ကို်ယ့် ဘဝကို..ကိုယ်…. အကောင်းဆုံး ဖန်တီး တည်ဆောက် ရမယ် ။

လူဖြစ်ကျိဲုး နပ်အောင်….ကြိုးစား.တည်ဆောက် ပါ့မယ် ။

မည်သူမပြု… မိမိ မှု..ပဲ ။

____________________________________________

16 . 9 . 2012 ည။

အသက် 25 နှစ်ပြည့်ရန်… 2 ရက်အလို….ည ။

အမှာတော် အမှတ်… ( 9 )

*

အလင်းဆက်ရေ………

အသင့်အတွက်..အဖြေ ဟာ….

အသင့် အတွင်းမှာပဲ..ရှိပါတယ် ။

သင့် ဘဝနဲ ့ပက်သက်တဲ ့ မေးခွန်းတွေရဲ ့အဖြေ ဟာ…

အသင့်ဆီမှာပါပဲ. ။

===============

ဘဝကို…. နားလည်ရ ခက်လာတိုင်း…

တခြားဆီမှာ…. အဖြေ ရှာဖို ့ကြိုးစား…. မနေပဲ..

ကိုယ် ့အဖြေကို..ကိုယ် ရှာရမယ် ။

ကိုယ် အတွင်း မှာပဲ.. အဖြေ ကရှိတယ် ။

ကိုယ့် အသိ ဉာဏ်ဟာ..ကိုယ် ့ဘဝကို ထိန်း ချုပ် ပဲ့ကိုင်ပေးနိုင်ရမယ် ။

ဒါမှ………………….

ကိုယ် ့ဘဝရဲ ့…အဓိပ္မါယ်…ကိ်ု…. ကိုယ် ့ဘာသာ ဖွင့် ဆိုနိုင်မှာ..။

ဉာဏ်နဲ ့ကြည့်ဖို ့…./ နဲ ့ ယုံကြည်မှု ရှိဖို ့ / သတိနဲ ့နေတတ်ဖို ့တော့..လိုမယ် ။

ဒါမှ…

မေးခွန်းတွေရဲ ့ ့အဖြေကို…. ဖြေနိုင်မယ် ။

ကိုယ် မသိတဲ ့…မေးခွန်းတွေ ကို..ကိုယ်တိုင် သိလာအောင်….

ကိုယ် ့ဘာသာ… ဖြေဆိုနိုင်အောင်….. ရင့်ကျက် ပြည့် ဝ နေရမယ် ။

________________________________________________________

17 . 9 . 2012 ည။

အသက် 25 နှစ်ပြည့်ရန်…. 1 ရက် အလို…ည …

အမှာတော်….. အမှတ် ..( 10 )

* အခုလို… မှာလိုက်တာတွေက်ု….

သင်… မေ ့ သွား လိမ့် မယ် ။

===========

ဘုရား…… ဘုရား……….

ကျွန်တော်………..

ရင် တဒိန်းဒိန်း ခုန်သွားတယ် ။

ကြည့်စမ်း….။။

ဘယ်လောက် နစ်နာ သလဲ…။

ခရီးရှည်ကြီး ထွက် ခါနီး မှာ….

သေသေချာချာ မှာလိုက်တာတွေကိ်ု…… မေ ့သွား မယ်..တဲ ့။

ဟင့် အင်း……………….

မမေ့ ချင်ပါဘူး ။

မမေ ့ပါရစေနဲ ့…..

အရှင်ဘုရား…..။

_______________________________

18 . 9 . 2012 ။

အသက် 25 နှစ် ပြည့်သော..နေ ့…..

=========

ကျွန်တော်………….

အိပ်မက်ရှည်ကြီးကို… မက်ခဲ့ပြီးပါပြီ ။

အိပ်မက်နဲ ့ လက်တွေ ့ဘဝ …. ခွါ မရအောင်လည်း…. ပူး ကပ်ခဲ့ပါပြီ ။

ဒီ ……………. အိပ်မက် 10 ခု အပြီး…မှာ…

ကျွန်တော်… ဘာတွေ.ရလိုက်သလဲ…။

ကျွန်တော့် ဘဝ ကို ဘယ်လို ဖန်တီး..တည်ဆောက် တော့မှာ..လဲ.။.

အမှာတော်… 10 ချက် ကို..ရင်ထဲမှာ….

သိမ်းဆည်း ထားလိုက်ပါပြီ ။

မမေ ့ပါစေနဲ ့။

မမေ့ပါစေနဲ ့ ။

ဒီနေ ့…………….

အသက် နှစ်ဆယ့် ငါးနှစ်ပြည့်တဲ ့နေ ့က စ..ပြီး…

တစ်ချက် အသက်ရှုလိုက်တိုင်းးး

အဓိပ္မါယ်အပြည့် ရှိတဲ ့…. အသက်ရှင်သန်ခြင်း…ဖြစ်စေရမယ် ။

ဒီနေ ့…. 25 နှစ်ပြည့်တဲ ့ နေ ့ကစပြီး….

အမှောင်လမ်းတွေ..ဘက် ခြေလှမ်းမရောက်ပဲ….

အလင်းတွေ.. ဖြာဝေတဲ ့……

မနက်ခင်းတွေ..ဆီ…. သွားမယ် ။.

လူဖြစ်ကျိုး နပ်တဲ ့…… လူ တစ်ယောက် ဖြစ်ဖို ့…

လောကကို..အကျိုးပေးကောင်းတဲ ့….. လူသား တစ်ယောက် ဖြစ်ဖို ့….

ကျွန်တော်…ဆက်..လက်… အသက်ရှင်မယ် ။

ဒီ နေ ့..ဒီ အချိန် က စပြီး…..

ကျွန်တော်………………..

…………………………

…………………………။ ။

___________________________________________________________

အချက် 10 ချက်သည်…

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏

ဘဝဆိုတဲ ့ကျောင်း… တရာတော် စာအုပ်ထဲမှ…… အချက်များဖြစ်ပါသည် ။

18 . 9 .2012 တွင် ကျရောက်သော…

ကျွန်တော့်အသက် 25 နှစ် ပြည့်သောနေ ့တွင်……

အမှတ်တရ ဖြစ်စေရန်……

ထုတ်နှုတ် ခံစားပြီး…

ပြန်လည်း.ရေးသား...တင်ပြလို်က်ပါသည် ။

ကျွန်တော့်ကိုယ် ကျွန်တော်…….ပြန် ဆုံးမဖို ့လိုနေသောကြောင့်…..

ဤစာသားများဖြင့်…. …ကျွန်တော့်ကို ကျွန်တော်… ပြန်ဆုံးမ လိုက်ရပါသည် ။

________________________________________

အမှတ်တရ….

ခင်မင်လေးစားစွာ….

အလင်းဆက်

18 . 9 . 2012

About alinsett

alinsett has written 615 post in this Website..

. . .