လေဆင်နှာမောင်း……
ရေဆင်နှာမောင်း………

ဟောလာပြန်ပီ မီးဆင်နှာမောင်းတဲ့……………

ပေ၁၀၀ (မီတာ ၃၀) ခန့် မြင့်တဲ့ မီးလေပွေကြီးဟာ သြစတြေးလျ မှာ စက်တင်ဘာ ၁၁ ရက် အင်္ဂါနေ့ က ဖြစ်ပွားခဲ့ပါတယ်…..

တန်ဂျီ အမည်ရှိ ဗီဒီယိုရိုက်ကူးရေးသမား တယောက်က သြတြေးလျ ပြည်နယ်တ၀ိုက်ကို လှည့်လည်နေရင်း ထူးဆန်းလှတဲ့ ထိုအဖြစ်အပျက်ကို မှတ်တမ်း တင်ခဲ့ပါတယ်……

သူတို့ ဟာ မီးလေပွေလို့ တောင် တင်စား မခေါ်ချင်ပါဖူး မီးမိစ္ဆာလို့ တင်စားခေါ်ချင်ပါတယ်တဲ့… ကြောင်စရာကောင်းလို့ပါ…..

အရှိန် က ပြင်းထန်လှပီး ကြားရတဲ့သူအဖို့  ဂျက်လေယာဉ်တစား ကိုယ်နား ဖြတ်ပြေးနေသလိုပါပဲတဲ့…..

အဖြစ်အပျက်က သိပ်မြန်ဆန်လွန်းတဲ့ အတွက် မှတ်တမ်းတင်သူတွေဟာ ကောင်းမွန်စွာ မရိုက်ကူးနိုင်ခဲ့ပါဖူး….

တနာရီ ၂၂ မိုင်နှုန်းခန့်  အမြန်နှုန်းရှိမယ်လို့  ခန့် မှန်းကြပါတယ်…..

သမိုင်းအရ ၁၉၂၃ ခုနှစ် စက်တင်ဘာ ၁ရက် နေ့ လည် ၁၂ နာရီ ၀န်းကျင့်ခန့် မှာ ဂျပန် ကျွန်းမကြီး တွင် တိုက်ခက်ခဲ့ပီး … လူပေါင်း ၃၈၀၀၀ ခန့် ဟာ ၁၅ မိနစ် အတွင်း သေဆုံးခဲ့ပါတယ်…. ထိုအချိန်မှာ ကန်ဒို ဆိုတဲ့ငလျင်ဟာလည်း လေးမိနစ်မှ ၁၀ မိနစ် အတွင်း ရစ်ချက်စတာစကေး ၇.၉ နဲ့  လှုပ်ခက်ခဲ့ပီး ငလျင်ကြောင့် လူသေမှူထက် မီးလေပွေကြောင့် လူသေမှူဟာ အဆမတန် များလှပါတယ်…… ထို ငလျင်ကို အခြေခံကာ ၁၉၇၃ မှာ နီဟွန် ချင်ဘိုဆု ဆိုတဲ့ စိတ်ကူးယဉ် ဇာတ်ကားကို လည်း ရိုက်ခဲ့ပါသေးတယ်…..

အောက်ဖော်ပြပါ လင့် များပေါ် အမှီပြုကာ တိမ်မည်းမှ မြန်မာလို ဆီလျော်စွာ ဘာသာပြန်သည်….

Ref: with video file
http://www.bbc.co.uk/news/world-latin-america-11086299

Ref: without video file
http://www.dailymail.co.uk/news/article-2204468/Pictured-The-frightening-FIRE-tornado-whirled-Australian-outback-40-MINUTES.html
http://www.thesun.co.uk/sol/homepage/news/4543089/Fire-tornado-caught-on-camera-by-filmmaker-Chris-Tangey.html
http://www.businessinsider.com/fire-tornadoes-in-australian-outback-2012-9

Wiki Ref:
http://en.wikipedia.org/wiki/Fire_tornado
http://en.wikipedia.org/wiki/1923_Great_Kant%C5%8D_earthquake

 

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........