မွန် မျှစ်ပေါက်ဟင်း

may flowersSeptember 19, 20121min32726

ဒီနေတော့ ့ ဈေးကိုသွားရင် ဝါးပိုးမျှစ်နုနုကြီးတွေတွေ့တာနဲ့ ဝယ်လာခဲ့တယ် ။ စားလို့လည်းကောင်း ၊ အဟာရနဲ့ပြည့်စုံပြီး  အရသာရှိလှတဲ့ မွန်မျှစ်ပေါက်ဟင်း

ချက်စားကြမယ်လေနော်။

ချက်ရတာကလည်း တိုင်းရင်းသားရိုးရာဟင်းမို့ အရမ်းကို လွယ်ကူရိုးရှင်းလှပါတယ်။  မွန် မျှစ်ပေါက်ဟင်းအတွက်လိုအပ်တဲ့ အမယ်တွေကတော့

-ဝါးပိုးမျှစ်နုနုတစ်ချောင်း

-ပုဇွန်ဆိတ် ၂ဝ သားခန့်

-စိမ်းစားငပိအနည်းငယ်

-ဆား

-ကြက်သားမှုန့် ( လိုအပ်မှထဲ့ပါ)

-နနွင်းမှုန့်

-ဆန်မှုန့် ( ဆန်အနည်းငယ်ကို ရေဆေးပြီးကြိတ်ထဲ့  (သို့) ထောင်းထဲ့ရပါမယ် ။ အများကြီးမထဲ့ရပါဘူး များလွန်းပါကပျစ်ပျစ်ကြီးနဲ့ အရသာမကောင်းတော့ပါ)

တို့သာ လိုလို့အရမ်းကို ရိုးရှင်းပါတယ်။ ဒါပေမဲ့လတ်ဆတ်တဲ့ မျှစ်ဖြစ်ရန်တော့လိုပါတယ်။

ကဲ..စချက်ကြည့်ကြတာပေါ့။ ပထမဆုံးမျှစ်ကို အပေါ်ခွံတွေကုန်အောင်သပ်လိုက်ပါနော်။ ပြီးရင် အတတ်နိုင်ဆုံး ပါးပါးလေးတွေရအောင်လှီးထားလိုက်ပါ။ ရေနဲ့

သန့်စင်အောင် နှစ်ခါလောက်ဆေးကြောပြီးနောက် အိုးလုံးထဲသို့ ထိုမျှစ်လှီးထားတာရယ် ၊ ပုဇွန်ငါးပိကို သဲမပါစေရန်ရေအနည်းငယ်နဲ့ဖျော်ပြီးစစ်ထဲ့ပါ ၊ ဆန်မှုန့် ၊

နနွင်းမှုန့် ၊ဆားအနည်းငယ်နဲ့ ရေထဲ့ကာပြုတ်ထားလိုက်ပါ။ ထို့နောက် ပုဇွန်ဆိတ်ကလေးများကို ဆား၊ နနွင်းမှုန့် တိုနဲ့နယ်ပြီး လှော်ထားပါ။ မျှစ်နှစ်ရေခန့် နူးလောက်

ချိန်မှ အဆိုပါပုဇွန်ဆိတ်လှော်ကို ထဲ့ပြီးတစ်ရေခန့်တည်တည် ထားလိုက်။ ပုဇွန်ထဲ့ပြီးတစ်ရေခန့် ဆူပြီဆိုရင်တော့ အရည်သောက်ကို ကိုယ်လိုသလောက်ချိန်ဆ

ထဲ့ပြီး အပေါ့အငန်ကိုယ်လိုသလောက်ချိန်ဆထဲ့ကာ အချိုလိုအပ်ပါက ကြက်သားမှုန့်ထပ်ထဲ့နိုင်ပါတယ်။ ဒါပေမဲ့ ပုဇွန်ရဲ့အချို၊ လတ်ဆတ်သောမျှစ်ရဲ့ အချိုကြောင့်

ကျွန်မကတော့ ကြက်သားမှုန့်မထဲ့ပဲ ဒီအတိုင်းလေးပဲချက်ပါတယ်။ အရမ်းလတ်ဆတ်ချိုမြိန်တဲ့အရသာကို ခံစားကြရမယ်လို့အာမခံပါတယ်။

ကဲ…စမ်းချက်ကြည့်လိုက်ပါနော်။

 

မွန် မျှစ်ပေါက်ဟင်း ( ပုဇွန်ဆိတ်ဝယ်လို့မရလာလို့ ပုဇွန်ကြော့နဲ့ပဲ ချက်လိုက်ရတယ်)

မျှစ်ဟင်းနဲ့ တွဲစားဖို့ ငါးပိထောင်းစပ်စပ်လေး

 အားပေးကြပါအုံးနော်။

26 comments

  • may flowers

    September 19, 2012 at 2:08 pm

    တကယ်ပဲကျွေးချင်လိုက်တာ အိမ်လွှမ်းသူရေ…။

  • Hnin Hnin

    September 19, 2012 at 2:13 pm

    မမေရဲ့ ဟင်းချက်နည်းလေးကို မွန်စပ်မို့ မှတ်သွားပါတယ်…သူက ဆန်မှုန့်ထည့်ရတယ်ဆိုတော့
    ကရင်ဟင်း တာလပေါ/ပေါ့ ဆိုလား..အဲဒီဟင်းနဲ့ ဆင်လားမသိနော်…မွန်တွေက ဆီသုံးနည်းတယ်
    လို့သိရတယ်…ဒီဟင်းလေးက ဆီ၊အရောင်မပါသလောက်ပေမယ့် စားချင်စရာလေးနော်…ငယ်တုန်း
    က အဲ့မျှစ်ချိုးပြီး ချက်စားတာတောင် သွားသတိရမိတယ်…ငါးပိထောင်းထောင်းနည်းလေးလည်း
    မွန်ငါးပိထောင်းများဖြစ်နေမလားလို့ မျှပေးပါဦးနော်…

  • may flowers

    September 19, 2012 at 2:16 pm

    Hnin Hnin ရေ ဆန်မှုန့်ထဲ့တာက ဟင်းရည်ပျစ်အောင် အနည်းငယ်ပဲထဲ့တာပါ။ ဆီတော့လုံးဝမပါတာပါ

    ကျွန်မဟင်းထဲကဆီအရောင်တွေက ပုဇွန်ဆီတွေတက်နေတာပါ။ ပုဇွန်ဆိတ်နဲ့ချက်ရင် အဲလိုဆီရောင်မတက်

    ပါဘူးလို့..။

    • Hnin Hnin

      September 19, 2012 at 6:07 pm

      ဟုတ်တယ်နော်…မမေ…ပုစွန်ထုပ်ချက်ရင် တစ်အိုးလုံး ပုစွန်ဆီတွေရဲနေလို့
      အစိမ်းမှုန့်တောင် ထည့်မချက်ဖြစ်တာ များတယ်….အရည်သောက် ပုစွန်ဆီတွေ
      ဝေ့နေရင်လည်း အစိမ်းမှုန့်ထင်နေမှာစိုးလို့ ရှင်းပြရတာ 🙂

  • Mon Kit

    September 19, 2012 at 2:24 pm

    ပါးစပ်ကလေး တပြင်ပြင် နဲ့ ကြည့်ရူအားပေးသွားပါတယ်…
    နို့…. ဂယ်မှ မချားရတာကိုးးးးးး. :byae:

    ကိုယ့်ဘာသာဘဲ ချက်စားတော့မယ်… :harr:

  • may flowers

    September 19, 2012 at 2:26 pm

    တကယ်ကျွေးချင်ပါရဲ့ Mon Kit ရယ်..ကိုယ့်ဘာသာချက်စားဖြစ်ရင်လည်း ကျွေးဦးနော်..။

  • Ma Ei

    September 19, 2012 at 2:31 pm

    ဟိုဘက်ဆိုဒ်ထဲက မျှစ်စိမ်းနဲ့ကုလားပဲ သက်သတ်လွတ်ချက်နည်းလေးမှတ်နေတာရယ်…
    တနင်္ဂနွေမှာ ချက်မလို့…ခုပုဇွန်နဲ့ချက်တာတွေ့တော့လဲ စားချင်ပြန်တာဘဲ မေလေးရေ…
    :hee:

  • may flowers

    September 19, 2012 at 2:39 pm

    မျှစ်စိမ်းကုလားပဲ သတ်သတ်လွတ်ဟင်းကို ကျွန်မလည်းအရမ်းကြိုက်ပါတယ် မအိရေ..။

    မျှစ်ဆိုဘယ်လို ချက်ချက်အကုန်ကြိုက်ပါတယ် ။။ တနင်္ဂနွေချက်စားဖြစ်ရင် ဧည့်သည်လာလုပ်မယ်လေ။

  • may flowers

    September 19, 2012 at 2:45 pm

    အဟီးး….အဲဒါတော့ သိဘူးရယ်…မျှစ်ချဉ်လောက်တော့ မတက်လောက်ဖူးထင်ပါရဲ့..လတ်လတ်ဆတ်ဆတ်

    ဆိုတော့ကာ..။

  • mayjuly

    September 19, 2012 at 3:28 pm

    အော် မျှစ်ပါဆို တတ်ပေတော့မပေ့ါ ကလေးရယ် .. ချာလုပ်တာ :kwi:

    ဗိုက်ဆာအောင်လုပ်တယ် … လျှော်ပေးတော့ … 😀

  • Good™

    September 19, 2012 at 3:55 pm

    အိမ်သူ က မျှစ်ဟင်းကြိုက် လို့ ကူးသွား တယ်။

  • Khaing Khaing

    September 19, 2012 at 4:01 pm

    မျှစ်ဟင်းနဲ့ငါးပိထောင်းနဲ့ ကွက်တိပဲ …. ရှလွှတ် ရှလွှတ် …. အမေ့ကိုချက်ကျွေးခိုင်းမယ် ……. အမ အခုတစ်လောအစားအသောက်အရမ်းပျက်နေတာ … ဟိုနေ့ကအမေက မျှစ်ချဉ်ကို ငါးနဲ့ချက်ထားတာ ထမင်းကို ပန်းကန်အမောက်စားလို့ကုန်သွားတယ် … အခုမျှစ်ဟင်းလေးကိုတွေ့တော့ စားချင်စိတ်တောင် ပြန်ပေါက်လာပီ …….

  • Wow

    September 19, 2012 at 4:20 pm

    ငါ့ကိုက ဗိုက်ဆာချိန်ကျမှလာကြည့်မိတယ်…
    :saut:
    :om:
    :chif:
    :kwi:
    :hee:
    :chee:
    :buu:

  • Shwe Tike Soe

    September 19, 2012 at 4:49 pm

    အမလေး ကျေးဇူးတင်လိုက်တာ… ညနေဟင်းမရှိတာနဲ.အတော်ပဲ နဲနဲမြည်းပြီး ပါဆယ်ထုပ်သွားတယ်နော်…….. ငပိထောင်းလေးရော……. :hee:

  • ကြည်ဆောင်း

    September 19, 2012 at 4:55 pm

    ဟင်းချက်ပြီး ဘာအရွက်မှမခပ်ရဘူးလား :bar:
    ဥပမာ – ပင်စိမ်းတို့ ရှမ်းနံနံ တို့လိုလေ..

  • may flowers

    September 19, 2012 at 7:46 pm

    mayjuly ရေ ဗိုက်ဆာရင် အဝစားသွားလေ အဟဲ။

    ကူးသွားပါ Good™ ရေ ကြိုက်မှာကျိန်းသေပါတယ်။

    အစားအသောက်ပျက်တာလား ဝိတ်လျှော့နေတာလား Khaing Khaing ရေ

    အမတို့ကတော့ နေ့စဉ်ပေါင်ချိန်တိုင်း တိုးတိုးလာလို့ စိတ်ညစ်နေတာ..:-{

    လာကြည့်ပြီး ကော့မန့်ရေးပေးတဲ့အတွက် ကျေးဇူးပါ Wow ရေ။

    အကြိုက်သာထုပ်သွားပါ ကိုShwe Tike Soe ရေ။ အားမနာနဲ့ 😀

    ဘာမှ မခပ်ရပါဘူး ကြည်ဆောင်းရေ..ကရင်တာလပေါဟင်းမှသာ ပင်စိမ်းရွက်ခတ်ရတာထင်တာပဲ ကိုယ်

    တိုင်တာလပေါဟင်းချက်ရင်တော့ ပင်စိမ်းခပ်ချက်တတ်လို့ပါ။

  • ကြောင်ကြီး

    September 20, 2012 at 8:13 am

    ဟုတ်ပါ့ မွန်မ နန္ဒာလှိုင်ကတော့ မျှစ်စို့ပေါက် နုထွားကြီးဗျ…။

  • နွယ်ပင်

    September 20, 2012 at 12:30 pm

    ဗိုက်ဆာနေတဲ့ အချိန်နဲ့ ကွက်တိကို ကြည့်မိနေတာပါလားနော်
    ငပိထောင်းရော မျှစ်ရောကြိုက်တာမို့ အားပါးတရ ပုံလေးကြည့်ပြိး
    အားပေးသွားပါတယ် ချင့် … :kwi:

  • may flowers

    September 20, 2012 at 8:37 pm

    နွယ်ပင်ရေ အားပေးတဲ့အတွက် ကျေးဇူးနော်။

    ကိုကြောင်ကြီးရေ ခုနန္ဒာလှိုင်က မျှစ်စို့ပေါက်ခန္တာကိုယ်ထက်မကတော့ဘူး 😀

  • မောင်ပေ

    September 21, 2012 at 2:06 am

    ဆန်နို့ဆီဘူး သုံးပုံတစ်ပုံ ကို ကျိတ်ထဲ့ရင် အနေတော်ပါပဲ
    :kwi:

  • may flowers

    September 21, 2012 at 1:21 pm

    အင်း………..မန်းလေးမြို့တစ်မြို့လုံးမျှစ်ပေါက်ဟင်းချက်ပြီး အလှုပေးရင် ထဲ့ဖို့ဆန်မှုန့်လား ကိုပေရေ။

  • ညလေး

    September 21, 2012 at 1:28 pm

    ရှလွတ် …ချားသွားပြီ….မမပန်းရယ်….ထမင်းစားချိန်လွန်နေပီမို….အဝတီးသွားပါဂျောင်း…

  • may flowers

    September 21, 2012 at 1:44 pm

    အဝသာတီးသွား ညလေးရေ အားမနာနဲ့နော်.. 😀

Leave a Reply