သုံးပင်လိမ် အရှုပ်တော်

တစ်နေ့သ၌ ရန်ကုန်မြို့ လမ်းမကြီးတစ်ခုပေါ်တွင် အသက် ၇ဝ ဝန်းကျင်ခန့်ရှိ အဘိုးအိုတစ်ဦးအား တွေ့ရလေ၏။ အဆိုပါ အဘိုးအိုသည် လွန်စွာ နွမ်းရိသော အဝတ်အစားများအား ဝတ်ဆင်ထားပြီး ၎င်း၏ ရှေ့၌လည်း ဒန်ခွက်တစ်လုံးအား ချထားသည်ကို ကြည့်ခြင်းအားဖြင့် သူတောင်းစား အဘိုးအိုတစ်ဦးဟု ယူဆရလေသည်။

အချို့သော လမ်းသွားလမ်းလာများသည် ထိုသူတောင်းစား အဘိုးအို အား သနားဂရုဏာသက်သော အားဖြင့် အဘိုးအို၏ ရှေ့ရှိ ဒန်ခွက်ထဲသို့ ငါးကျပ်တန်၊ တစ်ဆယ်တန်များကို ထည့်ပေးသွားကြလေသည်။ ထိုအခါ အဘိုးအိုမှ အများနည်းတူ “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူ၍ ဆုတောင်းပေးခြင်း မရှိပါဘဲ ထူးဆန်းစွာပင် “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံစေ” ဟူ၍ ဆုပေးတတ်လေ၏။

အဆိုပါ အဘိုးအို သည် ညနေပိုင်းအချိန်များတွင် လာရောက်၍ တောင်းရမ်းတတ်လေ့ရှိ၏။ နှစ်နာရီ ဝန်းကျင်ခန့် တောင်းရမ်းပြီးသောအခါတွင် ပြန်သွားတတ်လေ၏။ အဘိုးအို တောင်ရမ်းသော နေရာနှင့် မျက်နှာချင်းဆိုင်တွင် “တုနှိုင်းမှီ” ဟူသော လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ရှိလေသည်။

ထိုအဘိုးအိုသည် ၎င်း၏ တောင်းရမ်းခြင်းကိစ္စကို မပြုမီ အဆိုပါ တုနှိုင်းမှီ လက်ဖက်ရည်ဆိုင်လေး၌ ထိုင်ကာ လက်ဖက်ရည် သောက်လေ့ရှိ၏။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမြင့်အောင် ဆိုသူမှလည်း အဘိုးအို လာရောက်၍ လက်ဖက်ရည်သောက်တိုင်း ပိုက်ဆံ ယူခြင်း မရှိဘဲ အလကား တိုက်လေ့ ရှိလေသည်။ အဘိုးအို မှလည်း လက်ဖက်ရည် သောက်ပြီးတိုင်း “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံစေ” ဟူ၍ ဦးမြင့်အောင် အား ဆုပေး သွားလေ့ရှိလေ၏။

အဘိုးအို၏ ထူးဆန်းသော ဆုပေးခြင်း အကြောင်းကို လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမြင့်အောင် မှနေ၍ အဘိုးအို လက်ဖက်ရည် လာရောက်၍ သောက်သောအခါတွင် မေးမြန်းကြည့်လေရာ အဘိုးအိုမှ ဦးမြင့်အောင် အား တစ်ချက်ပြုံး၍ ကြည့်လိုက်ပြီးနောက် –

“ဒီလို မောင်မြင့်အောင်ရဲ့၊ လူတိုင်းဟာ အကောင်းကိုပဲ လိုချင်ကြတယ်ကွယ့်၊ ဒါပေမယ့် လူဘဝတစ်လျောက်လုံးမှာ အကောင်းတွေနဲ့ချည်း ဘယ်လိုလုပ် ကြုံကြိုက်နိုင်မှာတုံးကွယ်၊ မဟုတ်ဘူးလား”

“ဟုတ်တော့ ဟုတ်ပါတယ် အဘိုး၊ ဒါပေမယ့် အဘိုးကို လာလှူတဲ့ လှူတွေကို ကောင်းတာတွေပဲ ဆုတောင်းပေးရမှာပေါ့ဗျ၊ ခုဟာက အဘိုးက ကောင်းတာရော၊ ဆိုးတာရော ပြည့်စုံပါစေဆိုတော့ ဘာထူးတော့မှာတုံး”

ယင်းသို့ ဦးမြင့်အောင်မှ ပြောလေရာ အဘိုးအိုမှာ တစ်ချက် ထပ်၍ ပြုံးလိုက်ပြီးနောက် –

“ဒီလိုဆို ကျုပ်က မောင်မြင့်အောင်ကို ပြန်ပေးရဦးမယ်၊ ဘုရားက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီး လေးပါးမြင်လို့ တောထွက်ကျင့်တယ်၊ ကျင့်တော့ ဘုရား ဖြစ်လာတာ မဟုတ်လားကွဲ့”

“အင်း … ဟုတ်တယ် အဘိုး”

“ဘုရားလောင်း မြင်တဲ့ နိမိတ်ကြီး လေးပါးထဲမှာ ကောင်းတာရော၊ ဆိုးတာရော မပါဘူးလားကွယ့်”

“ပါတယ် အဘိုး၊ သူအို၊ သူနာ၊ သူသေ ဆိုတာတွေက မကောင်းတာ၊ ရဟန်း ဆိုတာက ကောင်းတာ”

“အေးကွယ့်၊ ဒီတော့ ကောင်းခြင်း ဆိုးခြင်း နှစ်ခုတစ်လုံးဟာ လောကမှာ အမြင့်ဆုံးနေရာကို ရောက်စေဖို့အတွက် လှေကားထစ်တွေပဲကွယ့်၊ ဒီလှေကားထစ်တွေကို မြင်ရင် လူဟာ အမြင့်ဆုံးကို ရောက်လိမ့်မယ်၊ ဒါကြောင့်မို့ ကျုပ်က ကောင်းခြင်း၊ ဆိုးခြင်းနဲ့ ပြည့်စုံနိုင်ပါစေလို့ ဆုတောင်းပေးတာပါပဲကွယ်”

ဟူ၍ ပြောဆိုကာ ကျန်ရှိနေသော လက်ဖက်ရည် လက်ကျန်အား သောက်ပြီးနောက် ၎င်း၏ နေရာဆီသို့ ထွက်ခွာသွားလေ၏။ ဦးမြင့်အောင် မှာလည်း ထွက်ခွာသွားသော အဘိုးအို၏ ကျောပြင်အား ငေးကြည့်ကာ အဘိုးအို ပြောခဲ့သော ဆုပေးစကား၏ အဓိပ္ပါယ်အား စဉ်းစားရင်းဖြင့် ကျန်ရစ်ခဲ့လေတော့၏။

+++++++++++++

တစ်နေ့သ၌ အသက်အားဖြင့် (၂၅) နှစ် ဝန်းကျင်ခန့် ရှိ၊ လွယ်အိတ်ကြီးတစ်လုံးအား စလွယ်သိုင်းထားသော လူရွယ်တစ်ဦးသည် “တုနှိုင်းမှီ” လက်ဖက်ရည်ဆိုလေး ဆီသို့ လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ထိုလူရွယ်၏ ဆံပင်တို့မှာ ဖွာလန်ကြဲနေ၏။ ၎င်း၏ အဝတ်အစားများမှာလည်း ဖာထေးရာများဖြင့် ပြည့်နှက်နေလေ၏။

ထိုလူရွယ်သည် လက်ဖက်ရည်ဆိုင်လေးသို့ ရောက်သောအခါတွင် ဆိုင်အတွင်းမှ လူများအား တစ်ချက်ဝေ့ကြည့်၍ အကဲခတ်လိုက်ပြီးနောက် လွတ်လျက်ရှိသည့် စားပွဲသို့ သွားရောက် ထိုင်နေလေသည်။ ဆိုင်အတွင်းမှ လူများမှလည်း လူရွယ်အား အထူးအဆန်းသဖွယ် ကြည့်နေကြလေ၏။ လူရွယ်မှာ လက်ဖက်ရည်တစ်ခွက်အား မှာယူ၍ သောက်ပြီးနောက် ၎င်း၏ လွယ်အိတ်ကြီး အတွင်းမှ ရွှေအိုရောင် ဆေးလိပ်ဗူးလေးအား ထုတ်၍ ဆေးကရက်တစ်လိပ်အား နှိုက်ယူလိုက်ကာ် ဟန်ပါပါ မီးညှိရှိုက်ဖွာလိုက်လေ၏။

ဆိုင်အတွင်းမှ လူများမှာလည်း လူရွယ်၏ စုတ်စုတ်ပြတ်ပြတ် ပုံစံအား ကြည့်လိုက်၊ လူရွယ် သောက်သော စီးကရက်အား ကြည့်လိုက်ဖြင့် အမျိုးမျိုးသော မှတ်ချက်တို့ဖြင့် အချင်းချင်း တီးတိုး ပြောနေကြတော့၏။ လူရွယ်မှာမူ လက်ဖက်ရည်၏ ပြတင်းပေါက်မှနေ၍ ကောင်းကင်အား မော့ကြည့်ကာ တစ်စုံတစ်ရာအား စဉ်းစားနေလျက် ရှိလေတော့သည်။

လူရွယ် ရောက်ရှိပြီး များမကြာမီမှာပင် သူတောင်းစား အဘိုးအိုသည် အချိန်မှန်ပင် လက်ဖက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်လေ၏။ အဘိုးအိုသည် ၎င်းထိုင်နေရာကျ နေရာလေးသို့ သွားရောက် ထိုင်ပြီးနောက် လာရောက် ချပေးသော လက်ဖက်ရည် တစ်ခွက်အား သောက်နေလေ၏။

လူရွယ်မှာ အဘိုးအိုအား တွေ့သောအခါ ထိုင်ရာမှ ထပြီးနောက် အဘိုးအို ရှိရာ ဝိုင်းသို့ ပြောင်း၍ ထိုင်လေ၏။ ပြီးနောက် အဘိုးအိုအား “ဘယ်လိုလဲ ဦးကောင်း၊ ကျန်းခန်းသာလို့ မာပါစ” ဟူ၍ ပြောဆို နှုတ်ဆက်လေသည်။ ယင်းသို့ လူရွယ်မှ နှုတ်ဆက်သောအခါ အဘိုးအိုမှာ လူရွယ်အား ထူးဆန်းစွာ ကြည့်လိုက်ပြီးနောက် “ငါ့မြေးကို ကျုပ်လည်း မသိရပါလားကွယ့်” ဟူ၍ ပြောဆိုလေ၏။

ထိုအခါ လူရွယ်မှာ အဘိုးအို၏ စကားအား သဘောကျစွာ တစ်ချက် ရီလိုက်ပြီးနောက် –

“အဟက်၊ ဦးကောင်းနှယ် ငါ့မြေးတွေ ဘာတွေတောင် သုံးတတ်နေပါပြီကောလား၊ ဒီမှာ ကျုပ် ခင်ဗျား သတင်းရလို့ လာစောင့်နေတာပဲ”

ဟူ၍ လူရွယ်မှ ပြောဆိုလေရာ အဘိုးအိုမှာ အဓိပ္ပါယ် နားမလည်သော အမူအယာဖြင့် လူရွယ်အား ကြည့်လိုက်ပြီးနောက် –

“ကျုပ်က မသိလို့ မသိကြောင်း ပြောတာပါ ငါ့မြေးရယ်၊ ငါ့မြေးက ဘာကြောင့် ကျုပ်ကို စောင့်ရတာတုံး”

ဟူ၍ ပြောဆိုလေရာ လူရွယ်မှာ ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ သစ်သားဖြင့် ပြုလုပ်ထားသော ဓားမြှောင်တစ်လက်အား ထုတ်ယူပြီးနောက် အဘိုးအို ရှေ့သို့ ချပေးလိုက်ကာ –

“ဟောဒီ ဓားမြှောင်လေးကြောင့်ပဲ”

ဟူ၍ ပြောဆိုလိုက်လေ၏။ ဆိုင်အတွင်းမှ လူများမှာလည်း လူရွယ်နှင့် သူတောင်းစား အဘိုးအိုတို့အား စိတ်ဝင်တစား ကြည့်ရှုနေကြလေ၏။

အဘိုးအိုမှာ လူရွယ်ပြသော ဓားမြှောင်အား တစ်ချက်ကြည့်လိုက်ပြီးနောက် မည်သို့မျှ ပြန်လည် ပြောဆိုခြင်း မပြုဘဲ လက်ဖက်ရည် ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့၏။ ထိုအခါ လူရွယ်မှာ အားရကျေနပ်သွားသည့် ဟန်ဖြင့် တစ်ချက် ပြုံးလိုက်ပြီးနောက် ကျသင့်သော လက်ဖက်ရည်ဖိုးအား ရှင်းကာ ထွက်ခွာသွားလေသည်။

ထိုနေ့ထိုအချိန်မှစ၍ “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံကြပါစေ” ဟူ၍ ဆုပေးတတ်သော သူတောင်းစား အဘိုးအိုသည် ၎င်းနေရာလေးမှနေ၍ အပြီးတိုင် ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေတော့၏။

++++++++++++++++

ကြိုးစားလျက် …
အံစာတုံး

34 comments

  • ဒဿ ဖွတ်ကျား

    September 20, 2012 at 9:56 am

    ဆက်ဦးမည် ဆိုပါတော့ ဗျာ..

    အားပေးနေပါတယ်ဗျို့..

    :kwi:

  • Mon Kit

    September 20, 2012 at 10:14 am

    တွေးရခက်ကြီး နဲ့ ကျန်ခဲ့တယ်တော့….
    :eee:

    မြန်မြန်လေး ဆက်ရေးပါရှင်…

  • ကိုရင်မောင်

    September 20, 2012 at 10:29 am

    ကဲကဲ…ဆက်ဖတ်ဘို့ စောင့်မျော်နေပါတယ်အံစာတုန်းရေ…

  • mayjuly

    September 20, 2012 at 10:50 am

    ပြီးရောလားး မကျေနပ်ဘူးဗျာ… ဒီအတိုင်းထွက်သွားတာကို :harr:

  • Khaing Khaing

    September 20, 2012 at 10:55 am

    အော် တန်းလန်းကြီးလား ……. ဆက်ပါဦး ကိုကြီးအံရေ … ဇာတ်လမ်းတွေသိပ်မရှုပ်ထွေးနဲ့နော် … သာမီးက အရမ်းရှုပ်ရင် မမှတ်နိုင်တော့ဘူးဂျ …….

  • surmi

    September 20, 2012 at 11:01 am

    ကျုပ် နေထိုင်မကောင်းဘူးနော်
    ဆန် ့ငင်ဆန် ့ငင်ဖြစ်အောင်မလုပ်နဲ ့ စောင် ့နေမယ်

    :kwi:

    :harr:

    သူများတွေလုပ်သလိုလုပ်ကြည် ့တာ

    • TTNU

      September 20, 2012 at 10:05 pm

      ဆာမိရေ..
      အဲဒီအရုပ်လေးတွေ ဘယ်ကဝယ်တာလဲ ဟင်။
      အမြန်ပြန်ဖြေနော်။
      တီချာ။

  • နေဝန်းနီ

    September 20, 2012 at 11:59 am

    ကိုကိုအံဇာရေ…။ ဒါက မင်းသိင်္ခလား မင်းမြတ်သူရ လား ….။

  • ရွှေ ကြည်

    September 20, 2012 at 12:26 pm

    လက်ဖက်ရည်၏ ပြတင်းပေါက် မှာ ဆိုင်ကျန်ခဲ့ပါကြောင်း..။
    သစ်သားဓါးမြှောင်လေးကဒီအတိုင်းထားခဲ့တာလား လူရွယ်ပြန်ပြီးအိတ်ထဲထည့်ယူသွားတာလားသိလိုပါကြောင်း..။
    စိတ်ဝင်စားပါကြောင်း..။
    ဆက်လက်ဖတ်ရှုရန်စောင့်မျှော်နေမည်ဖြစ်ပါကြောင်း..။
    ကိုနေဝန်းနီရေ အံစာသိင်္ခသူရ ဖြစ်ပါကြောင်း..။ 😀

  • ကြည်ဆောင်း

    September 20, 2012 at 1:55 pm

    အခုထိတော့နှစ်ပင်လိမ်တာဘဲ ဖတ်မိသေးတယ်
    ကျန်တဲ့ တစ်ပင် ကိုဆက်ဖတ်ဖို့စောင့်နေပါတယ်….

  • Novy

    September 20, 2012 at 2:13 pm

    ကောင်းခြင်း၊ ဆိုးခြင်းကို စောင့်မျော် နေပါတယ်
    အမောင်ခြောက်မျက်နှာရေ…

  • ပန်းစံပါယ်

    September 20, 2012 at 4:05 pm

    အရေးအသားတော်လိုက်ပုံများ တစ်ခန်းရပ်နားတာ ဘာမှမပြောပဲ မျှော်လင့်စောင့်စားအောင်ဖန်တီးပြီး ထားသွားတတ်တယ်လား။

  • pooch

    September 20, 2012 at 4:24 pm

    ကြည့်ရတာ သူက အဲ့နားကနေ တရားမဝင်ဖြန့်ဖြူးဖို့ အချိန်းအချက်လုပ်ပေးနေသလားမှ မသိတာ ။
    လျှောက်ပြောတာ။
    ဟုတ်လား သူငယ်အံ :mrgreen:

  • Black Cloud

    September 20, 2012 at 4:25 pm

    ပြောတော့ သုံးပင်လိမ်…….
    လူက နှစ်ယောက်…..
    ဒါးမြောင် တလက်……
    ဟုတ်တော့ ဟုတ်ချေဖူးနော်…..
    ဒါကြီးက ဆိုက်ကိုကြီးလား မသိဖူး……

  • lazy boy

    September 20, 2012 at 4:27 pm

    အားပေးသွားပါတယ်…
    အကို စောင့်နေပါတယ်

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 4:54 pm

    ဟုတ်ကဲ့ ခည ..

    ခုလို လာရောက် အားပေးကြတာကို ကျေးဇူး အထူးတင်ရှိပါတယ် ခည ..
    ဒီဇာတ်က နောက်နှစ်ပို်င်းလောက် ကျန်ပါသေးတယ် ခည ..
    အားလုံးဂို ပီးဒေါ့မှ အေးဆေး ရီပလိုင်း လုပ်ပေးပါမယ် ခည ..
    ခုဒေါ့ အလုပ်ထဲ ရောက်နေလို့ဘာ ခည ..
    ခည …
    ခည ……
    ခည …………
    :kwi:
    :kwi:

    • စိန်ဗိုက်ဗိုက်

      September 20, 2012 at 5:23 pm

      အာ…အလုပ်က အမြဲလုပ်နေရာ..လုပ်မနေနဲ ့ ပစ်ထားလိုက်..
      အချိန်လုပြီး လာအားပေးတဲ့လူတွေ ပျံစာလေးတော့ ဖတ်ချင်ကြမှာပေါ့..
      ခုခြက်ချင်း ရီပလိုင်း လုပ်ပေးလိုက်ပါ

      အလုပ်က နောက် အပတ်မှ ဆက်လုပ်

      :harr:

      • မဟာရာဇာ အံစာတုံး

        September 20, 2012 at 7:28 pm

        တိန် !!!!!
        အလုပ်က နောက် အပတ်မှ ဆက်လုပ် … ဒဲ့ …
        နောက် အပတ် ဆက်မလုပ်ခင်
        တစ်ခါတည်း တန်းပြုတ်သွားလိမ့်မယ် …
        :kwi:

        ………….

        ကိုရင်မောင် ….

        ညှော်နံ့မိရင် ကောင်းဘူး ..
        နှာခေါင်းလေး ပိတ်ထားဘာ …
        တော်ကြာနေ ညှော်နံ့ဂျောင့် နှာခေါင်းဂျီး ရောင်လာရင်
        မမယ်မ က ကြိုက်တော့ဘဲ နေဘာဦးမယ် ..

  • ကိုရင်မောင်

    September 20, 2012 at 5:23 pm

    ခုလိုရှင်းပြတာကျေးဇူးတင်ပါတယ် ခည….
    စောင့်ညှော်နေပါတယ် ခည……

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 8:33 pm

    ဒဿ ဖွတ်ကျား

    ဦးဖွတ်ကျား ခည …
    ဆက်ပါဦးမှာဘာ ခည ..
    သို့ပေသိ ..
    ဒီကြားထဲ အနော် သေသွားရင် သေသွားနိုင်ဒါမို့
    အဲ့ ဆက်ပါဦးမည်ဂျီးကို မထည့်လိုက်ဒါဘာ ခည … :mrgreen:
    အားပေးတဲ့ ကျေးဇူးပါလို့ …
    +++++++

    Mon Kit

    ဟုတ်ကဲ့ ခည …
    ဆက်ရေးနေပါလယ် ခည ..
    ကျေးဇူးပါ ခည ..
    +++++++++

    ကိုရင်မောင်

    ဟုတ် ..
    ဆက်ဖတ်ဘို့ စောင့်နေသလို
    မမယ်မ ကိုလည်း ပစ်မထားပါနဲ့လို့ …
    (ဘာမှလည်းဆိုင်ဘူး) :kwi:
    ++++++++++

    mayjuly

    ဂျီးဒေါ် .. ပြီးသေးဘူးရယ် ..
    အားပေးသွားတာ ကျေးဇူးပါနော့ ..
    +++++++++

    Khaing Khaing

    မာမီရေ ..
    သားသားရဲ့ အကျင့်ကိုဂ အဲ့လို တန်းလန်းဂျီး ဖစ်ဖစ် နေတတ်တာဂိုးဂျ ..
    မာမီ မမှတ်နိုင်မှာစိုးလို့ ဇာတ်လမ်း ရှုပ်အောင် လုပ်တော့ဘူးနော် ..
    ဒါပေသိ … ခေါင်းစဉ်အတိုင်းပဲ
    နောက်ထပ် နှစ်ပင်ထပ်လိမ်ဖို့ ကျန်သေးဒယ်ဂျ ..
    ဒါလေးတော့ ခွေးလွှတ်နော် .. :harr:
    ++++++++

    ချစ်တဲ့ ….
    အံစာတုံး

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 8:44 pm

    ဦးဆာမိ

    ဆန့်ငင် ဆန့်ငင် ဖြစ်အောင် လုပ်ပါဘူးဂျာ ..
    အားပေး ဖတ်ရှုတာ ကျေးဇူးပါ ..
    နောက်လည်း လာဖတ်ဦးနော် ..
    :harr:
    +++++++++++++++++++++++++++
    နေဝန်းနီ

    ဦးနေ ကတော့ လုပ်ပီ ..
    ခု ဒီပို့စ် ရေးတဲ့ကောင်က အာပလာ ကောင်ဗျ ..
    အဲ့ကောင်က ငကြောင်ပါဗျာ …
    :harr:
    +++++++++++++++++++++++++++
    ရွှေကြည်

    အဟဲ …. အဟီး …
    အဲ့ဒါ အနော် ရှမ်းသွားဒါ …
    :kwi:
    ပြင်လိုက်မယ်နော် .. တေးဇူး …
    ပြီးဒေါ့ …
    နာမည်လည်း ပေးဒတ်ဒါဘဲနော် …
    သူပေးလိုက်မှဘဲ “အံစာသိင်္ခသူရ” ဖြစ်တွားဒယ် … တေးဇူးဘာဂျာလို့ ..
    +++++++++++++++++++++++++++
    ကြည်ဆောင်း

    ခုဟာက နှစ်ပင် ဟုတ်ဘူးဂျ ..
    တစ်ပင်တည်း ရှိဒေးဒယ် ..
    အားပေးသွားတာ ကျေးဇူးပါနော့
    +++++++++++++++++++++++++++
    Novy

    ဟုတ် .. အမနိုဗွီ
    အဲ .. စောင့်နေဒယ်ဆိုလို့ ပြောရဦးမယ်ဂျ ..
    ကောင်းခြင်း၊ ဆိုးခြင်းလို့ ဆုပေးဒါက
    အဟဲ .. အဖိုးဂျီးနော် …
    :harr:
    +++++++++++++++++++++++++++

    ချစ်တဲ့ ….
    အံစာတုံး

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 8:53 pm

    လုံမလေး မွန်မွန်

    အဟမ်း .. ဟမ်း ..
    ကျုပ် ပြောရမလားဗျ ..
    တကယ်ပြောမှ စိတ်မဆိုးနဲ့နော် …
    :harr:
    +++++++++++++++++++++++++++
    ပန်းစံပါယ်

    အမငီး အမ မစံပါယ်ရယ် …
    အနော့် အရေးအသားက ခပ်ညံ့ညံ့ပါဂျ ..
    တစ်ခန်းရပ်ကြောင်း ဘာမှ မပြောဒါဂ
    မသေချာမှာ စိုးလို့ဘာဘဲ ခညာ ..
    +++++++++++++++++++++++++++
    Pooch

    အဟဲ .. အဟီး .. အဟူး ..
    ထင်ချင်ဒလိုဒါ ထင်ဘာလို့ …
    အဲ .. ဒါနဲ့ သူငယ်အံ ဆိုဒေါ့ ..
    အနော်ဂ အမ လို့ သုံးလို့ ရလောက်ဒေါ့ဘူး ..
    “ဂျီးဒေါ်” လို့ဘဲ ခေါ်ဒေါ့မယ်နော် ..
    :harr:
    +++++++++++++++++++++++++++
    Black Cloud

    သုံးပင်လိမ် ဆိုတာဂ ဒီလိုပါဗျ ..
    ဟိုလိုပါဗျ …
    နောက်တော့ ပေါ်လာမှာပေါ့ဗျာ …
    :kwi:
    +++++++++++++++++++++++++++
    Lazy Boy

    ဟုတ်ကဲ့ ..
    အားပေးသွားတာ ကျေးဇူးပါ ..
    စောင့်နေမှာစိုလို့ မေးရဘာအုံးမယ် ..
    ဘယ်နားမှာ စောင့်နေမှာဒုံး ..
    တော်ကြာ နေရာမှားနေမှ ဒုတ်စွ ..
    :kwi:
    နောက်တာပါနော့ ….
    +++++++++++++++++++++++++++

    ချစ်တဲ့ ….
    အံစာတုံး

  • မောင်ပေ

    September 20, 2012 at 9:00 pm

    ဒီလိုရှိပါတယ် ဦးကောင်း ဆိုတဲ့အဖိုးကြီး ဟာ သူတောင်းစားဟန်ဆောင်ပြီး ၂လုံးအတိတ်ပေးစာရွက်တွေ ရောင်းနေတာကို ၂၅နှစ်အရွယ် စီးကရက်သောက်တဲ့ နယ်ထိန်းမောင်အံ က လာသတိပေးတဲ့အခါ ၊ ဦးကောင်းလဲ အခြေအနေမဟန်တော့ဘူးဆိုပြီး ၊ အဲဒီ တုနှိုင်းမှီ လဘက်ရည်ဆိုင်ရှေ ့ကနေ ဂွင်ပြောင်းသွားတာပါ
    ဟုတ်တယ်မို ့လား အံကြီး
    မဟုတ်လဲ မှားတယ်လို ့သာ မှတ်
    ပုံ
    ရမ်းတုတ်သည့် မောင်ပေ

    • မဟာရာဇာ အံစာတုံး

      September 20, 2012 at 9:04 pm

      ဂယ်ဒေါ့ အဲ့လိုဟုတ်ဘူးဂျ ..
      အဲ့ဒီ ဦးကောင်း ဆိုတဲ့ လူဂျီးက နံမယ် အမျိုးမျိုးနဲ့ နေတဲ့ လူဂျီးဒဲ့ ..
      သူ့ တကယ့် နာမည်အရင်းဂျီးကဒေါ့ ဦးပေ ဆိုလားဘဲ ..
      :kwi:
      အဲ့လူဂျီးဂ ၂ လုံး အတိတ်ပေး စာရွက်တွေ ရောင်းတာဟုတ်ဘူး ..
      ဘောလုံး နိမိတ် စာရွက်တွေ ရောင်းဒါဒဲ့ … အဟိ ..

      • မောင်ပေ

        September 20, 2012 at 9:18 pm

        ဟုတ်ပ
        ကျုပ်ရောင်းတဲ့ စာရွက်တွေ ကို ပင်ရင်းဖြန် ့ချီတာကတော့ ဂေဇက်အံကြီး တဲ့
        :kwi:
        :kwi:

        • ဘဲဥ

          September 21, 2012 at 10:48 am

          ကော်မရှင်စား ကဖိုးထောင်ဂျီးရော ဘယ်ပျောက်နေဒုံးဂျ :har:

        • ဘဲဥ

          September 21, 2012 at 10:49 am

          ကော်မရှင်စား ကဖိုးထောင်ဂျီးရော ဘယ်ပျောက်နေဒုံးဂျ :harr:

        • Khaing Khaing

          September 21, 2012 at 12:38 pm

          ဒိုင်ခံလောင်းကြေးထပ်တဲ့ ဘဲဥတဲ့ဟေ့ …. ပျောက်နေတာက သူ ……

        • Ma Ei

          September 21, 2012 at 1:22 pm

          အဲ့ ဂလောက် လုပ်ငန်းကြီးဆိုတော့
          Accountant, Auditor လိုအပ်ရင်ပြောပါ….
          :hee:

  • ထွန်း ပြောင်

    September 20, 2012 at 9:18 pm

    မဟုတ်မှ လွဲရော ဒီလူကြီး………….
    မြဝတီရုပ်မြင်သံကြားမှာ လုပ်တာလား မသိဘူး……………

  • အရီးခင်လတ်

    September 21, 2012 at 3:12 am

    ဒီတစ်ခါ တော့ ၃ပင်ဘဲ လိမ်မှာ သေချာလား။
    သုံးပင်ထက် ပိုလို့ကတော့ :buu: :harr:

  • ကြောင်ကြီး

    September 21, 2012 at 9:17 am

    ဓားမြှောင်က ခြောက်လက်မကျော်လို့ ရဲဖမ်းသွားတာများလား…။ သွားတိုင်ကွာ ၈၈အဖွဲ့ကို…

  • candle .

    September 22, 2012 at 7:58 pm

    ” သကြား ပုလင်း ” အံစာ.. အဟိ..
    တကယ်လိမ်မှာဆို မြန်မြန်လေးနော်..
    တန်းလန်းထားရင် ဝဋ်လိုက်တတ်တယ်..

Leave a Reply