ပြည်တွင်းရှိ မိုဘိုင်းလ်ဖုန်းဆိုင်တချို့ တင်သွင်းမည့် iPhone 5 ဈေးနှုန်းများအလွန်မြင့်မားကြောင်းသိရသည်။

အာဂSeptember 18, 20121min45224

ထို့ကြောင့် ဈေးနှုန်းအနိမ့်ဆုံး နှင့် US မှ မှာယူတင်သွင်းပေးမည်ဟု ကြော်ညာထားသော ဆိုင်မှ ဈေးနှုန်များကို မျှဝေပေးလိုက်ပါသည်။

16 (GB) – 773,000 Ks
32 (GB) – 879,000 Ks
64 (GB) – 995,000 Ks

ဒါကတော့ Yangon online store ကနေမှာ US ကနေမှာယူပေးမယ့်ဈေးနှုန်းများပဲဖြစ်ပါတယ်။
ရန်ကုန်အွန်လိုင်းစတိုးကနေမှာယူမယ်ဆိုရင်တော့ ဖုန်းတန်ဖိုးရဲ့တဝက်ကို စရံအနေနဲ့ပေးချေရမှာဖြစ်ပီး ကျန်တဝက်ကိုတော့ ဖုန်းရောက်မှပေးချေရမှာဖြစ်ပါတယ်။
ဖုန်းရောက်ရှိမယ့်ကြာချိန်ကတော့ မိမိမှာယူချိန်ကနေစပီးတော့ ၃ပတ်ကနေ ၄ ပတ်အတွင်းပဲဖြစ်ပါတယ် ။
စရံတဝက်ပေးပီးသည်နှင့် ပစ္စည်းမှာယူကြောင်းဘောက်ချာပေးမှာဖြစ်ပါတယ်
အောက်မှာတော့ ရန်ကုန်အွန်လိုင်းစတိုးကိုဆက်သွယ်ရမယ့် လိပ်စာများဖြစ်ပါတယ်။
စိတ်ဝင်စားပါက ဖုန်းနှင့်သော်လည်ကောင်း အီးမေလ်းနှင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါတယ်ဗျာ
No.(59/B), Yaw Min Gyi (York) Street, Dagon Township, Yangon, Myanmar., Dagon, Yangon, Burma, 11191
09-73002215 , 09-73164534
ဆက်သွယ်ရမယ့် မေလ်းကတော့ sales@yangononlinestore.com ဖြစ်ပါတယ်။
မှတ်ချက်။ ။ ကျွန်တော် ရန်ကုန်အွန်လိုင်းစတိုးနှင့်မည်သို့မှမပတ်သပ်ပါ….မြန်မာပြည်က ဖုန်းခရေဇီများအရိုက်ခံရမည့်အရေးကိုတွေ့မြင်နေသောကြောင့်ဒီပိုစ့်ကိုတင်ခြင်းဖြစ်ပါတယ်ဗျာ…အိုင်ဖုန်းခရေဇီ များဈေးနှုန်းများကိုစဉ်းစားခြင့်ချိန်ပီးဝယ်နိုင်ကြပါစေဗျာ….

Reference and Credit to -Aung Aung Tun[Myanmar Mobile App Group]
Posted By Admin-KMO
(email:newsofburma.myanmar@gmail.com)

ဝန်ခံချက်။ ။ ဘာရယ်မဟုတ်ဘူး။ပြည်တွင်းကလူတွေ သိသင့်တယ်ထင်တယ်ရယ်။ ပျင်းတာနဲ ခိုးကူးတင်ပြလိုက်တာပါ။

24 comments

  • ကြောင်ဝတုတ်

    September 18, 2012 at 4:49 pm

    ကျွန်တော်သွင်းပေးမယ်… ရသိန်းခွဲပဲပေး…
    မှာချင်ရင် ၅၀% ကြိုပေး… တစ်လအတွင်းရောက်မယ်…
    ဆက်သွယ်နိုင်ပါတယ်…

    ပန်းသီးဘရမ်းအေဘိုကိတ်-
    ကြောင်ဝတုတ်

    • R Ga

      September 18, 2012 at 5:09 pm

      ကိုဖက် အချင်းချင်းတွေဆိုတော့လေ…။ ဟို ဟာလေ… ။ အဟီး အားလည်းနာပါတယ်။ အဟိ… ဟိုဟာလေ..။ ၁၀% ကြိုပေးပြီး တစ်လအတွင်းရောက်မှ…။ တစ်နေ့ တစ်ထောင်နှုန်းလေးများ သွင်းလို့ရမလားလို့..လေ။ အဟီး…အားလည်းနာ ပါတယ်။ ..အဟိ

      • နွယ်ပင်

        September 18, 2012 at 5:17 pm

        O …… အားမနာပါနဲ့ ရပါတယ် ရပါတယ် အချင်းချင်းတွေပဲဟာ
        ဦးကြီးဖက်က စဉ်းစားပေးမှာပေါ့ ဟိ …. 🙂

        • Shwe Tike Soe

          September 19, 2012 at 12:31 pm

          အမလေးးးးးးးးး သဲ၊အုတ်၊ကျောက်၊ဘိလပ်မြေ :|:

    • ဒဿ ဖွတ်ကျား

      September 24, 2012 at 2:02 pm

      ဖေ့စဖုတ် မှာ သူများ တွေ ပလူပျံအောင် ရှဲထားတာလေးတွေ့လို့ ..
      ကူးတင်လိုက်ပါတယ်..
      ဟီဟိ …
      ကရဲစည် နဲ့ ကဖတ်ကတ် တို့ … ထသတ်ကုန်ရင် တာဝန်မယူပါ…

      Samsung : မင်းရဲ့နည်းပညာကို ငါမခိုးပဲနဲ့ ငါ့ကိုတရားဆွဲတယ် မင်းကကလိမ်ကကျစ်

      iPhone : မင်းကငါ့နည်းပညာကိုမခိုးပေမယ့် တစ်ဖြည်းဖြည်းတူအောင်လိုက်လုပ်လာတာတော့ သုံးတဲ့သူတွေသိတယ် iOS တွေက အရင်ကတည်းက ဒီစတိုင်ပဲ

      Samsung : မင်းထုတ်တဲ့ OS တွေက ဘာမှလည်းထူးထူးခြားခြားတိုးတက်မလာဘူးဆိုတော့ Customer ကိုလှည့်စားနေတာလား

      iPhone : ငါက Feature များများမတိုးဘူး တိုးရင်လည်းတစ်ခုတည်းနဲ့ပိုင်ပိုင်နိုင်နိုင် အံ့ဩသွားစေမယ့်အရာပဲလုပ်တယ် i Family အနေနဲ့ကိုယ်ပိုင် OS ကိုပဲသုံးတာ ပထွေးကိုအဖေမခေါ်တတ်ဘူး

      Samsung : မင်းရဲ့ app store က User တွေအကောင့်ဖွင့်ရတာမခက်ခဲလွန်းဘူးလား

      iPhone : Google Play ထက်တော့ Smart ကျတာအမှန်ပဲ

      Samsung : memory ထပ်တိုးလို့ရမယ်ဆိုရင် ကောင်းမယ် မင်းတို့အိုင်ဖုန်းတွေ

      iPhone : memory ထပ်စိုက်ရင် OS မှာ Extrnal source အတွက်အများကြီးထပ်ရေးရဦးမယ် ကတ်အရည်အသွေးပေါ်မူတည်ပြီး အရာအားလုံးပြောင်းလဲနေမယ် နောက်ဆုံးမင်းလို ဟန်းသွားမှာပေါ့

      Samsung : မင်း app တွေကသွင်းရတာခက်ခဲလွန်းပါတယ်ကွာ

      iPhone : သွင်းပြီးသွားရင်လည်း ဘာမှချေးမများဘူး iproduct အားလုံးနဲ့အံဝင်ပြီးသား ဟိုဖုန်းမှာမရတာ ဒီစက်မှာမရတာမဖြစ်ဘူးမင်းတို့ app ကမှအကုန်သွင်းလို့ရတယ် ဒါပေမယ့် အားလုံးပေါ်မှာ run လို့မရဘူး

      Samsung : Custom Firmware တင်ရင် ကြောင်တတ်တယ်ဆို

      iPhone : Official တင်လည်းကြောင်တာ မင်းတို့ Android လေ

      Samsung : ငါတို့မှာ Rooting Tool တွေအများကြီးကွ ကြိုက်တာသုံးလို့ရတယ်

      iPhone : မလိုပါဘူး OS တစ်ခုအတွက် Root တစ်ခုတော်ပြီပေါ့

      Samsung : ခုချိန်မှာမင်းတို့ စတိဗ်ဂျော့ပ် အသားကုန်ကြိုးစားခဲ့တဲ့ သမိုင်းတစ်လျောက်နာမည်ရတဲ့နည်းတူ ငါတို့ Samsung ကအချိန်တိုလေးနဲ့နာမည်ရလာတာ မရှက်ဘူးလား

      iPhone : Google ဆိုတာကဂုရုကြီးလေ ငါတို့နဲ့ တစ်တန်းတည်းတွေပေါ့ ငါတို့က အစကတည်းက ကိုယ်ပိုင် OS ကိုယ်ပိုင် Store နဲ့ ကိုယ်ပိုင်ဟန်တွေ ရှိထားပြီးသား မင်းက ငါနဲ့တစ်တန်းတည်းကောင်တွေ လုပ်တဲ့ OS နဲ့ Store ကိုသုံးနေတာ ငါ့ရဲ့ တူအဆင့်လောက်ပဲရှိပါတယ် နာမည်ရတာလည်းမဆန်းပါဘူး

      Samsung : Nokia ကိုတောင်ကျုပ်ခေါက်ထားနိုင်ခဲ့တာ ခင်ဗျားလုပ်နိုင်ခဲ့လို့လား

      iPhone : Bill Gates နဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့တစ်နေ့ မင်း Nokia လက်အောက်ရောက်ဦးမယ်ထင်တယ်

      Samsung : ငါတို့ Developer တွေကတော်တယ် app တွေအများကြီးရေးနိုင်တယ် လိုချင်တာရတယ်

      iPhone : ငါတို့ကတော့ လိုချင်တာ ပေးနိုင်ဖို့ထက် လိုအပ်တာကိုရေးပြီး သွက်လက်တိကျမြန်ဆန်ပြီး ချောမွေ့ဖို့အဓိကထားတယ်

      Samsung : nano sim card ကအောင်မြင်မယ်ထင်နေလား စတန့်ထွင်လွန်းတယ်

      iPhone : မင်းတို့ကအစ ငါတို့စတန့်နောက်လိုက်လာတာပဲမဟုတ်လား မင်းတို့သာ nano နဲ့ခပ်ဆင်ဆင် idea လိုပ်မလုပ်ပါစေနဲ့လို့ပဲဆုတောင်းရမှာပေါ့

      Samsung : ငါတို့က Open Source ကွ အကုန်လုံးလွပ်လွပ်လပ်လပ်ပဲ

      iPhone : ငါတို့ကတော့ OS ကိုလည်းထိန်းချုပ်ထားတယ် Technology ကိုလည်းထိန်းချုပ်ထားတယ် Developer တွေကိုလည်းထိန်းချုပ်တယ် User တွေကိုလည်းထိန်းချုပ်ထားတယ် ဈေးကွက်ကိုလည်းထိန်းချုပ်ထားတယ် ဘာဆိုဘာမှမလွပ်လပ်ဘူး ဒါပေမယ့် ဒီနေ့ထိ အမှာစာတွေဆက်တိုက်ရောက်နေတဲ့လျို့ဝှက်ချက်တွေရှိနေတယ်

      Samsung : ဘာလဲ

      iPhone : မင်းဉာဏ်မီလာတဲ့တစ်နေ့ကျရင် မင်း Open ထားသမျှ အကုန်ပိတ်ပြစ်လိမ့်မယ် ပြီးတော့ ငါတို့လိုပဲ တစ်ခုဆိုတစ်ခု ကျကျနနလုပ်တတ်လာလိမ့်မယ်

      (ဂလက်ဆီ ယူဇာတွေ ဝိုင်းဆဲကြဇေသဒီး…)
      အာဟိ ဒက်ဂလောက်…

      :kwi:

      :hee:

      • ကြောင်ဝတုတ်

        September 24, 2012 at 4:42 pm

        ကျုပ်သာ ပိုစ့်ပိုင်ရှင်ဆိုရင် အပေါ်ကကော်မန့်ကို BC ပေးတယ်… စိမ်းပြစ်တယ်ဗျာ…ဟိဟိ

        (ဂလက်ဆီ ယူဇာတွေ ဝိုင်းဆဲကြဇေသဒီး…)
        အာဟိ ဒက်ဂလောက်…

        ကြောင်ဝတုတ်

  • Alpha Vanishing

    September 18, 2012 at 5:03 pm

    အဓိက ကတော့ iphone 5 မှာ သုံးရမယ့် nano sim card ကြောင့် ပြည်တွင်းက အသုံးပြုလို ့လောလောဆယ် အဆင်မပြေနိုင်သေးပါဘူး iphone 4 မှာ သုံးခဲ ့တဲ့ micro sim card ထက် ပိုသေးပြီး ပိုပါး နေလို ့ အဆင်မပြေနိုင်သေးပါဘူး

    • Khaing Khaing

      September 20, 2012 at 1:45 pm

      အခုလို သေချာပြောပြပေးတာ ကျေးဇူးပါ …….. ဝယ်မယ်လုပ်နေတာ ဝယ်မိရင်တော့ ငါးဗန်းမှောက်ဦးမယ် … ဟဲ ဟဲ ကြုံတုန်းလေးကြွားတာ တကယ်မထင်နဲ့ ……….

  • Crystalline

    September 18, 2012 at 5:25 pm

    တော်ပြီး လက်ရှိလေးနဲ့ပဲကျေနပ်နေလိုက်မယ်. သူ့ဝယ်မယ့်အစား ရွှေတကျပ်သားပဲဝယ်မယ်.

    • R Ga

      September 18, 2012 at 5:31 pm

      အဲဒါပိုကောင်းတယ်။ ဘယ်တော့မှ မရှုံးနိုင်တဲ့ ရင်နှီးမှုပဲ..။

  • ဒဿ ဖွတ်ကျား

    September 18, 2012 at 5:41 pm

    ပန်းသီး ဝင်မယ်ဆို.
    သူဝင်ရင် လိုင်းကန်ပနီနဲ့ရော ခွက်ဒစ်ကန်ပနီနဲ့ပါ ချိတ်ဆက်ပြီး ၂နှစ် ပလဲန် နဲ့ရောင်းပေးမယ်ဆို
    ကနဦး ကုန်ကျငွေ မများဘဲ သုံးနိုင်မယ် လို့ မြင်ပါကြောင်း
    မြန်မြန် ဝင်စေချင်ပါကြောင်း.

    အိုဘယ့်. မိကုလေးရေ.
    အူးဂီ. အေယူပြောင်းကိုင်မကွဲ့.

    ဟီဟိ

    ခင်တဲ့
    iဂီ့

  • Alpha Vanishing

    September 18, 2012 at 6:03 pm

    ဖုန်း နဲ ့ပါတ်သတ်လို ့ ဒီ လင့်ကို သွားလိုက်ပါ ကျွန်တော့် ဆရာသမား အစ်ကို တွေလုပ်ထားတဲ ့ ဆိုဒ်ပါ application တွေကို free ရအောင် crack လုပ်ထားတာတွေပါ တော်တော်ပြည့်စုံပါတယ် ပန်းသီးသမားတွေရော စက်ရုပ် သမား တွေအတွက်ရော အဆင်ပြေကြမှာပါ အဲဒီဆိုဒ်က မြန်မာလူမျိုး cracker ကြီးတွေရဲ ့ကြိုးစားမှုတွေပါ ။ စတင်တာမကြာသေးလို ့ လိုအပ်ချက်များရှိရင် သည်းခံ ပေးကြပါဗျို ့

    http://myanmarplay.com/

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 18, 2012 at 8:41 pm

    Apple ကုမ္ပဏီက iPHONE 5 တရားဝင် မိတ်ဆက်ပွဲထုတ်
    by ဗွီအိုအေ (မြန်မာဌာန)
    အမေရိကန်ပြည်ထောင်စုက သတင်းနည်းပညာ ဧရာမ ကုမ္မဏီကြီးဖြစ်တဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဟာ အားလုံးက မျှော်လင့် စောင့်စားနေကြတဲ့ iPhone အမျိုးအစားသစ် လက်ကိုင်ဖုန်းဖြစ်တဲ့ iPhone 5 ကို စက်တင်ဘာ (၁၂)ရက်နေ့က စတင် မိတ်ဆက် ပွဲထုတ်လိုက်ပါပြီ။
    အခု iPhone 5 ဟာ အရင်နှစ်က ရောင်းချခဲ့တဲ့ iPhone 4S ထက် မြင်ကွင်း screen ပိုကြီးပေမဲ့ iPhone 4S ထက် သေးငယ် ပေါ့ပါးတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။
    ကာလီဖိုးနီးယား (California) ပြည်နယ်က ဆန်ဖရန်စစ္စကို (San Francisco) မြို့မှာ ကျင်းပတဲ့ Apple ကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ iPhone 5 ကို မိတ်ဆက်ပွဲထုတ်ခဲ့တာပါ။ အရင်က iPhone 4S ဟာ တတိယမျိုးဆက်ကွန်ယက် (Third Generation Network) 3 G နဲ့ ချိတ်ဆက်မှု ဝန်ဆောင်ပေးထားစဉ်မှာ တောင်ကိုးရီး ယားက Samsung ကုမ္ပဏီက စတုတ္ထမျိုးဆက်ကွန်ယက် (Forth Generation Network) 4 G နဲ့ ချိတ်ဆက် ဝန်ဆောင်မှုပေးတဲ့ Android အမျိုးအစား Galaxy S III လက်ကိုင်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့တာကြောင့် iPhone အမျိုးအစား လက်ကိုင်ဖုန်းတွေ ဈေး ကွက်မှာ အရောင်းထိုင်းသွားခဲ့ပါတယ်။
    တခြား လက်ကိုင်ဖုန်း အမျိုးအစားတွေကလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်လာ တာကြောင့် ကမ္ဘာ့လက်ကိုင်ဖုန်း ဈေးကွက်မှာ အဆင့်မြင့်နည်းပညာ smart phone တွေကို ပဲ တောင်းဆိုလာခဲ့ကြတာပါ။
    အခုအခါမှာတော့ ဒီ လက်ကိုင်ဖုန်း smart phone တွေထဲမှာ ဦးဆောင်မှုကို ပြန်ပြီးရယူဖို့ iPhone 5 နဲ့ Apple ကုမ္ပဏီက ကြိုးပမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခု iPhone 5 ကို အလျူမီနီယံသတ္ထုနဲ့ ဖလ်နဲ့ ပေါင်းစပ်ထုတ်လုပ်ပြီးတော့ အထူ (၇.၆) မီလီမီတာ၊ ဗျက် (၁၀၂) မီလီမီတာ၊ အလေးချိန် (၁၂၂) ဂရမ်ရှိတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။
    Phone 5 မှာ မိုက်ကရိုဖုန်း သုံးလုံးပါရှိပြီး အင်တာနက်ချိတ်ဆက်မှုတွေကို အမြန်ဆုံး speed နဲ့ ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ကြောင်း၊ အနိမ့်ဆုံး 16 giga bite သိုလှောင်နိုင်တဲ့ iPhone 5 တစ်လုံးကို နှစ်နှစ် စာချုပ်နဲ့ တယ်လီဖုန်းလိုင်း ယူသူတွေကို အမေရိကန်ဒေါ်လာ (၁၉၉) ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
    http://burmese.voanews.com/content/apple-company-introduces-iphone-5/1506919.html

  • Kyaw Myo Thet

    September 18, 2012 at 10:01 pm

    Iphone တော့ရောင်းစရာမရှိဘူးဗျား မြန်မာ Sim Card တော့ရောင်းစရာရှိတယ်။
    ပိုက်ဆံကြိုတင် တစ်ဝက်သွင်းထားရမယ် ။ ကျန်တဲ့တစ်ဝက်ကိုတော့ ပစ္စည်းရမှပဲထပ်ပေးရမှာပါ။
    မြန်မာ Sim card တစ်ခု ၃၀၀၀ဝ သုံးသောင်းကျပ်နှုန်းဖြင့် ပထမဆုံးစာရင်းပေးသူ ၁ဝ ဦးသာ။
    ပစ္စည်းရမည့်နေ့။ ။ မြန်မာ ၅၀၀ဝ တန်ဆင်းကဒ်ထွက်သည့်နေ့တွင်ရမည်။

    • ကြောင်ဝတုတ်

      September 19, 2012 at 9:17 am

      ဆက်သွယ်ရန်လိပ်စာလေးလုပ်စမ်းပါ…
      တစ်ခါတည်း တစ်သောင်းခွဲလာပေးလိုက်မယ်….

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ဒဿ ဖွတ်ကျား

        September 19, 2012 at 9:54 am

  • Alpha Vanishing

    September 19, 2012 at 8:36 am

    စက်တင်ဘာလ ၁၂ ရက်နေ့က iPhone 5 ကိုတရားဝင်ကြေညာလိုက်တဲ့အခါ iPhone 5 မှာအသုံးပြုရမယ့် SIM Card အမျိုးအစားကို Nano SIM Card ကိုအသုံးပြုရမှာဖြစ်တာကို အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ Nano SIM Card ကိုအသုံးပြုတာ iPhone 5 ကပထမဆုံးဖြစ်ပြီး နိုင်ငံတကာမှာတောင် Nano SIM ကစတင်သုံးစွဲခြင်းမရှိသေးတဲ့အနေအထားမှာပါ။ ဒီအချိန်မှာ iPhone 5 က Nano SIM Card အရွယ်အစားကိုအသုံးပြုမည်ဖြစ်ကြောင်းကို Apple ကတရားဝင် Event မှာကြေညာလိုက်တဲ့အခါ နိုင်ငံတကာက ဆက်သွယ်ရေးကုမ္ပဏီကြီးများကလည်း မိမိတို့ရဲ့သက်ဆိုင်ရာနိုင်ငံတွေက Mobile Users တွေ iPhone 5 ကိုအသုံးပြုလို့ရစေဖို့အတွက် Nano SIM Card များကိုအပူတပြင်းထုတ်လုပ်ကြရတဲ့အထိ Nano SIM ကအကျိုးသက်ရောက်မှုကြီးသွားပြီး Mobile SIM Card တွေရဲ့ရေစီးကြောင်းတစ်ခေတ်ပြောင်းတော့မယ့်အနေအထားကိုရောက်ရှိသွားပါတယ်။ ဒါပေမယ့် iPhone 5 ကလောလောဆယ်ဈေးကွက်ထဲကိုရောက်ရှိမလာသေးတာကြောင့် လက်ရှိသုံးစွဲနေကြတဲ့ SIM Card /Micro SIM Card များကို Nano SIM အဖြစ်ဖြတ်တောက်သုံးစွဲနိုင်ပါ့မလားဆိုတဲ့ ဝေဖန်သံများ ၊ ဆွေးနွေးသံများဟာလည်း ယခုရက်ပိုင်းအတွင်းမှာ မိုဘိုင်းလောကရဲ့ စိတ်ဝင်စားခြင်းခံရတဲ့ကိစ္စတစ်ရပ်ဖြစ်နေပါတယ်။
    ဒါပေမယ့် မိုဘိုင်းဈေးကွက်ထဲကို SIM Card ကို Nano SIM Card အဖြစ်ပြောင်းလဲပေးနိုင်မယ့် Nano SIM Card Cutter များလည်း ဈေးကွက်ထဲကိုဝင်ရောက်လာတာကိုတွေ့ရပါတယ်။ ဒီ Cutter တွေက လက်ရှိ SIM Card တွေကို Nano SIM Card ရဲ့အရွယ်အစားအတိုင်းဖြတ်တောက်ပေးနိုင်တာမှန်ပေမယ့် iPhone 5 မှာအသုံးပြုရမယ့် Nano SIM အရွယ်အစားက လက်ရှိ SIM Card များထက် ၁၅ ရာခိုင်နှုန်းခန့်ပိုပါးတယ်လို့လည်းဆိုကြပါတယ်။ သို့သော် iPhone 5 က ဈေးကွက်ထဲရောက်ရှိမလာသေးတာမို့ တကယ်စမ်းသပ်ပြီးမှ ရမရပြောလို့ရမယ့်အနေအထားမှာရှိပါတယ်။

  • မောင်ပေ

    September 19, 2012 at 9:57 am

    ထီပေါက်တဲ့အခါ
    အမွေရတဲ့အခါ
    ကျောက်အောင်တဲ့အခါကြမှ
    ဝယ်ကိုင်နိုင်မယ်ဗျာ
    :eee:

  • ကြောင်ဝတုတ်

    September 19, 2012 at 12:03 pm

    မြန်မာနိုင်ငံမှာ ထုတ်ပေးထားတဲ့ Normal SIM တွေအနေနဲ့
    ၁၅သိန်းဖုန်းအစပိုင်းက ထုတ်ပေးထားတဲ့ SIM တွေက နာနိုဆင်းမ် အဖြစ်ဖြတ်လို့မရပါဘူး…
    ဒါပေမယ့် နောက်ပိုင်း ဝ၉၅၄လောက်မှာထုတ်ပေးတဲ့ Normal SIM တွေကိုတော့ နာနိုအဖြစ် ဖြတ်လို့ရနိုင်တဲ့အရွယ်အစားရှိပါတယ်…
    နောက်တစ်ခုက အထူအပါးကိစ္စပါ…
    ကျွန်တော်တို့အနေနဲ့ နာနိုအရွယ်ဖြတ်ပြီးရင် ကော်ပတ်နုနုလေးနဲ့ SIM နောက်ကြောဘက်ကနေ ပွတ်ပြီးပါးလို့ရပါတယ်…
    ၁၅% ဆိုတာက ဘယ်လောက်မှမသိသာတဲ့အနေအထားပါ… စွန့်တော့စွန့်စားရမည်ပေါ့… အိုင်ဖုန်းဖိုက်လက်ထဲရောက်လာလို့…
    ရှိတဲ့ SIM နဲ့အဆင်ပြေအောင်ကြိုးစားပြီးမှ အကြောင်းပြန်ပါ့မယ်…

    ဂဇက်ရဲ့ ပန်းသီးဘရမ်းအေဘိုကိတ်-
    ကြောင်ဝတုတ်

    • nozomi

      September 19, 2012 at 12:14 pm

      လူဆိုး
      အိမ်က မိန်းမ စိတ်ချမ်းသာအောင် ဘယ်လိုနေမယ်
      သူမကြိုက်တာ ဘယ်လိုလေးပြင်မယ်ဆိုတာတော့ မစဉ်းစားဘူး

      မိန်းမ မကြိုက်တဲ့ ပိုက်ဆံအများကြီး ကုန်အောင် ဖုံးအသစ်ဝယ်
      သူ့ထဲ ထည့်ဘို့ဟာလဲ ရအောင်ဖြတ် နဲနဲပါးဘို့ ကော်ပတ်စား လုပ်ဘို့ ကြ
      အသဲအသန် စဉ်းစားတယ်

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 12:15 pm

      ဆင်းမ်ကတ်ကို ညှပ်ပီးရင် တနေလောက် ပြလိုက်ဗျာ..
      ကျုံ့သွားအောင်…

      ၁၅% ဆိုတာ ပါးပါးလေးပါအေ…
      ဆီလေးစွတ်ပီး ထည့်ရင် ဝင်ပါတယ်…

      :harr:

      :hee:

  • Shwe Tike Soe

    September 19, 2012 at 12:45 pm

    တော်ပါပြီးအေ ကိုယ့်ဟာကို ဟာဝေး ၈၆၀ဝ မော်ဒယ် အနိမ့်လေးပဲကောင်းပါတယ်.. ပန်းသီး ကိုက်ရတာ တစ်ကိုက် ကိုက်လိုက် လွှင့်ပစ်လိုက်နဲ. မတန်ပါဘူးအေ…………
    ဟို ကြောင်ပိတ္တာကြီး ဆို တကိုက်ကိုက်လိုက် လွှင့်ပြစ်လိုက်နဲ. အခုတော့ အိမ်ဂရမ်တောင် ပေါင်ထားရပေါ့……. ခိခိခိ…….
    နောက် ပန်းသီး ၆ ထွက်လာရင် သူ.ယောက္ခမ အိမ် ပေါင်ဖို. ညှိနေတယ်……… အမလေး သဲ ရယ် ချိတ်ညစ်ထာအေ……

  • Alpha Vanishing

    September 23, 2012 at 9:59 pm

    iPhone 5 ကိုင်မဲ့သူတွေ ၊ iPhone 5 အတွက် Untethered Jailbreak မရှိမှာ
    စိုးရိမ်နေကြတဲ့သူတွေအတွက် iPhone 5 အတွက် Cydia Jailbreak အောင်မြင်ကြောင်း
    တရားဝင်ထွက်ရှိလာပါပြီ..။

    iOS 5.1.1 မှာ Untethered Jailbreak ထွက်ရှိဖို့ လအတော်တန်ကြာ စောင့်စားခဲ့ရတဲ့အတွက်
    iOS 6.0 ကို စတင်သုံးစွဲနေတဲ့သူတွေ ၊ iPhone 5 အသုံးပြုမဲ့သူတွေအတွက် iOS 6.0
    အတွက် untethered Jailbreak မရှိမှာအတွက် တော်တော်လေး စဉ်းစားလာရပါတယ်။
    အခုဆိုရင် Grant Paul ( chpwn ) ရဲ့ ပြောကြားချက်နဲ့ တရားဝင်ဖော်ပြမူအရ
    iPhone 5 ကိုင်မဲ့သူတွေ ၊ iPhone 5 အတွက် Untethered Jailbreak မရှိမှာ
    စိုးရိမ်နေကြတဲ့သူတွေအတွက် iPhone 5 အတွက် Cydia Jailbreak အောင်မြင်ကြောင်း
    တရားဝင်ထုတ်ဖော်ပြလာတဲ့အတွက် iOS 6.0 စတင်သုံးစွဲနေသူတွေနဲ့ ၊ iPhone 5 ကို
    ကိုင်မယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် သတင်းကောင်းလေး တစ်ခုအနေနဲ့အသိပေးလိုက်ပါတယ်ခင်ဗျာ ……

  • ဦး ဂျစ်

    September 24, 2012 at 9:45 am

    အင်း.. အိုင်ဖုံး ဖိုုက် ကတော့ အတန်းအစားတခု ခွဲခြားပေးခဲ့ပြီ …
    ကျုပ်အဖို့ အလှမ်းဝေးလွန်းနေတယ် …
    မိဘတွေလဲ သားသမီးတွေ နားပူနားဆာလုပ်ခြင်း ခံရဖို့ ရှိနေကိန်းမြင်သဗျား ….။
    အော် … အနိစ္စ …။

    :eee:

Leave a Reply