သဘောင်္သီးထောင်း

may flowersSeptember 18, 20121min20321

ယိုးဒယားစတိုင် သဘောင်္သီးထောင်းလေး အိမ်မှာအလွယ်ထောင်းစားကြည့်ကြရအောင် နော်။

ပထမဆုံး သင်္ဘောသီးတစ်စိတ်ကို ခြစ်ထားပါ။ ကျွန်မကတော့ မုန်လာဥနီတစ်ဥလောက်  ခြစ်ပြီးထဲ့ပါတယ်။

ပြီးရင် ငရုတ်ဆုံကြီးကြီးထဲကို ငရုတ်သီးတောင့်ရင့်ရင့် ၁ဝ တောင့်ခန့်၊ ကြက်သွန်ဖြူ ၁ဝ မွှာခန့် ( အခွံအကုန်မခွာပစ်ပဲ အပေါ်ခွံလောက်သာ ခွာထားပါ) ကို

မညက်တညက်ထောင်းပါ။ ထို့နောက် ထန်းညက်ပျော့ပျော့တစ်လုံး ထဲ့ထောင်း၊ မြေပဲလေးစိတ်ကွဲဖြစ်အောင်ထောင်းထဲ့ပါ။ ပြီးနောက် ငံပြာရည် ၊

ဟင်းခတ်မှုန့်၊ သံပုရာသီးတစ်လုံးအရေညှစ်ထဲ့၊ပုဇွန်ခြောက်လိုသလောက်၊ ခရမ်းချဉ်သီးတစ်လုံး ( အလုံးသေးက သုံးလုံးခန့်လှီးထဲ့ပါ) ၊။ နောက်ဆုံးမှ

ခြစ်ထားတဲ့ သင်္ဘောသီးနဲ့ မုန်လာဥနီကို ထဲ့ပြီး ငရုတ်ဆုံနဲ့ဖြေးညင်းစွာ နှံ့အောင်ထောင်းပေးပါ။ အရသာ ကိုယ်လိုသလိုပြန်လည်ပြုပြင်ပြီး ကန်ဇွန်းရိုးနီ၊

ပေါ်ဖီထုတ်တို့နဲ့ အရသာရှိတဲ့ ချဉ်ချိုစပ်သဘောင်္သီးထောင်းတစ်ပွဲကို သုံးဆောင်နိုင်ပါပြီနော်။

ယိုးဒယားသင်္ဘောသီးထောင်းစစ်စစ်တွေမှာတော့ ရေချိုငါးပိ၊ ဂဏန်းဆားစိမ်၊ ကင်းမလက်မဲ စသည်တို့ ထဲ့ထောင်းကြပါတယ်။ ကျွန်မကတော့ မြန်မာစတိုင်

မြန်မာအကြိုက်ပုဇွန်ခြောက်လေးနဲ့ပဲ ထောင်းထားပါတယ်နော်..။

 

ရှုးရှုးရှဲရှဲနဲ့ အရသာတွေ့စေမဲ့ သင်္ဘောသီးထောင်းလေး ( ကန်ဇွန်းရိုးနီကတော့ မရှိလို့မထဲ့ထားလိုက်ဘူးနော်  ဂေါ်ဖီထုပ်နဲ့ပဲတွဲစားလိုက်ပါနော်)။

 

21 comments

  • candle .

    September 18, 2012 at 5:51 pm

    အား…သွားရည်တွေကျလာ လို ့
    အားရ ပါးရ..စားသွားတယ်နော်…

  • may flowers

    September 18, 2012 at 5:59 pm

    စားပါ စားပါ…. စားစေချင်လို့တင်ပေးတာပဲဟာ candle ရေ။

  • Crystalline

    September 18, 2012 at 6:52 pm

    တကယ့်ကို စားချင်စဖွယ်ပဲ..

  • ကိုခင်ခ

    September 18, 2012 at 7:28 pm

    အခုဘဲ ညစာစားမလို့ မမေရေ နည်းလောက်တော့ ယူစားပြီးဗျာ။
    ကောင်းမှ ကောင်း။

  • မောင်ပေ

    September 18, 2012 at 7:38 pm

    အားပါး စပ်လိုက်တာနော်
    ရှူးရှဲ ရှူးရှဲ
    မေလေးကို ဂျစ်မိသွားပြီကွာ

  • Kyaw Myo Thet

    September 18, 2012 at 10:39 pm

    နဲနဲတော့ပေါ့သကွဲ့
    တူမကြီးရေ ရေနွေးကြမ်းလေးထပ်ဖြည့်ပေးပါဦး။

  • TTNU

    September 19, 2012 at 12:04 am

    စားချင်စရာနော်။
    တီချာတို့ အရင်က သုတ်စားရင် ပဲမှုန့်တွေသိပ်ထည့်မိတယ်။
    ဒီလိုလေးလုပ်စားကြည့်ဦးမယ်။
    Great appetizer ပဲနော်။ 🙂

  • Ma Ei

    September 19, 2012 at 9:17 am

    မေလေးရေ…
    စားချင်စရာလေး..
    ပဲတောင့်ရှည်လေးနဲ့ ကိုက်စားရင်လဲကောင်းမှကောင်း
    🙂

  • Tin Tin

    September 19, 2012 at 9:23 am

    မေရေ ကြည့်ပြီး စားချင်စရာကောင်းလွန်းလို့
    အိမ်မှာလုပ်စားလိုက်အုံးမယ်…
    ကျေးဇူးနော်.. စားကောင်းတာလေးတွေကို ဝေမျှပေးလို့…

  • Mon Kit

    September 19, 2012 at 9:41 am

    အမြင်နဲ့တင် စပ်တဲ့အရသာ ရနေပီ…
    အစပ်ကြိုက်သူမို့ အကုန် သိမ်းကြုံး စားသွားပီ…….
    😆

  • Novy

    September 19, 2012 at 10:22 am

    မနိုလည်းစောစောစီးစီး သင်္ဘောသီးထောင်းဝင်စားသွားတယ်
    စပ်လို့ ယိုဒယားမှာလို့ ဆန်စီးထမင်းဖြူတစ်ပွဲလောက်မှာစားလိုက်အုံးမယ်

  • eipu

    September 19, 2012 at 11:11 am

    ဂလု ဂလု
    စားချင်လိုက်တာနော်

  • နွယ်ပင်

    September 19, 2012 at 11:25 am

    ကြည့်ရင်းစားချင်လာပြီနော် အလုပ်အောက်မှာရောင်းတဲ့ ရယ်ဒီမိတ်လေးပဲဝယ်စားရတော့မယ် …

  • may flowers

    September 19, 2012 at 1:28 pm

    Crystalline ၊ ကိုခင်ခ ၊ ကိုပေ ၊ အလင်းဆက် ၊ Kyaw Myo Thet ရေခုလို ဝင်ရောက်စားပေး အဲ အားပေး
    ကော့မန့်ပေးကြတဲ့အတွက် ကျေးဇူးပါနော်။

    တီချာရှင့် ခုလိုကော့မန့်ဝင်ရေးပေးတဲ့အတွက် ဝမ်းသာကျေးဇူးတင်မိပါတယ်။ ယိုးဒယားသင်္ဘောသီးသုပ်က
    တော့ မြန်မာသင်္ဘောသီးသုပ်လို ပဲမှုန့် ၊ ဆီ မပါပဲ ချဉ်ချိုစပ်လေးမို့ ကျွန်မကတော့ပိုပြီးခံတွင်းတွေ့မယ်လို့
    ထင်ပါတယ်။

    မအိရေ အမှန်တော့ထောင်းကတည်းက ပဲတောင့်ရှည်လေးနဲနဲချိုးထဲ့ထောင်းရင်ပိုကောင်းပါတယ် အိမ်မှာ
    ပဲတောင့်ရှည်အဆင်သင့်မရှိလို့မထဲ့လိုက်ရတာပါ..ကော့မန့်ဝင်ရေးပေးလို့ ကျေးဇူးပါ။

    Tin Tin နဲ့ Mon Kit ရေ အမကလည်းကျေးဇူးပါလို့..အမကိုယ်တိုင်ကလည်း အစပ်ကြိုက်တာကြောင့်
    စပ်တဲ့အရသာပိုတတ်တဲ့ ယိုးဒယားအစားအစာတွေကို ပိုကြိုက်မိပါတယ်။

    ဟုတ်တယ်နော် Novy ရေ ထိုင်းတွေကတော့ သင်္ဘောသီးထောင်းစပ်စပ်ကို ကောက်ညှင်းနဲ့ ဝက်သားချဉ်
    ကင်နဲ့ ရေခဲရေ နဲ့တွဲပြီးစားတာမြင်ဖူးတယ်..အစပ်နဲ့ အအေးနဲ့ ဘယ်လိုများလိုက်ပါ့မလဲလို့ တွေးတောင်
    တွေးမိသေးတယ်။

    eipu ရေ စားသွားပါ အားမနာနဲ့နော်။ နွယ်ပင်ရေ ကိုယ်တိုင်လုပ်စားရင်လည်း အရမ်းလွယ်ပါတယ်။ အားတဲ့အချိန် လုပ်စားကြည့်ပါနော်။

  • mayjuly

    September 19, 2012 at 1:33 pm

    ကြိုက်တယ်ကွယ်..
    နဲနဲ မြည်းသွားတယ်နော် .. 😀

  • may flowers

    September 19, 2012 at 1:58 pm

    မြည်းပါမြည်းပါ mayjuly ရေ..ကြိုက်တယ်ပြောရင် ဝမ်းသာပါ၏။

  • ကိုရင်စည်သူ

    September 19, 2012 at 2:29 pm

    ပြောပါဒယ် သင်္ဘောသီးက ကောင်းပါးဒယ်ဆို
    စားကြည့် အများသိ အားရှိပါဒယ်ဗျာ..
    စားကြဘာ.. စားကြဘာ..
    ကျနော်လည်း စားသွားပါဒယ်… 😆

  • အရီးခင်လတ်

    September 19, 2012 at 2:40 pm

    ဒီနေ့ ခေါက်ဆွဲပြုတ်သောက်ရမှာ။
    အဲဒီချိန် ကျ ပြန်လာ ကြည့်ပြီး သားရည်ကျ ပါဦးမယ်။
    တစ်ချိန်က အလွန်ကြိုက် အလွန်စားခဲ့တာပ။
    ကျေးဇူးပါ မေလေးရေ။ 🙂

  • may flowers

    September 19, 2012 at 2:42 pm

    အားမနာပဲ စားသွားပါကိုရင်စည်သူရေ..:)

  • may flowers

    September 19, 2012 at 2:49 pm

    အနေနီးရင်လည်း တကယ်ပဲကျွေးချင်ပါရဲ့ အရီးခင်လတ် ရယ်။ ခုလိုအားပေးတဲ့အတွက်

    ကျေးဇူးပါ..:-)

Leave a Reply