အမျိုးသား များအတွက် ..ဆေးစွမ်းကောင်းတစ်လက်..

candle .September 19, 20121min27034

ယောက်ျားလေးများသော မိသားစုတွင် ကြီးပြင်းခဲ့ရသည့်အလျောက် ယောက်ျားလေးများနှင့်

ပတ်သတ်သည့် ဆေးနည်းကောင်းလေးများကို အမှတ် ထင်ထင် ရှိခဲ့ရပါသည်။

အကိုများ မောင်များ၏ လက်တွေ ့ကျကျ ရောဂါ ပျောက်ကင်းမှုများကြောင့်လည်း နီးစပ်ရာ

အမျိုးသားသူငယ်ချင်း မိတ်ဆွေများကို လက်တို ့လမ်းညွှန်ကြည့်ရာ အမှန်တကယ်ပျောက်ကင်း

ကြကြောင်းသိရပြန်ပါသည်။ သို ့နှင့် နှစ်ပေါင်းများစွာ နှုတ်၏ စောင်မခြင်းနှင့်ဆေးညွှန်းပေးခဲ့ရာ

ယခုလည်း ဤရွာလေးထဲမှ ဦးဦး၊ အကို၊ မောင်လေးများသို ့ထပ်မံမျှဝေလိုပါသည်။

ဆေးနည်း မှာ

အမျိုးသားများ ယခင်ပုံမှန် အခြေအနေထက် အကြိမ်ရေ ပိုများစွာ မကြာခဏ ဆီးသွားနေပါက

မောပန်းနွမ်းနယ်၍ အားအင်ကုန်ခမ်းသလို ဝေဒနာခံစားလာရပါမည်။ ထိုအခါ

မီးဖိုချောင်သုံး ဂျင်း အနည်းငယ်ယူ၍ ခပ်ပါးပါး ခပ်မျှင်မျှင်လေးများဖြစ်အောင်လှီးပါ။

ကွမ်းသီးခပ်ကြီးကြီးတစ်လုံးစာခန် ့ရသောအခါ သကြားကွမ်းသီးတစ်ခြမ်းစာခန် ့ထည့်ှု၍နယ်ပြီး

ဒီအတိုင်းဝါးစားပါ။ တစ်နာရီခြား၍ သုံးကြိမ်ခန် ့စားပြီးပါက ယူပစ်သလို ပုံမှန်ပြန်ဖြစ်သွားပါ

လိမ့်မည်။  အဖိုးနည်း၍ တန်ဖိုးကြီးသည့် မြန်မာ့ဆေးနည်းကောင်း ဖြစ်သောကြောင့်

ယုံကြည်စွာ စမ်းသပ်ကြည့်စေချင်ပါသည်။

 

34 comments

  • ဒဿ ဖွတ်ကျား

    September 19, 2012 at 5:03 pm

    အမျှော်လင့်ကြီးမျှော်လင့်လာတာဗျာ.
    ပီးမှ. ဆီး တဲ့.

    😳

    :hee:

    :harr:

    • ကြောင်ဝတုတ်

      September 19, 2012 at 5:07 pm

      အင်းလေ….
      သေသေချာချာ ဖတ်ပြီးမှ… ” ဆီး” တဲ့…
      ဘီယာသောက်ပြီးရင် ဆီးခဏခဏသွားတဲ့လူများကို ဂျင်းနဲ့သကြားတိုက်ရမယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • candle .

        September 19, 2012 at 5:18 pm

        မိန်းမမှာ မီး ..ယောက်ျား ဆီး တဲ့ ..ရှင့်..
        ကိုဝတုတ် ကြောင် ရဲ ့..
        ခင်မင်လျှက်-
        candle

    • candle .

      September 19, 2012 at 5:15 pm

      ခဲလေသမျှ သဲရေကျ..
      ကိုကို ဒဿ ဘဝ…အဟိ..

      • ဒဿ ဖွတ်ကျား

        September 19, 2012 at 5:17 pm

        ကျနော်က ကိစ္စ မရှိပါဘူးဗျာ
        ကျနော့်သူငယ်ချင်း ကိုဖက်ကတ်ကြီး အတွက်ပါ.
        ခမျာ. သနားဇယာပါအေ ရယ်.

        အာဟိ

        :kwi:

  • စိန်ဗိုက်ဗိုက်

    September 19, 2012 at 5:22 pm

    ကျော် သထေးဖြစ်ရင် ဘီယာကို သကြားနဲ ့ ဂျင်းနဲ ့ ပေါင်းစပ်ထုတ်လုပ်ပါ့မယ်..
    :harr:

  • aung moethu

    September 19, 2012 at 5:27 pm

    ကျတော်က ဟိုဟာထင်နေတာ… း) တခြားဆေးနည်း ပြောပါတယ် း)

  • cobra

    September 19, 2012 at 5:48 pm

    ထင်ထားတာနဲ့တစ်ခြားစီဖြစ်သွားပါလား။
    ကျွန်တော် ထင်တာက ဆီး မဟုတ်ဘူး။

    • candle .

      September 20, 2012 at 8:54 pm

      ဘုရား..ဘုရား..တော်သေးရဲ ့..

  • aanyar thar

    September 19, 2012 at 5:50 pm

    တောက်…ငါ့နှယ်……လွဲလိုက်မှ့ဖြင့်..တက်တက်စင်အောင်ကို..လွဲတာ….မှန်းချက်…နှမ်းထွက်နဲ့မကိုက်…………ဆီးပဲ…မဝါဆိုရယ်….လိုတာထက် အကြိမ်ရေ ပိုများ..လို့ဒုခန….ဖြစ်တဲ့…ပုရိသ..ရယ်လို့….ကျနော်..တစ်တက်နဲ့တကယ်…(တစ်သက်ပြောပါတယ်..)…One ခါမှ့မကြားခဲ့ဘူးပါဗျာ…..မွေးမိ့ခင်ရဲ့ အဖေ..ကျနော့်အဖိုးမှာ….ကျားကြီး…၄.ယောက်( အဖိုး..၄..ယောက်ပေါ့..)…ဦင်္းလေး…က ၁၂ ယောက်….(ဒေါ်လေး.ပေးပြီးတော်တာရယ်…ဦးလေး..အရင်းရယ်..)..ကျား..၁၂….အဲ့ဒီဦးလေး..ကျား..၁၂ယောက်က ပေါက်တာ…..နောက်ထပ်..ကျား…..နေဦးဗျ…ညီအကို.ဝမ်းကွဲတွေ မေ့နေလို့ ပြန်စဉ်းစားနေတာ ခဏ..အဲ့..ရပြီ..အရွယ်မရောက်သေးတာရယ်…အရွယ်ရောက်လို့ လပ်ရားလပ်ရား..လုပ်နေတဲ့ကောင်တွေရယ်.(သူတို့ကတော့ လူပျို..ခြေတက်ပေါ့..)..အိမ်ထောင်ကျသွားတဲ့..သူတွေရယ်..လူပျိုခြေကျ…အကိုတွေရယ်…(ဘော်လုံးစကားပေါ့ဗျာ လူပျိုခြေကျဆိုတာ….၃ဝ မပြည့်တပြည့်…..၃၀..ဝန်းကျင်ပေါ့..)..ဂေါ်မစွံ့..လူပျိုသိုးအကို တွေရယ်..ပေါင်းလိုက်မယ်ဆို…..တစ်ဆွေလုံး…တစ်မျိုးလုံးပေါင်းလိုက်ရင်…အားလုံး….ကျားကြီး..သာတီးတူးးးကျော်မယ်..နော်….ဒါတောင်..အမတွေ..နှမတွေက မွေးတဲ့ကျားတွေမပါသေးဘူး..ယောက္ဖ.တွေဆို..စားရင်းထဲ မထည့်သေးဘူး…ကြားဘူးပေါင်ဗျာ…ဆီးလွန်တဲ့..ပုရိသ..ရယ်လို့…

  • မောင်ပေ

    September 19, 2012 at 6:14 pm

    ကတောက်
    ပို ့စ်ပိုင်ရှင်ရဲ ့စေတနာကတော့ ကောင်းပါရဲ ့
    သို ့ပေသည့် အဲဒါထက် ပိုပြီး ယောက်ျားများအတွက် ကောင်းမယ့် နည်းတစ်လက်ကို ကျုပ် မောင်ပေ က ဒီလိုလေး ညွှန်လိုက်ပါရစေ
    ကျုပ်တို ့အမျိုးသားများဟာ ရံဖန်ရံခါမှာ ကျန်းမာရေးဒေါင်ဒေါင်မြည်ပဲလို ့ဆိုပေမယ့်
    ပိုပြီး အားကောင်းမောင်းသန်ဖြစ်စေဖို ့ဆိုရင်တော့ (စိတ်ကတော့ ပါ ပါရဲ ့ ခန္ဓာကိုယ်ပါ အားပြည့်ချင်တယ်ဆိုရင်တော့) ၊ “အား” မသုံးမှီ တစ်နာရီခန် ့အချိန်မှာ ဖီးကြမ်းငှက်ပျောသီး ခပ်မှည့်မှည့်ပျော့ပျော့တစ်လုံး နဲ ့အတူ “ အေဘီစီ ” ဘီယာသံဗူးတစ်ဗူး ကို စားသောက်လိုက်ပါ ။
    ပိုပြီးစွမ်းချင်သပ ဆိုရင် ၂လုံး ၂ဗူး ကစ်ပါ
    အေဘီစီဘီယာမရနိုင်သော နိုင်ငံများတွင်နေထိုင်သူများအတွက်မူ ငှက်ပျောသီး တစ်လုံး + အိုးဘရန်ဒီ တစ်ပက် တွဲသုံးပါလေ

    • ကြောင်ကြီး

      September 20, 2012 at 8:47 am

      ဖီးကြမ်းတဖီးနဲ့ အေဘီစီ တဒါဇင် တခါထဲ ကစ်ထည့်လိုက်ရင်ရောကွာ…။

  • သစ် တည်

    September 19, 2012 at 7:10 pm

    ညီးနဲ ့အေ အမျိုးသားသီးသန် ့လဲပြောသေး…
    ဆေးစွမ်းလဲပြောသေး…နောက်ပီး..
    ဆီးဆေးတဲ……

    • candle .

      September 19, 2012 at 8:26 pm

      သစ်သစ်..
      ခစ်..ခစ်..

  • သစ် တည်

    September 19, 2012 at 7:10 pm

    ညီးနဲ ့အေ အမျိုးသားသီးသန် ့လဲပြောသေး…
    ဆေးစွမ်းလဲပြောသေး…နောက်ပီး..
    ဆီးဆေးတဲ့……

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 19, 2012 at 7:19 pm

    အဟမ်းအဟမ်း
    အားကုန်ခြင်သလား ပျားအုံကို ဒုတ်နဲ့ထိုးဘာ
    ပျားအုံကိုဒုတ်နဲ့ထိုးတော့ ပျားလိုက်မယ်
    ပျားလိုက်တော့ ပြေးရမယ်
    ပြေးတော့ ကျမ္မာရေးနဲ့ ညီညွှတ်ဒယ်
    အိုက်ဒီလို

  • ကိုခင်ခ

    September 19, 2012 at 7:39 pm

    ချင်းအသုံးပြူလျှင်သတိပြုသင့်တဲ့အချက်မှာ သွေးမတိတ်ရောဂါ၊ သွေးအားနည်းရောဂါ၊ ပျောက်ခဲသည့် အရေပြားရောဂါ နဲ့ ကိုယ်ခန္ဓာပူလောင်ခြင်းဝေဒနာ၊ နွေရာသီ အပူပြင်းချိန်တွေမှာ ချင်းအသုံးပြုခြင်း မပြုသင့်ဟု ဖတ်ဖူးပါတယ်၊ အဲလိုဆိုရင်ရော အခုနည်းက အချိန်တိုင်း လူတိုင်းသုံးစွဲလို့ ရပါသလား သိချင်ပါတယ်ဗျာ။

    • candle .

      September 19, 2012 at 8:15 pm

      ကိုခင်ခ ရေ..
      ဂျင်းကို အသုံးပြုဖို ့အတွက် အချိန်တိုင်း သင့်တော်ပေမဲ့
      လူတိုင်းတော့ မသင့်တော်ပါ..
      ဂျင်းနှင့်မတည့်သည့် ရောဂါ အခံ ရှိပါက သုံးစွဲရန် မသင့်ပါကြောင်း..

  • ကိုရင်စည်သူ

    September 19, 2012 at 7:46 pm

    ကန်ဒယ်လေးက စေတနာနဲ့ ပေးတဲ့ ဆေးနည်းဆို
    သေဆေးလည်း ဦးစည်က အလုံးလိုက် ရေမစိမ်ပဲ မျိုချပီးသား… :kwi:
    ကန်ဒယ်လေး နောက်လည်း ဆီးနဲ့ပတ်သက်ဒဲ့
    ဆေးနည်းတွေ တင်ပေးဦးနော်..
    ဦးစည်က ဆီးခဏခဏ တင်းဒတ်လို့ဘာ… 😉 😉

    • candle .

      September 19, 2012 at 8:19 pm

      စိတ်ချပါ..ဦးစည် အတွက် ဆီးဆေး ..
      အသေ အချာ ကိုထပ်တင်ပေးဦးမှာ..

  • ဦး ဂျစ်

    September 19, 2012 at 8:11 pm

    ဘိုးတော်ပုကတော့ ထုံးစံအတိုင်း လုပ်ချလိုက်ပြန်ပြီ …
    ပြေးနိုင်ပေါင်ဗျာ ..
    စိတ်ပါပေမဲ့ ခြေထောက်က ငြင်းဆန်နေသဗျ ….။

    • candle .

      September 19, 2012 at 8:21 pm

      ဦးဦးဂျစ်..
      ဇရာကို အာခံနေတာလား..အဟိ..

  • ဦး ဂျစ်

    September 19, 2012 at 8:23 pm

    ဒမယ် မောင်ရင် လေး …
    တုန်ချိချိ ဖြစ်စပြုနေပြီ ဖြစ်တဲ့ သများတို့ အရွယ်အတွက် အစွမ်းထက်တာလေး
    မစပေးပါဦး ….။

    :kwi:

  • Kyaw Myo Thet

    September 19, 2012 at 10:53 pm

    ဒီဆေးနည်းလေးကို ဘီယာလုပ်တဲ့ formula ထဲထည့်လုပ်လိုက်ရင်
    ဘီယာသောက်လဲ ဆီးခဏခဏသွားရတော့မှာမဟုတ်ဘူးဗျ။

    • candle .

      September 20, 2012 at 10:34 am

      အာဂ..ကိုကျီးမိုက်ဘဲ..နော်..

  • pyopyo may

    September 20, 2012 at 9:23 am

    အဲဒီ ဆေးနည်းက အမျိုးသမီး တွေရော စားလို့ရလားဟင်!

    Candle ရေ
    ဆေးနည်းအကြောင်းလည်း မှတ်သားရ
    Comment တွေ ဖတ်ပြီး ရယ်ရနဲ့
    ဒို့ရွာ ကြီးက တယ်ပျော်စရာ ကောင်းပါလား

    • candle .

      September 20, 2012 at 10:32 am

      ပျိုမေ ရေ..
      အမျိုးအမီးတွေလဲ သုံးလို ့ရပါတယ်..
      candle ကဒို ့ရွာထဲက ဦးဦး..အကို..မောင်လေး တွေကို
      စ ချင်လို ့တမင်အဲ့လိုခေါင်းစဉ်တပ်ပေးလိုက်တာပါ..
      ဘာဘဲဖြစ်ဖြစ် ရွာထဲကလူတွေအားလုံးကို candle ချစ်တယ်..ရွာထဲဝင်တာ
      မကြာသေးပေမဲ့ အားလုံးကို သံယောဇဉ် ဖြစ်မိပါတယ်..
      ဒို ့ရွာလေးက သာယာတယ်နော်..

      • ကိုရင်စည်သူ

        September 20, 2012 at 12:01 pm

        တိဒယ်.. သိပါဒယ်.. အဲ့စကားလုံးလေးတွေကြောင့်
        ဦဒတ်သ၊ ဦးစည်၊ ဦးပေ၊ ဦးဘိုက်တို့ ရွာထဲမှာ
        အရည်ပျော် အနေပျော်နေခဲ့ရဒလား…
        ဒီကလည်း သံယောဇဉ်ဖြစ်နေပီနော်… ဟီးးး
        ဦးစည်လည်း… ဂျစ်တယ်ဗျာ…. 😳 😳

      • mayjuly

        September 20, 2012 at 12:06 pm

        အမျိုးတမီးတွေလဲ သုံးလို့ရတယ်ဆိုတော့ …..

        ၁၅ကျပ် .. ယူသွားပီ …

  • Thu Wai

    September 20, 2012 at 1:37 pm

    ခေါင်းစဉ်ကိုကြည့်ပြီး အားရဝမ်းသားနဲ့ WIFI ကွန် မကောင်းလို့ ကိုယ့်ဖုန်းနဲ့ အင်တာနက်ဖွင့်ပြီးအားရဝမ်းသာဝင်အလာ ရင်ဝဖနောင့်နဲ့ ဆီး ကန်လိုက်ပါလားနော်

  • ချစ်တတ်သူ

    September 20, 2012 at 5:44 pm

    ဟုတ်ပါ့ဗျာ ကွန်မကောင်းတာကို အကြာကြီးစောင့်ပြီးမှ တက်လာတော့…. ဟင်းဟင်း..

Leave a Reply