၁၉.၉.၂၀၁၂ ချန်ပီယံလိဂ်

မောင် ပေSeptember 19, 20121min1156

မင်္ဂလာပါ ခင်ဗျား
ဒီနေ ့ည ပွဲစဉ်များအတွက်တော့ ၊ အချိန်အများကြီး မရလို ့
ဈေးအနေအထားနဲ ့ယှဉ်ပြီး ၊ ဈေးအောင်နိုင်တဲ့ အသင်းများကိုပဲ တိုတိုတုတ်တုတ် ခန် ့မှန်းရေးတင်ပေးလိုက်ပါတယ်
ဒီကနေ ့ည ချန်ပီယံလိဂ် ၈ပွဲလုံးဟာ ၁.၁၅ အချိန်မှာ ကန်ကြမှာ ဖြစ်ပါတယ်။
*******
ဘိုင်ယန်မြူးနစ် – ဗလင်စီယာ
ဘိုင်ယန်မြူးနစ် တစ်ဂိုးသွင်းရင် အပြည့်ရှုံး အနေအထားကို ဘိုင်ယန် တစ်ဂိုးသွင်းရင် ၈၅ အရှုံးအနေအထားပဲ ဖွင့်လာပါတယ် ။ သည်ဈေးအနေအထားအတိုင်းဆိုရင် ဘိုင်ယန် နိုင်ရင် အလွန်ဆုံး တစ်ဂိုးအသာပါပဲ ။
““ ဗလင်စီယာ ”” ကို ပဲ အားပေးသင့်ပါတယ်။
*******
ဘာစီလိုနာ – စပါးတပ်မော်စကို
ဘာစီလိုနာ သုံးဂိုးသွင်းရင် ၅ဝ အနိုင် ကို ဘာစီလိုနာ သုံးဂိုးသွင်းမှ ၃ဝ အနိုင်ပဲ ဖွင့်လာပါတယ်
ဈေးအနေအထားအရ စပါးတပ်မော်စကို အသင်းကို အားပေးရမယ့်အနေအထားပါ
သို ့သော် အခုလို ချန်ပီယံလိဂ် ပြိုင်ပွဲမျိုးမှာ ဘာစီလိုနာ လို အသင်းမျိုးကို ဘယ်အသင်းကမှ ဖွင့်ကစားမှာမဟုတ်ပါဘူး
ဘာစီလိုနာအိမ်ကွင်းမှာ ဘာစီလိုနာ အနိုင်သေချာပေါက် ကန်မှာသေချာသော်လည်း ၊ သုံးဂိုးသွင်းခံရရင်တောင် ၄ဝပဲ ရှုံးမှာဖြစ်တဲ့ “ စပါးတပ်မော်စကို ” ကို အားပေးသင့်ပါတယ်။
ဥရောပဘက်က ရလဒ် ခန် ့မှန်းသူများကတော့ အခုလို ခန် ့မှန်းပေးထားပါတယ်
* ဘာစီလိုနာ ၃-၁ စပါးတပ်မော်စကို *
*******
ဘရာဂါ – ကလု
ဘရာဂါ အသင်း တစ်ဂိုးသွင်းရင် ၅ဝ အရှုံးအနေအထားကို ဘရာဂါ တစ်ဂိုးသွင်းရင် ၄၅ အရှုံးပဲ ဖွင့်လာပါတယ် ။
ကလု ဟာ ဘရာဂါလောက် ချန်ပီယံလိဂ်အတွေ ့အကြုံ မများဘူးဆိုပေမယ့် ၊ ဘရာဂါ ကို ဂိုးပြတ်ရှုံးလောက်အောင်ထိတော့ မညံ့လောက်ပါဘူး
*******
ဆဲတစ် – ဘင်ဖီကာ
ဘင်ဖီကာ သရေဆိုရင် ၅ဝ အရှုံး ကို ဘင်ဖီကာ သရေ ၆ဝ အရှုံး ဖွင့်လာပါတယ်
ဒီဈေးဟာ ဖိုက်တာများကို ဆဲတစ်ဘက်ကို လာဖို ့ခေါ်ထားတာပါ
“ အိမ်ရှင်အောက်ကြေး လက်မနှေး ” ဆိုတဲ့ စကားကို မေ့ပစ်ထားပြီး ၊
““ ဘင်ဖီကာ ”” ကို ပဲ အားပေးပါမယ် ။
*******
ချဲဆီး – ဂျူဗင်တပ်
ချဲဆီး သရေ ဆိုရင် ၅ဝ အရှုံးအနေအထားကို ချဲဆီး သရေ ၂၅ အရှုံးပဲ ဖွင့်လာပါတယ်
ဒါဟာ ဈေးသဘောအရဆိုရင်တော့ ချဲဆီးကိုခေါ်ထားတဲ့ ပုံစံမျိုးပါ
ဒါပေသည့် အခု ချဲဆီးပွဲရဲ ့ဈေးဖွင့်လာတဲ့ ပုံစံဟာ မနေ ့ညက အာဆင်နယ် အသင်းဈေးဖွင့်လာတဲ့ ပုံစံနဲ ့တစ်ထပ်ထဲကြနေပါတယ် ။ မနေ ့ညက အာဆင်နယ်ရဲ ့ဈေးဟာ အရမ်းနုလွန်းနေတော့ ၊ အာဆင်နယ်မနေရဲကြပဲ အောက်ဆင်းသွားကြတဲ့ ဝါသနာရှင်များ ကွဲခဲ့ရတာကိုကြည့်ရင်
ဒီပွဲမှာလဲ ချဲဆီးမနေရဲအောင် တစ်ဘက်လှည့်နဲ ့ ဈေးလှည့်ထားသလိုပါပဲ
““ ချဲဆီး ”” ကို ယုံကြည်ရင် ဆုံးရှုံးမှု များမှာ မဟုတ်ပါဘူး
*******
လိုင်လီ – ဘိတ်ဘိုရီဆော့
လိုင်လီ တစ်ဂိုးသွင်းရင် ငါးဆယ်အရှုံးအနေအထားကို လိုင်လီ တစ်ဂိုးသွင်းရင် ၃ဝ အရှုံးပဲ ဖွင့်လာပါတယ် ။
ဘိတ်ဘိုရီဆော့ဟာ ချန်ပီယံလိဂ်အတွေ ့အကြုံမရှိဘူးဆိုပေမယ့် ၊ ယူရိုပါလိဂ်မှာ နှစ်တိုင်းလိုလို ပါဝင်ကစားနေကြအသင်းပါ။
“ ဘိတ်ဘိုရီဆော့ ” ဂိုးပြတ်ရှုံးဖို ့မဖြစ်နိုင်ပါဘူး ။ သရေတောင် ကျသွားနိုင်ပါတယ်
*******
မန်ချက်စတာယူနိုက်တက် – ဂါလာတာစာရေး
မန်ယူတစ်ဂိုးသွင်းရင် အပြည့်ရှုံးအနေအထားကို မန်ယူနှစ်ဂိုးသွင်းမှ ၈ဝအနိုင်ပဲ ဖွင့်လာပါတယ်
မြန်မာနိုင်ငံမှာ မန်ချက်စတာယူနိုက်တာ အားပေးသူအရမ်းများလို ့ ဈေးခွါကြမ်းတာလဲ ဖြစ်နိုင်သလို ၊ မန်ယူတစ်ကယ် ၂ဂိုးပြတ်နိုင်မယ်ဆိုတဲ့ အနေအထားလဲ ဖြစ်ပါတယ် ။
သည်ပွဲမှာတော့
“ ဂါလာတာစာရေး ” ကို ပါးပါးလေးအားပေးရင် ပျော်ရမယ်လို ့ထင်ပါတယ်
*******
ရှက်တာဒိုးနက် – နော့ဂျေးလန်း
ရှက်တာဒိုးနက် နှစ်ဂိုးသွင်းမှ သရေ အနေအထားကို နှစ်ဂိုးသွင်းရင် ၁ဝ အနိုင်ပေးလာပါတယ်
ရိုးရှင်းလွန်းလို ့
““ နော့ဂျေးလန်း ”” ကို အားပေးရင် ပျော်ရမှာပါ
*******

6 comments

  • aanyar thar

    September 19, 2012 at 10:07 pm

    ဖတ်ရှု့သွားပါတယ် အကို…..စနေ တနင်္ဂနွေ..မှ့ပဲ…မိုက်တော့မယ်ဗျာ…..ဟတ်ထရစ်…ခန့်မှန်းလေးတွေ…စောင့်မျှော်နေမယ်..

  • marblecommet

    September 19, 2012 at 10:12 pm

    ရဲဘော်…..
    ကျုပ်တော့ လှေကြီးထိုး ရိုးရိုးမှန်ပဲ
    ဒီညတော့ မန်ယူတစ်ပွဲတည်း
    အပေါ်စုံဗျာ
    ဖြစ်ချင်တာဖြစ်ပေါ့လေ…….ဘယ်လိုလဲ….

  • Kyaw Myo Thet

    September 19, 2012 at 10:37 pm

    မင်္ဂလာပါ အကိုရေ ကျနော် ကလည်းဒီညတော့ ချဲလ်ဆီးကို အကြိုတ်ဆုံးဗျ။
    ဈေးကတော့ လိမ်ထားသလို အဆင်မျိုးပဲ။ လိမ်ပြီးတော့လျှော့ထားတော့လည်း
    သရေကျရင် သက်သာတာပေါ့ဗျာ။ ပြီးတော့ ဗလင် နဲ့ စပါးတပ်မော်စကို ကိုလဲကြိုတ်တယ်။
    ဗလင် ကဘာစီကိုတောင်မှ ၁-ဝ ပဲရှုံးထားတယ်လေဗျာ။ ဘိုင်ယံ ကဘာစီမဟုတ်သလို ချန်ပိယံလိဂ်မှာလဲ
    နူနေတဲ့အသင်းရယ်လို့ လောင်းကြေးမှာရှိတာမှမဟုတ်တာ။ ဘာစီကလည်း အနိုင်သေချာနေပေမယ့်
    ဂိုးအတော့ ၃ ဂိုးထက်ပိုပြီးမပြက်နိုင်ပါဘူး။ ရုရှားအသင်းတွေက အဝေးကွင်းဆိုရင် ပိတ်ကစားတက်သလို
    ဘာစီ အရင်နှစ်ကလဲ အစပိုင်းမှာ အမှတ်ပေးဖလားမှာ ဂိုးပြတ်တွေနိုင်သလောက် ချန်ပိယံလိဂ်မှာ ဂိုးသိပ်မပြက်တာကိုတွေ့ရတယ်။ နောက်ဆုံးတစ်သင်းကတော့ မန်ယူ မန်ယူအနေနဲ့ အရင်နှစ်က အုပ်စုက မကျွတ်ခဲ့တာကို ကောင်းကောင်းကြီး ချေပဖို့အတွက် ဒီပွဲမှာ ၃ ဂိုးအနည်းဆုံးပါ။
    မှတ်ချက်။ ။ရိုက်တိုင်းရှုံးမောင်။

  • foot y

    September 19, 2012 at 10:57 pm

    Bayern Munchen 4-1
    Barcelona 5-1
    Chelsea 2-2
    Lille 2-0
    Manchester Utd 3-0
    Shaktar Donetsk 4-1
    အကြိုက်ချင်းတူရင်……..?????
    အိပ်ရေးပျက်ရကျိူးနပ်ကြပါစေ………..

    • မောင်ပေ

      September 20, 2012 at 1:46 am

      မိနစ် ၂ဝမှာ လိုင်လီကို ဘိုရီဆော့က ၂ဂိုးထည့်ထားတယ်

  • Kyaw Myo Thet

    September 20, 2012 at 3:21 am

    ချဲလ်ဆီး ၂-၂ ဂျူဗင်
    ရှက်တာဒိုးနတ် ၂-ဝ နော့ဂျေလန်း
    ဘာစီ ၃-၂ စပါးတပ်မော်စကို
    လိုင်လီ ၁-၃ ဘိုရီဆော့
    ဆဲလ်တစ် ဝ-ဝ ဘင်ဖီကာ
    ဘရာဂါ ဝ-၂ ကလုချ်
    မန်ယူ ၁-ဝ ဂါလာတာစရေး
    ဘိုင်ယန် ၂-၁ ဗလင်

Leave a Reply