မီးဆင်နှာမောင်း(Fire Tornado) တဲ့…….

တိမ္မည္းSeptember 18, 20122min16020

လေဆင်နှာမောင်း……
ရေဆင်နှာမောင်း………

ဟောလာပြန်ပီ မီးဆင်နှာမောင်းတဲ့……………

ပေ၁၀ဝ (မီတာ ၃၀) ခန် ့မြင့်တဲ့ မီးလေပွေကြီးဟာ ဩစတြေးလျ မှာ စက်တင်ဘာ ၁၁ ရက် အင်္ဂါနေ ့က ဖြစ်ပွားခဲ့ပါတယ်…..

တန်ဂျီ အမည်ရှိ ဗီဒီယိုရိုက်ကူးရေးသမား တယောက်က ဩတြေးလျ ပြည်နယ်တဝိုက်ကို လှည့်လည်နေရင်း ထူးဆန်းလှတဲ့ ထိုအဖြစ်အပျက်ကို မှတ်တမ်း တင်ခဲ့ပါတယ်……

သူတို ့ဟာ မီးလေပွေလို ့တောင် တင်စား မခေါ်ချင်ပါဖူး မီးမိစ္ဆာလို့ တင်စားခေါ်ချင်ပါတယ်တဲ့… ကြောင်စရာကောင်းလို့ပါ…..

အရှိန် က ပြင်းထန်လှပီး ကြားရတဲ့သူအဖို ့ ဂျက်လေယာဉ်တစား ကိုယ်နား ဖြတ်ပြေးနေသလိုပါပဲတဲ့…..

အဖြစ်အပျက်က သိပ်မြန်ဆန်လွန်းတဲ့ အတွက် မှတ်တမ်းတင်သူတွေဟာ ကောင်းမွန်စွာ မရိုက်ကူးနိုင်ခဲ့ပါဖူး….

တနာရီ ၂၂ မိုင်နှုန်းခန် ့ အမြန်နှုန်းရှိမယ်လို ့ ခန် ့မှန်းကြပါတယ်…..

သမိုင်းအရ ၁၉၂၃ ခုနှစ် စက်တင်ဘာ ၁ရက် နေ ့လည် ၁၂ နာရီ ဝန်းကျင့်ခန် ့မှာ ဂျပန် ကျွန်းမကြီး တွင် တိုက်ခက်ခဲ့ပီး … လူပေါင်း ၃၈၀၀ဝ ခန် ့ဟာ ၁၅ မိနစ် အတွင်း သေဆုံးခဲ့ပါတယ်…. ထိုအချိန်မှာ ကန်ဒို ဆိုတဲ့ငလျင်ဟာလည်း လေးမိနစ်မှ ၁ဝ မိနစ် အတွင်း ရစ်ချက်စတာစကေး ၇.၉ နဲ ့ လှုပ်ခက်ခဲ့ပီး ငလျင်ကြောင့် လူသေမှူထက် မီးလေပွေကြောင့် လူသေမှူဟာ အဆမတန် များလှပါတယ်…… ထို ငလျင်ကို အခြေခံကာ ၁၉၇၃ မှာ နီဟွန် ချင်ဘိုဆု ဆိုတဲ့ စိတ်ကူးယဉ် ဇာတ်ကားကို လည်း ရိုက်ခဲ့ပါသေးတယ်…..

အောက်ဖော်ပြပါ လင့် များပေါ် အမှီပြုကာ တိမ်မည်းမှ မြန်မာလို ဆီလျော်စွာ ဘာသာပြန်သည်….

Ref: with video file
http://www.bbc.co.uk/news/world-latin-america-11086299

Ref: without video file
http://www.dailymail.co.uk/news/article-2204468/Pictured-The-frightening-FIRE-tornado-whirled-Australian-outback-40-MINUTES.html
http://www.thesun.co.uk/sol/homepage/news/4543089/Fire-tornado-caught-on-camera-by-filmmaker-Chris-Tangey.html
http://www.businessinsider.com/fire-tornadoes-in-australian-outback-2012-9

Wiki Ref:
http://en.wikipedia.org/wiki/Fire_tornado
http://en.wikipedia.org/wiki/1923_Great_Kant%C5%8D_earthquake

 

20 comments

  • Mon Kit

    September 18, 2012 at 4:04 pm

    It’s really?? very wonderful!!!

  • ဒဿ ဖွတ်ကျား

    September 18, 2012 at 4:18 pm

    ခန်းဒိုး မဟုတ် ခန်းတိုး…လုပ်ပါအေ…
    The Great Kantō earthquake (関東大震災 Kantō daishinsai)
    関東 ဆိုတာ 本州 Hon Syu (ကျွန်းမကြီး ရဲ့) အရှေ့ဘက်ဒေသ ကို ရည်ညွှန်းတာပါ..
    စကားစပ်လို့ပါ
    ဂျပန်ကို သည်လို၈ပိုင်း ပိုင်းခြား လေ့ ရှိပါတယ်။

    ၁) 北海道 (မြောက်ဘက်စွန်းက hokkaido ကျွန်း)
    本州 Hon Syu (ကျွန်းမကြီး) ကိုတော့ ..
    ၂) 東北(အရှေ့မြောက်)
    ၃) 関東(အရှေ့ပိုင်း)
    ၄) 中部(အလယ်ပိုင်း)
    ၅) 関西(အနောက်ပိုင်း)
    ၆) 中国(အနောက်တောင်ပိုင်း)
    ၇) 四国(လေးခရိုင် စီရင်စု ကျွန်း)
    ၈) 九州(နာမည်ကျော်沖縄 အိုကီနာဝါ ရှိပြီး တိုင်ဝမ်နဲ့ နီးတဲ့ တောင်ပိုင်းကျွန်း)အနေနဲ့ပါ

    ပြောသာပြောရတယ်.. ကြောက်ဒလယ်ကွယ်…
    ဒီကျွန်းက သိပ် စိတ်ချရတာ မဟုတ်ဝူးရယ်…

    😆

    တော်သေးဘီ.
    ခင်တဲ့
    ဂီ

    • Black Cloud

      September 18, 2012 at 4:38 pm

      အခုလို အမှားကို ထောက်ပြတဲ့အတွက်ကော ဗဟုသုတ ရစေတဲ့အတွက်ကော ကျေးဇူးပါ……
      ဂျပန်သုတေသီ များမှတ်ရတယ်…. တော်တော်ကျွမ်းတယ်နော်……
      ဘယ်လို များဆက်နွယ်ပီး အဲ့လောက်သိလဲဟင်…..
      ကြုံတုန်း ဘူး အဲ့လေ ဗြူးပါရစေ….. 🙂

  • mayjuly

    September 18, 2012 at 4:21 pm

    အယ် ပျက်စီးဆုံးရှုံးမှုတွေရော ရှိသေးလားဗျ ..
    သဘာဝဘေးအန္တရာယ်တွေ အရမ်းကြောက်ဖို့ကောင်းပါတယ် …

    • Black Cloud

      September 18, 2012 at 4:42 pm

      ဩစတြေးလျမှာတော့ မရှိဖူးခင်ဗျ…..
      အတိတ်သမိုင်း ဂျပန်မှာတော့ သေခဲ့တာတော့တော်တော်များတယ်….
      http://en.wikipedia.org/wiki/1923_Great_Kant%C5%8D_earthquake
      အဲ့လင့်လေးမှာ ဆက်ဖတ်ပါနော်…..

  • သစ် တည်

    September 18, 2012 at 5:15 pm

    အဲ့ဒီ့မီးလေပွေ ကဘယ်ကစဖြစ်တာလဲဟင်……..?

  • kai

    September 19, 2012 at 12:00 am

    တောမီးလောင်နေတဲ့အပေါ်. လေဆင်နှာမောင်းရောက်သွားတော့ မီးဆင်နှာမောင်း ဖြစ်သွားမယ်ထင်မိတယ်..။

    စကားအတင်းစပ်ပြောရရင်.. ကောင်းကင်ပေါ်က.. ဖားတွေ..ငါးတွေ.. ပြုတ်ကျလာတဲ့အဖြစ်တွေ.. ရှိတယ်လို့..စာတွေထဲဖတ်ဖူးတယ်…။
    အဲဒါတွေက.. အင်းအိုင်တခုခုအပေါ်ကို.. လေဆင်နှာမောင်ဖြတ်တော့.. ရေတွေဆွဲစုပ်ယူသွားတာမို့.. ရေနဲ့အတူပါတဲ့ အကောင်ဘလောင်တွေ.. လေအရှိန်သေတော့..ပြန်ပြုတ်ကျလာတာဖြစ်မယ်လို့.. ထင်ရကြောင်းး….. :harr:

  • TTNU

    September 19, 2012 at 12:56 am

    ကိုခိုင်
    တီချာတို့လည်း အဲဒီလို Emoticon လေးတွေ လိုချင်တယ်။

    • kai

      September 19, 2012 at 2:51 am

      အီးမေးလ်နဲ့ပို့ထားတယ်… တီချယ်နုရေ..
      စမ်းနေတာပါ..
      ဟိုမှာ.. အရီးလတ်တယောက်ကတော့.. ပိုစ့်အဟောင်းကြီး.. လျှောက်ဖွနေလေရဲ့… :eee:
      http://myanmargazette.net/70743/creative-writing

      • အရီးခင်လတ်

        September 19, 2012 at 3:07 am

        သူကြီး က အုန်းသီး ပေးတာကိုး။
        မျောက် အုန်းသီး ရသလို ပေါ့။ :kwi:

        • ဆူး

          September 19, 2012 at 8:44 am

          မျောက်အုန်းသီးတဲ့.. ဘယ်လိုများနေလဲ.. 🙂 နည်းပညာလေးဘာလေး ပြောပြပါအုန်း
          :kwi:

        • Ma Ei

          September 19, 2012 at 8:57 am

          တစ်ရွာလုံး သုံးလို့ရအောင်
          တင်ပေးပါလားနော်…
          :kwi:

  • မောင်ပေ

    September 19, 2012 at 3:02 am

    စူပါနေချရယ်ထဲကလို ကမ်ဘာပျက်ကိန်း အချက်ပြတာပေါ့

    • ရွှေ ကြည်

      September 19, 2012 at 12:03 pm

      ဟုတ်တယ် ဟုတ်တယ် အဲဒါဟုတ်တယ် 😛

  • MaMa

    September 19, 2012 at 9:05 am

    ထူးလှချေတကား။
    အော်…
    ငါကံကောင်းနေသေးတယ်။ 🙂

  • kyeemite

    September 19, 2012 at 2:13 pm

    :kwi:
    ဘာပဲပြောပြောထူးဆန်းတာတော့အမှန်ပါ…သင့်ခရုပါ ဘလောက်ကလက်.. 🙂

Leave a Reply