ကြိုဆိုသင့်သောအရာ

ShwemannmayJuly 10, 20102min904
မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း PDF Print E-mail

မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော ဝတ်စားဆင်ယင်မှုနှင့် ကိုယ်ဟန်အနေအထား ပါရှိသည့် သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ဌာန၏ စီမံခန့်ခွဲမှု နည်းလမ်းအရ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း အရေးယူထားကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရသည့် ဂျာနယ်များမှာ ပေါ်ပြူလာ အနုပညာဂျာနယ်နှင့် Envoy သတင်းဂျာနယ်တို့ ဖြစ်ကြောင်း သိရပါသည်။

“တစ်ခုခုဆိုရင် ကျွန်တော်တို့က တားဆီးတယ်၊ ပိတ်ပင်တယ်ဆိုပြီးတော့ပဲ အမြဲဝေဖန်ခံရပါတယ်။ တကယ်တော့ လွတ်လပ်တယ်ဆိုတဲ့ နေရာမှာ အကန့်အသတ်ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနဲ့ ပတ်သက်တဲ့ စာပေလွတ်လပ်မှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကနဲ့ နှိုင်းယှဉ်ရင် ကွာခြားမှု အများကြီးရှိတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အလားတူပဲ ခေတ်ပြောင်း၊ စနစ်ပြောင်းနဲ့အတူ တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျော့သွားဖို့ ကြိုးစားလုပ်ဆောင်နေကြချိန်မှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိရှိ၊ ဆောင်ရွက်သွားနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ဒီနေရာမှာ သတိပြုသင့်ကြတာက ကျွန်တော်တို့လူမျိုးရဲ့ အမျိုးသားရေး စရိုက်လက္ခဏာနဲ့ ဘာသာ၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေကို မမေ့ပျောက်မိစေကြဖို့ပါပဲ။  အနောက်မှာ အနောက်စံ၊ အာရှမှာ အာရှစံ ရှိရမှာဖြစ်သလို မြန်မာမှာ လည်း မြန်မာ့တန်ဖိုးဆိုတာရှိရမှာ ဖြစ်ပါတယ်။ ဒီအတွက် လွတ်လပ်မှု ဆိုတိုင်းအကန့်အသတ်မရှိ၊ အတိုင်း အဆမရှိလုပ်လာကြမှာမျိုးကိုတော့ လက်ပိုက်ကြည့်နေလို့ မရနိုင်ပါဘူး။ရှေ့လျောက် ထိထိရောက်ရောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

ယခုအခါတွင် သရုပ်ဆောင်၊ မော်ဒယ်လ်အချို့သည် အဖော်အချွတ်ဘက်သို့ ဦးတည်ဝတ်ဆင်လာကြပြီး ယင်းကဲ့သို့ ဝတ်ဆင်မှုများကို ဂျာနယ်အချို့က ဖော်ပြခဲ့သည့်အတွက် ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

“ခေတ်ရေစီးကြောင်းကို မတားလိုသလို၊ ခေတ်နဲ့အညီ ဝတ်စားဆင်ယင်တာကို လက်ခံပေမယ့် အဖော်အချွတ်ကိုတော့ လက်မခံပါဘူး။  အခုလိုမျိုး စာနယ်ဇင်းတွေ (Printed Media) မှာ အဖော်အချွတ်တွေ ဖော်ပြခွင့်မပြုတာ၊ အရေးယူတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် စာနယ်ဇင်းတွေမှာ ဖော်ပြခွင့်မပြုဘဲ အရေးယူသလို အခြားတစ်ဖက်မှာလည်း မော်ဒယ်လ်တွေနဲ့ ဖက်ရှင်ရှိုးတွေ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲတွေ အပါအဝင် ရုပ်ရှင်ဂီတ အစရှိတာတွေမှာပါ ထိရောက်တဲ့ ဟန့်တားမှုတွေ လုပ် ဆောင်စေချင်ပါတယ်။ တချို့ဆိုရင် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံတာတွေတောင် ရှိတဲ့အတွက် မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေအနေနဲ့လည်း ဝတ်စားဆင်ယင်မှုကို ဂရုပြု ဆင်ခြင်သင့်ပါတယ်။  စာပေနဲ့စာနယ်ဇင်းတွေမှာတင် မကဘဲ ရုပ်ရှင်၊ ဂီတဘက်က တာဝန်ရှိသူတွေ အနေနဲ့လည်း အခုလိုပဲ ထိန်းသိမ်းပေးသင့်တယ်လို့ ထင်ပါတယ်”ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ခဲ့ပါသည်။

ဒါဖြစ်သင့်တာကြာပီ။

မော်ဒယ်မော်ဒယ်နဲ ့မိကောင်းဖခင်သားသမီးတွေက မကောင်းတဲ့မိန်းမတွေလို ဝတ်စားရတာကို ဂုဏ်လုပ်နေကြတာ တွေမဖြစ်သင့်ပါဘူး။

အနုပညာရှင်ဆိုတာထက် အဖော်အချွတ်တွေနဲ ့ ပြစားသလိုဖြစ်နေတယ်။

4 comments

  • etone

    July 10, 2010 at 5:13 am

    မော်ဒယ်မော်ဒယ်နဲ ့မိကောင်းဖခင်သားသမီးတွေက မကောင်းတဲ့မိန်းမတွေလို ဝတ်စားရတာကို ဂုဏ်လုပ်နေကြတာ တွေမဖြစ်သင့်ပါဘူး… ဆိုတဲ့ စာအရေးသားကိုအကြိုက်ဆုံးပဲ ။ လူတွေက လန်ပြန်နေမှ ခေတ်မှီတယ်လှတယ်ထင်ကြတယ် ။ တစ်ကယ်ကတော့အဲ့ဒါမျိုးမဟုတ်ပါဘူး ။ လုံလုံခြုံခြုံနဲ့ ခေတ်မှီအောင်ဝတ်လို့လည်း ဖြစ်တာပဲ ။ မြန်မာမိန်းမတယောက်က ကျက်သရေရှိတဲ့ဝတ်စားဆင်ယင်မှုမျိုးကိုပဲ ဆင်ယဉ်သင့်တယ်လို့ထင်တယ် ။ ဟိုးခေတ်ကလို ဝတ်စရာမလိုပါဘူး ။ အမြင်မတော်တာမဝတ်ရင်ပဲ အမြင်တင့်တယ်ပါတယ် ။

  • kopauk mandalay

    July 10, 2010 at 4:49 pm

    ဟုတ်တယ် သူထက်ကဲရွှေပြည်စိုးဖြစ်နေကြတယ်။
    သူဖော်ရင်ကိုချွတ်ဖြစ်နေတာ။
    ကိုယ်အိမ်ထဲမှာကိုယ်ဘယ်လိုနေနေ ပြဿနာမဟုတ်ဘူး။
    လူက လူ့အလှကို လူလိုပြတာဘဲကောင်းပါတယ်။
    လူက တိရိစာ္ဆန်မှ မဟုတ်တာဘဲနော်။
    http://kopaukmdy.myanmarsarpay.info/

  • happyammh

    July 12, 2010 at 4:32 am

    Every lady has one pair of breast and one pair of buttock.This is universal truth.So no need to overexpress them.Myanmar lady should know we all have own religious style which is so dignified and so pretty.

  • Shwemannmay

    July 12, 2010 at 8:47 am

    မနေ ့ကပဲ စင်ကာပူပွဲမှာ ဆိုတဲ့မြန်မာအဆိုတော်တွေ စီဒီကိုကြည့်လိုက်ရတယ် ။ မြန်မာအဆိုတော်တွေပာာ မလေးမတွေလိုလို ၊ ကိုရီးယားမတွေလိုလို ဝတ်စားထားကြတာကိုတွေ ့ရပါတယ်။ နောက်လေးငါးနှစ်ကြာရင် မြန်မာမတွေလုံချည်မှဝတ်ကြပါဦးမလားလို ့စဉ်းစားမိတယ်။ အရင်က မန္တလေးမှာ ဘောင်းဘီအရှည်ကို ခါးတိုတိုဝတ်ကြတယ်။ ခါးကအတိုဆိုတော့ ဆိုင်ကယ်နောက်ကရိုးရိုးထိုင်လိုက်ရင်ကို ခရေပင်လမ်းခွဲကမြင်ရတဲ့အထိဆိုးပါတယ်။ ဒါပေမယ့် ကြာလာတော့ အမြင်မတော်ပေမယ်လို ့ဒီခရေပင်လမ်းခွဲတွေလည်း ရိုးသွားကြတာကိုတွေ ့ရပါတယ်။
    အခုလာပြန်ပီ ဘောင်းဘီတိုတွေ… ဒါတွေကိုမပြုပြင်ရင် ဘောင်းဘီတိုလည်း ဒီလိုပဲအမြင်ရိုးပီး မထူးဆန်းသလိုဖြစ်သွားမှာစိုးရပါတယ်။ ကြာရင်လုံချည်ပျောက်ရချည်ရဲ ့လို ့တွေးမိပြီးရင်လေးရပါတယ်

Leave a Reply