ကျနော် တနေ့ သူငယ်ချင်းဆိုင်သွားရင်း  သူငယ်ချင်းက ကျနော့်ကို တခုပြမယ်ဆိုတာနဲ့    ဘာများလဲလို့ ကြည့်လိုက်တော့ ကျနော်ကြည့်မိတဲ့ကိုယ့်မျက်လုံးကို ကိုယ်ဖောက်ချင်စိတ်ပေါက်သွားတယ်ဗျာ အဲဒါဘာလဲဆိုရင် ကောင်မလေးက ကောင်လေးနဲ့ vzoချက်နေတယ်ဗျာ ကောင်မလေးကို

ကောင်လေးက အဲဘယ်လိုပြောရမလဲ ချွတ်ပြခိုင်းတယ်ဗျာ(ရိုင်းသွားရင်ခွင့်လွှတ်ပါ ကျနော်ဒီအတိုင်းပဲပြောတတ်လို့ )  အဲဒါ ကောင်မလေးက စကားနားထောင်တယ်ဗျ ချွတ်ပြတယ် ကျနော်တောင်အံ့သြသွားတယ် ဒီလောက်လွယ်လားလို့  ဒါပေမယ့်ဗျာ သူမသိတာက သူ့ ကောင်လေးတင်ကြည့်နေတာမဟုတ်ဘဲ ကျနော်တို့ ပါ ကြည့်နေတယ်ဆိုတာ သူမသိဘူး

 

ကျနော်မိန်းကလေးတွေကို အဲဒါသတိပေးချင်တယ်ဗျာ  ကျနော်တို့ နေရာမှာ တခြားတယောက်ယောက်သာဆို ဓာတ်ပုံတွေက အွန်လိုင်းပေါ်ပြန့် ပြီဗျာ ကျနော်တို့ ကတော့ ကြည့်ပဲကြည့်တယ် အဲလိုမယုတ်မာချင်တာနဲ့  ဒီအတိုင်းပဲထားလိုက်တယ် စိတ်ထဲတော့ မကောင်းဘူးဗျာတကယ်  ကျနော်သတိပေးချင်ပါတယ် အင်တာနက်ဆိုင်ထိုင်တဲ့ မမများ သတိရှိပါ ကိုယ့်စက်ကို ဆာဗာထိုင်တဲ့သူက အဲဗားကြည့်လို့ ရနေပါတယ်  ပြီးတော့ အဲလိုပြတာကလည်း ယောကျာင်္းလေး ကိုယ့်ကိုအထင်သေးအောင်လုပ်တာနဲ့ တူပါတယ် ကျနော်သာ သူ့ ကောင်လေးနေရာမှာဆို မုချသူ့ ကို အတည်မတွဲဘူးဗျ ကျနော်ပြောတာနည်းနည်းတောင်ရှည်သွားပြီ အမတွေကို သတိပေးချင်တာပါ

ထပ်သတိပေးပါမယ်

 

အင်တာနက်ဆိုင်မှာထိုင်ရင် ကိုယ့်ကို ဆာဗာမှာထိုင်တဲ့သူက ကြည့်လို့ ရနေတယ်ဆိုတာသတိချပ်ထားစေချင်တယ်ဗျာ

 

ဘယ်ထဲထည့်ရမှန်းမသိလို့   ကျနော်စိတ်ထင်တဲ့အထဲထည့်လိုက်တယ်ဗျာ မှားရင်လည်း ခွင့်လွှတ်ပေးကြပါဗျာ

About Bl4ck_B4dB0y

Myint Myat Thu has written 5 post in this Website..