နေပြည်တော် ပုလိပ် ရောဂါ ကူးစက်မှု ဝန်ထမ်းများ တုန်လှုပ်…

lu ta loneJuly 10, 20101min1228

http://mizzouwire.missouri.edu/stories/2008/bone-study/images/full.jpg

အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ကြွက်မှ ကူးစက် သည့် ပုလိပ်ရောဂါများ လူတွင် စတင်ဖြစ်ပေါ်
နေသည် ဟူ သည် ့ သတင်းများ ကြောင့် ထိုဒေသ ရှိ အစိုးရဝန်ထမ်း များ နှင့် ဒေသခံ များ အား လုံး
ကြောက်ရွံ ့တုန်လှုပ် လျှက် ရှိသည် ဟု သိရသည်။

နေပြည်တော် ဆည်မြောင်း ဝန်ကြီးဌာန ရှိ အကြီးတန်း ဝန်ထမ်း တစ်ဦး က မူ ကျွန်တော်တော့ ဖြစ်နိုင်ရင်
ရန်ကုန် ပဲ ပြန်ချင်တယ်။ ကျွန်တော့် အတွက် က အရေးမကြီးပေမယ့် သားသမီးတွေ ကို တော့ ဒီရောဂါမဖြစ်
စေချင်ဘူး ဟု သူက ပြောသည်။

နေပြည်တော် တွင် ဝန်ထမ်းများ သာမက အစိုးရ အရာရှိ မိသားစုများ ပါ ရန်ကုန် ၊မန္တလေး နှင့်
မေမြို ့စသည့် မြို ့များ သို ့ခေတ္တရှောင်နေ ရန်စီစဉ် ထားသည် ဟု သိရသည်။

ပုလိပ်ရောဂါ နှင့် ပတ်သက် သည့် ကူးစက်ရောဂါ ကာကွယ်မှု သတင်း ကို ဇူလိုင် လ ရ ရက်နေ ့  သတင်းစာများ တွင် ဖော်ပြထားသည်။

နေပြည်တော်-ရန်ကုန် ကားလမ်းပေါ်တွင် ထောင်သောင်းချီသော ကြွက်ဝမ်းဖြူ များ ပြောင်းရွှေ ့မှု
သတင်း ထွက်ပြီးနောက် ပလိပ်ရောဂါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပုလိပ်ရောဂါ သည် မြန်မာ နိုင်ငံတွင် ဒုတိယ ကမာ္ဘ စစ်မတိုင် ခင်က ကပ်ရောဂါ သဖွယ် ဖြစ်ပွားပြီးနောက်
လူအမြောက် အမြား သေဆုံး ခဲ့ရသည်။

From: Freedom News Group

8 comments

  • etone

    July 10, 2010 at 5:06 am

    ဟိုလူကြီးအိမ်ကစဖြစ်ရင်ပိုကောင်းတယ် ။ 😀

  • cobra

    July 10, 2010 at 10:17 am

    ကဲ…ဘာလုပ်မှာလဲနေပြည်တော်..အရမ်းကိုခမ်းနားတဲ့နေရာမြာဒီလိုတွေဖြစ်ကုန်ပီလား။

  • winne

    July 10, 2010 at 10:18 am

    ဒီသတင်းကြားရတာ တကယ် စိတ်မကောင်းပါဘူး.. အရင် အရင်တွေလို ကံကောင်းသူက အမြဲကံကောင်းပြီး မကောင်းသူကတော့ မကောင်းဖြစ်မှာဘဲ တွေးပူမိတယ်

  • intro

    July 10, 2010 at 1:24 pm

    ဖြစ်လဲ ပြည်သူတွေပဲ ခံရမှာ…. ဘဘတို့ကတော့ အေးဆေးပဲလေ… သိတယ်မလား… တစ်မြို့လုံးပြာကျသွားလဲ ဘဘတို့က အေးဆေးပဲ… ဟဲဟဲ။

  • kopauk mandalay

    July 10, 2010 at 4:30 pm

    သည်လိုဘေးဒုက္ခတော့ဘယ်မှာမှ မရောက်စေချင်ပါ
    ဖြစ်ရင် မရှိသူက ပိုခံရပါတယ်နော်။
    http://kopaukmdy.myanmarsarpay.info/

  • Shwemannmay

    July 12, 2010 at 9:20 am

    ပုလိပ်လို ရောဂါမျိူ း ကသေချာမထိန်းချုပ်နိုင်ရင် ကပ်ရောဂါလိုဖြစ်သွားမှာစိုးရိမ်ရတယ် ။ လူထုကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ နိုင်ငံမို ့ပိုစိုးရိမ်ရတယ်

  • minko

    July 25, 2010 at 8:24 am

    It does not matter for Junta whether those disease are spreading or not. It is because they can move to another place where they can stay extremely comfortable. I actually worry is to appear among local guys who did not have any awareness of its disease. For example, plague is a very infection disease that produce high fever and swellings on the body and often leads to death.And it also needs lots of water to prevent it especially rural area those who are facing lack of water.For example, recently month water shortage had happened in near Mandalay and others places.Plague has a long story and a very popular through the Human history. During A.D. 541–542, the plague was killing 10,000 people in Constantinople (the former name of the city of Istanbul in Turkey, in ancient times it was the capital of Eastern Roman Empire and Byzantine Empire) every day and ultimately destroyed perhaps 40% of the city’s inhabitants. In A.D. 588 a second major wave of plague spread through the Mediterranean into France. At this time plague was killed as many as 100 million people across the world. The Third Pandemic began in China in 1855, spreading plague to all inhabited continents and ultimately killing more than 12 million people in India and China. The plague spread from the hunting grounds to the terminus of the Chinese Eastern Railway and then followed the track for 2,700 km. The plague lasted 7 months and killed 60,000 people. And the during second world war plague was killed countless people in Burma. This is why we should do as much as we can effort to people who do not realize about it such as giving knowledge and scare how it can bring bloody day into our life.

    Reference: http://en.wikipedia.org/wiki/Plague_%28disease%29
    longman academic etutor

  • la won nge

    September 5, 2010 at 7:17 am

    နေပြည်တော်မှာ နေ နေရပေမယ့် ဒီရောဂါတယ်ဖြစ်နေပြီလို့တော့ သေချာ မသိရသေးပါဘူး၊ ကြွက်တွေကတော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်၊ အဲဒီလောက်များတဲ့ ကြွက်တွေကို တခါမှတောင်မမြင်ဖူးခဲ့ဘူး။ ညဘက်လည်းကောင်းကောင်းမအိပ်ရဘူး။ အထူးသဖြင့် တည်ဆောက်နေဆဲ လုပ်ငန်းခွင်ထဲမှာ နေရသူတွေအဖို့ ကြွက်တင်မကဘူး အကောင်ပေါင်းစုံကိုကြောက်နေရတာပါပဲ၊

Leave a Reply