အချစ်နဲ့ ဝိုင်တစ်ခွက်

အောင် မိုးသူSeptember 19, 20121min27117

သင့်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။
အချစ် နဲ့ ဝိုင်တစ်ခွက်……….
တစ်ခုက သက်ရှိ ဒါပေမယ့် သင်ခံစားလို့ရတယ်….။
တစ်ခုက သက်မဲ့ သင်အရသာခံလို့ရတယ်…….။

xxxxxxxxxxxxxxx

ဝိုင်ဆိုတဲ့ အရည်တစ်မျိုး
နှစ်ကြာလာလေ ကောင်းလာလေပဲ။
သင့်ကို မူးယစ်ရီဝေစေတယ်……။
ဒါပေမယ့် မချိုတာခက်တယ်……။

xxxxxxxxxxxxxxxxx

အချစ်တဲ့….ဝိုးတဝါးနဲ့
သင့်ကို အရသာအသစ်အဆန်းတွေပေးလိမ့်မယ်…။
စွဲမက်ဖို့ကောင်းပေမယ့်……
မချိုတာခက်တယ်……..။

xxxxxxxxxxxxxxxx

ရူးရူးမိုက်မိုက် မင်းနဲ့မှချစ်တတ်ခဲ့ပြီ ဆိုလား
သီချင်းတောင်ရှိဦးမယ်…..။
တကယ်ပါပဲ သင်အချစ်နဲ့တွေ့ရင်
ဝိုင်တစ်ခွက်သောက်ရသလိုပဲ။
ရီဝေဝိုးတဝါးနဲ့ ရူးရူးမိုက်မိုက်ဖြစ်သွားမယ်…။

xxxxxxxxxxxxxxx

မင်းဘဝမှာ သူမရှိရင်တောင်
ရပ်တည်လို့မရတဲ့ အခြေအနေမျိုးတောင်
ဖြစ်သွားလိမ့်မယ်…….။
အချစ် (သို့) ဝိုင်တစ်ခွက်ကို
စွဲလန်းသွားရင်ပေါ့…….။

xxxxxxxxxxxxxxxxxx

ဝိုင်တဲ့ နှစ်ချို့လေ ခါးလေပဲ..
အချစ်ဆိုတာ လည်း ထူးမခြားနားပါ…..။
ခါးသက်သက်နဲ့ အလွန်ခံစားလို့ကောင်းတဲ့အရာတစ်ခုလေ…။
ဆွေးမြေ့မြေ့ဆိုတဲ့……
ရင်ဘတ်ထဲက ဖော်ပြလို့မရတဲ့
ခံစားမှုမျိုးလိုချင်ရင်…..
ဝိုင်တစ်ခွက် (သို့) အချစ်တစ်ခုကို
သင်ခံစားကြည့်လိုက်ပါ…..

xxxxxxxxxxxxxx

ကဲ……….
သင်ဘာရွေးချယ်မလဲ………

xxxxxxxxxxxxx
အောင်မိုးသူ

17 comments

  • Khaing Khaing

    September 19, 2012 at 4:13 pm

    ဝိုင်ဆိုတဲ့ နံမည်လေးကြားတိုင်း ဝိုင်ခွက် ဝိုင်ပုလင်းတွေမြင်တိုင်း သောက်ချင်တယ် ….တကယ်တမ်း သောက်လိုက်တိုင်း ဝိုင်ရဲ့အရသာက ကိုယ်ထင်သလိုမဖြစ်လာတာခက်တယ် …. အချစ်ဆိုတာလည်း အဲလိုပဲ မြင်ရင်ချစ်ချင်စရာကောင်းပေမယ့် တကယ့်တမ်းချစ်ကြည့်တော့ ကိုယ်ထင်သလို ဖြစ်မလာခဲ့ဘူး …….

  • လုံမလေး မွန်မွန်

    September 19, 2012 at 5:30 pm

    လုံမလေးကတော့ ဝိုင်ကိုပဲ ရွေးချယ်ဖြစ်လိမ့်မယ် ထင်ပါတယ်…
    အချစ်ဆိုတာက အေးမြမလိုလိုနဲ့ ပူတဲ့အမျိုးမို့လား… အတ္တကြီးတယ်လို့ ခံယူထားတဲ့ လုံမလေးအတွက်ကတော့ အချစ်ဆိုတာ အစပိုင်းမှာအေးပြီး နောက်ပိုင်းကျရင် ပူသွားတဲ့အရာလို့ ထင်မိပါတယ်…

    အဲဒီလို ခံစားရမှာချင်းအတူတူတော့ အေးမြနေတဲ့ဖန်ပုလင်းနဲ့ ဖန်ခွက်ထဲက ဝိုင်လေးကိုသောက်ပြီး လည်ချောင်းထဲကို ပူဆင်းသွားတဲ့ ရှိန်းမြမြအရသာကို ခံစားရတာက ပိုကောင်းမယ် ထင်ပါတယ်…

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 5:41 pm

      အူးလေးတို့ လည်း အဲ့လိုနဲ့ပဲ အရက်သမားဖြစ်တာပါပဲ တူမဂျီးရယ်

      :kwi:

      • aemoshu

        September 19, 2012 at 11:51 pm

        ကဲလုံမ … မင့်ဟာမင်းဖော်ကောင်လုပ်တာကလား…
        မင်းပြောတဲ့ ပြင်သစ်ပြည်က နှာခေါင်းရှည်ရှည်နဲ့ ဘိုတော်လား၊ ဘော်ဒိုးလားမသိဘူးထုတ်တယ့်အရည်တွေက ချဉ်သကွဲ့…
        သို့ကလာ အဒေါ်ကတော့ ဒီမှာ Angkor ထဲခေါင်းပဲဆိုက်နေလိုက်တော့တာပဲ…

      • Khaing Khaing

        September 20, 2012 at 11:37 am

        ဦးလေး ဖွတ်ကျား ….. စကားကိုပီပီပြောဗျ …… ဟိုမှာ ဦးလေးစကားတွေကို သဘောကျလို့ ဂုဏ်ပြုထားတယ် ………

  • aung moethu

    September 19, 2012 at 5:53 pm

    ကျတော်နဲ့ လုံမလေးက အဲ့နေရာကျတော့ တူသွားပြန်ရော း)))

  • ကိုခင်ခ

    September 19, 2012 at 11:14 pm

    အချစ် —– ကို ——- ရွေးမလား၊
    ဝိုင် ——– ကို ——- ရွေးမလား၊

    ( ဝိုင်ဆိုတဲ့ အရည်တစ်မျိုး
    နှစ်ကြာလာလေ ကောင်းလာလေပဲ။
    သင့်ကို မူးယစ်ရီဝေစေတယ်……။
    ဒါပေမယ့် မချိုတာခက်တယ်……။ ) – ဝိုင်ကောင်းရဖို့ နှစ်ကြာအောင်စောင့်ရအုံးမယ်။
    ပြီးတော့ ကျွန်တော်က ဝိုင်သိပ်မကြိုက်ဘူး။

    ( အချစ်တဲ့….ဝိုးတဝါးနဲ့
    သင့်ကို အရသာအသစ်အဆန်းတွေပေးလိမ့်မယ်…။
    စွဲမက်ဖို့ကောင်းပေမယ့်……
    မချိုတာခက်တယ်……..။ ) – အချစ်ကိုချိုအောင် သကြားခတ်နည်းကို ရှာရအုံးမယ်။

    ဘာရွေးရမလဲ အဖြေရအောင် ဒီလိုလုပ်မယ်ဗျာ ဘီယာသောက်ရင်စဉ်းစားမယ်။

  • Kyaw Myo Thet

    September 19, 2012 at 11:28 pm

    ကျနော်ကတော့ ဝိုင်တစ်ခွက်လောက်သောက်လိုက်ရရင် အချစ်ကို
    ပိုပြီးတော့ရင်ခုန်လာလေဖြစ်သလို အချစ်နဲ့တွေ့တဲ့အခါမှာလဲ
    ဝိုင်တစ်ခွက်လောက်တော့သောက်ချင်လာတယ် . . . . . . . .

  • kai

    September 19, 2012 at 11:56 pm

    “May our love be like good wine, grow stronger as it grows older.”
    – Old English Toast

    • pooch

      September 20, 2012 at 4:04 am

      သစ်တော်သီးဝိုင်နဲ့တူတယ် သူကြီး ။ သောက်လို့ကောင်းတယ် ချိုလို့။ 😀

  • နေဝန်းနီ

    September 20, 2012 at 12:03 pm

    တိုက်ဂါးဘီယာကတော့ တစ်ကယ်ကောင်းဆိုပဲ…။ ခါးတာမှသဘောကျရင် အေဘီစီ ဆယ့်တစ်ယောက် ရှိတယ်လေ…။ ဝိုင် ကတော့ ပျော့မယ်ထင်တယ်…။ ဒို့က ဘာဖြစ်ဖြစ် အပြင်းစားမှကြိုက်တာ 😛

  • etone

    September 20, 2012 at 12:22 pm

    အချစ်နဲ့ဝိုင်တဲ့လား …….

    အဟီး … ဘာကိုရွေးရမလဲဆိုလျှင် .. နှစ်မျိုးစလုံးရွေးမိမှာပဲ ခွိခွိ ။ :kwi: (နာကြိုက်လို့ ကွာ …. 😆 )
    ဒါပေသိ .. အချစ်က အချစ် … ဝိုင်ကဝိုင် …. အခြေနေ ၊ စိတ်ခံစားမှုပေါ် မူတည်ပြီး တန်ဖိုးနှုန်း(ဈေးနှုန်းမဟုတ်ပါ ခွိခွိ) ကွာခြားတာကြောင့် …. နှိုင်းယှဉ်လို့ မရဘူးလို့ပဲ မှတ်ချက်ပေးချင်ပါတယ် ချင့် …. 😛

    aung moethuရေ ကျွန်မက ရှင်ရေးတဲ့ ပို့စ်တွေဖတ်ခဲ့ပေမယ့် … ကော့မန့် အနေနဲ့တော့ … ဒီကော့မန့်က ပထမဆုံးကော့မန့်ဖြစ်မယ်ထင်ပါတယ် … ။ Congratulations !!!! ပါနော် … တလောက မပြောဖြစ်ခဲ့တာမို့ပါ … ။

  • mayjuly

    September 20, 2012 at 1:13 pm

    အချစ် နဲ့ ဝိုင် … ဘာကိုရွေးမလဲ …
    အချစ်.. အချစ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ ချစ်လို့ရတယ်… ( ၁၅၀ဝ .. ၅၂၈ ….. )
    ဝိုင် … ဝိုင်ဆိုတာလဲ ဝိုင် အမျိုးမျိုးရှိ ပါတယ် … (မက်မန်းဝိုင် .. စပျစ်ဝိုင် … etc ….)

    ဆိုတော့ …
    အေးချမ်းတဲ့ အချစ်ကို ရွေးပြီး ချိုမြမြ ဝိုင်ကို သောက်လိုက်ရင် …. :harr:

  • Novy

    September 20, 2012 at 2:23 pm

    မနိုကတော့ အချစ်လက်ကိုဆွဲပြီး
    ဝိုင်ရှရှလေးသောက်လိုက်မယ် :harr:

  • မောင်ပေ

    September 22, 2012 at 6:55 pm

    အချစ်နဲ ့တွေ ့မယ့်ညမျိုးဆိုရင် ဝိုင်အများကြီး သောက်လို ့မဖြစ်လောက်ဘူး ထင်တယ်
    တွေ ့ခဲ့ဖူးတဲ့ ဝိုင်သောက်တဲ့သူများကတော့ ၃ ခွက်လောက် သောက်ပြီးရင် အိပ်မောကျသွားတာပဲ

Leave a Reply