ရွာသူ/ရွာသားများအားလုံးကိုပေးတဲ ့.. မွေးနေ့ရှင် ရဲ ့လက်ဆောင်လေး..

alinsettSeptember 18, 201222min45630
ချောလား...
ချောလား…

 

==========================

လောကဓံ ရဲ ့ဓါ းရှစ် စင်းကြားမှာ….

ခြေလှမ်းတွေ…. မှားတစ်ချက် / မှန်တစ်ချက်နဲ ့….

ကျွန်တော် ခရီး.တွေ ဆက်ခဲ ့တာ….

အခုဆိုရင်…

ကျွန်တော့် ခန္ဓာ သက်တမ်း.. နှစ်ဆယ့် ငါးနှစ် ပြည့်ခဲ့ပါပြီ။

ခန္ဓာ သက်တမ်း… နှစ်ဆယ် ့ငါး….။

ကျွန်တော်……အခုလောက် နှစ်ပေါင်း များစွာ…. ရှင်သန် ခဲ့တာ..ဘာကြောင့်ပါလိမ် ့။

အခု ထိ…ကျွန်တော်… ပန်းတိုင် ပျောက်နေဆဲပါ ။

ဝေဝါး… မှုန်ရီတဲ ့လမ်း…..

ခက်ခဲ ကြမ်းတမ်းနေလည်း…ဆက်လက်… လှမ်းလျှောက် ရပါဥိးမယ်. ။

__________________

ကျွန်တော် ့ဘဝမှာ….

အိပ်မက်တွေ …အများကြီး မက်ခဲ့ဖူးပါတယ် ။

မျှော်လင့်ချက် တွေ ဟာ..အိပ်မက်တွေ… အဖြစ်….

ကျွန်တော့် ညတွေ..ထဲကို…. တိုးဝှေ ့ ဝင်ရောက်….

ကျွန်တော်……………………

အိပ်မက် လမ်းတွေ… တစ်လမ်းပြီး.တစ်လမ်း..ဖောက်ချင်ခဲ့ပါတယ် ။

___________________

ကျွန်တော့် ဘဝ ရဲ ့ ့အိပ်မက်တွေ ထဲမှာ…..

အမှတ်တရ အဖြစ်ဆုံး အိပ်မက် အကြောင်း ပြောစမ်းပါ…ဆိုရင်….

ကျွန်တော်..ပြောဖြစ်မယ့် အိပ်မက်က…………………………

အသက် 25 နှစ်ပြည့်ဖို ့…………… 10 ရက် အလို ည မှာ… စ မက်တဲ ့အိပ်မက်….။

(နှစ်ဆယ့်ငါးနှစ်ပြည့်ဖို ့ 10 ရက်အလို…)တစ်ရက် ချင်းစီ..မှာ….

အိပ်မက် တစ်ခု ချင်းစီ……

မက်ခဲ့ရတဲ ့…အိပ်မက် …… 10 ချက်… ရှိပါတယ် ။

အခု အဲဒီ အိပ်မက် 10 ချက် ကိုပြောပြ ပါ့မယ် ။

ကျွန်တော်က အဲဒီ အိပ်မက် 10 ချက်ကို…

အမှာတော်…… 10 ပါး....လို ့. အမည်ပေးထားတယ် ။

_______________________________

အမှာတော်….. 10 ပါး. ..

 

ကျွန်တေ်…အိပ်မက် ထဲမှာ….

ကြည်လင်းရှင်းသန့်တဲ ့… ရဟန်းတော် တစ်ပါးရဲ ့.. အရှေ ေ့တာ်မှာ….

ဒူးထောက်လို့… ရောက်ရှိနေခဲ့ပါတယ် ။

ရဟန်း က ကျွန်တော့်ကို..အမှာစကားတွေ..ပါး….နေပါတယ် ။

ရဟန်းရဲ ့အသံတော် ဟာ….. အေးချမ်းကြည်လင်..လို ့…ကျွန်တော် ့ အိပ်မက် ထဲမှာ..

တည် ငြိမ် စွာ..ပျံ ့လွင့်….

မနက် လင်း… လင်းတဲ ့အထိ..ကျွန်တော် မှတ်မိနေခဲ့ ပါတယ် ။

အဲဒီ အိပ်မက် ထဲက….အချက် 10 ချက် ထဲမှာ…

ပထမ ဆုံး အချက်ကို… ကျွန်တော့် အသက်…25 ပြည့်ဖို ့.10 ရက် အလို..ည မှာ…

စ…တင် မြင် မက်ခဲ့ပါတယ် ။

_________________________________

8 . 9 .2012 ည…။

အသက် 25 နှစ်ပြည့်ရန်…10 ရက် အလို ည….

အမှာတော်..အမှတ် ( 1 )

 

============

* အလင်းဆက်ရေ……………………

အသင်ဟာ………….. ခန္ဓာ တစ်ခုကို ရမယ်….။

အဲဒီ ခန္ဓာ ကိုယ် ကို…အသင် ကြိုက်ချင်လည်း…ကြိုက်မယ် ။ မုန်းချင်လည်း… မုန်းမယ် ။

ဒါပေမယ့်..ဒီ တစ်ဘဝ အတွက်…တော့…………..

ဒီ…ခန္ဓာ ဟာ..အသင့် ခန္ဓာ ပါပဲ. ။

=============

အိပ်မက် ထဲမှာ..ကျွန်တော်ဟာ……. လူ ့ဘဝကို မသွား ရသေးတဲ ့ ( သွားရတော့မယ့် …) သူ တစ်ယောက် ဖြစ်နေတယ်။

လူ ့ဘဝကို ကျွန်တော်.သွားရတော့မယ် ။

သွားခါနီးမှာ…………..

လူ ဘဝ မှာ..လိုအပ်တဲ ့အချက်တွေက်ို…

ရဟန်းက မှာ.ကြားနေတယ် ။

ကျွန်တော့် လူ ့ ဘဝကို ရောက်ရင်…..

ခန္ဓာ တစ်ခုကို ရမယ်…။

ယောကျာ်း တစ်ယောက်ရဲ ့ ခန္ဓာ ကိုယ် ပေါ့လေ..။

ဒီ ခန္ဓာ ကို..ကြိုက် ကြိုက်../ မကြိုက်ကြိုက်…

ဒီ ဘဝ အတွက်တော့… ဒါပဲ….တဲ ့။

ခန္ဓာ တစ်ခု ရရုံ နဲ ့..လူဖြစ် ကျိုး မနပ်သေးဘူ း ။ ယောကျာ်း….ဖြစ်ရုံနဲ ့လည်း…. ကျေနပ်နေလို ့မရသေးဘူ း။

ဒီ ခန္ဓာ ကို..အသုံးပြု ပြီး…..

လူဖြစ်ကျိုး နပ်အောင်….

ယောက်ျား ဖြစ်ရကျိုုး နပ်အောင်.. ယောကျာ်းကောင်းတစ်ယောက် / မြင့်မြတ်တဲ ့ လူသားတစ်ယောက် ဖြစ်အောင်..ကြိုးစား အားထုတ်မှ….

လူ ဖြစ်ရကျိုး နပ်မယ်..။

ကျွန်တော် ……………

အဲဒီလိုလေး…

မှတ်သားလိုက်တယ် ။

__________________________

9 . 8 . 2012 ည…။

အသက် 25 နှစ်ပြည့်ရန်…. 9 ရက် အလို…ည ..။

အမှာတော်… အမှတ် ( 2 )

=============

အလင်းဆက်ရေ…………………

ရောက်သွားတဲ ့ဘဝမှာ…….

အသင် ဟာ..သင်ခန်းစာတွေ… အများကြီး..ဆည်းပူးလေ့လာရလိမ့်မယ် ။

ဘဝ လို ့ခေါ် တဲ ့… သင် ရိုး သတ်မှတ်ချက်မရှိ.. ကျောင်းကြီးမှာ…

အသင့်ကို…. စာရင်းသွင်း ထားပြီ…။

ဘဝ ဆိုတဲ ့ကျောင်း…..ကြိီးမှာ….

နေ ့စဉ်ပဲ… သင်ခန်းစာတွေ.. ဆည်းပူးနေရမယ် ။
============

ကျွန်တော်……………

လေးစားစွာ…နားယူ မှတ်သားရင်း.ပျော်သွားမိပါတယ် ။

ကြည့်စမ်း…ဘယ်လောက်…. ရင်ခုန်စရာကောင်းသလဲ…။

သင်ယူ စရာတွေ.ကို သင်ယူ ခွင့် ရတဲ ့ဘဝ….ကို..ရမှာလေ..။။

ဒီကျောင်းက…. ကျောင်းပိတ်ချျိန် / ကျောင်း တက် ကျောင်းဆင်း ချိန်မရှိဘူး ။

နေ ့စဉ်ပဲ.. စာမေးပွဲတွေ..စစ်တာ ခံ နေရမယ် ။

သင်ခန်းစာတိုင်းဟာ…. စာမေးပွဲ ပဲ. ။

အတွေ ့အကြုံတိုင်းဟာ…သင်ခန်းစာ ပဲ..ပေါ့ ။

ကောင်းပြီ ။ ကျွန်တော်..သင်ယူ ပ့ါမယ် ။

ကျွန်တော်..သင်ခန်းစာတွေကိ်ု….. သင် ယူရမယ့် ဘဝမှာ….

ကျေနပ်မှာပါ ။

_________________________________________________

10 . 9 .2012 . ည ။

အသက် 25 နှစ်ပြည့်ရန်…. 8 ရက် အလို …ည ။

အမှာတော်…. အမှတ် ( 3 )

အလင်းဆက်ရေ….

အမှားဆိုတာ မရှိပါဘူ း။

သင်ခန်းစာတွေ ချည်းပါပဲ…။

လုပ်ကြည့်လိုက်ရင်း…. မှားမှန်း သိရင်း…. ပြန် ပြင်လိုက်ရင်းနဲ ့ပဲ…

အသိ ဉာဏ် ကြီးထွားတဲ ့သူ..ဖြစ်လာမှာပါ ။

==============

အမှား တစ်ခုကို… နောက်တစ်ခါ ထပ် ထပ်… မမှားအောင်…

အမှားထဲက………… သင်ခန်းစာ..ယူ ရမယ်ပေါ့လေ..။

ဒီ အချက်ကို လည်း ကျွန်တော်..ချစ်သွားပါတယ် ။

မအောင်မြင်တဲ ့စမ်းသပ်မှု ဟာ… အောင်မြင်တဲ ့စမ်းသပ်မှုလိုပဲ… အသိ ဉာဏ် ကြီးထွားမှုကို… အထောက် အကူ ပြုတယ်…

ဆိုတဲ ့…. အဆိုအမိန် ့ တစ်ခုကိုလည်း..သတိရ သွားတယ် ။

မမှားအောင်..ကြိုးစားမယ် ။

မှားသွားခဲ့ရင်လည်း… မှားတဲ ့အမှားထဲက… သင်ခန်းစာ ယူတတ်အောင်.ကြိုးစားပါ့မယ် ။

နောက်ထပ်… ဒီလို မှားခဲ့ပြီး သား ….အမှားမျိုး..ထပ် မမှားစေ ရဘူ း။
__________________________________________________________

11 . 9. 2012 ည ။

အသက် 25 နှစ် ပြည့်ရန်…. 7 ရက် အလို… ည….။

အမှာတော်… အမှတ် ( 4 )

* အလင်းဆက်ရေ……………………..

ရေရှည်မှာ…………… ကိုယ်နဲ ့ထိုက်တန်တာကိုပဲ…. ကိုယ်ရမယ် ။.

================

ဒီ အချက်က သိပ်ကောင်းတာပါပဲ ။

အကြောင်းကြောင့် အကျိုး..ဖြစ် ၏ ပေါ့ ။

ကိုယ်က ကောင်းတာ လုပ်ရင်..ကောင်း ကျိုးပေးမယ် ။ မကောင်းတာတွေ…… တွေ း.ပြီး.. မကောင်းတာတွေပဲ.. လုပ်နေရင်..မကောင်းကျိုးတွေပဲ..လာမယ် ။

တစ်ဘဝ စာလောက်….စဥ်းစား မိရင်…. လူ ဖြစ်ရှုံးမယ် ။

တစ်ချို ့ဆို…တစ်ဘဝ စာတောင် မစဉ်းစားဘူ း။

တစ်နပ် စာလောက်ပဲ..စဉ်းစားတယ် နော်………….။။

ဒီ အမှာတော်..အမှတ် ( 4 ) က….

မျက်စိ တစ်ဆုံးကို ကြည့်ဖို ့.. တိုက်တွန်းလိုက်ပါပြီ။

ကျွန်တော်……………. မျက်တောင်မွှေးလေး တစ်ဆုံးလောက်… ပဲ..ကြည့်တာ မျိုး…. မလုပ်တော့ပါဘူး ။

အကြောင်းကောင်းမှ…အကျိုးကောင်းမှာ……………

ဆိုတော့…………………………….. ..။

_______________________________________________________________

12 . 9 .2012 ည ။

အသက် 25 နှစ်ပြည့်ရန် 6 ရက် အလို…ည…။

အမှာတော်… အမှတ် ( 5 )

* အလင်းဆက်ရေ………………..

ပညာ သင်တာ ဟာ… အဆုံး မရှိပါဘူး ။

လူ ့ဘဝမှာ…. သင်ခန်းစာတွေ… သင်ယူစရာ မရှိတဲ ့အချိန် / အခါ / အသက် အပိုင်းအခြားဆိုတာ… မရှိပါဘူး ။

သေတဲ ့နေ ့အထိ…. သင်ယူစရာတွေ …………… ရှိတယ် ။ လေ့လာ စရာတွေ..သေတဲ ့နေ ့အထိရှိတယ် ။

 

=============

ဒီ အချက်ကို လည်း..ကျွန်တော်….. လေးစားသွားပါတယ် ။

ဒီနေ ့… ငါ ဘယ်လို..အသိ ဉာဏ်မျိုး.ရလိုက်သလဲ….

ငါ… ဘာ ပညာတွေ..ရလိုက်သလဲ..လို ့…..

နေ ့တိုင်း မေး..မှ ဖြစ် မယ် ။

တစ်နေ ့သာ… ကုန် သွားပြီး…

အသက် တစ်ရက် ကြီးလာတာ…../

သေဖို ့တစ်ရက် နီးလာတာကလွဲရင်…..

ဘာ အကျိုးမှ…. မရှိလိုက် ရင်…..

လူ ့ဘဝ ဟာ..နှမြော စရာ…ပဲ.လေ ။

ကုသိုလ် ပညာ ဥစ္စာ…… အဲးဒီ ထဲက တစ်ခုခု ရဖို ့…

နေ ့တိုင်း သတိ မပြတ် နေရမယ်..လို ့တွေ း …… တွေး…မိပါတယ် ။

သေ သွားတဲ ့အခါ….. အပ်ကလေးတစ်ချောင်းတောင်..ယူ သွား လို ့မရဘူး ။

ယူ သွားလို ့ရ တာကိုတော့…………..

ရအောင် ယူသွားဦးမှ……

_______________________________________________________-

13 . 9 . 2012 ည။

အသက် 25 နှစ်ပြည့်ရန်… 5 ရက် အလို …ည ။

အမှာတော်..အမှတ်…( 6 )


* အလင်းဆက်ရေ………………..

ဟိုနေရာ ဟာ…..

ဒီနေရာ ထက်ပိုမကောင်းဘူး ။

ပစ္စုပ္ပန် ဟာ..တန်ဖို း အရှိဆုံးပါပဲ. ။ အနာဂတ်ကို မျှော်ပြီး…ပစ္စုပ္ပန် ကို မဖြုန်း တီး သင့်ဘူး..။

===========

ဒါပေါ့…။

လက်ထဲက ငှက် တစ်ကောင်ဟာ…. ချုံထဲက ငှက် နှစ်ကောင်…လောက်…တန်တယ် ။

ဆိုတဲ ့ စကားလည်း.ရှိတာပဲ. ။

ဖတ်ခဲ့ဖူးတဲ ့…./ Spencer Johnsom ရေးတဲ ့ The Present ဆိုတဲ ့ စာအုပ်ကလေးကိုလည်း….

သတ်ိရလိုက်တယ် ။

ပစ္စုပ္ပန် မှာ…တည့် တည့် နေရမယ်… လို ့ သိလိုက်တယ် ။

မျှော်နေတဲ ့ အနာဂတ်ဟာ… ပစ္စုပ္ပန် ဖြစ်လာတဲ ့အခါ…..

အဲဒီ ပစ္စုပ္ပန် ထက် ပိုကောင်းတယ်လို ့ ထင်ရတဲ ့…အနာဂတ် တစ်ခုကို…. ထပ်လိုချင်ဥိီးမှာပဲ.။

မျှော်နေတာတွေက ဆုံးမှာ မဟုတ်ဘူ း။

ဒီတော့………………………

ပစ္စုပ္ပန် သာ…လျှင်… တန်ဖိုး အရှိဆုံး..။

________________________________________________________________

14 . 9 . 2012 . ည။

အသက် 25 နှစ်ပြည့်ရန်… 4 ရက် အလို…ည ။

အမှာတော်.. အမှတ် ( 7 )

* အလင်းဆက်…ရေ………………..

သူတပါး ဟာ…

အသင့် ရဲ ့မှန်တွေ ပဲ..။

==========

လူ ့ ဘဝကို သွား ရတော့မယ့်… ကျွန်တော့်ကို…

ရဟန်းက မှာနေတာနော် ။

ကြည့်စမ်း..ဘယ်လောက်…ကောင်းလိုက်တဲ ့ စကားလေးလဲ.။

သူတပါးမှာ….

အမှားတစ်ခုခုတွေ ့ရင်….

အဲဒိ အမှားမျိုး… ကိုယ့် မှာလည်း..ရှိနေသလား..လို ့… စစ်ဆေး ခိုင်းတာလေး.။

မှန် ထဲမှာ…ကိုယ် ့ရုပ်ကို ပြန်ကြည့်သလို….

( သူတပါးကိုကြည့်ပြီး.) ကိုယ့်အမှား / ကိုယ့် ့ ချို ့ယွင်းချက်ကို….မြင်တတ်အောင်…/ ရှာကြည့်တတ်အောင်…

ကြိုးစားရမယ် ။

ကြိုးစားပါ့မယ် ။

____________________________________________________________

15 . 9 . 2012 . ည ။

အသက် 25 နှစ်ပြည့်ရန်.. 3 ရက် အလို…ည ။

အမှာတော်… အမှတ်… ( 8 )

* အလင်းဆက်ရေ……….

အသင့်ရဲ ့ဘဝကို အသင် ဘယ်လို လုပ်တယ်/ ဖန်တီးတယ် … ဆိ်ုတာ… အသင့်ပေါ်မှာပဲ..မူတည်တယ် ။

============

ကျွန်တော့်မှာ…………………

လိုအပ်တဲ ့လက်နက် ကိရိယာနဲ ့…. လိုအပ်မယ့် ပစ္စည်းတွေ../ အရည်အချင်းတွေ…. ရှိနေပါတယ် ။

ကျွန်တော်..ဘယ်လို အသုံးပြုမလဲ…../

ဘယ်လို ဘဝ တစ်ခု… ဖန်တီင်္း… တည်ဆောက်မလဲ….

ဆိုတာကတော့…..

ကျွန်တော့်ပေါ်မှာ ပဲ..မူတည်ပါတယ် ။

ကိုယ် ့နည်း ကိုယ် ့ ဟန် နဲ ့….. ကို်ယ့် ဘဝကို..ကိုယ်…. အကောင်းဆုံး ဖန်တီး တည်ဆောက် ရမယ် ။

လူဖြစ်ကျိဲုး နပ်အောင်….ကြိုးစား.တည်ဆောက် ပါ့မယ် ။

မည်သူမပြု… မိမိ မှု..ပဲ ။

____________________________________________

16 . 9 . 2012 ည။

အသက် 25 နှစ်ပြည့်ရန်… 2 ရက်အလို….ည ။

အမှာတော် အမှတ်… ( 9 )

*

အလင်းဆက်ရေ………

အသင့်အတွက်..အဖြေ ဟာ….

အသင့် အတွင်းမှာပဲ..ရှိပါတယ် ။

သင့် ဘဝနဲ ့ပက်သက်တဲ ့ မေးခွန်းတွေရဲ ့အဖြေ ဟာ…

အသင့်ဆီမှာပါပဲ. ။

===============

ဘဝကို…. နားလည်ရ ခက်လာတိုင်း…

တခြားဆီမှာ…. အဖြေ ရှာဖို ့ကြိုးစား…. မနေပဲ..

ကိုယ် ့အဖြေကို..ကိုယ် ရှာရမယ် ။

ကိုယ် အတွင်း မှာပဲ.. အဖြေ ကရှိတယ် ။

ကိုယ့် အသိ ဉာဏ်ဟာ..ကိုယ် ့ဘဝကို ထိန်း ချုပ် ပဲ့ကိုင်ပေးနိုင်ရမယ် ။

ဒါမှ………………….

ကိုယ် ့ဘဝရဲ ့…အဓိပ္မါယ်…ကိ်ု…. ကိုယ် ့ဘာသာ ဖွင့် ဆိုနိုင်မှာ..။

ဉာဏ်နဲ ့ကြည့်ဖို ့…./ နဲ ့ ယုံကြည်မှု ရှိဖို ့ / သတိနဲ ့နေတတ်ဖို ့တော့..လိုမယ် ။

ဒါမှ…

မေးခွန်းတွေရဲ ့ ့အဖြေကို…. ဖြေနိုင်မယ် ။

ကိုယ် မသိတဲ ့…မေးခွန်းတွေ ကို..ကိုယ်တိုင် သိလာအောင်….

ကိုယ် ့ဘာသာ… ဖြေဆိုနိုင်အောင်….. ရင့်ကျက် ပြည့် ဝ နေရမယ် ။

________________________________________________________

17 . 9 . 2012 ည။

အသက် 25 နှစ်ပြည့်ရန်…. 1 ရက် အလို…ည …

အမှာတော်….. အမှတ် ..( 10 )

* အခုလို… မှာလိုက်တာတွေက်ု….

သင်… မေ ့ သွား လိမ့် မယ် ။

===========

ဘုရား…… ဘုရား……….

ကျွန်တော်………..

ရင် တဒိန်းဒိန်း ခုန်သွားတယ် ။

ကြည့်စမ်း….။။

ဘယ်လောက် နစ်နာ သလဲ…။

ခရီးရှည်ကြီး ထွက် ခါနီး မှာ….

သေသေချာချာ မှာလိုက်တာတွေကိ်ု…… မေ ့သွား မယ်..တဲ ့။

ဟင့် အင်း……………….

မမေ့ ချင်ပါဘူး ။

မမေ ့ပါရစေနဲ ့…..

အရှင်ဘုရား…..။

_______________________________

18 . 9 . 2012 ။

အသက် 25 နှစ် ပြည့်သော..နေ ့…..

=========

ကျွန်တော်………….

အိပ်မက်ရှည်ကြီးကို… မက်ခဲ့ပြီးပါပြီ ။

အိပ်မက်နဲ ့ လက်တွေ ့ဘဝ …. ခွါ မရအောင်လည်း…. ပူး ကပ်ခဲ့ပါပြီ ။

ဒီ ……………. အိပ်မက် 10 ခု အပြီး…မှာ…

ကျွန်တော်… ဘာတွေ.ရလိုက်သလဲ…။

ကျွန်တော့် ဘဝ ကို ဘယ်လို ဖန်တီး..တည်ဆောက် တော့မှာ..လဲ.။.

အမှာတော်… 10 ချက် ကို..ရင်ထဲမှာ….

သိမ်းဆည်း ထားလိုက်ပါပြီ ။

မမေ ့ပါစေနဲ ့။

မမေ့ပါစေနဲ ့ ။

ဒီနေ ့…………….

အသက် နှစ်ဆယ့် ငါးနှစ်ပြည့်တဲ ့နေ ့က စ..ပြီး…

တစ်ချက် အသက်ရှုလိုက်တိုင်းးး

အဓိပ္မါယ်အပြည့် ရှိတဲ ့…. အသက်ရှင်သန်ခြင်း…ဖြစ်စေရမယ် ။

ဒီနေ ့…. 25 နှစ်ပြည့်တဲ ့ နေ ့ကစပြီး….

အမှောင်လမ်းတွေ..ဘက် ခြေလှမ်းမရောက်ပဲ….

အလင်းတွေ.. ဖြာဝေတဲ ့……

မနက်ခင်းတွေ..ဆီ…. သွားမယ် ။.

လူဖြစ်ကျိုး နပ်တဲ ့…… လူ တစ်ယောက် ဖြစ်ဖို ့…

လောကကို..အကျိုးပေးကောင်းတဲ ့….. လူသား တစ်ယောက် ဖြစ်ဖို ့….

ကျွန်တော်…ဆက်..လက်… အသက်ရှင်မယ် ။

ဒီ နေ ့..ဒီ အချိန် က စပြီး…..

ကျွန်တော်………………..

…………………………

…………………………။ ။

___________________________________________________________

အချက် 10 ချက်သည်…

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏

ဘဝဆိုတဲ ့ကျောင်း… တရာတော် စာအုပ်ထဲမှ…… အချက်များဖြစ်ပါသည် ။

18 . 9 .2012 တွင် ကျရောက်သော…

ကျွန်တော့်အသက် 25 နှစ် ပြည့်သောနေ ့တွင်……

အမှတ်တရ ဖြစ်စေရန်……

ထုတ်နှုတ် ခံစားပြီး…

ပြန်လည်း.ရေးသား...တင်ပြလို်က်ပါသည် ။

ကျွန်တော့်ကိုယ် ကျွန်တော်…….ပြန် ဆုံးမဖို ့လိုနေသောကြောင့်…..

ဤစာသားများဖြင့်…. …ကျွန်တော့်ကို ကျွန်တော်… ပြန်ဆုံးမ လိုက်ရပါသည် ။

________________________________________

အမှတ်တရ….

ခင်မင်လေးစားစွာ….

အလင်းဆက်

18 . 9 . 2012

30 comments

  • Mon Kit

    September 18, 2012 at 4:23 pm

    အနှစ်သာရ ရှိလိုက်တာ…..
    ဆရာတော် ဦးဇောတိက ( မဟာမြိုင်တော့ရ ) ၏ အမှာတော် (10) ချက် အား
    လေးနက်စွာဖြင့် နာယူ လိုက်နာသွားပါမည်…
    အိပ်မက် ထဲမှာ ဆရာတော်မှ ဆုံးမတော် ပေးနေပုံလေး နဲ့ အလင်းဆက်မှ နာယူလက်ခံနေပုံလေးပါ ထင်ထင်ရှားရှားတွေ့မြင်မိအောင် ရေးဖွဲ့နိုင်စွမ်းရှိပါသည်..
    တိုးတက်အောင်မြင်ပါစေ…

  • ကိုရင်မောင်

    September 18, 2012 at 4:30 pm

    အလင်းဆက်ရေ ၂၅နှစ်ပြည့်မွေးနေ့မှာ
    တန်ဘိုးရှိတဲ့ ဆရာတော်ရဲ့ဆုံးမစာ လက်ဆောင်းပေးလိုက်တဲ့အတွက်..
    ကျေးဇူးအထူးတင်ပါတယ် …
    အလင်းဆက်လဲ ယနေ့ကျရောက်တဲ့၂၅နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာပျော်ရွင်ချမ်းမြေ့တဲ့
    ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာ…..
    ခင်မင်စွာဖြင့်….ကိုရင်မောင်…

  • အလင်းဆက်

    September 18, 2012 at 4:33 pm

    ကျေးဇူးပါ..ပဲ..ဗျ ။

    ဒီ ပို့်စ်ကိုရေးအပြီး..မှာ.မျက်လုံးတွေ.ပြာဝေ လာတဲ ့အထိပါပဲ ။

    မျက်မှန် ကလည်း.မပါလာတော့… စာလုံးရေ.. 1000 ကျော်…ကို.အတော် ကြိုးစားရေးလိုက်ရတာပါ ။

    ဒိ အချက်တွေကို..ဒီလို ပုံစံလေးနဲ ့တင်ပြဖို ့… တွေးပြီး.ရေးတဲ ့ညကလည်း..
    ကျွန်တော် ့ အိပ်စက်ခြင်းတွေ..တစ် ဝက်မက..ပျက်ခဲ့ရပါတယ် ။

    မော…လိုက်ထာ….။

    မောရကျိုး နပ်ချင်ပါတယ် ။

    ခင်မင်လေးစားစွာ..
    အလင်းဆက်
    alinsett.art@gmail.com

  • အလင်းဆက်

    September 18, 2012 at 4:37 pm

    ဒါနဲ ့…
    စကားမစပ်…
    ကျွန်တော်ချစ်သော ရွာသူ ရွာသားများ..ခညာ…

    သားသားပုံလေး..လှ လားဟင် ။
    မင်းမော်ကွန်းနဲ ့ တူလား.။
    အဟိ ။
    😀

      • mayjuly

        September 18, 2012 at 4:53 pm

        အဲ ကျုပ် လည်းဒီနေ့ ညက်မှန် ကျန်ခဲ့လို့ သိပ်ညင်ရဘူးအေ့ .. 😀

        • မဟာရာဇာ အံစာတုံး

          September 18, 2012 at 7:48 pm

          လှဒယ်လို့ ပြောရင်
          ဘာလို ပြုစုမှာဒုံး ..
          အဲ့ဒါ သိရရင်တော့ .. အဟမ်း .. ဟမ်း ..
          😀

        • MaMa

          September 19, 2012 at 10:02 am

          ပြောတော့ ပြောချင်တယ်။
          အမှန်အတိုင်းပြောရမလား။
          စိတ်ချမ်းသာအောင် ပြောရမလား။
          နှာစေးနေလို့ ကြိုက်သလိုသာ ယူဆလိုက်ပါ မွေးနှေ့ရှင်ကြီးရေ။
          မွေးနေ့ရှင်ကပေးတဲ့ လက်ဆောင်ယူဖို့ စောင့်နေတာ…
          စောင့်ရကျိုးနပ်ပါတယ်။
          ဒါထက် စကားအတင်းစပ်…
          မ အက္ခရာအတွက် မ ဗျည်းချည်းသန့်သန့်။
          ဗျည်းတွဲမပါ၊ သရမပါ၊ အသတ်မပါ
          မမ

  • ကိုရင်စည်သူ

    September 18, 2012 at 4:43 pm

    ကိုအလင်းဆက်ဆိုလို့ အသက်အကြီးကြီး ဦးလေးကြီး ထင်နေဒါ..
    တားထက် ၈နှစ် ၉နှစ်လောက်ကြီးဒဲ့ ဦးလေးဂျီးဂိုး…
    ချစ်လို့စဒါဘာဗျာ… အရမ်းကောင်းတဲ့ အမှာတော်တွေပါ။
    အနုပညာခံစားမှု အားကောင်းတာတော့ ပို့စ်တိုင်းတွေ့ရပါဒယ်… ဘဲရီးဂွတ်ဘာ..
    လူ ့ဘဝမှာ…. သင်ခန်းစာတွေ… သင်ယူစရာ မရှိတဲ ့အချိန် / အခါ / အသက် အပိုင်းအခြားဆိုတာ… မရှိပါဘူး ။
    သေတဲ ့နေ ့အထိ…. သင်ယူစရာတွေ …………… ရှိတယ် ။ လေ့လာ စရာတွေ..သေတဲ ့နေ ့အထိရှိတယ် ။
    အမြဲမပြတ်သင်ယူနေမိပါဒယ်ဗျာ…

  • လုံမလေး မွန်မွန်

    September 18, 2012 at 4:49 pm

    ထူးထူးခြားခြား မွေးနေ့ရှင်ရဲ့ မွေးနေ့အမှတ်တရ လက်ဆောင်ကို ရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်ရှင်…
    ဆရာတော်ရဲ့ အမှာတော်(၁၀)ချက်ကို မှတ်သားရတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်…

  • mayjuly

    September 18, 2012 at 4:50 pm

    ကိုအလင်းဆက်ရေ ..
    မွေးနေ့အမှတ်တရလေးက အရမ်းကို တန်ဘိုးရှိလိုက်တာ …

    ၂၅ နှစ်မြောက်မွေးနေ့မှသည် ယခုကဲ့သို့ ဆုံးမ မှုကို နာခံ လိုက်နာ သွားနိုင်တဲ့ …
    လူတော်လူကောင်းတစ်ယောက်ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် …

  • lazy boy

    September 18, 2012 at 5:13 pm

    ကိုအလင်းဆက်ရေ မွေးနေ ့မှာပျော်ရွှင်ပါစေဗျာ….
    လက်ဆောင်ပေးတဲ ့အတွက်ကျေးဇူပါ…

  • မောင်ပေ

    September 18, 2012 at 8:23 pm

    နှစ် ငါး မှာ
    အချစ်များရအောင်
    အသစ်နားကိုသွားပြီ
    အလစ်ပါးကို မနမ်းလိုက်နဲ ့ဦးကိုယ့်လူ
    လူရှင်းမှ အတူကမြင်းပြီး
    ယူမင်းဆိုရင် အခက်တွေ ့ရမယ်
    သမက်ရှေ ့ပြမယ်လို ့
    ယောက်ခမကြီးလိုက်လာရင်
    ဆိုက်တာနဲ ့
    ပြေးပေတော့မောင်

  • အလင်းဆက်

    September 18, 2012 at 8:39 pm

    လုံမလေး.. မွန်မွန်ကလည်း.. ပြောပါအေ…
    နာ တိချင်လို ့ပါ ဆို.။
    ထပ်မေးမှာပဲ .
    နာ..လေ..နာ..လှ လားဟင်…:D

    လုံးမလေး..မွန်းမွန်း..ရေ…
    ဆရာတော်ရဲ ့အမှာတော် ၁ဝ ချက်ကို.. ဖတ်မှတ်သွားလို ့.ကျေးဇူးနော် ။
    =================

    မဟာ အံစာ..ရေ..

    ဘီလို…ပြုစုရမီလဲ..ဟင်းးးးးးးးးးးးးးးးးးးးးးးးးးး
    😀
    ===================
    mayjuly…ရေ

    ဆုတဲ ့ပေးနဲ ့..အဲ..အဲ..မွှား ကုန်ပီ.။
    ပေးတဲ ့ ဆုနဲ ့ပြည့်ချင်ပါတယ် ။
    ကြိုးစားပါ့မယ်ဗျာ.။
    😀
    ================
    lazy boy..ရေ

    ကျွန်တော်တို ့အပြန်အလှန်..ကျေးဇူးစကားတွေ.ပြောဖြစ်ပါပြီ ။
    ကျေးဇူး…တင်ပါတယ်.လို ့…
    😀
    =============

    နှစ် ငါး မှာ
    အချစ်များရအောင်
    အသစ်နားကိုသွားပြီ
    အလစ်ပါးကို မနမ်းလိုက်နဲ ့ဦးကိုယ့်လူ
    လူရှင်းမှ အတူကမြင်းပြီး
    ယူမင်းဆိုရင် အခက်တွေ ့ရမယ်
    သမက်ရှေ ့ပြမယ်လို ့
    ယောက်ခမကြီးလိုက်လာရင်
    ဆိုက်တာနဲ ့
    ပြေးပေတော့မောင်…
    လို ့…
    အမှာတော်ပါးတဲ ့…

    အေ ပူးရေ…

    လှေလူးသွားရင်…
    မခေ ဘူးလို့မပြောပါနဲ ့…
    နေ ဖူးတာက…
    အပေအတေ..အရူးကလေးလိုပါ ။
    တေတေ
    ပေပေ..
    ရှည်ရှည်နေချင်တယ်..အသက်…
    ဟေဟေ…လို ့ ရယ်မောချင်လို့ပါတော်….

    အဟိ ။
    အဟိ
    😀
    =================

  • မိုး မင်းသား

    September 18, 2012 at 8:54 pm

    ကောင်းလိုက်တဲ ့တရား……

    မှတ်သားြ့ပီး……ရင်ထဲမှာထင်ကျန်စေရစ်ခဲ ့ပါတယ်…..

    ကျေးဇူးလည်းတင်ပါတယ်…..

    တစ်ခုတော ့မေးပါရစေ….မင်းမော်ကွန်းဆိုတာ….ဆိုက်ကားဆရာလားဟင်….

    သားကမသိလို ့ပါနော်…စိတ်မဆိုးပါနဲ ့……

  • အလင်းဆက်

    September 18, 2012 at 9:06 pm

    ဟဲ ့.။ ဘယ်ကလာ..ဆိုက်ကားဆရာလဲ…

    ဒုတ်ထိုး ရောင်းတဲ ့… သူလေးပါ ။

    အဟိ ။
    😀

  • padonmar

    September 18, 2012 at 9:39 pm

    အလင်းဆက်ပေးတဲ့လက်ဆောင်လေးလည်း ယူသွားပါတယ်။
    မွေးနေ့မှာ သူများတွေဆီက လက်ဆောင်ယူဖို့ထက် ကိုယ်ကပေးဖို့ ကြိုးစားခဲ့တဲ့ အလက်ဆင်းရဲ့ စိတ်ဓာတ်ကိုလေးစားအားကျကြောင်းပြောရင်း
    သက်ရှည်ကျန်းမာ ဘေးဘယာဝေးလို့ လိုရာဆန္ဒပြည့်စေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

  • ဝင့်ပြုံးမြင့်

    September 18, 2012 at 9:45 pm

    ဒို့ ဆရာလေးက မင်းသားချောလေး နိုင်းနိုင်း နဲ့မှ တကယ့်ကိုချွပ်စွပ်တူတာ။ အဟုတ်။

  • nature

    September 18, 2012 at 10:12 pm

    အင်မတန်အဖိုးတန်တဲ့ ဆုံးမစကားလေးတွေကို သိရှိရလို့ကျေးဇူးပါ။

  • ထွန်း ပြောင်

    September 18, 2012 at 10:52 pm

    ဗျို့………………သဂျီး အိပ်ပျော်နေတာလားဗျ…..ဒီပို့စ်လေးကိုလာဖတ်ကြည့်ပါအုံးဗျ……

    kai says:

    စာမျက်နှာ ၁မျက်နှာလောက်လေးစာရေးထားတာ…
    ဘာသာရေးနွယ်နေတာ.. အဓိကအချက်.. ၅ချက်အနေနဲ့ပါနေတယ်..
    ………………………
    အဲဒါမျိုးကို… ဘာသာရေးအစွန်းရောက်နေတယ်..မခေါ်ရင်.. ဘယ်လိုလူမျိုးခေါ်မလည်း.. နော..

    ……………………………………….
    အထက်ပါ ကွန်မန့်လေးကတော့ သဂျီး ကျွန်တော့်ပို့စ်မှာ ဝင်မန့်ထားတာလေးပါဗျ……..
    ……………………ဒို့မေတ္တာစွမ်းကမ္ဘာလွှမ်း အေးချမ်းကြပါစေ………….

    • Shwe Tike Soe

      September 19, 2012 at 12:42 pm

      ကိုထွန်းပြောင်ရေ စိတ်ထဲမထားပါနဲ. ခင်ဗျာ.. အစ်ကို ရေးစရာရှိတာ ဆက်ရေးပါ… နော်…
      အစ်ကိုရဲ.စာတွေ ကောင်းရင် ကောင်းသလို မကောင်းရင် မကောင်းသလို ပြောပြ အားပေးကြမယ့်သူတွေရှိနေပါတယ် ခင်ဗျ…..

  • TTNU

    September 18, 2012 at 11:59 pm

    အလင်းဆက်ရေ…
    မဆုံးသောအိပ်မက်ရှည်တွေနဲ့ လျှောက်လှမ်းရဦးမယ့် လူ့ဘဝကြီးထဲမှာ
    ဟုတ်သောအကြံ၊ မှန်သောအကျင့်၊သင့်သော အယူ၊ ဖြူသောနှလုံး၊သူတော်ထုံးကို
    တော့ မမေ့လေနဲ့ လူကလေးရေ။
    🙂

  • Tin Tin

    September 19, 2012 at 9:46 am

    အလင်းဆက်ရဲ့ တန်ဘိုးရှိလှတဲ့ လက်ဆောင်လေးကို
    သေသေချာချာ ဖတ်ပြီး မှတ်သား လိုက်ရလို့ ကျေးဇူးပါ….

  • ရွှေ ကြည်

    September 19, 2012 at 10:15 am

    အိမ်း…. ကောင်းလေစွ ကောင်းလေစွ သာဓု သာဓု သာဓု…။ မှတ်သားသွားပါတယ်နော်။

    အလင်းဆက်ကမင်းမော်ကွန်းနဲ့တူချင်လို့လား ကလေးအဖေကြီးနော် 😀

  • kyeemite

    September 19, 2012 at 2:44 pm

    ချီးကျူးပါတယ်အလင်းဆက်ရေ…
    ဒို့များ ဒီအရွယ်လောက်က ကွန်ပူတာဆိုတာလဲမရှိသေး
    စာရေးပီးပို့ပြန်တော့ ကောင်းလွန်းလို့ ဘယ်မဂ္ဂဇင်းကမှလက်မခံ..:hee:
    ခုလို လွတ်လပ်စွာတွေးပီးရေးခွင့်ပြု ထားတဲ့ သဂျီးကိုလဲ
    ကျေးဇူးတင်ပါရဲ့…ဒီခွင့်ပြုချက်ကိုမှ အလင်းဆက်တို့လိုငယ်ရွယ်သူတွေက
    တန်ဖိုးရှိရှိအသုံးချနေတာမြင်ရတော့ ဝမ်းသာမိပါဂျောင်း..
    မွေးနေ့မှာ..လိုရာဆန္ဒပြည့်စေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

  • အလင်းဆက်

    September 19, 2012 at 7:02 pm

    ကဲ.. အန်တီမမ ရေ…
    အန်တီ ဝင့်ပြုံးမြင်ကတော့… အမှန်အတိုင်းပြော..သွားပြီ။
    အဟိ ။ နိုင်းနိုင်း နဲ ့တုူလေစွ..တဲ ့။

    ကျွန်တော့် လက်ဆောင်ကလေးကို..ကျေနပ်သဘောကျတယ်.ဆိုလို ့.ဝမ်းသာမိပါတယ် ..
    ကျေးဇူးဘာ..အန်တီမမ…။
    မ= မမ…… ဆိုတဲ ့ ကိစ္စ ကတော့…
    အဟီး…..။:D
    ==========
    ကိုရင်စည်သူရေ...
    အနုပညာခံစားမှု အားကောင်းတာတော့ ပို့စ်တိုင်းတွေ့ရပါဒယ်……ဆိုတဲ ့စကားလေးက..
    ကျွန်တော့်ကို …..အရူးကို ဘုံမြှောက်လိုက်သလို ဖြစ်ပြီ။
    အဟိ ။
    ဝမ်းတာ လိုက်တာ…။

    အမှာတော်လေးတွေက်ု.. သဘောကျ တယ်ဆိုလို ့…
    တင်လိုက်ရကျိုးလေး.နပ်ပြီပေါ့ ။
    ကျေးးဇူး အထူး…။
    😀
    ============

    အန်တီ ပုမ္မာရေ..
    ဆုတောင်းစကားလက်ဆောင်လေးအတွက်..ကျေးဇူးပါပဲ.ဗျာ.။
    အန်တီ.ရဲ ့ ချီးကျူးစကားကြားရတာ..ကြက်သီး..ထလိုက်တာ.။
    ပြီးတော့.ပျော်လည်းပျော်တယ် ။
    တကယ်ပါ ဗျာ.။:D
    =============
    မမပြုံး… ဒယ်..ကြောတာ ရား .ဟင်….

    အဲ..စကားတောင် မပီတော့ဘူး။ ဝမ်းသာ…ထှာ…။
    😀
    ==============
    nature ..ရေ..
    အဖိုးတန်တဲ ့ အမှာတော်..လို ့ သတ်မှတ်ပေးလို ့ရော…
    ခံစာ း ဖတ်ရှု.. ပေးလို ့ရော…
    ထာဝရ..ကျေးကျေး…။
    😀
    ============

    ကို ထွန်းပြောင်...

    ဘာပါလိမ့် ။ ?
    ================

    တီတီနုရေ....

    ဆုံးမ အားပေးစကားတွေ…မှာကြားလို ့ကျေးဇူးပါ..။

    တီတီနု ရဲ ့ စကားလက်ဆောင်…လေး မြင်ရတော့… ဝမ်းသာလိုက်တာဗျာ .။

    ကျေးဇူး..ထာဝရ..ပါနော် ။
    ===============

    တင်တင် ရေ..
    သေသေချာချာ ဖတ်ရှု.ခံစားပေးလို ့…
    ကျေးဇူး…။

    ===============

    မရွှေကြည်..ရေ.။

    ကလေးအဖေကြိးနဲ ့တူချင်တော့ဘူး။ ဟိုမှာ..ချာမ ဝင့်ပြူးမြင့်.က…
    နိုင်းနိုင်းနဲ ့..တူ ဒယ် ဆိုပဲ…။

    😀
    =============

    ဥိးဦး…မိုက်..

    ရဲ ့စကားလေးကြားရတာ..အားရှိလိုက်တာ.ရှင်…
    အဲ..လေ… အား .ရှိလိုက်တာဂျာ…။

    ဆုမွန်ကောင်းလေး.. အတွက်.ကျေးဇူး..။
    ==============

    ကျွန်တော့် ပိုစ့်ကို…
    ဖတ်ရှု.ခံစား…အားပေးစကားပြောကြသူများ နှင့်…

    ကျွန်တော့်ကို ပေးသော…လက်ဆောင် ပိုစ့်များ…….ချီးမြင့် ကြသော…

    ဆရာမ ဝင့်ပြုံးမြင့်….http://myanmargazette.net/148810/creative-writing/poetry-songs

    ကိုမိုးမင်းသားhttp://myanmargazette.net/149026/entertainment

    မရွှေကြည်….http://myanmargazette.net/149025/creative-writing

    နှင့်….

    ကျွန်တော့် ကို… အပြင်မှာ မမြင်ဖူး/ မတွေ ့ဖူးသော်လည်း…
    ကျွန်တော့် …. စာ…များကို…..ရင်းနှီ း ကျွမ်းဝင်ပြီး…

    ကျွန်တော့် မေးလ် ထဲကို… မွေးနေ့အမှတ်တရ လက်ဆောင်မွန်များ.ပေးပို ့ခဲ့ကြသူများ…

    ပြီးတော့… ကျွန်တော့်ကို…ဆုတောင်းစကားလက်ဆောင်မွန်များ… ချီးမြှင့်ခဲ့ကြသော..
    ကျွန်တော်ချစ်သော..ရွာသူရွာသား.မောင်နှမ..များ.အားလုံးကို…
    လေးစားစွာ… ကျေးဇူးတင်ရှိ ပါတယ်ခင်ဗျား..။

    ပြောမပြတတ်အောင် ကျေးဇူး..ထာဝရ တင်ရှိပါတယ်..လို ့။

    လေးစားခင်မင်စွာ…
    အလင်းဆက်
    alinsett.art@gmail.com

  • ကြောင်ကြီး

    September 20, 2012 at 8:33 am

    မွေးနေ့ရှင်
    ကျွေးစေ့ချင်
    ထွေးပွေ့ပြင်
    နွေးခွေ့လျင်..

  • aemoshu

    September 20, 2012 at 3:03 pm

    ဖတ်သွား၊မှတ်သွား၊ ကျေးဇူးတင်သွားပါတယ်ကွယ်။

    အမတို့ရုံးမှာ သူဌေးက….
    everyone makes mistake. admit the mistake. learn from it. don’t repeat it.
    အဲ့လိုလေးရေးထားပါတယ်…

  • manawphyulay

    September 20, 2012 at 4:21 pm

    အင်း ၁ဝ ချက်ကတော့ အတော်လိုက်နာပြီး ပြုပြင်စရာတွေ အများကြီးပဲ ဆိုတာ ရရှိခဲ့ပါတယ်။
    ဘာလိုလိုနဲ့ အသက် ၄ ပုံတစ်ပုံ ရောက်လာခဲ့ပေါ့ ဟုတ်လား။ မွေးနေ့မှစပြီး လိုချင်သော ပန်းတိုင်ကို မနှေးအမြန်ရောက်ရှိပါစေ မောင်လေးရေ။..

Leave a Reply