ကျွန်တော်က ရှေ့နေတွေကို ငယ်ငယ်က အထင်ကြီး ခဲ့တယ်။ရှေ့နေတွေနဲ့ နောက်ပိုင်း ပိုရင်နှီးလာခဲ့တယ် အန်အယ်ဒီပါတီ ကို အခု ပါတီဝင် တွေ လျှောက်လွှာ လာတင်ကြတာရှေ့နေရှေ့ရပ် များတယ်။ရှေ့နေတွေကို ခင်မင်တယ် စိတ်ထဲမှာတော့ သူတို့ ရှေ့နေ ဆိုတာ မရှိပါဘူး။
တခါက အမှုတစ်ခုကို မရွယ်ဘဲ တရားစွဲလိုက်ရတယ်။အသင်းအဖွဲ့ ကို စော်ကားလို့ ၊ စာတွေ ဖြန့်လို့ အဖွဲ့ ခေါင်းဆောင် တစ်ယောက်မို့ အဖွဲ့ ၀င်တွေရဲ့ ဆန္ဒအရ တရားစွဲလိုက်ရတယ်။ တရားရုံးက ပုဒ်မ၅၀၀နဲ့ လက်ခံတယ် အမှုကို လက်ခံ စစ်ဆေးတယ်။ဒီမှာ တင် တဖက် စွပ်စွဲခံရသူ ရဲ့ ရှေ့နေက ကိုယ့် သူငယ်ချင်း ဖြစ်နေတယ်။ တရားရုံးမှာတွေ့တော့ ကိုယ်က နုတ်ဆက်တယ် သူက စကားဟဟတောင် ပြန်မပြောဘူး။ ဒါကြောင့် နောက်တွေ့တော့ မခေါ်တော့ ဘူး အထင်သေးလို့ မခေါ်တော့ တာဖြစ်တယ်။ ရည်ရွယ်ချက်တူ ခံယူချက်တူသူတွေ ဖြစ်၇ဲ့ သားနဲ့ ငွေလေး ငါးသောင်းလောက် ရတာနဲ့ တင် မိတ်ဆွေ တစ်ယောက် စာပေ ၀ါသနာတူသူချင်း နုတ်ဆက်ဖေါ်တောင် မရတော့ ဘူး ။တဖက်က အထင်လွဲမှာ စိုးလို့ ဆိုပြီး သူတို့ကပြောလိမ့်မယ်။ တရားခွင်မှာ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်လို့ရနိုင်တယ်လေ။
ရှေ့နေတွေက ကိုယ့် အမှုသည် ကျေနပ်အောင် နေတတ်တယ်။ဒီပြင်မက ငွေတောင်း နည်းတွေ လည်း တော်တော်တတ်ပါတယ်။ အမှုသည်ကလည်း ထစ်ကနဲဆိုရှေ့နေ ငှား တော့တာပဲ။ရှေ့နေ တစ်ယောက်ဆို အမှုသည် အိမ်ရှေ့လည်းရောက်ရော ဆိုင်ကယ်က ရပ်သွားတယ် အမှုသည်က လည်း အိမ်ပေါ်တက်ပါပေါ့။ဒီမှာ စကားတွေ ဘာတွေပြော သူတို့ လက်သုံး စကား တခုက “ တဖက်ကတော့ ဟိုနေ့က တရားသူကြီးဆီ ၀င်တာတွေ့တယ် ဒါပေမယ့် စီရင်ထုံးတွေ ကို ဖတ်ရတာ ခင်ဗျားသာတယ်
မပူနဲ့ ။” ဒါမျိုးစကားတွေ က ရှေ့နေ တစ်ယောက် အမှုသည်နဲ့ တွေ့ရင်ပြောတတ်တဲ့ စကားပဲ။သူတို့က ငွေအားသာတယ် .“.ဒါပေမယ့် အမှု ကြောင်း အရ ခင်ဗျား သာတယ်ကျွန်တော် လာတုန်းဆိုင်ကယ် ဆီ မစစ်မိဘူး ပိုက်ဆံလည်း ထည့်မလာမိဘူး ဆီ နှစ်လုံးလောက် ထည့်ပေးစမ်းပါဗျာ”
ဆိုတာမျိုး၊ မင်္ဂလာဆောင် သွား ချင်တာဗျ ခက်တာက ငွေ မပါလာဘူး လုပ်စမ်းပါဗျာဆိုတာမျိုး ဒါက အမှု အတွက် ထိုက်ထိုက်တန်တန် ယူ ထားပြီးပြီနော်။ တောင်းတတ်ပုံလေး တစ်ချို့ပါ။
ရှေ့နေ ရှေ့ရပ်ရဲ့ ကျင့် ၀တ်တွေ သူတို့ သင်တန်းပြီးတော့ သင်တဲ့ နေရာမှာ ထားခဲ့ကြတယ် ထင်ပါတယ်။တစ်ချို့ဆို တရားခံ ( စွပ်စွဲခံရသူ)ဘက်ကလိုက်တယ် ။ တရားခံ သဘောကျအောင် တရားလိုကို တရားခွင်မှာမေးခွန်းတွေ မေးတယ်။
“ ခင်ဗျား ကျွန်တော်ကို မလိမ်နဲ့နော် ကျွန်တော် သိထားပြီးပြီ ကဲပြောစမ်း ” ဆိုတာမျိုး သဟောက် သဟမ်းနဲ့ မေးတာတွေ လည်းရှိတယ်။မင်းသားလို ဟန်ပန်တွေနဲ့ တဖက်ရှေ့နေချင်း ရန်ဖြစ်ကြတာလည်း ရှိတယ်။ အမှုသည် သဘောကျမေးရင်း ကျင့်ဝတ်ကို ဖျက်သလို ဖြစ်နေတာမျိုး ဖြစ်နေတယ်။ရှေ့နေကျင့်ဝတ်နဲ့ မညီရင် ရှေ့နေကောင်စီကို တင်ပြ လို့ ရတယ်။ ပြည်သူတွေကလည်း မသိတော့ လိမ့်ခံနေရတယ်။
တစ်ချို့ရှေ့နေတွေ လည်း ကျင့်ဝတ်နဲ့ ညီ ကတိတည်သူတွေလည်းရှိတယ်။တခါက အမှု တစ်ခုကို လိုက်တဲ့ ရှေ့နေတစ်ယောက်ဟာ သူ့အမှုကို မြို့နယ်ရုံးမှာ ရှုံးရင် ခရိုင် နောက် တိုင်း အထိ ပိုက်ဆံပေးစရာ မလိုဘူး ခရီး စရိတ်ပေးစရာမလို ဘူးဆိုပြီး ကတိပေးပြီး လိုက်တယ် ။ဖြစ်ချင်တော့ မြို့နယ်ရုံးမှာ ရှုံးတယ်။ကတိအတိုင်း ခရိုင်
မှာ စရိတ်မယူဘဲ လိုက်ပေးတယ် နိုင်တယ်။ အမှုသည်က ပုဇွန်ချည်လေးဘာလေ ကန်တော့ တာတောင် လက်မခံချင်ဘူး ဆိုပြီး “လေးစားတယ်ဗျာ ကတိတည်တယ်
ဆိုပြီး အမှုသည် တစ်ဦးက မြောင်းမြ ကရှေ့နေ စာရေးဆရာ တစ်ယောက် အကြောင်း ကျွန်တော့်ကို လာပြောဖူးတယ်။
တရားခွင်မှာ ရှေ့နေတွေက မေးတဲ့ မေးခွန်းတွေကို အပြင်မှာ ငါ ဘာမေးလိုက်တာ မဖြေနိုင်ရှာ ဘူးဆိုတာမျိုး ဂုဏ်ယူ ပြောတာလည်းတွေ့တယ်။အမှုမှာ မေးရင်းနဲ့ အမှန် အတိုင်း တရားလိုက ဖြေလိုက်တာ အမှုနဲ့ မသက်ဆိုင်တာတွေပါတတ်တယ်။ ၄၁၇ နဲ့ လိမ်လည်မှု တစ်ခုမှာ တရားလိုက်ု ငွေတိုးပေးစားတယ် ဆိုတာပေါ်လွင်ချင်တော့ ငွေ တိုးပေး တဲ့ အထောက် အထား ကိုရှေ့နေက မေးတယ်။ဦးဖြူကို ခင်ဗျားငွေ တိုးပေးဖူးတယ်မလားဆိုတော့ ရိုးသားတဲ့ တရားလိုက ငွေတိုးမပေးဖူးပါဘူး စာနာလို့ ငွေချေးလိုက်တာပါ။ သူ့သမီးလေး မတရား စော်ကားခံရတယ် ငွေလိုတယ် ဆိုလို့ ချေးတာပါ အတိုးလည်း မယူပါဘူး လို့ တရားရုံးမှာ ထွက်တယ်။ဒါကို ရှေ့နေက ဦးဖြူကို တရားလို ဘယ်သူက ခင်ဗျား သမီး အကြောင်း တရားရုံးမှာပြောတယ် အသရေကို နစ်နာစေတယ် ဘာညာတွေ လိုက်ပြောတော့ အမှုတွေ ထပ်ပွား ရှေ့နေ ကျင့်ဝတ်မညီဘဲ လုပ်ဆောင်တယ်။
တရား၇ုံးမှာ သက်သေ အဖြစ် အဘွား အို တစ်ဦးကို သက်သေ စစ်တယ်။ စစ်ဆေးသူရှေ့နေက အဘွားကြီးပဲ သဟောက် သဟမ်းနဲ့ မေးရင် တော့ အမှားမှား အယွင်းယွင်းတွေ ဖြစ်မယ် ဆိုပြီး တွေးထားတယ် တကယ် တရားခွင်မှာ မေးဖို့ အဘွားအိုကို သေချာကြည့်ပြီး
“ အဘွား ကျွန်တော့်ကို သေချာ ကြည့်စမ်း သိလား” လို့ မေးတယ်။ အဘွား အိုကလည်း
သိပ်သိတာပေါ့ လူလေးရယ် မင်း အဖေက အရက်သမား ဆိုက်ကားနင်းတဲ့ လှဖေ ..မင်း အမေက အကြော်သည် ဂွက်ထော် ရပ်ကွက်ထဲ အလွန်ရန်ဖြစ်တာ အေ
မင်းက လည်း အမှုလိုက်ရင် တခါမှ နိုင်တယ် ဆိုတာမရှိတဲ့ ရှေ့နေလို့ နာမည်ကြီးနေတဲ့ သူငယ်ပဲ အဘွား သိတာပေါ့”
ဒီလို လည်းပြောလိုက်ရော ရှေ့နေ ခင်ဗျာ မျက်နှာ ရှုတ်မဲ့ နေပြီး
“အဘွားကြီး ဒါရုံး နော် မေးတာကို ကောင်းကောင်းဖြေပါ ”
လို့အ၇ှက်ပြေ ဟောက်ဟမ်းပြောဆိုလိုက်တယ်။ ဒါဘယ်သူလည်း သိတယ်မလားဆိုပြီး ဘေးက ထိုင်နေတဲ့ ဥပဒေ အရာရှိကို လက်ညိုးထိုးပြ လိုက်တယ် ။အဘွား အိုက မျက်မှောင်ကုတ်ကြည့်ပြီး
အင်း သိတယ် ..သိပ်သိတာပေါ့ တလောက အိမ်တက်မှုမှာ …….။အဘွား အို စကား မဆုံးသေး ဘူး ဥပဒေအရာရှိက ထရပ်ပြီး တရားသူကြီး ဘက်မျက်နှာ မူပြီး
ရုံးမင်း ခင်ဗျား ..ဒီရှေ့နေဟာ အမှုနဲ့ မဆိုင်တာကို မေးနေတာ ကို ကန့်ကွက်ပါတယ် ဆိုပြီး ပြောရပါလေရော။
ရှေ့နေပညာရှင်တွေ ဟာ စနစ်သစ် ခောတ်သစ်ကြီးမှာ ကျင့်ဝတ်ကို သေချာလိုက်နာပြီး ကိုယ့် အလုပ် အပေါ် သစ္စာရှိပြီး တရားရေး မဏ္ဍိုင် တည့်မတ်ေ၇းအတွက်
ဝိုင်းဝန်း ပါဝင်မယ် ။သဘောထားကြီးကြီး ထားမယ်ဆိုရင် ကျွန်တော်တို့ တရားစီရင်ရေးတွေ မှာ တည့်မတ်အောင်မြင် မှာ ဖြစ်တယ်။ အခု အချိန်မှာ တရားရုံး စောင့်ကြည့်တွေ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်နေတာတွေ ရှိနေတဲ့ အချိန်မှာတောင် တရားရုံးတွေမှာ ရှေ့နေ ပါဝါ လွှဲခ အဖြစ် မတန်တဆတောင်းနေကြတယ် အမှုစစ်ချက်ကူးခ အဖြစ် တရား မ၀င်ငွေ ပို ယူနေကြတယ်။ မိတ်ဆွ တစ်ယောက်ကဆိုရင် “တရားလည်း မစွဲ ချင်တော့ပါဘူး တရားရုံး ၀န်းထဲက လက်ဖက်ရည် ဆိုင်ဆိုလည်း အပြင် ထက်နှစ်ဆ ယူတယ် ကျွန်တော့်ရှေ့နေကလည်း အဲ့ဒီဆိုင်မှာ အားမနာဘဲစားတယ် ကျွန်တော်တို့က အားနာပါးနာရှင်းရတယ်”။ လို့ ရင်ဖွင့်ပါတယ်။
တကယ်တော့ အမှုမဖြစ်တာ အကောင်းဆုံးပါပဲ။ သို့သော် မထင်မှတ်ပဲ အမှု က ဖြစ်ကြတာပါ။အမှုဖြစ်တော့ လည်း ရှေ့နေငှားရ ၊ရှေ့နေ ဒါဏ်ခံရ ၊ရှေ့နေတွေ အကြာင်း
ကတော့ ပြောလို့ မဆုံးနိုင်ပါဘူး။ တကယ်တန်း ဥပဒေပညာကို တကယ်တတ်ကျွမ်းပြီး လေးစား လိုက်နာတဲ့ ၊ရှေ့နေကျင့်ဝတ်နဲ့ ညီတဲ့ သစ္စာ တရား အားကြီးပြီး ဖြောင့်မတ်တဲ့ ကိုယ့်ကျင့်တရားကောင်းတဲ့ ရှေ့နေတွေ ဒီခောတ် ဒီအခါမှာ များများပေါ်လာပြီး တရားစီရင်ရေးတွေ မှာ အားကိုးရတဲ့
သူတွေကို မျှော်လင့်နေမိပါတော့တယ်။

About htet way

has written 133 post in this Website..