ဖိနပ် မစီးခဲ့ပါနဲ့

အောင် မိုးသူSeptember 20, 20121min18621
ယိမ်းနွဲ့နွဲ့ ဇာတ်စင်ပေါ်မှာ
နင်နဲ့ငါ အတိမ်းအယိမ်းကကွက်တွေနဲ့
ဟန်ချက်ညီညီ ကခဲ့ကြတယ်။
လှပတဲ့ မီးရောင်စုံကြားမှာ
မြူးကြွတဲ့ စည်းချက်တွေနဲ့အတူ
ဘဝဟာ ကဗျာဆန်နေခဲ့ရင်သိပ်ကောင်းမှာ။
နင်စီးတဲ့ ဖိနပ်တစ်ရံ
ငါစီးတဲ့ ဖိနပ်တွေနဲ့
အလဲအလှယ် လုပ်ခဲ့ဖူးတယ်။
အို……. နုနုရွရွ ဖူးပွင့်ခဲ့တဲ့လေပြေတွေ
ကြွကြွရွရွလေး မထွက်ခွာသွားနိုင်တာ
ငါ…ရင်နာတယ်။

ပြန်မယ်လို့တော့ မပြောနဲ့
သွားမယ်လို့လည်း နှုတ်မဆက်နဲ့
နင်နဲ့ငါကမ္ဘာခြားတာ
နင်မပြောလည်း ငါသိတယ်။
ကဲ…ကဲ.. အပိုတွေပြောနေလည်းအပိုပဲ
ပြန်စရာရှိတာပြန် သွားစရာရှိတာသွား
ငါ့နေရာမှာ ငါစောင့်နေမယ်။
နင်သွားတဲ့နေရာက အမြင့်လား
ငါနေတဲ့နေရာက အမြင့်လား
အယူအဆတွေကွဲလွဲလိမ့်မယ် ချစ်သူ။
ဘယ်အချိန်လာလာ ငါ့ဘဝက
ကဗျာမဆန်တဲ့ စည်းချက်တွေနဲ့အတူ
ကခုန်တုန်း…….။
ပြန်လာမယ်ဆို…..
ငါတစ်ခုမှာလိုက်မယ်….
ချစ်သူရေ….နင်ဖိနပ်မစီးခဲ့ပါနဲ့။
************************
အောင်မိုးသူ
တနင်္လာ ၊ ၉.၁.၂၀၁၂ ၊ ၃နာရီ ၁ဝမိနစ်

21 comments

  • Mon Kit

    September 20, 2012 at 2:23 pm

    ဖတ်ကြည့်ပီး ရင်ထဲမှာ တမျိုးလေး ခံစားသွားရပါတယ်…
    :byae:

  • အိမ်လွမ်းသူ

    September 20, 2012 at 2:34 pm

    ပြန်လာရင်….ဖိနပ်မစီးခဲ့ပါနဲ့ဆိုတော့….. ရေကြီးနေလို့လား…… ဟင်…
    အရကားနောက်တာ………. ပန်းခင်းပြီး ကြိုနေမယ်လို့ လဲယူဆလို့ရတာ ပဲနော့

  • mayjuly

    September 20, 2012 at 3:10 pm

    ဖိနပ်စီးစရာမလိုဘူးလေ..အိပ်မက်ထဲမှာဆိုတော့ .. :kwi:

    ဟုတ်လားမသိ … 😀

  • aung moethu

    September 20, 2012 at 3:47 pm

    ခုထက်ထိ နားမလည်ကြသေးပါလား…….။ စဉ်းစားစဉ်းစား 😉

    • pooch

      September 20, 2012 at 4:10 pm

      ပြန်ထွက်ပြေးသွားမှာစိုးလို့ ခြေဗလာနဲ့ ထားမှာမဟုတ်လား 😆

  • mayjuly

    September 20, 2012 at 3:53 pm

    အဲတာဆိုလဲ ဘုန်းကြီးဝတ်တော့မှာလားလို့ ……

  • Mon Kit

    September 20, 2012 at 4:01 pm

    နင်နဲ့ငါကမ္ဘာခြား ပီလို့တော့ ပြောဒါဘဲ……

    :gee:

  • aanyar thar

    September 20, 2012 at 8:44 pm

    ဒ်ီလိုထင်တယ်ဗျ….ကောင်မလေးပြန်လာတဲ့..အချိန်…မှာ..ကိုအောင်မိုးသူက..ဘုန်းကြီးကျောင်းမှာ…စိတ်ပုတီးနဲ့…ရိပ်ကြီးခို…ဆိုသလို…ရဟန်းဘောင်..ဝင်နေတော့မှာမလို့….ဘုန်းကြီးကျောင်းဝန်း..ထဲမှာ..ဖိနပ်…စီးလာမှာ..ဆိုးလို့ထင်ပါတယ်ဗျာ..(အညာသား..တို့ကတော့..အကောင်တွေ့….မှ့ကို..အရိပ်ကို..သတိ့ထားမိ့တဲ့သူပါ…)….ရင်ဘတ်ကြီး..နဲ့..ဖတ်ရှု့..အားပေးသွားပါတယ်..အကို

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 9:08 pm

    သူနဲ့ လဲထားတဲ့ ဖိနပ်က
    ကိုယ့်ဆီမှာ ရှိနေတာပဲ …
    ဒါဂျောင့် ဖိနပ် မစီးခဲ့နဲ့လို့ ပြောဒါနေမှာ ..
    ဟုတ်တဲ့ တိုတိုအောင် ..
    နောင်ခါ ဖိနပ်စီးခဲ့ဖူးနော် .. အဟိ ..
    :kwi:
    နောက်တာပါနော့ ..
    ကဗျာလေးကို အားပေးသွားပါတယ်ဗျာ ..

  • မောင်ပေ

    September 20, 2012 at 9:24 pm

    ဖိနပ်မစီး
    ကြက်ထီး
    အရှက်ကြီး
    ဝက်မြီး
    ထွက်ခရီး
    ဆက်တီး

  • may flowers

    September 20, 2012 at 9:26 pm

    ဘာလို့ဖိနပ်မစီးခိုင်းတာလည်း ဟင်င်င်
    နားမလည်ပေမဲ့ ကဗျာလေးကတော့ ဖတ်လို့တော့ တကယ်ကောင်းပါတယ်:-)

  • အရီးခင်လတ်

    September 21, 2012 at 3:16 am

    ဟိုက လေဒီရှူး အမြင့်ကြီး ကို စီးလာ တော့ ဖိနပ်ခြင်း လဲ စီးချိန် ဒုက္ခ ဖြစ်ခဲ့တာ ကို သင်ခန်းစာယူ လိုက်တာထင်ရဲ့။
    နောက်တာနော်။ 😆

  • ညလေး

    September 21, 2012 at 1:26 pm

    ဟုတ်ကဲ့….ဖိနပ်ပျက်နေတာနဲ….အတော်ပဲ…ခြေဗလာနဲ. လာခဲ့မယ်…
    အဟက်…ဒါမှမဟုတ်….
    အရပ်ချင်းက…အတူတူ မို.လားနော်…ဒေါက်မြင့်ဖိနပ်စီးလာမှာဆိုးလို.လား….
    မသိ…ခက်၏

    • aung moethu

      September 21, 2012 at 1:58 pm

      ဖြစ်ရလေ… း)…။ ကဗျာအဓိပ္ပာယ်က အဲ့လောက် မပေါပါဘူးဗျ.. း)

  • ဒဿ ဖွတ်ကျား

    September 21, 2012 at 2:17 pm

    နင်စီးတဲ့ ဖိနပ်တစ်ရံ
    ငါစီးတဲ့ ဖိနပ်တွေနဲ့
    အလဲအလှယ် လုပ်ခဲ့ဖူးတယ်။

    အပြန်အလှန် ချစ်ကြတယ် လို့ ဆိုလိုချင်တယ် ထင်မိပါတယ်။
    အပေါ်က စာတွေကတော့ ငယ်ရွယ်တာ ရင်ခုန်ရစ်မူးတာတွေကို ပုံဖော်ထားပြီး
    ကဗျာ မဆန်ခဲ့ဘူး ဆိုတာကတော့ ရုပ်ဝတ္ထုပိုင်း မပြည့်စုံတာကို ညွှန်းချင်တာ
    ဖြစ်လိမ့်မပေါ့ .. (အထင်..)

    ဘယ်အချိန်လာလာ ငါ့ဘဝက
    ကဗျာမဆန်တဲ့ စည်းချက်တွေနဲ့အတူ
    ကခုန်တုန်း…….။
    ပြန်လာမယ်ဆို…..
    ငါတစ်ခုမှာလိုက်မယ်….
    ချစ်သူရေ….နင်ဖိနပ်မစီးခဲ့ပါနဲ့။

    အပေါ်က အပြန်အလှန်ချစ်ခဲ့ကြတယ် ဆိုတာကိုထောက်ရင်
    ပြန်လာရင် ဖိနပ်မစီးခဲ့ပါနဲ့တော့ ဆိုတာက…
    နင် ငါ့ကို မချစ်ပါနဲ့တော့.. လို့ ပြောချင်လိုဟန်ရှိရဲ့…။
    ပေးဆပ်ခြင်းနဲ့ပဲ တဖက်သတ် ဆက်ချစ်နေပါ့မယ် ..
    သည်တခါ ဖိနပ် မလဲစီးတော့ပါ လို့ .. ယူဆမိပါကြောင်း (အထင်)

    :chit:

    :kwi:

    • aung moethu

      September 21, 2012 at 2:26 pm

      ကိုဒဿ ပြောသွားတာ တော်တော်လေးနီးစပ်သား အပေါ်တစ်ခုက မှန်တယ်ဗျ…။ း)))))))))

  • နှင်းဆီ ငုံ

    September 21, 2012 at 4:28 pm

    ပြန်လာမယ်ဆိုရင် နောက်ထပ်ပြန်ထွက်မသွားနိုင်အောင် ဖိနပ်တစ်ရံတည်းကိုပဲ တူတူစီးကြမယ်
    ဂလိုလားဟင်….

  • မဟာရာဇာ အံစာတုံး

    September 21, 2012 at 8:15 pm

    တစ်ခုလောက်တော့ ပြောပါရစေခင်ဗျာ …
    အခု ကဗျာကို အဓိပ္ပါယ် လိုက်ဖွင့်နေရတာနဲ့ ပတ်သက်ပြီးတော့ပေါ့ ခင်ဗျာ ..

    ကဗျာ ဆိုတာတဲ့ ..
    ရေးသူကလည်း သူ့ခံစားချက်နဲ့ သူ ရေးလိုက်တယ်တဲ့ ..
    ဖတ်တဲ့ သူကလည်း သူ့ခံစားချက်နဲ့ သူ ဖတ်လိုက်တယ်တဲ့ …
    ဒီနှစ်ခုစလုံးမှာ ရေးတဲ့ လူလည်း မှန်သလို ..
    ဖတ်တဲ့ လူဟာလည်း သူ့ခံစားချက် သူဆိုတော့ မှန်တာပဲတဲ့ …
    နှစ်ဖက်စလုံး မှန်တယ်ပေါ့ဗျာ …
    ပြီးတော့လည်း ကဗျာဆိုတာ အဓိပ္ပါယ် တစ်ခုတည်းကိုပဲ
    ဒါပဲ ဟုတ်တယ်လို့ ပြောလို့ ရတဲ့ အရာ မဟုတ်ပါဘူးတဲ့ …

    ဒီတော့ကာ …
    ခုလည်း အဲ့လိုပဲလို့ ထင်တာပါပဲဗျာ …

    • aung moethu

      September 22, 2012 at 10:07 am

      ဦးအံစာတုံးပြောတာ အမှန်ပဲ း))))))))))))))))) အမှန်ဆုံးပဲ

Leave a Reply