ချိန်တန်ပြီ..ညီမလေး

candle .September 18, 20121min16710

ညီမလေး..

ယောက်ျားတစ်ယောက်က..မင်းဘဝကို..

အချစ်.. အချစ်.. ဆိုပြီး..

နင်းချေ..စုတ်ပြတ်စေခဲ့လည်း..

အတင်းဖြေကာ..မင်း အခြေဆက်ပေမဲ့..

အချိန်တန်ပြီ.. ညီမလေးရယ်…

မင်းရဲ  ့..

မိုးကောင်းကင်..အိပ်မက်တွေကနေ..

ပြေးထွက်ခဲ့ပေတော့..

ဟိုး.. အရှေ့မှာ ငါမြင်..

မင်းအတွက် ရောင်ခြည်လေး..

ခပ်မှေးမှေး ဆိုပေမဲ့..

အားတင်းကာထွေးပေတော့..

လက်တွန် ့မနှေး……….

 

10 comments

  • ကိုရင်မောင်

    September 18, 2012 at 5:02 pm

    ကိုယ့်အချစ်နဲ့အရာရာအကောင်းဖြစ်စေရမယ်…
    ဆိုတာလား……
    သတိရမိပါတယ်..ဆိုင်းထီးဆိုင်သီချင်းလေးကို….

    • candle .

      September 18, 2012 at 5:18 pm

      အချစ် နဲ ့ ဘဝဟာ တကယ်တော့ခြား….

      ကျန်တာတော့ ကိုယ့်ဟာကိုယ်ဘဲ ဆက်ဆိုလိုက်တော့နော်..

  • may flowers

    September 18, 2012 at 6:03 pm

    အားပေးသွားပါတယ် ။

    • candle .

      September 19, 2012 at 8:15 am

      အမ ပန်းကလေး ရေ..
      ကျေးဇူး ပါနော်..

  • မောင်ပေ

    September 18, 2012 at 7:20 pm

    ချိန်တန်ပြီ
    ဂိမာန်ဆီ
    တိမ်ပျံချီ
    လိမ်ရန်ပလီ
    စိန်မှန်ရီ

  • Kyaw Myo Thet

    September 18, 2012 at 10:07 pm

    ဒီစာသားလေးကိုအရမ်းခိုက်လို့ပါ
    ” There are two greater then all,
    One is “war”
    &
    Other is “Love”
    မြန်မာလိုဆိုရင်တော့ ငရဲကြီးရှစ်ထပ် ရှိပါစေတော့ ကိုယ်လေသွားရဲပါတယ်ပေါ့ဗျာ။

  • candle .

    September 19, 2012 at 8:11 am

    ကိုကျော်မျိုးသက်..ရေ
    candle ရဲ ့ညီအစ်မ အရင်းလိုချစ်ရတဲ့ညီမလေးတစ်ယောက်
    အမှောင်ထဲမှာနစ်နေလို ့ဆွဲထုတ်ချင်တဲ့ စိတ်ရင်းမှန်ကို
    ရင်ဘတ်နဲ ့ တကယ်ခံစားပြီး ရေးလိုက်မိတာပါ..
    တစ်ခါတစ်ရံ..လူသားတွေဟာ အချစ်အတွက်ဆိုရင်
    မိုက်ရူးရဲ ဆန်တတ်ကြပေတာကိုး…

  • လုံမလေး မွန်မွန်

    September 20, 2012 at 2:31 pm

    မြန်မာမိန်းကလေးတွေကို စာများများဖတ်ပြီး ဆန္ဒကို အသိနဲ့ ထိန်းချုပ်စေချင်တယ်…

    • candle .

      September 20, 2012 at 4:47 pm

      သေချာတာပေါ့ မွန်မွန် ရယ်..
      အပိုင်း သုံး လေးမြန်မြန်ဆက်နော်..

Leave a Reply